. . .အမှတ်တမဲ့

IrisDecember 29, 20131min2078

Aphrodite က ပျင်းလို့ ကစားတဲ့ ဒီပွဲမှာ
မင်းနဲ့ငါဟာ နယ်ရုပ်
နာကျင်မှုတွေ ကြိုတင်မြင်ပေမဲ့
ဒုက်ခ ပျားရည်မြစ်ထဲ
ရူးရူးမိုက်မိုက် စီးမျောနေချင်တယ်.
အဆုံးသတ်ရေတံခွန် ဝဲဂယက်မှာ
တွဲလက်တွေ ဘယ်လောက်ခိုင်မြဲ မလဲ-Baby…..။
အမှတ်တမဲ့တွေ ဘယ်လောက်များများက
ငါ့နှလုံးသားကိုတိုက်စားသွားခဲ့သလဲ
လျှပ်တစ်ပျက်
မျက်ဝန်းတစ်စုံရဲ့ အကြည့်အောက်
အတားအဆီး အကွာအဝေးတွေ
အထပ်ထပ်ပြိုလဲ
ငါဟာ…….ချစ်ခြင်းရဲ့ သားကောင်။
ခက်မာတဲ့ ဒီလမ်းမထက်
တိတ်တဆိတ် မင်းရဲ့ဖေးမမှ ု
ငါတကယ်သတိမထားမိဘူး…
တစ်ခဏလေးပါပဲ
ဒီမျက်ဝန်းက ပစ်ခွင်းလိုက်တဲ့
မျှားတစ်စင်း
အေးခဲမှ ုတွေကို နွေးထွေးစေခဲ့တယ်……..။

8 comments

  • alinsett

    December 29, 2013 at 12:26 pm

    ခေါင်းစဉ် ပါမလာဘူးဗျ

    ဒီအတိုင်းကြီးဆို ဝင်ဖတ်ရတာ ခက်ပါတယ်။

    ပြန်ဖြည့်လို့မရ ရင်

    ပေးချင်တဲ့ခေါင်းစဉ်တစ်ခု
    comment ထဲက ပြောပါနော်
    ထည့်ပေးပါ့မယ်

  • lele kyi

    December 29, 2013 at 12:29 pm

    ကျေးဇူး အလင်းဆက်။ အမှန်ကခေါင်းစဉ်ပါတယ်။ ဘယ်လိုကျန်ခဲ့သလဲမသိဘူး။ မှားဖျက်မိတယ်ထင်ပါ့။
    …..အမှတ်တမဲ့..လို့ပေး ပေးပါ။

  • alinsett

    December 29, 2013 at 12:39 pm

    ok သွားပါပြီ။

    ——

    စာသားလေးေတွေ လှတယ်ဗျ

  • KZ

    December 30, 2013 at 9:13 am

    အမှတ်တရ ဆိုတာ အမှတ်တမဲ့တွေ အများကြီးက စတာ။

    :hint:

  • Wow

    December 30, 2013 at 9:54 am

    အချစ်ကြောင့်ရူး… အချစ်ကြောင့်မူး.. :mrgreen:

  • မဟာရာဇာ အံစာတုံး

    December 30, 2013 at 10:06 am

    အဲ့ဒီမြှားလေး ခီဏ ငှားဘာလားငင်င်
    ခုလို ဆောင်းတွင်းဂျီးမှာဆို အဆင်ပြေမယ် ထင်ဒယ် ..
    အေးဒါကို နွေးစေလို့လေ .. ဟီဟိ

    နောက်ဒါဘာ …

  • TNA

    December 30, 2013 at 8:30 pm

    အမှတ်တမဲ့ မှ အမှတ်တယဖြစ်တာပေါ့

Leave a Reply