ကိုခေါင်ရဲ့ ”ခရစ်တော်နဲ့ကျွန်တော်”  ပို့စ်ထဲမှာ ကွန်မင့်ဝင်ရေးလိုက်ရင် ပို့စ်တစ်ခုလုံးရဲ့ ကောင်းမွန် တဲ့ရည်ရွယ်ရင်း ပျက်သွားမှာစိုးလို့ သီးသန့်ပို့စ်တစ်ပုဒ်တင်တာပါ။ ခေါင်းစဉ်ကတော့ အဲဒီ ကိုခေါင် ရဲ့ပို့စ်ထဲမှာပဲ ကိုစံလှကြီးက သူကြီးကိုရည်ညွှန်းပြီး ” ကျောက်တုံးအရည်ညှစ် ” လို့မရတဲ့အကြောင်း ကွန်မင့်ဝင်ပေးထားတဲ့အတွက် ဒီဂဇက်မြို့ထဲမှာ သူကြီးထက်ပိုမာတဲ့ ကျောက်တုံးတစ်တုံး ရှိနေသေး ကြောင်း မြို့သူမြို့သားတွေကို အသိပေးတာပါ။ ဘယ်ဘုန်းကြီးမဆို ဘုန်းကြီးတစ်ပါးပါးရဲ့ အသိဉာဏ် အရည်အသွေးကို မျှစ်ကြော် မယုံကြည်ပါဘူး။ ဒါက ကျောက်တုံးမာဆင့်ကို ကနဦး ကြေငြာတာပါ။
ဘာသာရေးအကြောင်းဆို အချေအတင်ဖြစ်ကြရစမြဲမို့ ဂဇက်မြို့ထဲမှာ သိပ်ပြီး ဟဟ မပြော ကြတော့ဘူး။ အတိုက်အခိုက်တွေလည်းများတော့ ပုဂိုလ်ရေးမုန်းတီးကြရတာမျိုး ဖြစ်မှာမို့ လက် ရှောင်ကြတယ်။ တကယ်တော့ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးဖြစ်ပြီး ဒီနည်းဟာ တိုးတက်မှုရဲ့ အစပထမ။ ဒါကြောင့် မျှစ်ကြော်ယုံကြည်ရာကို ရိုးရှင်းစွာပြောပါမယ်။

 

စောစောကစကား – ဘယ်ဘုန်းကြီးမဆို ဘုန်းကြီးတစ်ပါးပါးရဲ့ အသိဉာဏ် အရည်အသွေး ကို မျှစ်ကြော် မယုံကြည်ပါဘူး – ဆိုတဲ့စကားဟာ ရုတ်တရက်ဆိုရင် ဆရာတော်ကြီးတွေ အပါ အဝင် ဘုန်းတော်ကြီးအားလုံးကို သိမ်းကြုံးစော်ကားလိုက်တဲ့ စကားလို့ ထင်စရာရှိပါတယ်။ အဲဒီ လို မဟုတ်တဲ့အကြောင်း ဆက်ရေးပါမယ်။
အရှင်ဇနကာဘိဝံသရဲ့ တစ်ဘဝသာသနာ ကို ဖတ်ရှုပြီးတဲ့အခါ ဆရာတော်ဘုရားကို အင်မ တန်ပဲကြည်ညိုခဲ့တယ်။ လူတိုင်း မျှစ်ကြော်လို နေမှာပါပဲ။ ဒါပေမယ့် အဲဒါက အဲဒါပါပဲ။ ပြီးတော့ တစ်ခါ သာမညတောင်ဆရာတော်ကိုဖူးဖို့ ဘားအံသွားခဲ့ပါသေးတယ်။ ဆရာတော်ဘုရားကြီးကို အင်မတန်လည်း ကြည်ညိုပါတယ်။ သာမညဆရာတော်ဘုရားရဲ့ ဥုံ မပျင်းနဲ့ ဆိုတဲ့ ဆုံးမစကား ကိုလည်း သူများတွေလို ရယ်မပစ်ခဲ့ဘူး။ တောင်ပေါ်တက်တော့ လူစဉ်မမီ ပိန်လှီသေးကွေးလွန်း တဲ့ကလေးတွေ အယောက် ၁ဝဝ လောက် ဝိုင်းအုံလာပြီး လက်ထဲက အထုပ်အပိုးတွေ ဝိုင်းသယ်ပေး ကြတယ်။ ကြည့်လေရာရာ ပိန်လှီသေးကွေးတဲ့ ကလေးတွေကိုချည်း စိတ်မချမ်းသာစရာ တွေ့ခဲ့ရ တယ်။ အဲဒီနယ်တစ်ကြောဟာ သတ်သတ်လွတ်နယ်မြေ။ သာမညတောင်ဆရာတော်ကို ဖူးရတော့ (အရှင်းဆုံး အတိကျဆုံးပြောပါမယ်နော်) မျှစ်ကြော်အမြင်မှာ ဆရာတော်ဘုရားဟာ အကျဉ်းစံပါပဲ။ လူတစ်စုရဲ့လက်ထဲက အကျဉ်းစံ။ ဒီဆရာတော်ကြီး ပေါက်မြောက်ချင်ပေါက်မြောက်မယ်။ ရဟနာ ဖြစ်ချင်ဖြစ်မယ်။ သေချာတာကတော့  လူတစ်စုတော်တော်ချမ်းသာသွား ဖို့အတွက် သူဟာ အသုံးချခံ။
ခုခေတ်ဆရာတော်တွေထဲက အဘိဉာဉ် ရတယ်လို့နာမည်ကြီးတဲ့ ဆရာတော် (ဘားအံမှာ သီတင်းသုံးတာပါပဲ) ကတော့ ၂လုံး ၃လုံး ဂဏန်းပေးရင် ပေါက်တာချည်းမို့ အနယ်နယ်အရပ်ရပ်က ဒကာတွေ ကိုးကွယ်တဲ့ဆရာတော်ပါ။ ဒီဆရာတော်ကလည်း ဘာတွေစိတ်ကူးနေတယ်မသိ။ ကျောင်း ကြီးကဟီးထလို့။ သူ့နယ်သားတွေ လက်ဝှေ့ထိုးရင် ရန်ကုန်အထိလိုက်ပြီး အားပေးတဲ့ဆရာတော် ပါ။     မျှစ်ကြော် ပြောချင်တဲ့လိုရင်းက ဗုဒဘာသာဘုန်းတော်ကြီးတွေ သူတို့ဖာသာသူတို့ နိဗာန် ရောက်ချင်လည်းရောက်မယ်။ ဒါပေမယ့် တိုင်းသူပြည်သားတွေကို ဘာမှ လုပ်ပေးနိုင်စွမ်းမရှိလှ ပါဘူး။ အပြစ်တင်တာ မဟုတ်၊ သိထားတဲ့အတိုင်း မှန်မှန်ကန်ကန်ပြောတာပါ။ အဘိဉာဉ်ရှိ ရင်တောင် အဘိဉာဉ်တန်ခိုးနဲ့ တိုင်းပြည်အုပ်ချုပ်လို့ မရပါဘူး။
ယခု ပွက်လောရိုက်နေတဲ့ကိစ္စ၊ မျိုးစောင့်ဥပဒေ ဘာညာပေါ့လေ၊ မြန်မာလူမျိုး အမျိုဝါး မခံရအောင် ကိုယ့်ခြံစည်းရိုးကိုယ်လုံအောင်လုပ်ကြဆိုပြီး လုပ်နေတဲ့ အစီအစဉ်တွေ- ဟုတ်ပါပြီ။ ဒါလည်း သူ့ဟာနဲ့သူတော့ မှန်နေတာပဲ။ ဒါပေမယ့် ကိုယ့်ခြံစည်းရိုးလုံပြီဆိုတာနဲ့ အဲဒီဗုဒ္ဓဘာသာ ကပဲ ပြန်ဆွဲချနိုင်တယ်လို့ မထင်ဘူးလား။ တိုင်းပြည်တစ်ပြည်မှာ ဘာသာရေးသိပ်အားကောင်း လာပြီဆိုရင် (ဘယ်ဘာသာမဆို မွတ်ဖြစ်ဖြစ်၊ ကက်သလစ်ဖြစ်ဖြစ်) အဲဒီတိုင်းပြည် ကြေခါနီးနေ ပြီ။
ဘာသာရေးအကြောင်း ပြောမယ်ဆိုရင် နှစ်ပိုင်းခွဲခြားထားပြီး ပြောမှဖြစ်မယ်။ ဘာသာတရား နဲ့ သာသနာ့ဝန်ထမ်းဖွဲ့စည်းမှု

ဘာသာတရားမှာ နိဗ္ဗာန်ဝင်တဲ့ အစစ်အမှန်လမ်းကြောင်းဟာ ဗုဒ္ဓဘာသာမှာပဲရှိတယ်လို့ မျှစ်ကြော် ယုံတယ်။ သူကြီးပြောသလို စိန့်ကို ရဟနာ္တလို့ မယုံပါ။

ခြိမ်းခြောက်နေတဲ့ပြဿ      နာကတော့ သာသနာ့ဝန်ထမ်းဖွဲ့စည်းမှုလို့ မြင်ပါတယ်။  နိဗ္ဗာန်ဝင်တဲ့ စစ်မှန်တဲ့လမ်းကြောင်း ဒီဘာသာတရားမှာ ရှိနေပြီဆိုမှတော့ တခြားကိစ္စကို သိပ်ကြောက်စရာမလိုတော့ပါ။ သံဃာထု သီလရှင်ထု တည်ဆောက်ထားတဲ့ အခြေခံမူကို ခေတ်နဲ့ အညီပြုပြင်ပြောင်းလဲနိုင်သင့်တယ်။ အဲဒီလိုတွေ လုပ်ကြလို့ ဆဌသံဃာယနာတင်ရတာပေါ့လို့ ပြောမယ့်လူ အများစုဆိုတာ မျှစ်ကြော် သိပြီး သားပါ။
အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားတစ်ခွန်းရှိတယ်။ အူမတောင့်ဖို့ဆိုတာ တိုင်း ပြည်   တော်တည့်မှန်ကန်ပြီး စီးပွားရေးကောင်းနေဖို့ပါ။ အဲဒီလိုဖြစ်ဖို့ကို ဗုဒ္ဓဘာသာဘုန်းတော်ကြီး တွေ ဘာမှလုပ်ပေးနိုင်စွမ်း မရှိပါဘူး။ အပြစ်တင်တာ မဟုတ်ပါ။ ဗုဒဘာသာရဲ့ အခြေခံသဘောကိုက လောကီစည်းစိမ်ကို ငြီးငွေ့လို့၊ မြတ်စွာဘုရားရဲ့ တရားဒေသနာတွေကို ထိန်းသိမ်းချင်လို့ ရဟန်းဘောင် သီလရှင်ဘောင် ဝင်ကြတာပဲ။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ စကားကလည်း မှန်ကန်နေတော့ သံဃာတွေ ကိုယ့်ထမင်းကိုယ်ရှာစားနိုင်ဖို့ ဝိနည်းလေးများ မပြောင်းလဲသင့်ဘူးလား။
ကဲပါလေ … လူနှစ်ယောက်ရှိတယ်။ တစ်ယောက်ကပြောတယ်။ ”လူတိုင်းဟာ ကိုယ်လုပ် တာကိုယ်ရမယ်။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်။ သံဃာဆိုတာ ကုသိုလ်ကောင်းမှုတွေ စိုက် ပျိုးဖို့ အကောင်းဆုံး ယာမြေကောင်းဖြစ်တယ်။ ဒါကြောင့် ငါ ဘုန်းကြီးဝတ်မယ်။ မင်း ငါ့ကို ဆွမ်းကပ်ပေတော့ ”
ဗုဒဘာသာဘုန်းတော်ကြီးတွေကို ထိပါးလိုရင်းမဟုတ်ဘဲ အခြေခံကျကျတွေးမိတာလေး တစ်ခုသာဖြစ်ပါတယ်။
ကိုခေါင်ရဲ့ပို့စ်ထဲမှာ ကိုခေါင်ပြောထားတာက ဗုဒဘာသာသီလရှင်နဲ့ ကက်သလစ်သီလရှင် တွေ ကွာခြားရတာဟာ နောက်ခံပံ့ပိုးမှုခြင်းကွာတယ်လို့ ပြောထားပါတယ်။ အဲဒါ တော်တော်ရှင်းယူရမယ်။ တချိန်က ခရစ်ယာန်ဘုန်းတော်ကြီးတွေ အင်မတန်ချမ်းသာကြွယ်ဝကြတယ်။ ဥပမာ ရုရှားက ဇာဘုရင်တွေဆိုရင် ဘုန်းတော်ကြီးတွေကို ပိုးစိုးပက်စက်လှူထားတာမို့ ဂရိပြည် အေသို တောင်ပေါ်က ဘုန်းတော်ကြီးတွေဟာ ရွှေအစစ်ပန်းကန်တွေနဲ့ စားခဲ့သောက်ခဲ့ကြတယ်လို့ မှတ် သားဖူးတယ်။ ခရစ်ယာန်ဘုန်းကြီးတွေကို သွားတွေ့ရင် ဒူးထောက်ပြီး လက်ဖမိုးကို နမ်းရှုတ်နှုတ် ဆက်ကြတယ်။ သို့သော် … သို့သော် ခရစ်ယာန်ဘုန်းကြီးတွေဟာ သူ့ကျောင်းကိုအလည်လာတဲ့ လူပုဂိုလ်တွေကို ခြေဆုပ်လက်နယ်ပြုစုနိုင်ကြတယ်။ ခြေအိတ်လျှော်ပေးနိုင်ကြတယ်။ မြန်မာမှာက သံဃာရဲ့အရိပ်ကို တက်နင်းမိရင်တောင် ငရဲကြီးတော့မလို ခံစားကြရတယ်။ ကိုယ်ပြုသမျှကံ ကိုယ့်ထံပြန်လာမယ်ဆိုရင် သင်္ကန်းစည်းရုံနဲ့ မြင့်မြတ်သွားပြီလား။ ကုသိုလ်ကောင်းမှု ဘာတစ်ခု မှ မလုပ်ရသေးဘဲနဲ့ အလိုလို တန်းမြင့်သွားရောလား။
သီလရှင်ပိုင်းမှာဆိုရင် ခရစ်ယာန်သီလရှင်တွေဟာ စစ်မြေပြင်အထိလိုက်ပြီး ဒဏ်ရာရစစ် သားတွေကို ပင်ပန်းဆင်းရဲစွာပြုစုခဲ့ကြတယ်။ ပြောစမှတ်တွင်တာ ကက်သလစ်သီလရှင်တွေ။ သူတို့ဟာ သူတို့ကိုယ်သူတို့ မယ်တော်ရဲ့အဆုံးအမအတိုင်း မိမိကိုယ်ကိုနှိမ့်ချတဲ့အတွက် လူမမာ ရှိတဲ့အိမ်မှာ သေးချေးဝေယျာဝိစ္စ အကုန်သိမ်းကျုံးလုပ်နိုင်ကြတယ်။ လုပ်နိုင်ခဲ့တယ်။ တကယ့် ပရဟိတစစ်စစ်။ ဗုဒဘာသာသီလရှင်မှာတော့ ကျောင်းတစ်ကျောင်းထဲမှာတောင် အဆင့်ခွဲထား တယ်။ ဥပမာတစ်ခုပဲပြောမယ်။ သီလရှင်ဆိုတာ မိန်းမသားဆိုတော့ အချိန်မှန်ကိစ္စတွေရှိတယ်။ အဲဒီမှာ ခုခေတ်ပေါ်သုံးပစ္စည်းတွေ ဝယ်မသုံးကြဘူး။ သီလရှင်ဝတ်စုံကိုပဲ ပိတ်စဖြတ်ပြီးသုံးစွဲကြ တယ်။ ဆရာကြီးတွေသုံးပြီး ပက်ခနဲပစ်ပေးလိုက်ရင် ဝါငယ်တဲ့သီလရှင်က ငြင်းခွင့်မရှိ၊ လျှော် ရပါတယ်။ မျှစ်ကြော် ဆိုလိုတာက အတွင်းပိုင်း စိတ်ခံစားချက်နော်။
”ငါ ဘုရားသားတော်။ ဒါကြောင့် သာမန်လူတွေထက် ငါပိုမြင့်မြတ်တယ်” ဆိုတာက မှန်သလား။ ”ငါ ဘုရားသားတော်၊ ဒါကြောင့် သာမန်လူတွေထက် ငါသီးခံနိုင်တယ်၊ ပိုနှိမ့်ချနိုင် တယ်” ဆိုတာက အမှန်လား။ ကိုခေါင်ပြောသလို နောက်ခံပံ့ပိုးမှုနဲ့ မဆိုင်ဘူးနော်။ အနတ္တကိုအခြေခံထားတဲ့ ဗုဒ္ဓဘာသာမှာမှ ဒီလိုအယုတ်အလတ်အမြတ် ခွဲခြားရေးတရားကို အပိုင်စွဲကိုင် ထားကြတယ်။
ဗုဒ္ဓဘာသာသီလရှင်တွေ ဆင်းရဲနွမ်းပါးကြတာကိုလည်း မပြောနဲ့လေ။ သူတို့မှ ဘာမှ မလုပ်တာ။ မိသားစုထဲမှာတောင် တစ်ယောက်ကိုတစ်ယောက်က မှီခိုရပြီဆိုရင် ရေရှည်မှာ မလွယ်ဘူး။ သံဃာ၊ သီလရှင် စတဲ့ တကယ့်အဖွဲ့အစည်းကြီး ကောင်းမွန်မှန်ကန်စွာ လည်ပတ် နိုင်ဖို့ဆိုတာ သူ့ဖာသာသူအားဖြည့်လည်ပတ်သွားနိုင်တဲ့ အစီအမံရှိဖို့ အရေးကြီးပါတယ်။ အခုတော့ တင်းကြပ်တဲ့ဝိနည်းကြောင့် အလှူရှင်ကိုပဲ အားကိုးနေရတဲ့အနေအထားဖြစ်နေတယ်။
ခရစ်ယာန်ကျောင်းတော်တွေမှာ ဘုန်းကြီးတွေဟာ စပျစ်ပင်တွေစိုက်၊ အရက်ချက်၊ ရွာထဲက လူတွေငတ်ရင် တစ်ရွာလုံးကို ကျားကန်ပေးထားခဲ့တယ်။ အလှူရှင်ကို လုံးဝအားကိုးနေရတဲ့ အဖွဲ့ အစည်းမဖြစ်အောင်၊ ကိုယ့်ဖာသာကိုယ် အားဖြည့်လည်ပတ်သွားနိုင်အောင် တရားဟောခြင်း အစရှိတာတွေနဲ့ ငွေကြေးပိုင်းစီမံထားကြတယ်။ မြန်မာဗုဒ္ဓဘာသာရဟန်းတွေကျတော့ သစ်ပင် ပန်းမာန်လေးတောင် ဖြတ်ညှပ်ခွင့်မရှိတဲ့ ဝိနည်းဆိုတော့ အလှူရှင်ကို အင်မတန်မှီခိုထားရတယ်။
တကယ်လို့သာ ကိုယ့်ထမင်းကိုယ်ရှာစားရမယ်၊ ဒါမှမဟုတ် ကျောင်းအလိုက် သတ်မှတ်ထားတဲ့ အလုပ်နည်းနည်းပါးပါး လုပ်ရမယ်ဆိုရင် အချောင်ခိုချင်လို့ သင်္ကန်းစည်းတဲ့လူတွေ လျော့ကျသွား ပြီး သံဃာထုလည်း ပိုသန့်သွားနိုင်တယ်။

 

တကယ်တော့ မြန်မာပြည်ကဗုဒ္ဓဘာသာဘုန်းကြီး တွေဟာ သူတို့ဖာသာတောင် သူတို့အဖွဲ့အစည်း သံဃာထု တည်ငြိမ်အားကောင်းအောင် မိမိဖာသာအားဖြည့်လည်ပတ်သွားနိုင်တဲ့ အစီအမံကို မလုပ်နိုင်ကြသေးပါဘူး။ ဒီတော့ တိုင်းသူပြည်သားတွေကို ရှေ့ဆောင်လမ်းပြလုပ်ဖို့ဆိုတာ ဝေးပေါ့။ တချို့ဆရာတော်တွေ တရားဟောပြီး ငွေရှာတာ၊ စာရေးပြီး ငွေရှာတာ မိမိဖာသာအားဖြည့်လည်ပတ်သွားတဲ့ အစီအစဉ် မဟုတ်ပါ။
ဒီလို ဘာမှမလုပ်နိုင်တဲ့လူတွေ လူမှုရေး၊ နိုင်ငံရေးထဲမှာ ဝင်ခြယ်လှယ်တော့မယ်ဆိုရင်—-
အခု လူများစုတွေးနေတဲ့ပုံစံက မြန်မာတွေ ဘာသာရေးအသိ အားမကောင်းခဲ့လို့ ယခုလို မွတ်စ လင် စတဲ့ ဘာသာခြားတွေရဲ့ ခြိမ်းခြောက်မှု၊ လူမျိုးရေးမျိုဝါးမှုကို ခံရတယ်လို့ တွေးကြပါတယ်။ မျှစ်ကြော် အမြင်မှာတော့ မြန်မာတွေ ဘာသာရေးအသိ သိပ်ကိုအားကောင်းခိုင်မာခဲ့လို့ အာဏာ ရှင်စနစ် သက်ဆိုးရှည်ခဲ့ပြီး ဒီကနေ့ဖြစ်ရပ်တွေကို ရင်ဆိုင်ရတယ်လို့မြင်ပါတယ်။ ဟ-သူတို့က သေနတ်ကြီးတကားကားနဲ့လေ လို့ဆိုကြဦးမယ်။ ဒါဆိုရင် ပါးစပ်သရမ်းတဲ့ ကားစပါယ်ရာလေး ကိုတောင် ဘယ်သကောင့်သားက ထထိုးရဲလို့လဲ။ ”ခနီ ္တစ   ခနီ ္တစ  သူ့ငရဲနဲ့သူရှိပါစေ”  ပြောကြမယ့်လူချည်းပဲ။ မဟုတ်မခံစိတ်ကို ဘာသာရေးက မွေးမြူမပေးဘူး။

 

ဒါဆို ဒီကနေ့မြန်မာပြည် ဒီလိုဖြစ်နေတာ ဘုန်းကြီးတွေကြောင့်လားလို့ မေးဖွယ်ရှိတယ်။ မျှစ်ကြော် ဒီသဘောမပြောပါ။ မြန်မာပြည် ဒီလိုဖြစ်နေတာ တခြားအကြောင်းပေါင်းများစွာရှိသလို ဘာသာရေးလွှမ်းမိုးအားကောင်းမှုရဲ့ ပယောဂလည်း မကင်းဘူးလို့ ပြောပြချင်တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ လွှမ်းမိုးအားကောင်းတာ ကြောက်စရာကောင်းသလို မွတ်စလင်ဘာသာ လွှမ်းမိုးအားကောင်းလာ ရင်လည်း ဒီ့ထက် ဆယ်ဆပိုဆိုးဦးမယ်။ အာဖဂန်နစ္စတန်ဟာ တချိန်က ဗုဒ္ဓဘာသာနိုင်ငံဆိုတာ မမေ့စေချင်ပါ။
ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က ဘာသာရေးအဖွဲ့အစည်းဟာ ငြိမ်းချမ်းရေး ကို ဖော်ဆောင်
ပေးနိုင်မယ်လို့ မျှစ်ကြော် မယုံကြည်ပါဘူး။ ခုဆို မြန်မာတစ်ပြည်လုံး တရားပွဲတွေ တခြိမ့်ခြိမ့် ကျင်းပကြတယ်။ ဓမ္မစကူးလ်တွေ မှိုလိုပေါက်အာင်ဖွင့်ကြတယ်။ ဒို့မြန်မာတွေ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး ကိုယ့်ဘာသာတရား၊ ကိုယ့်အမျိုးသားနိုင်ငံရေးနဲ့ ခိုင်မာကျစ်လျစ်စွာ နေလို့ရမယ်ထင်သလား။ ကမာ္ဘလုံးဆိုင်ရာ အတွေးအခေါ်ဆိုတဲ့  screen မြင်ကွင်းကျယ်ရယ်၊ အသိပညာရှင် အတတ်ပညာရှင်ဆိုတဲ့ ခေတ်မီလက်နက်ရယ်ကို စွဲကိုင်မထားရင် ပြင်ပကမ္ဘာဟာ မြန်မာပြည်ဆိုတဲ့တိုင်းပြည်လေးကို လွယ်လင့်တကူပဲ ကြောင်ကကြွက်ကိုကစားသလို ကစားသွား၊ စားသွားမှာမုချဖြစ်ပါတယ်။ မြန်မာတွေ ထင်မှတ်မထားလောက်အောင် အရှုံးကြီးလာနိုင်တယ်။ ဒီအခါမှာ ဘယ်ဘုန်းကြီးကမှ လာဆယ်မပေးနိုင်ပါ။ ဘာသာရေးလွှမ်းမိုးမှုကင်းစင်တဲ့ လူ့မှုပတ် ဝန်းကျင် (secularized  society) ကိုသာ အချိန်မီတည်ဆောက်ခွင့်ရချင်တာ မျှစ်ကြော်ရဲ့ ပြင်းပျတဲ့ဆနတစ်ခုဖြစ်ကြောင်း အသိပေးပါတယ် ဂဇက်ရွာသူရွာသားတို့ရေ။

 

 

 

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.