ဂျိုးအမ​တေဥ (အမြု​တေ )ရှာပုံ​တော်​

ေမာင္ရိုးDecember 27, 20131min33618

 

****** ဂျိုးအမြုတေဥ ရှာပုံတော် *****

 

 

 

ကြာတော့ကြာခဲ့ပါပြီ ….။

လွန်ခဲ့သောအနှစ် နှစ်ဆယ်ကျော်ခန့်ကဖြစ်သည်။တိတိ ကျကျပြောရလျှင် ….

1992 ခုနှစ် ဖေဖော်ဝါရီလဆန်း ….ကျနော်နှင့် သူငယ်ချင်းမျိုးတင့် ၊ မျိုးတင့်၏တပည့်ကျော်မျောက်ရှုံး ၊ လမ်းပြကြီး စောအယ်ထူးတို့သည် ပဲခူးရိုးမတောကြီးအတွင်းသို့ ဝင်ခဲ့ကြဖူးလေသည် ။!

ကျနော်တို့သည် တွတ်ပီမဟုတ်ပါ ။ အလန်ကွာတာမိန်းလည်းမဟုတ်ပါ ။ ဗိုလ်တာရာ လည်းမဟုတ်ပါ…. ထို့အတူ စနေမောင်မောင်လည်းမဟုတ်ပါ ။ သို့သော် …. ဂျိုးမတေဥ (ဂျိုးအမြုတေဥ) တစ်လုံးအတွက် အသက်ဘေးနီးကပ်စွာစွန့်စားလျက် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ကြဖူးလေသည် ။

 

××××××××××××××××××××××××××××××××××××××××××××”

 

ဒီသတင်းကို သယ်လာသူကမျိုးတင်​့်ဦးလေးဖြစ်သူ၏မိတ်ဆွေ နယ်လှည့် ပရဆေးအရောင်းသမား ဦးသာနုဖြစ်သည် ။ သူငယ်စဉ်က ရှားပါးပရဆေးမြစ်များကိုရှာဖွေရင်းဂျိုးမတေ ဥတစ်လုံးရဖူးလေသည် ။ ရောင်းရငွေမှာ ထိုစဉ်က မော်တော်ကားတစ်စီး တန်ဘိုးမျှ ရသည်ဟုဆိုသဖြင့် ကျနော်တို့ လူငယ်များ သရေကျရလေတော့သည် ။

ကျနော်တို့လည်း ဦးသာနုထံမှ သတင်းအချက်အလက်နှင့် နေရာဒေသတို့ကို သေချာစွာမှတ်သား၍ ပဲခူးရိုးမတောကြီးတွင်းသို့ ဝင်ရန် ဆုံးဖြတ်လိုက်ကြ​လေ​တော့သည်​ ။

 

ဦးစွာပထမ ​တောတွင်​း၌လိုအပ်​မည်​ထင်​​သောပစ္စည်​းများကိုစု​ဆောင်​းခြင်​း ၊

​တောကျွမ်​းသူလမ်​းပြရှာ​ဖွေစုံစမ်​းခြင်​းနှင်​့ ​တောတွင်​းသို့အမဲပစ်​ထွက်​ဖူးသူတို့ထံ​မေးမြန်​းစံစမ်​းခြင်​း

စ​သော​ရှေးဦးပြုဖွယ်​ကိစ္စများကို​ဆောင်​ရွက်​ကြရ​လေသည်​ ။

လူတိုင်​းနီးပါးက ကျ​နော်​တို့အားတားကြပါသည်​ ။ သို့​သော်​ ​လောဘစိတ်​၏​စေစားရာဖြစ်​​သော ဆန္ဒ ပြင်​းပြလှ​သော​ကြောင်​့

ကျ​နော်​တို့မှာ​ခေါင်​းမာစွာပင်​ ​တောထဲဝင်​ရန်​ဆုံးဖြတ်​ခဲ့ကြပါသည်​ ။

 

ပါပါကြီး ။ ။

ထိုသူမှာ ချင်​းလူမျိုး ဘီအိုင်​​အေ​ခေတ်​ စစ်​သား​ဟောင်​းကြီးဖြစ်​၍

၈၈ အ​ရေးအခင်​းမတိုင်​မှီအထိ ​အ​ပျော်​တမ်​းမုဆိုး​ဟောင်​းကြီးဖြစ်​သည်​။

​ပဲခူးရိုးမတခွင်​ ပြဲပြဲစင်​​အောင်​ပတ်​ခဲ့ဖူးသူ​ပေတည်​း ။

ကျ​နော်​တို့နှင်​့ရင်​းနှီးသူဖြစ်​၍ မကြာခဏမုဆိုးပုံပြင်​များ​ပြောပြတတ်​သူ ။

သူ့ထံမှ ကျားရိုး၊ဆတ်​ခွါနှင်​့ အခြား​ဆေးဖက်​ပစ္စည်​းများ မကြာမကြာ​ပေးတတ်​သူ။

သူ၏ဧည်​့ခန်​းတွင်​လည်​း တသက်​တာမုဆိုးဘဝတွင်​ရခဲ့သမျှသား​ကောင်​တို့၏အ​ရေခွံများ

ဦး​ခေါင်​းခွံများနှင်​့အလှဆင်​ထားတတ်​သူ ။

ထိုသို့​သောမုဆိုး​ကျော်​ကြီးထံ ကျ​နော်​တို့ပွင်​့လင်​းစွာတိုင်​ပင်​ခဲ့​လေသည်​ ။

သူ့အဆက်​သွယ်​ဖြင်​့ ဦး​စောအယ်​ထူးဟု​ခေါ်​သော လမ်​းပြကြီးကို စည်​းရုံးနိုင်​ခဲ့ပါ၏ ။

 

ကိုညိုလှ ။ ။ စစ်​သားလူထွက်​ လက်​ရှိမုဆိုးလုပ်​​နေသူ ။

​သေနတ်​ပစ်​အထူး​ဖြောင်​့သည်​ဟုနာမည်​ရသူ ။

ပဲခူးရိုးမထဲတွင်​ တစ်​​ယောက်​တည်​း ​တောလည်​တတ်​သူ ။

​ထိုသူကို ကျ​နော်​တို့ အဖွဲ့​ခေါင်​း​ဆောင်​အဖြစ်​စည်​းရုံးနိုင်​ခဲ့ပါသည်​ ။

(အနားနီးမှ ငှက်​ဖျားဖြစ်​ပြီး​ဆေးရုံတက်​ရသဖြင်​့မလိုက်​နိုင်​ခဲ့ပါ)

 

​မျောက်​ရှုံး ။ ။ သူငယ်​ချင်​းမျိုးတင်​့တို့မိသားစု၏တပည်​့​ကျော်​။

သရဲအလွန်​​ကြောက်​တတ်​ပြီး ၊ သစ်​ပင်​တက်​အထူးကျွမ်​းကျင်​သူ ။

​တောစပ်​သို့မကြာမကြာသွားဖူးပြီး သစ်​ခုတ်​ဝါးခုတ်​ လုပ်​သူ ။

 

ဦးကုလားကြီး ။ ။

ယခင်​က ချင်​းမုဆိုးပါပါကြီးနှင်​့ ​တောလည်​လိုက်​ဖူးသူ ။

 

အထက်​ပါ လူကြီးများထံမှ​မေးမြန်​းနည်​းနာခံပြီးလျှင်​ ကျ​နော်​တို့ အဖွဲ့​လေး​တောထဲဝင်​ခဲ့ကြသည်​ ။

 

တကယ်​သွားမည်​့​နေ့မတိုင်​မှီ ၂ ရက်​ခန်​့အလိုတွင်​ ​ခေါင်​း​ဆောင်​ကိုညိုလှအား ငှက်​ဖျား​ရောဂါမသက်​သာသဖြင်​့

​ဆေးရုံတင်​လိုက်​ရသည်​ ။ ကျ​နော်​တို့ ခရီးစဉ်​ပျက်​မလိုဖြစ်​ခဲ့​သော်​လည်​း ​ခေါင်​းမာလှ​သောမျိုးတင်​့မှာ ဦး​စောအယ်​ထူးကို ​ခေါင်​း​ဆောင်​တင်​ပြီး

သွားရန်​စီစဉ်​​လေ​တော့သည်​ ။

သို့နှင်​့ …. ကျ​နော်​ ၊ မျိုးတင်​့ ၊​မျောက်​ရှုံး နှင်​့​စောအယ်​ထူးတို့​လေး​ယောက်​တို့သည်​

တသက်​တာမ​မေ့နိုင်​​သောခရီးကြမ်​းကြီးကို

ရူးရူးမိုက်​မိုက်​စတင်​လိုက်​​လေပြီ ဖြစ်​သည်​။

 

ဦး​စောအယ်​ထူး​နေထိုင်​သည်​မှာ​တောင်​​ခြေရှိရွာငယ်​​လေးတွင်​ဖြစ်​သည်​။

အိမ်​​ခြေ ၂ဝ ခန်​့သာရှိပြီးရွာနာမည်​ပင်​မရှိပါ။ ကျ​နော်​တို့ သူ့ထံအရင်​သွားကြသည်​ ။ သူ့အိမ်​တွင်​တစ်​ညတာတည်​းခိုပြီး​နောက်​​နေ့နံနက်​​စော​စောတွင်​မှ

​တောင်​​ပေါ်စတက်​ကြမည်​ဖြစ်​သည်​ ။

သူ့ထံ​ရောက်​​သောအခါ ည​နေ​ ၄နာရီခွဲခန်​့ဖြစ်​​သောလည်​း

​တောရိပ်​​တောင်​ရိပ်​ဖြင်​့ အ​အေးဓတ်​ကစတင်​မိတ်​ဆက်​လာ​လေပြီ ။

ခဏနားပြီး ကျ​နော်​တို့သုံး​ယောက်​သား မျက်​နှာသစ်​ ၊ကိုယ်​လက်​သန်​့ကြသည်​ ။

အမိုး (​စောအယ်​ထူး၏ဇနီး) က မိုးမချုပ်​မှီထမင်​းပြင်​​ကြွေးပါသည်​။

ကနဦး​တော့ … ​တောကြိုအုံကြားတွင်​ဖြစ်​သလိုချက်​​သောဟင်​း​တွေဟု အထင်​​သေးမိသည်​ကိုဝန်​ခံပါ၏ ။သို့​သော်​ …

အမှန်​တကယ်​စား​သောအခါတွင်​မူ ဗိုက်​တလုံးပင်​အပို​ဆောင်​ထားချင်​မိ​လေ​တော့သည်​ ။

​ကောင်​းလိုက်​သည်​့ဖြစ်​ခြင်​း ….

 

 

 

ဟင်​း​တွေကိုကြည်​့လိုက်​ပါဦး။ ကျ​နော်​တို့မစားဖူး​သော

​တောစာ ၊ ​တောဟင်​း​လေးများနှင်​့ ရိုးရာဟင်​း

တို့မှာ လျှာဂျွန်​း​ပြန်​​အောင်​​ကောင်​းလှ​ပေသည်​ ။

ကြက်​​ရေချိုအစပ်​ချက်​ ၊ ပဒတ်​(ပုတက်​)​ထောင်​းစပ်​စပ်​​လေး၊ ကရင်​တာလ​ဘောဟင်​းချို ၊ ပဲ​ဇောင်​းလျားသီးပြုတ်​၊

လယ်​ကြွက်​ကျပ်​တိုက်​​ကြော်​ …

ကျ​နော်​တို့ ​ခေါင်​းမ​ဖော်​နိုင်​​အောင်​စားခဲ့ကြပါသည်​။

ထမင်​းစားပြီး​တော့ … ည​နေ ၆ နာရီခန်​့ ..

​မှောင်​ရိပ်​သန်​း၍ ခတ်​စိမ်​့စိမ်​့​လေးဖြစ်​လာ​လေပြီ ။

တဲ​ရှေ့ကွတ်​ပစ်​တွင်​ထိုင်​ရင်​း ​နောက်​​နေ့အတွက်​ တိုင်​ပင်​ကြ​လေသည်​ ။ ဦးသာနုမှာ ကရင်​ကြီးဦး​စောအယ်​ထူးကိုတဖွဖွမှာ​လေသည်​ ။

သူက​တော့ မနက်​လင်​းလျှင်​မြို့ကိုပြန်​မည်​ဖြစ်​သည်​ ။

ကျ​နော်​တို့ကိုစိတ်​ချဟန်​မတူ ။

 

ကျ​နော်​တို့သုံး​ယောက်​မှာ ​အမိုးတည်​ခင်​း​သော ​ရေ​နွေးကြမ်​းခါးခါးနှင်​့

ငါး​ခြောက်​ဖုတ်​​လေးကိုဇီမ်​ခံဝါးရင်​း

အ​ပျော်​ကြီး​ပျော်​​နေမိ​လေ​တော့သည်​ ။ တခါမှမ​ရောက်​ဖူး​သော

ပဲခူးရိုးမ​တောင်​တန်​းကြီးကိုကြည်​့ရင်​းစိတ်​လုှပ်​ရှား​နေမိသည်​ ။

အ​နွေးဓတ်​အလို့ငှါ မီးဖို​လေးကိုတချက်​တချက်​မီးထိုး​ပေးရင်​း

ချင်​းမုဆိုးပါပါကြီး​ပြောပြခဲ့ဖူးသည်​များကို​တွေး​နေမ​လေ၏။

ခဏကြာ​သော်​ …ဦး​စောအယ်​ထူးမှ ကျ​နော်​တို့ကိုလက်​ချာရိုက်​​လေ​တော့သည်​ ။

​တောထဲ​ရောက်​လျှင်​ ဟိုဟာမလုပ်​ရ ၊ဒီဟာမလုပ်​ရ ၊

စသည်​ဖြင်​့ ​တောတွင်​းပညက်​​တော်​ ၁၆ ပါး ။

သူ​ပြောသည်​များကို ထိုစဉ်​ကပိုလွန်​းသည်​ဟုထင်​မိ​သော်​လည်​း

​တောတွင်​​ရောက်​ပါမှ မှန်​လိုက်​သည်​့ဖြစ်​ခြင်​းဟု ။

 

ဝါးလုံးများစီခင်​းထား​သောကြမ်​းပြင်​တွင်​အိပ်​ရသည်​မှာ ခိုးလိုးခုလုဖြင်​့ရုတ်​တရက်​အိပ်​မ​ပျော်​ ။

စိတ်​လှုပ်​ရှား​နေခြင်​းလည်​းဖြစ်​နိုင်​​ပေသည်​ ။

မည်​သည်​့အချိန်​ကအိပ်​​ပျော်​သည်​​တော့မသိ… ဖထီး (​စောအယ်​ထူး) လာနှုးိ​သောအခါ နံနက်​ ၅နာရီခွဲ….။

ကမန်​းကတန်​းထပြီးမျက်​နှာသစ်​၍ အထုပ်​ပြင်​ကြသည်​ ။ ထိုစဉ်​မှာပင်​ … ထမင်​းပူပူ​လေးနှင်​့ ငါးခြောက်​ဖုတ် ၊ ပဒတ်​​ထောင်​းနှင်​့

ဘိုကိတ်​ပဲပြုတ်​တို့အဆင်​သင်​့ဖြစ်​​နေ​လေပြီ ။

 

ထိုစဉ်​က ရွာနီးချုပ်​စပ်​တွင်​သာငှက်​ပစ်​ထွက်​ဖူး​သောကျ​နော်​တို့သည်​

နံပါတ်​ ၂ ကျည်​ထည်​့ပစ်​ရ​သော ​လေ​သေနတ်​တစ်​လက်​ ပါလာခဲ့သည်​ ။ ပဲခူးရိုးမတွင်​ ကျားမျိုးတုန်​းသွားပြီဖြစ်​၍ စိုးရိမ်​မှုမရှိသည်​လည်​းဖြစ်​​လေ၏ ။

သို့​သော်​ … အခြား အန္တရယ်ပြုနိုင်​​သော​တော​ကောင်​များ

ရှိသည်​ကို​တော့ မ​တွေးမိ​သေး​ပေ ။ ဖထီး မှာ ကျ​နော်​တို့​သေနတ်​ကိုကြည်​့ပြီး

ရယ်​​မော​လေသည်​ ။ ထို့​နောက်​ ..သူ့လက်​စွဲ​ကျော်​ဒူး​လေးကြီးကို

ဟန်​ပါပါလွယ်​လိုက်​​လေ၏ ။

ကျ​နော်​တို့က သူ့ဒူး​လေးကိုကြိတ်​ပြီး​လှောင်​​နေမိပြန်​သည်​ ။

နိုင်​တီးဂွမ်​တီး​ကျောက်​​ခေတ်​ကလက်​နက်​ဟု မကြား​အောင်​​ပြောမိကြသည်​ ၊။

​နောင်​တွင်​… ထိုဒူး​လေးမှာကျ​နော်​တို့၏​ကျေးဇူးရှင်​ဖြစ်​မည်​

ဆိုသည်​ကို​တော့ နဲနဲမှမ​တွေးမိခဲ့​​ပေ။

 

​တောင်​ပူစာကုန်​းတန်​း​လေးကိုစတက်​​တော့ဒါလား ရိုးမဟု

​တွေးခဲ့သည်​ ။တဖြည်​းဖြည်​း ၃ ​ပေခန်​့ရှိလူသွားလမ်​းမှာ ကျဉ်​းမှန်​းမသိ ကျဉ်​​း၍လာ၏ ။ ​ကျောပိူးအိပ်​ထဲတွင်​ရှိ​သော ဆန်​တပြည်​နှင်​့ ​စောင်​အပါအဝင်​

တကိုယ်​​ရေသုံးပစ္စည်​းများမှာလည်​း ​လေးလံစပြုပြီဟုထင်​မိသည်​ ။

ဦး​လေးသာနု​ရခဲ့​သော​နေရာမှာ ရိုးမအလယ်​​လောက်​မရှိ​သော်​လည်​း

​တောင်​ရိုး နှစ်​ခုသုံးခု​လောက်​​ကျော်​ရမည်​ဖြစ်​၍

ဒီည​နေ​လောက်​မှသာ.ညအိပ်​စခန်​းသို့​ရောက်​​ပေလိမ်​့မည်​ ။

လျှို​မြှောင်​များ ကိုပတ်​ပြီးတက်​​နေရသဖြင်​့ ခရီးမတွင်​လှ​ပေ ။

 

ညအိပ်​စခန်​းမှာ ယခင်​ကသစ်​​ခိုးထုတ်​​သောစခန်​းကိုဆိုလိုခြင်​းဖြစ်​​ပေသည်​ ။

ထို​နေရာတွင်​ စခန်​းချ​နေထိုင်​လျှက်​ သင်​းသတ်​ပြီးသားနိုင်​ငံ​တော်​ပိုင်​သစ်​များကိုခိုးထုတ်​ခြင်​း၊

စ​သော ​မှောင်​ခိုလုပ်​ငန်​းတို့အ​ခြေချရာဖြစ်​​သည်​ ။

ကျ​နော်​တို့လမ်​းပြ​ခေါင်​း​ဆောင်​ကြီး ဖထီး​စောအယ်​ထူးမှာ ထိုစခန်​းရှိသစ်​များကို သူ့ကျွဲနှစ်​​ကောင်​ဖြင်​့မကြာခဏဆွဲ​ပေးဖူးသည်​ဖြစ်​၍

ထိုစခန်​းသို့ တ​ထောက်​နားရန်​သွားကြခြင်​းဖြစ်​​လေသည်​ ။

ထိုမှတဆင်​့ ​တောထူထပ်​ရာသို့ဝင်​ပြီး ချိုးသိုက်​များရှာကြမည်​ဖြစ်​​လေသည်​ ။

ကျ​နော်​တို့လည်​း ​နေ့လည်​ပိုင်​းတွင်​ အမိုးထည်​့​ပေးလိုက်​​သောထမင်​းထုတ်​ကို

ခဏနားရင်​းစားကြ​လေသည်​ ။ ဤတွင်​ … ​တောဓ​လေ့ကိုစပြီးသိရသည်​ ။

ကျ​နော်​တို့အားဖထီးမှ မစားခင်​လမိုင်​းနတ်​အား စားဦးစားဖျားတင်​ခိုင်​း​လေ​တော့သည်​ ။

စိတ်​ထဲတွင်​ သိပ်​မနှစ်​မျို့လှ​သော်​လည်​း သူ့အရပ်​သူ့ဇတ်​မို့ ထမင်​းတစ်​ဆုပ်​ဟင်​းတစ်​လုပ်​​တော့ ဖက်​ထဲထည်​့ပြီး

တင်​​မြှောက်​ခဲ့ရသည်​ ။ ပသီ ​မောင်​နှမဆိုလား… သူတို့အပိုင်​နယ်​ဟု ။

 

ကျနော်​တို့အဖွဲ့သည်​ ညအိပ်​စခန်​းသို့ ည​နေ​စောင်​းတွင်​​ရောက်​ရှိခဲ့၏ ။

စခန်​းဆို​သော်​လည်​း ယာယီအမိုးအကာတဲသုံးလုံးမျှသာ …။

 

ခဏနားပါရ​​စေ ။မကြာမှီဆက်​လက်​​ဖော်​ပြပါမည်​။

​လေးစားလျှက်​​​​

​​မောင်​ဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

18 comments

  • surmi

    December 27, 2013 at 2:51 pm

    မူလက တစ်​ပုဒ်​တည်​းြပြီးတင်​လို​သော်​လည်​း တကယ်​​ရေးပြီး​သောအခါ စာလုံး​ရေ ​ထောင်​​ကျော်​သွား၍လည်​း​ကောင်​း ​မောင်​အံစာ​ရေးသာပြီး​သောအပိုင်​းကိုပြန်​လည်​​ဖော်​ပြရမည်​ဖြစ်​​သော​ကြောင်​့လည်​း​ကောင်​း အခန်​းဆက်​ခွဲရခြင်​းအ​ပေါ်
    သည်​းခံခွင်​့လွှတ်​နိုင်​ပါ​စေ​ကြောင်​း….

  • Mr. MarGa

    December 27, 2013 at 3:21 pm

    တွတ်ပီမဟုတ်ပါ ။ အလန်ကွာတာမိန်းလည်းမဟုတ်ပါ ။ ဗိုလ်တာရာ လည်းမဟုတ်ပါ…. ထို့အတူ စနေမောင်မောင်လည်းမဟုတ်ပါ ။

    ထိုသူများမဟုတ်သော်လည်း
    ဂျလေဘီ အိပ်စပို့ အင်ပို့ ကုမ္ပဏီပိုင်ရှင်ကြီး ၏ ဂျိုးအမတေ ရှာပုံတော်ကို ဆက်လက် စောင့်ဆိုင်းနေပါမည် ဖြစ်ပါကြောင်း။
    ဘယ်နေ့ နောက်တစ်ပိုင်းဆက်မလဲဗျို့

  • KZ

    December 27, 2013 at 3:25 pm

    ဒါမိုး ဇာတ်လမ်းတွေဆိုသိပ်ကြိုက်။
    စောင့်ဆိုင်းဖတ်ရှုဦးမှာဖြစ်ကြောင်းးး

    အဲဒါဘာစွမ်းတာတုန်း??

    • Ma Ma

      December 27, 2013 at 4:40 pm

      ဂျိ ုးအမြုတေဥဆိုပြီး ကြက်ဥလိုပုံစံနဲ့ ရွံ့လုံးလေး တွေ့ဖူးတယ်။
      လေသေနတ်စမ်းချင်တဲ့သူက သေနတ်ပြောင်းဝနဲ့ချိန်ပြီးပစ်ထည့်လိုက်တာ အမှုန့်ဖြစ်သွားတာပဲ။ 😀

  • alinsett

    December 27, 2013 at 3:28 pm

    စနေမောင်မောင်တို့ တွတ်ပီတို့ကို ထက် ပို စိတ်ဝင်စားမိပါသည်။
    နောက်အပိုင်းကို မြန်မြန်တင်ပါရန် တောင်းဆိုလိုက်ပါသည်။

    ဟိုစဉ်က ဒဂုန်ရွှေမျှား / မင်းသိင်္ခ နှင့် ကြိစက္ကတို့၏စာအုပ်များကို စွဲစွဲမြဲမြဲ ဖတ်ခဲ့ဖူးသော နေ့ရက်များကိုလည်း ပြန်သတိရသွားပါသည်။

    :kwi:

  • nozomi

    December 27, 2013 at 3:29 pm

    လူဆိုး စာလုံးရေ များရင်လဲ နှစ်ပုဒ် ခွဲတင်ပါလား

    ဖတ်တဲ့သူကို ဆန့်တငင်ငင် ဖြစ်အောင်လုပ်တယ်
    နောက်တစ်ခါ ဆို
    ဘာလုပ်လုပ် တန်းလန်းကြီး ဖြစ်နေပါစေ ဆုတောင်းပေးလိုက်မယ်နော်

    ငယ်ငယ်ကတော့ အဲလို မတေဥ တွေ့လိုဆိုပြီး ဟုတ် မဟုတ် သေနတ်နဲ့ ပစ်စမ်းတဲ့ နောက် ကလေး ပီပီ လိုက်ကြည့်ဖူးရဲ့

  • မဟာရာဇာ အံစာတုံး

    December 27, 2013 at 3:34 pm

    ခုလို ခဏ စောင့်ခိုင်းဒါ
    ခညားလည်း ပြန်ပြီး ဝဋ်လည်လိမ့်မယ်နော် ….
    ငိငိငိ
    စောင့်ဖတ်ဖို့ စောင့်နေဘာဒယ်ဗျို့ …

  • kai

    December 27, 2013 at 3:35 pm

    အဲလိုခရီးသွားချင်တာဗျာ…
    ခုတော့.. တောနင်းပြီး.. သွားလိုက်တိုင်း.. ဟိုဟာမကိုင်ရ.. ဒီအကောင်မထိရ.. ဟိုးအကောင်မပစ်ရ.. ဟိုသစ်ကိုင်းမချိုးရ… ချည်းဖြစ်နေလို့…
    ဘယ့်နှယ်..
    ဝက်ဝံနဲ့တွေ့ရင်တောင်.. သူ့အသက်ကသိပ်တန်ဖိုးရှိနေသမို့.. ကိုယ်ကအသေခံပေးရမယ့်ပုံ….
    အိုဘယ့်..
    တိရိစ္ဆာန်.. :buu:

    တနေ့ကတင်… တောထဲခြံဝယ်ထားတဲ့.. ဗမာတယောက်နဲ့စကားပြောဖြစ်သေး..
    သမင်ပစ်ဖို့.. လိုင်စင်လုဝယ်ရသတဲ့…။
    တနှစ်မှ တရာသီ(တလလောက်မှာ) အစောင်၃ထောင်ရောင်းတာ..နောက်နည်းနည်းကျတာနဲ့..ကုန်သတဲ့..
    လိုင်စင်ပေးတဲ့ရာသီမှာ… သမင်တွေက.. ဘယ်သူသိမ်းထားလိုက်မှန်းမသိ.. (ကျုပ်ကတော့..အစိုးရဖမ်းသိမ်းထားတယ်ထင်တာပဲ) တကောင်မှမတွေ့ရဖူးတဲ့..
    အဲဒါ..အနှစ်၂ဝမှာ.. ၁ကောင်ပဲပစ်ရဖူးသတဲ့..။

    ဒါမျိုးတွေ…

    • surmi

      December 29, 2013 at 1:03 pm

      ဒီမှာက သစ်​​တောဥပ​ဒေအရ လုံးဝ မထိရမယ်​့အ​ကောင်​​တွေ
      ရှိ​ပေမယ်​့ .. ​တချို့​ကောင်​​တွေက​တော့ ပစ်​လို့ရပါ​သေးဗျာ ။
      ဆို​တော့…
      စိတ်​ဝင်​စား​သေးရင်​ ​တောစပ်​ (နှစ်​ ညအိပ်​ခရီး) ကို​လောက်​တော့ ပို့ပေးနိုင်ပါသေးတယ်။
      အဲ…. တစ်ခုပဲ
      ဗမာဗိုက်ဖြစ်ဖို့တော့ကျင့်ထားမှရမယ်
      မတော် ဝမ်းလျောနေမှဖြင့် 🙂
      ဒီမှာ အခုချိန်သေနတ်လိုင်စင် မပေးတော့
      တရားမဝင် တောထဲမှာပစ်ရမှာလေ …
      လက်နက်ကိုင်အဖွဲ့အစည်းကတစ်ယောက်ယောက်ကို ခေါ်သွားကြရတာ

  • ဦးကျောက်ခဲ

    December 27, 2013 at 3:46 pm

    တောအကြောင်းပြောရရင် ကိုယ်တွေ့မို့ ယုံပါ၏…
    တောခြောက် တောမှောက် မမြင်ရတာတွေလည်း အများကြီး…
    မုဆိုးကျော်ကဆာမိရဲ့ မဟာစွန့်စားခန်းကြီးကို စောင့်မျှော်လျက်ပါ…
    😀

  • TNA

    December 27, 2013 at 4:55 pm

    ဆက်လက်စောင့်မျှော်နေဘာမည် အမြန်မနှေးတင်ကပေးစေလိုပါသည်

  • Paing Lay

    December 27, 2013 at 8:14 pm

    တောတွင်း အခန်းဆက် တွေ အင်တာနက်မှာ ဖတ်ဖူးတား ပထမဆုံး အကြိမ်ပဲဂျို့ :mrgreen:

  • koyinmaung

    December 27, 2013 at 8:40 pm

    ဂျိ ု းအမြူတေလားတော့သိဘူး အံစာတုံးမှာတော့ရှိတယ်ကြားဘူးတယ်..
    ဟဲ့ကောင်လေးဦးဆာကိုပြလိုက်စမ်းဘာ ဟုတ်မဟုတ်သိရအောင်…….
    ဗိုလ်ဆာရေ နောက်အခန်းဆက်စောင့်မျော်နေပါကြောင်း…….

  • ကျော်စွာခေါင်

    December 28, 2013 at 1:44 am

    ကိုဆာရေ
    စိတ်ဝင်စားတယ်ဗျာ..
    မြန်မြန်လေးဆက်ရေးပါ..တော်အကြောင်း တောင်အကြောင်းဆို စိတ်ဝင်စားတယ်။
    မျှော်နေမယ်..ကိုဆာရေ..။

  • Novy

    December 28, 2013 at 10:58 am

    ကိုရင်ဆာမိ
    ရှင် ဘယ်လိုုလုပ်လိုက်တာလဲဒီမှာ စွန့်စားခန်းကြီးကို ဖတ်လို့ကောင်းတုံးရှိသေးတယ်
    လူဆိုး
    ဆက်ရန်ကိုမြန်မြန်တင်

    ပုံ
    မယ်မယ်ကြီးနိုဗွီ

  • ဗိုလ် တာ ရာ ဖိုး ကျော့ နဲ့ မုဆိုး ကြိး စိန် ဝင်း တို့ စာတွေ ကို ပြန ်သ တိ ရ သွား သည် ကဆာမိ

  • surmi

    December 29, 2013 at 12:52 pm

    ​လေးစားရပါ​သောစာဖတ်​သူ များနှင်​့တကွ
    အမှတ်​တရ အား​ပေးချီးမြှင်​့ မှတ်​ချက်​​ရေး​ပေးကြကုန်​​သော

    ​မောင်​မာဃ
    မခိုင်​ဇာ
    အန်​တီ မမ
    အလင်​းဆက်​
    ကိုနိုဇိုမိ
    ​မောင်​အံစာ
    သဂျီးမင်​း ဦးခိုင်​
    အစ်​ကိုဦး​ကျောက်​
    မသဲနု
    ကိုပိုင်​​လေး
    အစ်​ကိုကြီး ကိုရင်​​မောင်​
    ဆရာ​ခေါင်​ (အစ်​ကို​ကျော်​စွာ​ခေါင်​)
    မနိုဗွီ
    အစ်​ကိုကြီး ကို​ပေါက်​ တို့အား
    အထူး​ကျေးဇူးတင်​ရှိပါ​ကြောင်​း ….
    တစ်​ဦးချင်​းစီ ပြန်​လည်​​ပြောကြားလိုကာ​သော်​လည်​း
    အ​ကြောင်​း​ကြောင်​း​ကြောင်​့ မ​ဆောင်​ရွက်​နိုင်​ခဲ့သည်​ကို
    နားလည်​ခွင်​့လွှတ်​​ပေးပါရန်​ နှင်​့
    ဆက်​လက်​ပြီး မကြာမ​နှေး ကြိူးစားပြီး အပြီးသပ်​ တင်​​ပေးပါမည်​ဆိုသည်​့အ​ကြောင်​း….

    ​လေးစားလျက်

  • အတွေ့အကြုံစုံပါပေ့ဦးဆာ..
    အမြုတေတွေစုံအောင်ကြားဖူးပါတယ်။
    ဒါနဲ့အဲဒါတွေကဆေးဖော်ရတာမျိုးလား
    🙄

Leave a Reply