ကျွန်တော် တွေ့ခဲ့သော Broken တစ်ခု (၂)

Paing LayDecember 28, 20131min1365

ဒီတစ်ခါ ကျွန်တော် တွေ့ခဲ့တဲ့ broken တစ်ခုက မက်ဇူကာဘတ် တီထွင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့Facebook လို့ခေါ်တဲ့ Social Network ပေါ့ဗျာ။ ဆိုလိုရင်းကို အစချီရမယ်ဆိုရင်ဖြင့် ကမာ္ဘ့ အရှေ့အလယ်ပိုင်းဒေသတွေဖြစ်တဲ့ အီရန်၊အီရတ် နဲ့ အာဖဂန်နစ္စတန်တို့လည်း Twitter ဆိုတဲ့ Social Network ကို လက်နက်သဖွယ်အသုံးချပြီး ဝါဒဖြန့်နေကြသလို။ ကျွန်တော်တို့ နိုင်ငံလည်း Facebook ကို ကောင်းကောင်းကြီး ထိုနည်း လည်းကောင်း လုပ်နေတာကို ဒီက သဂျီးခိုင်အပါအဝင် အူးအူး ဒေါ်ဒေါ် နောင်တော် အမတော်များ အားလုံးလဲ သိပြီးဖြစ်မှာပါ။ အကို ဂျော်နီ ဒီးယား ရဲ့ ပို့စ်မှာ ပြောခဲ့သလိုပေါ့ ဖ.ဆ.ပ.လ သုံးခြမ်းကွဲတယ်ပေါ့ဗျာ။ ကျွန်တော့်ရဲ့ friends list ထဲမှာလည်း ကြားလူ(ထူးတယ်ထင်တိုင်း share နေသူတွေ) ပေါ့ဗျာ။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ဘူး။ အရှိအရှိအတိုင်းမြင်အောင် သူများဝါဒမှိုင်းကနေ လွတ်အောင် ကျန်စစ်မင်းက စောလူးမင်းကို ကယ်သလိုမျိုး ကြိုးစားကြည့်ပါသေးတယ်။ ဒီမန်းဂေဇက်ထဲက စီနီယာ ကြီးများရဲ့ ကောမန့်တွေလည်း ရံဖန်ရံခါ ငှားသုံးရသေးသဗျ။ :mrgreenn:

ဒါပေမယ့်ဗျာ။ ကျွန်တော်က အဲ့လို ကယ်တင်ဖို့ ကြိုးစားတိုင်း နောက်ဆုံး ကိုယ်လွတ်ရုန်းပြီး ပြောတဲ့ စကားတစ်ခွန်းရှိတယ်ဗျ။ ကျွန်တော်သိချင်တာကလည်း အဲဒီစကားတစ်ခွန်းရဲ့ နောက်ကွယ်က နောက်ခံရာဇဝင်ပေါ့ဗျာ။ ပြီးတော့ အဲဒီတရားတော် အပြည့်အစုံကိုလည်း သိချင်ပါတယ်။ ဒီက မန်းဂေဇက်ထဲမှာရှိတဲ့ စီနီယာများလည်း သိမယ်လို့ ယုံကြည်မိပါတယ်ဗျာ။ 🙂

“မင်းငါ့ကို ရွှေပြည်အေး တရားဘယ်တော့မှ လာမဟောနဲ့တဲ့”။ ကျွန်တော် ကြားဖူးတာက ရွှေပြည်အေး တရားဆိုတာ ကျောင်းသားဘဝကတည်းကနေ အခုချိန်ထိ ၂ခွန်းတည်းပဲသိတာဗျ။ “သီးခံ၊ သီးခံ” နဲ့ “အရှုံးပေး၊ နှလုံးအေး”  ဆိုတဲ့ စကားလုံးပဲသိပါတယ်။ ကျွန်တော်လည်း စဉ်းစားမိပါတယ် အဲဒီထက် ပြီးပြည့်စုံတဲ့ တရားတော်တွေ လူတိုင်းမသိခဲ့တာလား ဒါမှမဟုတ် ရွှေပြည်အေး တရားဟောတဲ့ ဆရာတော်ကပဲ ဒီစကား ၂ခွန်းနဲ့ပဲ ကိုလိုနီခေတ်က အဖိနှိပ်ခံ ပြည်သူတွေကို နှစ်သိမ့်ခဲ့သလားလို့တောင် ထင်မိပါတယ်။

ပြီးရင်တော့ သဂျီးခိုင်၊အူးကြောင် နဲ့ ကိုရင် San La Gyi တိုရဲ့ ငြင်းခုန်ခြင်း အနုပညာများကို အားပေးပါဦးမည်။ :mrgreen:

5 comments

  • alinsett

    December 29, 2013 at 7:17 am

    ကျွန်တော်လည်း
    ဟိုဒိတ်ဒိတ်ကြဲ သုံးယောက်ရဲ့ ငြင်းခုန်ခြင်းအနုပညာကို
    ကိုပိုင်လေးလိုပဲ

    :kwi:

  • အခုထိတော့ငြင်းခုန်ကြသေးဘူး။
    ဒါက ကွန့်မန့်ကိုအဓိကထားစောင့်ဖတ်ရမယ့်ပို့စ်ဆိုတော့ကာ….နောက်တစ်ခေါက်ပေါ့
    🙂

  • Paing Lay

    December 29, 2013 at 3:36 pm

    မကြာမှီလာမည်……………..မျှော်………………:-D

  • TNA

    December 30, 2013 at 8:15 pm

    စောင့်မျှော်နေပါသည်

  • Ma Ma

    December 30, 2013 at 8:22 pm

    ပိုစ့်ပိုင်ရှင်အစဆွဲထုတ်ထားတာကို သက်ဆိုင်သူတွေ မတွေ့ကြသေးဘူးထင်တယ်။
    ဒါမှမဟုတ် မတွေ့ချင်ဟန်ဆောင်နေကြတာများလားးးးးးးးး 😀

Leave a Reply