ဂျိုးအ​မ​တေဥ ရှာပုံ​တော်​ ( ဒု _ ပိုင်​း)

ေမာင္ရိုးDecember 29, 20131min22113

ညအိပ်​စခန်​း***

 

ညအိပ်​စခန်​းဟုဆို​သော်​လည်​း ယာယီအမိုးအကာဖြင်​့တဲသုံးလုံးသာရှိပြီး

သစ်​​ရွေသူ အလုပ်​သမား ၅​ယောက်​ခန်​့သာရှိ​လေသည်​ ။

ဖထီးနှင်​့ရင်​းနှီး​နေသူများဖြစ်​၍ ည​နေစာသူတို့ချက်​​ကျွေး​ပါသည်​ ။

အားနာသဖြင်​့ ပါလာ​သော ငါး​သေတ္တာဗူး တချို့​ပေးခဲ့သည်​ ။ ထမင်​းစားပြီး​တော့ သိသိသာသာချမ်​းလာ၏ ။ တဲ​ရှေ့တွင်​ဖိုထား​သောမီးပုံအနီးတွင်​ဝိုင်​းထိုင်​ကြပြီး ​ရေ​နွေး​သောက်​ရင်​း လာရင်​းကိစ္စ​ပြောဖြစ်​ကြသည်​ ။

အခုမှသိရသည်​မှာ ဂျိုးအမ​တေဥ ရှာ​သောအဖွဲ့များ​ခြေချင်​းလိမ်​​အောင်​ ရှိ​နေကြသည်​ ဟု ။

​လော​လောဆယ်​ဆယ်​ မည်​သူမျှရသည်​ဟူ၍မကြားရ​သေး​ကြောင်​း …

အ​ရောင်​းအဝယ်​ဖြစ်​​သောဥများမှာလည်​း အတုများသာဖြစ်​​ကြောင်​း …

တချို့ကလည်​း စမ်​းသပ်​ပစ်​ခတ်​မည်​့​သေနတ်​သမားနှင်​့​ပေါင်​း၍

လုပ်​ကြံလီဆယ်​ကြ​ကြောင်​း သိရ​လေ​တော့သည်​ ။

 

ကျ​နော်​တို့မှာ ထွက်​လာပြီးဖြစ်​သဖြင်​့ မထူး​တော့သည်​မို့

ရိက္ခာ ​ခြောက်​များမကုန်​မခြင်​း ​တောထဲ​နေသွားရန်​ ၊ တတ်​နိုင်​သ၍​ကြိုးစားရှာ​ဖွေရန် ဆုံးဖြတ်​ထားကြ​လေသည်​။

ထို့​ကြောင်​့ ..​နောက်​​နေ့​စော​စောထပြီး စခန်​းချရန်​သတ်​မှတ်​ထား​သော

​ဇော်​ဂျီ​မြှောင်​ (​မြှောင်​နာမည်​ တချို့​မေ့​နေပါပြီ) သို့ သွားကြရန်​ဖြစ်​​လေသည်​ ။

ထို​နေရာမှာ ​တောင်​ရိုးနှစ်​ခုကြားတွင်​ရှိပြီး အတန်​ငယ်​ပြန်​့ပျူး၍ သစ်​ကြီးဝါးကြီးများ​ပေါက်​​ရောက်​သည်​ ။ ​တောင်​ကျ​စမ်​း​လေးများရှိသဖြင်​့​ရေရနိုင်​သည်​ ။

ထို​နေရာသည်​ ဖထီး​စောအယ်​ထူးအမဲ​ရှာထွက်​​သော​နေရာဟုသိရ​လေ​တော့သည်​။

ထိုစဉ်​က​ ပဲခူးရိုးမတွင်​​တောဆင်​ရိုင်​းများရှိ​နေ​သေး​သော်​လည်​း

​တောနက်​ထဲတွင်​သာ​နေကြ၏။ဂျီနှင်​့ ဆတ်​ တချို့တ​လေရတတ်​​သေးသည်​ ။

​မျောက်​အုပ်​များလည်​း ရှိ​နေ​သေးသည်​ ။.ကျနော်​တို့စိတ်​ကူးယဉ်​သလို သွားရင်​းလာရင်​းငှက်​ပစ်​ဖိုးကားမဖြစ်​နိုင်​ခဲ့ပါ။

ထို​ဇော်​ဂျီ​မြှောင်​တွင်​ ​၂ရက်​ ၃ရက်​​နေထိုင်​ပြီး ဂျိုးသိုက်​ထွက်​ရှာကြမည်​ဖြစ်​​လေသည်​ ။

 

​ဇော်​ဂျီ​မြှောင်​သို့ ည​နေ ၃ နာရီခွဲခန်​့တွင်​​ရောက်​ကြ​လေသည်​ ။

​ရောက်​​ရောက်​ခြင်​းမနားနိုင်​ကြ​သေး။.ဖထီးမှ သစ်​ပင်​ကြီးများကိုလိုက်​ကြည်​့ပြီး ယာယီလင်​့စင်​ထိုးဖို့ပြင်​ကြရသည်​ ။ ထိုစဉ်​က သစ်​များဝါးများ​ပေါများလှ​သေးသည်​ဖြစ်​၍

အဆင်​​ပြေ​ချော​မောပါသည်​ ။ ကျ​နော်​တို့​လေး​ယောက်​မှာ ဝါးခုတ်​သူကခုတ်​ ၊ မီးဖိုရန်​ ထင်​းရှာသူကရှာ..ဤသို့ဖြင်​့ တစ်​နာရီခန်​့တက်​ညီလက်​ညီလုပ်​ပြီး​သောအခါ

ခတ်​လတ်​လတ်​ သစ်​ပင်​နှစ်​ပင်​ကြားတွင်​ ​၁၂​ပေ ခန်​့အမြင်​့၌်​ အမိုးအကာမပါ​သော လင်​့​စင်​​တစ်​ခုထိူးပြီးခဲ့​လေ၏ ။​နောင်တွင်သိရသည်မှာ ကျ​နော်​အမြင်​့​ကြောက်​ပြီး

သစ်​ပင်​မတက်​တတ်​သဖြင်​့ အနည်​းငယ်​နှိမ်​့၍ထိားခြင်​ဖြစ်​သည်​ဟု ။

အကယ်​၍သာ ကျား ရှိခဲ့ပါက မလုံခြုံနိုင်​​ပေ ။ယခု​သော်​ … ​မြွေနှင်​့

​တောဝက်​များရန်​မှ​ရှောင်​ရန်​ဖြစ်​သဖြင်​့ ထိုလင်​့စင်​နှင်​့အဆင်​​ပြေ​နေခြင်​းဖြစ်​​သည်​။​

 

 

သစ်​ပင်​ခတ်​လတ်​လတ်​နှစ်​ပင်​ကို ဝါးထိုး၍ အဆင်​​ပြေသလို​ဆောက်​ထားရ​သောလင်​့စင်​ဖြစ်​သဖြင်​့

တာဇံရုပ်​ရှင်​ထဲက လင်​့စင်​လို​တော့မဟုတ်​ပါ ။

ဝါးများခတ်​ကျဲကျဲခင်​းထားပြီး အနားသပ်​များကိုသာနှီးတုတ်​ထားသည်​မို့

ခ​နော်​ခနဲ့ ရွဲ့တဲ့တဲ့ဖြစ်​​လေသည်​ ။ ​သေခြာသည်​က လှဲအိပ်​လို့အဆင်​​ပြေမည်​မဟုတ်​။ လူ​​လေး​ယောက်​ တပြိုင်​တဲအိပ်​မည်​ဆိုလျှင်​ ပူးကပ်​အိပ်​ရမည်​့အပြင်​ လိမ်​့ကျနိုင်​​ခြေလည်​းများ​ပေသည်​ ။

ဖထီးက​တော့ ​နောက်​​နေ့မှ ဒိထက်​​ကောင်​း​အောင်​ပြင်​​​ပေးမည်​ ဟုဆိုသဖြင်​့ ကျ​နော်​တို့မှာ လင်​့စင်​ကိုကြည်​့ပြီးစိတ်​ပျက်​ရ​သေးသည်​ ။

 

မကြာခင်​အ​မှောင်​လာ​တော့မည်ဖြစ်​၍ မီးဖိုတစ်​ခုဖိုခြင်​း ၊ ​တောင်​ကျစမ်​း၌ ​​ရေဗူးများရေဖြည်​့ခြင်​း ၊ ထမင်​းမချက်​နိုင်​​တော့သဖြင်​့ ဆန်​ပြုတ်​အိုးပြင်​ခြင်​း စ​သည်​တို့ကို လူခွဲ၍လုပ်​ကြရသည်​ ။

ကျ​နော်​တို့လူစုတွင်​ ​မျောက်​ရှုံးမှာသစ်​ပင်​တက်​အထူးကျွမ်​းကျင်​ပြီး

ဖထီးလည်​း ​ကောင်​း​ကောင်​းတက်​တတ်​သည်​ ။

မျိုးတင်​့သည်​ပင်​ သစ်​ပင်​တိုင်​းလိုလိုတက်​တတ်​ပါသည်​ ။ ကျ​နော်​တစ်​​ယောက်​ကား..

အမြင်​့​ကြောက်​ခြင်​း၊ ငယ်​စဉ်​က ပြုတ်​ကျဖူးခြင်​းများ​ကြောင်​့ သစ်​ပင်​တက်​ခြင်​း၌

ညံ့ဖျင်​းလှ​လေသည်​ ။ ထို့​ကြောင်​့ လင်​့စင်​​ပေါ်သို့ကျ​နော်​တက်​ရန်​.ကြိုးတစ်​​ချောင်​းချထားရ​လေသည်​.။

မီးဖိုကြီးအရှိန်​​ကောင်​းစမှာပင်​​မှောင်​သွားး​လေပြီ ။

​တောစစ်​စစ်​၏အရသာကို စတင်​ခံစားရ​တော့မည်​ဖြစ်​၍ စိတ်​လှုပ်​ရှား​နေခဲ့သည်​ ။

 

ဆန်​ပြုတ်​မရမှီ ​အဆာ​ပြေ​ရေ​နွေးနှင်​့ပဲ​လှော်​ဝါးပြီး စကားစမည်​​ပြောရင်​း

ဖထီး၏ ​တောတွင်​းအ​တွေ့အကြုံများကိုမှတ်​သားရပြန်​သည်​ ။

မှတ်မိ​​နေ​သေးသည်​မှာ ဆန်​ပြုတ်​နှင်​့​သောက်​ရန်​အမဲ​ခြောက်​ကို မီးဖိုထဲသို့

ပစ်​ထဲ့လိုက်​မိသဖြင်​့ ကျ​နော့အား ဖထီးက ဆူပူခြင်​းပင်​ဖြစ်​သည်​ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အ​ကြောင်​းမှာ… မီးဖိုထဲသိ်​ု့အသားအစအနများနှင်​့ အဆီများကျပြီး

​ညှော်​​ပေလိမ်​့မည်​ ။ထိုအခါ ..သား​ကောင်​ကြီးများလာတတ်​ခြင်​းနှင်​့

​တောထဲရှိ မ​ကောင်​းဆိုးဝါးများအား လှုံ ့​ဆော်​သလိုဖြစ်​ခြင်​​း​ကြောင်​့

အ​နှောက်​အယှက်​​ပေးနိုင်​သည်​..ဟု ။

ထို့​ကြောင်​့ အသားများကိုမီးကင်​ပါက သံ​ချောင်​းတွင်​ထိုးပြီး

မီးဖို​ဘေးမှသာ ကင်​ရမည်​ဖြစ်​​ကြောင်​း​ပြော​လေ​တော့သည်​ ။

သို့နှင်​့ … ဆန်​ပြုတ်​လည်​းရပြီမို့ ​မှောင်​​မှောင်​မဲမဲ ချမ်​းချမ်​းစီးစီးတွင်​ ဆန်​ပြုတ်​တစ်​ငုံ​သောက်​လိုက်​..

အမဲ​ခြောက်​တစ်​ကိုက်​ဆွဲလိုက်​ဖြင်​့မ​မေ့နိုင်​​လေ​သောတောတွင်​းဒင်​နာကို

လင်​့စင်​​အောက်​ မီးပုံ​ဘေးတွင်​ အားရပါးရ​လွေးခဲ့ရဖူး​လေသည်​ …။

 

စားပြီး​သောက်​ပြီးသည်​နှင်​့ မီးပုံထဲသို့ ထင်​းတုံးကြီးကိုဖြည်​့ပြီး

လင်​့စင်​​ပေါ်တက်​ကြသည်​ ။ ​အောက်​မှာတုန်​းက မီးအရှိန်​ဖြင်​့မ​အေး​သော်​လည်​း လင်​့​ပေါ့်တွင်​

​လေ​အေးများတိုးသဖြင်​့ ချမ်​းပါ​တော့သည်​ ။

​ခေါင်​းစွပ်​များ၊ဆွယ်​တာများကိုယ်​စီဝတ်​ထား​သော်​လည်​း

အ​​အေးဓတ်​ကိုခံနိုင်​ရုံမျှသာ…။ ​ရေ​ဗူးထဲမှ ​ရေ​နွေးပူပူများကို ​သောက်​ရင်​း လင်​့စင်​ထက်​ကစကားဝိုင်​းမှာ

ကဗျာမဆန်​​သော်​လည်​း ယခုတိုင်​အမှတ်​ရ​နေ​သေးသည်​ ။

ကျ​နော်​တို့တွင်​ သုံး​တောင်​့ထိုးဓာတ်​မီးများကို ကိုယ်​စီကြိုးတပ်​လွယ်​ထားပြီး အ​ရေးအ​ကြောင်​းရှိက မည်​သို့မည်​ပုံလုပ်​ရမည်​ကို

ဖထီး​စောအယ်​ထူးမှ မှာကြားထား၏ ။သူက​တော့ လက်​စွဲ​တော်​ဒူး​လေးကြီးတကိုင်​ကိုင်​ဖြင်​့ ။

ထိုထက်​ထူးသည်​မှာ ကျဉ်​းကျပ်​လှ​သောလင်​့စင်​​ပေါ်တွင်​ ဝါးကျည်​​တောက်​နှစ်​လုံးအား​တွေ့ကသဖြင်​့ ကျ​နော်​အံ့ဩစွာ​မေးမိသည်​ ။

” ဖထီး. .အဲဒီကျည်​​တောက်​​တွေက ဘာလုပ်​မလို့လဲဗျ ”

” ​အေး… ငါမ​ပြောရ​သေးလို့​ဝေ့.. နင်​တို့အားလုံး ​သေး​ပေါက်​ချင်​ရင်​ ​အောက်​ကိုမပန်​းချနဲ့​နော… အဲဒီကျည်​​တောက်​ထဲကို

​ပေါက်​ထည်​့..ကြားလား..”

” ဟာ..ဖထီးကလည်​း ..မ​ပေါက်​တတ်​ပါဘူးဗျာ..​အောက်​ဆင်​း​ပေါက်​မှာ​ပေါ့..ဒါနဲ့..

​အောက်​ကို​ပေါက်​ချရင်​ဘာဖြစ်​လို့လဲဗျ .. ”

ဖထီးမှာ အလွန်​စိုးရိမ်​​သွားသည်​လားမသိ …အ​လောတကြီးပင်​ ကျ​နော်​တို့အား ဆဲဆိုရင်​း​ပြော​လေ​တော့သည်​ ။

 

” ဟာ.. ခွီး.. နင်​တို့ငါ​ပြောသလိုလုပ်​ဟ..​အောက်​ဆင်​း​ပေါက်​ရင်​ နင်​တို့ကို​တော​ေြာင်​​တွေက

​ဆော်​သွားမှာ​ပေါ့ … အ​ပေါ်က​တော့လုံးဝမ​ပေါက်​ချ​နဲ့​နော်​..

ငါတို့အားလုံး အိမ်​မပြန်​နိုင်​ဖြစ်​သွားမယ်​…”

 

” ဘာဖြစ်​လို့လဲ ဖထီးရဲ့.. ”

” ဟာ…​တော်​​တော်​ခက်​တဲ့​ကောင်​​တွေဘဲ … အရှင်​ကြီးရဲ့လက်​​အောက်​ငယ်​သား​တွေက သစ်​ပင်​​အောက်​​တွေမှာရှိတယ်​ဟ…

နင်​တို့ ​သောက်​ရမ်​းလုပ်​ရင်​ အရှင်​ကြီးစိတ်​ဆိုးပြီး

ကိုင်​ လိုက်​ရင်​ကိုယ်​ကျိုးနဲ့မယ်​​ဝေ့… မလုပ်​ကြပါနဲ့​​ကောင်​​လေးတို့ရာ… ”

 

သို့နှင်​့…. ကျ​နော်​တို့မှာ ဝါးကျည်​​တောက်​ထဲ ရှူရှူး​ပေါက်​ရမည်​စိူးသဖြင်​့

​နေ​နွေးကြမ်​းကို​ မ​သောက်​ရဲသ​လောက်​ဖြစ်​​နေမိသည်​ ။

ဖထီးမှာ​အေး​အေးလူလူ​ဆေးတံဖွာရင်​း ​ရှေး​ဟောင်​း​နှောင်​းဖြစ်​များကိ​ု

​ပြောပြ​​လေသည်​ ။အထူးသဖြင်​့ ချင်​းမုဆိုးပါပါကြီးနှင်​့​တောလည်​ခဲ့ဖူး​သော

အ​တွေ့အကြုံများပင်​ ..။.(​နောင်​ အလျင်​းသင်​့ပါကဖထီး​ပြော​သော​တောလိုက်​မုဆိုး

များအ​ကြောင်​း ​ရေးသားပါဦးမည်​)

ကျ​​နော်​တို့အထဲတွင်​ ​မျောက်​ရှုံးတစ်​​ယောက်​မှာ သရဲအလွန်​​ကြောက်​တတ်​သော​ကြောင်​့

​တော​ခြောက်​​သောအ​ကြောင်​းများ ၊ ​တောထဲမှဖုတ်​ တ​စ္ဆေ များအ​ကြောင်​း​ပြော​သောအခါ

မျက်​နှာဇီးရွက်​​လောက်​ဖြင်​့ နား​ထောင်​​​နေ​တော့သည်​ ။ ယခင်​ကမ​ကြောက်​တတ်​​သော

ကျ​နော်​သည်​ပင်​ ကြက်​သီးထမိ​သေးသည်​ ။

 

ဖထီး​ပြောမှသိရသည်​မှာ ချင်​းမုဆိုးပါပါကြီးမှာ ​တောမှားသဖြင်​့ လင်​့စင်​​ပေါ်မှ

ပြုတ်​ကျခဲ့ပြီး ခါးရိုးကျိုးခဲ့ရသည်​ ဟု ။ ကျ​နော်​တို့မှာ ထိုစဉ်​က​တော​မှောက်​ ၊

​တောမှား ၊​တော​ခြောက်​သည်​များကို မယုံတဝက်​ ယုံတစ်​ဝက်​ဖြင်​့နား​ထောင်​​

​နေရ​သော်​လည်​း စိတ်​ဝင်​စားလွန်​းသဖြင်​့ အိပ်​ငိုက်​ဖို့ပင်​​မေ့​နေ​တော့၏။

ည ၉ နာရီခန်​့အထိစကားဝိုင်​းဖွဲ့ခဲ့​သော်​လည်​း ​နေ့လည်​ကပင်​ပန်​းခဲ့သည်​တ​ကြောင်​း

မနက်​​စော​စောထပြီး ဂျိုးသိုက်​ရှာရမည်​ကတ​ကြောင်​းတို့​ကြောင်​့ အိပ်​ရာဝင်​ခဲ့ကြပါသည်​ ။

ကျ​နော်​တို့ သုံး​ယောက်​၏ခါးပတ်​တွင်​ ​ကြိုးတစ်​​ချောင်​းစီချည်​၍ လင်​့စင်​နှင်​့

တွဲဆက်​ထားရသည်​ ။အိပ်​​နေစဉ်​ ပြုတ်​ကျမည်​​စိုးသော​ကြောင်​့ပင် ။

ကျ​နော်​ဘယ်​အချိန်​တွင်​အိပ်​​ပျော်​သွားသည်​မသိ…၊.​မျောက်​ရှုံးအတင်​းလှုပ်​နှိုးသဖြင့်

ကမန်​းကတန်​းထထိုင်​မိသည်​ ။

 

ကျ​နော်​မှအပ အားလုံးနိူး​နေပြီဖြစ်​သည်​ ။ ​မျောက်​ရှုံးမှာဓာတ်​မီးကိုဆုပ်​ကိုင်​ပြီး ​ဆောက်​တည်​ရာမရ

တုန်​လှုပ်​​နေ​လေပြီ ။ ခတ်​​ဝေး​ဝေး ​တောင်​မြင်​့ကြီးဆီမှ ​ဝေါ .. ကနဲ အသံတစ်​ခုကိုကြားရသည်​ ။

​လေငြိမ်​​နေ​သော်​လည်​း ​လေတိုက်၍ သစ်​ရွက်​လှုပ်​​သောအသံများကို

ဆက်​တိုက်​ ကြား​နေရသည်​ ။

 

 

 

 

 

 

 

 

 

ဖထီးလည်​း တစ်​ခုခုကိုပွစိပွစိဖြင်​့ရွတ်​​နေ​လေပြီ ။

ရုတ်​တရက်​ ..မျိူးတင်​့မှ ကျ​နော့ကိုလက်​တို့၍ပြသဖြင်​့ကြည်​့လိုက်​​လေရာ …

ခတ်​​ဝေး​ဝေး ခြုံစပ်​​လောက်​တွင်​ အနီစက်​​လေးနှစ်​စက်​ ​ရွေ့လျား​နေသည်​ကို​တွေ့လိုက်​ရသည်​ ။

ဘာမှန်​းညာမှန်​းမစဉ်​းစားနိုင်​ခဲ့ပါ။ ကြားဖူးခဲ့​သော​ ​တောအ​ကြောင်​း ၊ ​တောင်​အ​ကြောင်​း ​ကြောက်​မက်​ဖွယ်​များသာ

ပြန်​သတိယ​နေမိသည်​ ။ ကျ​နော်​လည်​း ဂုဏ်​​တော်​ကိုးပါး ကိုရွတ်​ပါ​တော့သည်​ ။ သို့​သော်​ … ဘယ်​လိုရွတ်​ရွတ်​ တစ်​ခါမှကိုးပါးပြည်​့​အောင်​မရွတ်​နိုင်​ခဲ့ပါ ။

တစ်​ခြမ်​းပဲ့ လ အ​ကွေး​လေး၏ မှုံဝါးဝါးအလင်း​ရောင်​သည်​ ညအ​မှောင်​ထုက်ို

အ​ရောင်​​ဖျော့ရုံမျှသာ … ။

ကျ​နော်​့မျက်​လုံးထဲတွင်​ စမ်​း​ရေထွက်​​သော​နေ​ရာအနီး အရိပ်​တချို့လှုပ်​ရှား​နေသည်​ကို​တွေ့ရသည်​ ။ ​

​နောက်​မှ ပြန်​​ပြောကြ​သောအခါ မျိုးတင်​့လည်​း​တွေ့လိုက်​သည်​ဟု….။

 

ကျ​နော်​တို့အဖွဲ့ ​တော​ခြောက်​ခြင်​းများခံ​နေရ​လေပြီလား …

ကျ​နော်​တို့ဘာများမှားခဲ့ကြပါသနည်​း ။

​မျောက်​ရှုံးကိုကြည်​့​သောအခါတွင်​ လက်​အုပ်​ချီ၍ ခွင်​့လွှတ်​ပါ… ခွင်​့လွှတ်​ပါ..ဟု အဆက်​မပြတ်​ရွတ်​လျှက်​

တဆတ်​ဆတ်​တုန်​​နေ​သည်​ကို ​တွေ့ရ​လေသည်​ ။

ထိုစဉ်​…. ရုတ်​တရက်​ အသံများ တိတ်​သွား​လေသည်​ ။

ယခုမှ သတိထားမိသည်​မှာ ပုတ်​အဲ့အဲ့အနံ့ပင်​ဖြစ်​သည်​ ။

ကျ​နော်​တို့အဖွဲ့သည်​ ဓတ်​မီးများ ဓား​မြှောင်​များကိုင်​ထား​သော်​လည်​း

​ဇော​ချွေးများပြန်​​နေပြီဖြစ်​သည်​ ။

“ဝှီး…ဟီး..ဟီး..ဟီးးး …. ” ….

ထိုအသံသည်​ ​တောတန်​းထိတ်​မှသည်​ ​တောင်​တန်​းအမြင်​့ဖက်​သို့ ​အော်​မည်​​ရွေ့လျားသွားသံဖြစ်​သည်​။

ထို့​နောက်​… တဖန်​ပြန်​လည်​တိတ်​ဆိတ်​သွားပြန်​သည်​ ။

 

” ဟူး….. ​တော်​​သေးတာ​ပေါ့​ကောင်​​လေး​တွေရာ… ​တောစည်​းကမ်​းဆိုတာ

ယုံယုံ မယုံယုံ လိုက်​နာရတယ်​ကွ… ​ပြောကြစမ်​း..ဘယ်​သူမဟုတ်​တာလုပ်​လိုက်​တာလဲ.. ”

 

ဖထီးမှ ကျ​နော်​တို့အား​စေ့​စေ့ကြည်​့၍​မေးပါ​တော့သည်​ ။

​နောက်​ဆူံး​တော့ .. တရားခံက ​မျောက်​ရှုံး​ဖြစ်​​နေ​လေသည်​ ။

ကျ​နော်​တို့အားလုံးအိပ်​​ပျော်​သွား​သော်​လည်​း သူမအိပ်​နိုင်​​သေး ။

ညဦးပိုင်​းက​သောက်​ထား​သော ​ရေ​နွေးကြမ်​းက ဇာတိပြ​လေပြီ ။

ဖထီး​ပြောထားသဖြင်​့ ဝါးကိည်​​တောက်​ထဲတွင်​ ရှူရှူး​ပေါက်​​သော်​လည်​း

ထိုဝါးကျည်​​တောက်​မှာ လင်​့စင်​​အောက်​သို့ ပြုတ်​ကျသွားခဲ့ရသည်​ ။

ထိုညက ​တော​ခြောက်​ခံရခြင်​းသည်​ ဤသို့​သောအ​ကြောင်​း​ကြောင်​့..ဟု ..

ဖထီးက​ပြော​လေ၏ ။ ကျ​နော်​ က​တော့သိပ်​မယုံလှပါ …။

သို့​သော်​ .. အံဩဖွယ်​အသံများ ၊ လှုပ်​ရှား​နေ​သောအရိပ်​များနှင်​့

အနီ​ရောင်​အစက်​​လေးနှစ်​စက်​၏ လှုပ်​ရှားမှုများက

မည်​သို့ငြင်​းချက်​ထုတ်​ရမည်​ကိုမ​တွေးတတ်​​အောင်​ရှိ​နေ​လေ​တော့သည်​ ။

ကျ​နော်​တို့ ဆက်​၍အိပ်​မရ​တော့ပါ ။ ည ၂နာရီ​ကျော်​​နေပြီဖြစ်​သည်​ ။

ယခုမှ သတိထားမိသည်​မှာ ကျ​နော်​သည်​ အာ​ခေါင်​ကွဲမတတ်​​ရေငတ်​​နေ​လေပြီ ။

​ရေ​နွေးကြမ်​း​အေးစက်​စက်​ကို အသာမြိုချရင်​း ဖထီး​ပြောပြ​နေ​သော

သူနှင်​့ ချင်​းမုဆိုးပါပါကြီးတို့​တွေ့ကြုံခဲ့ရ​သော ​တော​ခြောက်​ခံခဲ့ရပုံများကို

အရသာခံလျက်​ နား​ထောင်​​နေမိပါ​တော့သည်​ ။

 

 

 

ဆက်​လက်​​ဖော်​ပြပါမည်​ …

 

​လေးစားလျက်

​မောင်​ဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

13 comments

  • alinsett

    December 29, 2013 at 12:21 pm

    ဝါးကျည်တောက်ထဲ ရှူရှူးပေါက်ဖူးဘူး
    :kwi:

    စောင့်မျှော် ဖတ်ရှုနေပါမည် ချစ်သော ဦးဆာ

  • မြိုင်ရာဇာတွတ်ဆာရဲ့တောတွင်းစွန့်စားခန်းများ…အခန်းဆက်
    မျှော်နေပါတယ်။
    အမဲလိုက်တာဘာညာအပြင်မှာစိတ်မဝင်စားပေမယ့်။
    တွတ်ပီရဲ့စွန့်စားခန်းတွေကိုတော့ မပြတ်တမ်းအားပေးခဲ့တာမို့ တွတ်ဆာရဲ့ဇာတ်လမ်းလေးတွေကိုတောင်မျက်စိထဲကာတွန်းဆွဲသလိုမြင်ယောင်လာတယ်ဗျို့

  • koyinmaung

    December 29, 2013 at 3:12 pm

    ပို စိတ်ဝင်စားလာပြီဝေ့…..
    မြန်မြန်သာဆက်ရေးပေတော့ဝေ့………

  • Paing Lay

    December 29, 2013 at 3:27 pm

    ဖြစ်နိုင်ရင် အမြန်ဆုံးရေးစေချင်တယ်ဗျာ

  • မဟာရာဇာ အံစာတုံး

    December 29, 2013 at 4:05 pm

    ရေရေလည်လည် လန်းသဗျာ
    ဖတ်ရင်းနဲ့ ကိုယ်တိုင် တောထဲ ရောက်သွားသလိုပဲ
    ကြက်သီးတောင် ထသွားတယ် ၊၊၊၊၊ ဟီးးးး

  • kai

    December 29, 2013 at 4:43 pm

    http://www.trailspace.com/articles/backcountry-waste-disposal.html
    လူအညစ်အကြေးတွေက.. တိရိစ္ဆာန်တွေအတွက်.. အင်မတန်အန္တရယ်များသလို.. ဒုက္ခလည်းဖြစ်စေတာပါ..
    ဆိုတော့.. အပေါ်ကဝက်ဘ်ဆိုက်မှာ.. တောထဲသွားရင်… လူတွေဘယ်လို..အညစ်အကြေးစွန့်ရမယ်သေသေချာချာရှင်းထားပါတယ်..။

    ယူအက်စ်မှာတောနက်တယ်ဆိုတာမျိုးက.. နှစ်ထောင်ချီတောကြီးတွေဒီအတိုင်းထိမ်းသိမ်းထားသမို့.. မြန်မာပြည်တောတွေထက်.. အများကြီးပိုနက်ပါတယ်..။ ကမ္ဘာ့အကြီးဆုံး.. အရှည်ဆုံး..သက်တန်းအကြာဆုံးသစ်ပင်ကြီးတွေလည်း.. ရှိပေါ့..။
    =
    မြန်မာပြည်မှာတော့.. ခြောက်ပြီး.. ကြောက်အောင်လုပ်ထားရတာပေါ့…။
    ဘာပဲဖြစ်ဖြစ်.. သူ့အရပ်နဲ့သူ့ဓလေ့လိုက်သလိုလိုရှိနေသလိုလိုပြောရင်းနဲ့ပဲ.. မြန်မာ့သစ်တောကြီးတွေ.. ပြုတ်ပြုတ်ပြုန်းခဲ့ပေါ့..။
    ကောင်းပါလေ့.. :mrgreen:

  • ဦးဦးပါလေရာ

    December 29, 2013 at 5:09 pm

    ဒီဇတ်လမ်းကိုတော့ ဘာမှလဲမသိ ဘာမှလဲမပြောလိုပါဘူး….

    ဒီဇတ်လမ်းထဲက ခါးကျိုးဖူးတဲ့ ချင်းလူမျိုးပါပါကြီး ချင်းလူမျိုးပါပါကြီးကို်ယ်တိုင် သစ်သားဆုံနဲ့ထောင်းပြီးလုပ်တဲ့ ချင်းခေါပုတ် (အခုခေတ်ဈေးထဲရောင်းတဲ့ ခေါပုတ်မျိုးနဲ့ လုံးဝမတူ) ကိုတော့ ကိုယ်တိုင်စားဖူးပါတယ်။
    လနဲ့ချီခံအောင်လုပ်ထားပြီး အပေါ်ယံက မှိုတွေကို ဖယ်ပြီးစားရတာ။
    ဒီအတိုင်းလဲ တမြုံ့မြုံ့ဝါးလို့ရတယ်။
    ဒုတ်လေးနဲ့ထိုးပြီး ကင်စားရင်တော့ အားပါးပါး ကောင်းမှကောင်းပဲ…။
    တိုင်းရင်းသားတွေဟာ ရိုးသား သဘောကောင်းပြီး ချစ်ခင်စရာကောင်းသလို
    တိုင်းရင်းသားရိုးရာအစားအစာတွေဟာလဲ တစ်မျိုးစီ စိတ်ဝင်စားစရာကောင်းတယ်…။

  • ဝင့်ပြုံးမြင့်

    December 30, 2013 at 12:36 am

    တောတွင်းအတွေ့အကြုံ ဇာတ်လမ်းတွေ ငယ်ငယ်က တအားဖတ်ခဲ့တယ်။ အခု အဲဒီပုံစံမျိုး ပြန်ဖတ်ရတော့လည်း အရသာ မပျက်ဘူး။ လျှို့ဝှက်သည်းဖို ဆိုတော့ လူကို ညှိုှု ငင်နိုင်စွမ်းကြီးတယ်။ စောင့်ဖတ်ရတော့မယ့် စာပဲ ဦးဆာရေ့။

  • KZ

    December 30, 2013 at 7:19 am

    အရင်က ဂျိုး အမတေတို့ အကောင်အမတေတို့ဆို လိုက်လို့ရှိရင် အဲအကောင်တွေ အားဂျီးများဂျီး မွေးပြီးရှာလို့မရဘူးလားလို့ စဉ်းစားဘူးတယ်။
    :mrgreenn:

    ဟိ။
    အာ့ဆို တောထဲက မိန်းမတွေ မလိုက်သင့်ဘူးပဲ။ (ဒစ်ခွစ်မနိတ်လုပ်တာဟုတ်ဖူးနော်)

    😀

    • padonmar

      January 6, 2014 at 8:42 pm

      အဲဒါမျိုးကျ ဒစ်ခွစ်မနိတ်လုပ်ပါစေ။မိန်းမဆိုတာ အားငယ်တတ်တယ်လေ။

  • Mr. MarGa

    December 30, 2013 at 12:28 pm

    ဒီလိုဇာတ်လမ်းမျိုးတွေ မဖတ်ဖြစ်တာ နှစ်နဲ့ချီပြီလို့ ပြောလို့ရတယ်။
    အခု ဦးဆာရေးထားတာ ဖတ်တော့
    အဲဒီတုန်းက ခံစားချက်မျိုးလေးတွေ ပြန်ရလာတယ်။
    ဪ……….
    ကျနော်လဲ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေ ကြိုက်မိဆဲ ပါလား……….

  • မောင်ဘလိူင်

    December 30, 2013 at 5:28 pm

    မိန်းကလေးဆိုရင် ဝါးကျည်တောက်နဲ့တော့ မဖြစ်ဘူး ထင်တယ်နော် ဦးဦးဆာမိ။ 😀

  • TNA

    December 30, 2013 at 8:25 pm

    ဆက်လက်စောင့်မျှော်နေပါသည် အရမ်းစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေပါပြီ

Leave a Reply