အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၂ ( Introduction ) ။

Foreign ResidentDecember 30, 20139min18119

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၂ ( Introduction ) ။

 

သင်္ဘော ပေါ်က Heated Whirl Pools နှင့် ရေကူးကန် ။

2 သင်္ဘော ပေါ်က Heated Whirl Pools နှင့် ရေကူးကန် ။
2 သင်္ဘော ပေါ်က Heated Whirl Pools နှင့် ရေကူးကန် ။

 

 

အဲဒီလို Celebrity Cruise ကနေ လက်မှတ် ဝယ်ပြီးပြီ ဆိုရင်တော့ ၊

Celebrity Cruise ကနေ ကိုရင် တို့ဆီကို Soft Document ( PDF ) ၂ ခု ပို့ပါလိမ့်မယ် ။

 

၁ ။

ပထမ တစ်ခုကတော့ Cruise Ticket ဖြစ်ပြီး ၊

ခရီးစဉ် ရဲ့ စထွက်မဲ့ နေ့စွဲ ၊ နိုင်ငံ ၊ အခန်း နံပါတ် စသဖြင့် ပါပါတယ် ။

အဲဒီ အထဲမှာ Celebrity Cruise ရဲ့ Invoice ( Payment Receipt ) လဲ ပါပါတယ် ။

( ကိုယ်က Visa လျှောက်မယ် ဆိုရင် အဲဒီ Invoice ( Payment Receipt ) နှင့် လျှောက်ရမှာပါ )

 

၂ ။

ဒုတိယ တစ်ခုကတော့ Celebrity Cruise Booklet ဖြစ်ပြီး ၊

ယခု Cruise ခရီးစဉ် အတွက် ပြင်ဆင်ရန် ၊ ဆောင်ရန် ၊ ရှောင်ရန် အကုန် ပါပါတယ် ။

အဲဒီ စာအုပ် Cruise Booklet တစ်အုပ်လုံး ကို သေချာဖတ်ပြီး ပြင်ဆင်ရင် အားလုံး OK ပါမယ် ။

( အဲ ဘိုလို အားနည်းတဲ့ မြန်မာတွေ အတွက်ကတော့ နဲနဲ ဒုက္ခ ရောက်နိုင်ပါတယ် )

 

သင်္ဘောပေါ်က အဘ ရဲ့ ဘူဖေး နေ့လည်စာ တစ်ပွဲ ၊ ဟဲ ဟဲ ။

 

2 သင်္ဘောပေါ်က အဘ ရဲ့ ဘူဖေး နေ့လည်စာ တစ်ပွဲ ၊ ဟဲ ဟဲ
2 သင်္ဘောပေါ်က အဘ ရဲ့ ဘူဖေး နေ့လည်စာ တစ်ပွဲ ၊ ဟဲ ဟဲ

 

 

အဓိက ကျ ၊ အရေးပါတဲ့ အချက်တွေကိုတော့ အဘ ဒီမှာ ပြောပြသွားပါမယ် ။

 

၁ ။

Luggage Tag / ခရီးဆောင်အိတ်မှာတပ်တဲ့ နာမည် / တံဆိပ် ပါ ။

အဲဒီ Luggage Tag က ဘာကြောင့် အရေးကြီးရလဲ ဆိုတော့ ၊

Cruise သင်္ဘော ပေါ်ကို ခရီးသည် ၃၀၀ဝ လောက် တစ်ပြိုင်တည်း တက်ကြတာပါ ။

 

အဲဒီအခါ သာမာန် ကုန်းပေါ်က Hotel တွေမှာ check in လုပ်သလိုမျိုး ၊

Waiter ကောင်လေးက ကိုယ့်ရဲ့ အိတ်တွေ ကို တပါတည်း ဆွဲလာပြီး ၊

ကိုယ်နေရမယ့် အခန်းပေါက်ဝ အထိ လိုက်ပို့ပေးမှာ မဟုတ်ပါဘူး ။

 

Taxi ပေါ်က ဆင်းဆင်းချင်း ၊ သင်္ဘော နဲ့ ခပ်လှမ်းလှမ်း လောက်မှာတင် ၊

ကိုယ့် ရဲ့ ခရီးဆောင်အိတ်တွေကို သူတို့က ၊ တစ်ခါတည်း လာယူသွားတာပါ ။

အဲဒီ ၊ ကိုယ့် ရဲ့ ခရီးဆောင်အိတ်တွေကို နောက် ၃ / ၄ နာရီလောက်ကြာမှ ၊

ကိုယ့် ရဲ့ သင်္ဘော အခန်းရှေ့ကို လာပို့ပေးမှာပါ ။

 

ဒါကြောင့် အရေးကြီး စာရွက်စာတမ်း Passport ၊ Credit Card ၊ Cruise Ticket ၊

ပိုက်ဆံအိတ် တွေကို ၊ ခရီးဆောင်အိတ် ထဲ မထည့်ဘဲ ၊

ကိုယ့် ရဲ့ လက်ဆွဲအိတ်ထဲ ဘဲ ထည့်သယ်ရမှာပါ ။

 

အောက်မှာ Cruise Booklet ထဲမှာ ပါတဲ့ Luggage Tag စာမျက်နှာကို ပြထားပါတယ် ။

Color Print ထုတ်ပြီး ကိုယ့် ခရီးဆောင်အိတ်တိုင်း ( တိုင်း ) ရဲ့ လက်ကိုင်မှာ တပ်ထားရမှာပါ ။

 

အဲဒီ ထဲက ၊

10 – က အဘ တို့တည်းမယ့် သင်္ဘော အထပ် နံပါတ် ပါ ။

1160 – က အဘ တို့တည်းမယ့် သင်္ဘော အခန်း နံပါတ် ပါ ။

B – က သင်္ဘော ပေါ်က အဘ တို့ အခန်း ရဲ့ တည်နေရာ ( သင်္ဘော နောက်ဖက် ညာခြမ်း ) ပါ ။

Guest Name – က ခရီးသည် / ကိုယ့် နာမည်ကို ရေးရမယ်နေရာပါ ။

ခရီးစဉ် ၊ သင်္ဘော ၊ ထွက်မဲ့ရက် ကိုပါ တခါတည်း ရေးထား / ပါထားပြီးသားပါ ။

 

Cruise Booklet ထဲမှာ ပါတဲ့ Luggage Tag စာမျက်နှာ ။

 

2 Cruise Booklet ထဲမှာ ပါတဲ့ Luggage Tag စာမျက်နှာ
2 Cruise Booklet ထဲမှာ ပါတဲ့ Luggage Tag စာမျက်နှာ

 

 

 

၂ ။

အဝတ်အစား ပါ ။

ခရီးစဉ် တလျှောက် Smart Casual သာမာန် သက်တောင့်သက်သာ ဝတ်ရမယ့် အချိန် များပေမယ့် ၊

တစ်ချို့ ညနေခင်းတွေမှာ Formal လူကြီးလူကောင်း ဆန်ဆန် ဝတ်ဖို့ တောင်းဆိုတတ်ပါတယ် ။

အောက်ပုံက Smart Casual သာမာန် နှင့် Formal လူကြီးလူကောင်း ဆန်ဆန် ဝတ်ရမယ့်နေ့ ဇယားပါ ။

အဲဒီမှာ Smart Casual ဆိုတာ ဘာလဲ ၊ Formal ဆိုတာ ဘာလဲ ၊ တစ်ခါတည်း ရှင်းပြထားပါတယ် ။

 

အဘတို့ New Zealand ခရီးစဉ်က ၁၃ ရက် ( ၁၂ ည အိပ် ) ခရီးစဉ် ဆိုတော့ ၊

လူကြီးလူကောင်း ဆန်ဆန် Formal ဝတ်ရမယ့် နေ့ ၊ ၃ ညနေ ကြုံခဲ့ပါတယ် ။

 

အကြမ်းဖျင်း Guide Line ပြောရရင်တော့ ( အနဲဆုံး နော် ) ။

 

နေ့တိုင်း ၊ ညနေပိုင်း ၊ စားပွဲ / ကပွဲ တိုင်းမှာ ၊

တီရှပ် ၊ ဘောင်းဘီ တို / ပြဲ ၊ ညှပ်ဖိနပ် မဝတ်ရ ။

 

Formal နေ့တွေမှာ ၊ ညနေပိုင်း ၊ စားပွဲ / ကပွဲ တိုင်းမှာ ၊

ယောက်ျားလေး – Suit နှင့် Leather Shoe ဝတ်ရမယ် ။

မိန်းကလေး – အနက် / ပြောင်ပြောင်လက်လက် ဝတ်ရမယ် ။

 

အကြမ်းဖျင်း အားဖြင့် ၊ အင်တာနက် ကနေ ၊ ကိုယ်သွားမယ့် ဒေသ ရဲ့ ၊

Average Temperature ကို စုံစမ်းပြီး ၊ အဝတ်အစား ကို ချင့်ချိန်ပြီး သယ်ပေါ့ကွယ် ။

 

Smart Casual သာမာန် နှင့် Formal လူကြီးလူကောင်း ဆန်ဆန် ဝတ်ရမယ့် နေ့ ဇယားပါ ။

 

2 Smart Casual သာမာန် နှင့် Formal လူကြီးလူကောင်း ဆန်ဆန် ဝတ်ရမယ့် နေ့ ဇယားပါ ။
2 Smart Casual သာမာန် နှင့် Formal လူကြီးလူကောင်း ဆန်ဆန် ဝတ်ရမယ့် နေ့ ဇယားပါ ။

 

 

 

 

 

၃ ။

အဲဒါကတော့ သင်္ဘော ကို Check in ဝင်ရမယ့် အချိန်ဘဲ ။

သင်္ဘော က ညနေ ၈ နာရီ မှာမှ ဆိပ်ကမ်းက ထွက်မှာ မို့လို့ ။

လေယာဉ်ပျံလိုဘဲ မထွက်ခင် ၂ နာရီ အလို ညနေ ၆ နာရီ လောက်

သင်္ဘော နား ရောက်ရင် တော်ရောပေါ့ လုပ်လို့ မရပါဘူး ။

 

သင်္ဘော ပေါ်ကို ခရီးသည် ၃၀၀ဝ လောက် တစ်ပြိုင်တည်း တက်ကြတာဆိုတော့ ၊

ကိုယ်နေတဲ့ အထပ်ပေါ် မူတည်ပြီး Check in ဝင်ရမယ့် အချိန်ကို ခွဲထားပါတယ် ။

 

ဒါကြောင့် အဲဒီ Check in အချိန် နှင့် အဆင်ပြေအောင် ၊

လေယာဉ် လက်မှတ်ကို ညှိဝယ်ရပါမယ် ။

 

ဒါပေမယ့် ၊ အဘ တို့ရဲ့ လေယာဉ် လက်မှတ် က

 Sydney ကနေ ဝ၇၃ဝ နာရီ ထွက်ပြီး ၊ Auckland ကို ၁၂၃ဝ နာရီ မှ ရောက်ပါတယ် ။

Auckland လေဆိပ်ကနေ သင်္ဘောဆိပ် ကို နောက် တစ်နာရီ ထပ်ကြာပြီး ၁၃၃ဝ မှရောက်မှာပါ ။

 

လက်မှတ် ကို အချိန် ရှေ့ထပ်တိုးရအောင်ကလည်း ၊ အခု ဝ၇၃ဝ နာရီ ထွက်မယ့် လေယာဉ် တောင် ၊

လေယာဉ် Check in ဝ၅၃ဝ ဆိုတော့ ၊ အိမ်ကထွက် ဝ၄၃ဝ ၊ အိပ်ရာထ ဝ၃၃ဝ ဖြစ်နေပြီ ။

လေယာဉ် လက်မှတ် ကို ဒီ့ထက် အချိန် ရှေ့ထပ်တိုးရရင် ၊ အဲဒီ ည အိပ်ရဖို့ မရှိတော့ဘူး ။

 

ဒါနှင့် ၊ Cruise Office ကို ဖုန်းဆက်ပြီး Check in ၁ နာရီလောက် နောက်ကျနိုင်တယ်လို့ ၊

ကြိုပြောလိုက်တာ ။ OK ပါတယ်တဲ့ ။ မထွက်ခင်သာ အရောက်လာပါတဲ့ ။

 

ကိုယ်နေတဲ့ အထပ်ပေါ် မူတည်ပြီး Check in ဝင်ရမယ့် အချိန်ကို ခွဲထားပါတယ် ။

 

2 ကိုယ်နေတဲ့ အထပ်ပေါ် မူတည်ပြီး Check in ဝင်ရမယ့် အချိန်ကို ခွဲထားပါတယ် ။
2 ကိုယ်နေတဲ့ အထပ်ပေါ် မူတည်ပြီး Check in ဝင်ရမယ့် အချိန်ကို ခွဲထားပါတယ် ။

 

 

၄ ။

Visa ၊ Luggage Tag ၊ အဝတ်အစား ၊ လေယာဉ် လက်မှတ် ၊

စသဖြင့် အရေးကြီးတာတွေ ၊ စုံသလောက် ဖြစ်သွားပါပြီ ။

 

အဲဒီမှာမှ ၊ အဆင့်မြင့်မြင့် စားသောက် နေထိုင်လိုတဲ့ လူချမ်းသာကြီးများအတွက် ၊

Beverage Package တွေကို ကြို မှာ / ဝယ် ရပါမယ် ( ကြို ဝယ် ရင်10 % ဈေးပေါလို့ပါ ) ။

 

သင်္ဘောပေါ်မှာ ၊ ရေ ရေနွေးကြမ်း လဘက်ရည် ကော်ဖီ ဖျော်ရည် အကုန် အလကားတိုက်ပါတယ် ။

ဒါပေမယ့် ၊ ရေ ဆိုရင် Evian Brand မှ ၊ Sparkling Water မှ ၊ Alps တောင်တန်းက မှ တို့ ၊

သစ်သီး ဖျော်ရည် ဆိုရင်လဲ အခုချက်ချင်း ညှစ်ပေးမှ ၊ Preserved ဆို မသောက်ဖူး တို့ ၊

စ သဖြင့် ၊ အထူး ကြီးကျယ်နိုင်ပေသော ၊ လူချမ်းသာကြီးများအတွက် ပါ ။

 

ရေ နှင့် သစ်သီး ဖျော်ရည် Package များကတော့ ရက် ပေါ်မူတည်ပြီး ထပ်ပေးရတာပါ ။

( သင်္ဘောပေါ် နေတဲ့ တစ်ရက်တိုင်း ကို ၁၂ ဒေါ်လှ ကနေ ၁၉ ဒေါ်လှ စီ ထပ်ပေးရပါမယ် )

 

ဝိုင် နှင့် အရက် Package များကတော့ တစ်စု / တစ်ဖြတ် စီ ရောင်းတာပါ ။

သင်္ဘော ပေါ်ကို အပြင်ကနေ ဘာ ဝိုင် အရက် စီးကရက် မှ သယ်လာခွင့် မရှိပါဘူး ။

အဲဒီတော့ကာ ၊ အရက် စီးကရက် သမားများ ၊ ချည်ပြီး တုတ်ပြီး အရိုက်ခံရသလိုပါဘဲ ။

နည်းတာနှင့် များတာဘဲ ကွာမယ် ၊ မဝယ်လို့မှ မရဘဲကိုး ။

 

အဘ တို့လို ငမွဲများကတော့ ၊

ရေ ဖျော်ရည် ဆိုလည်း အလကားရတာတွေဘဲ သောက်ပစ်လိုက်တာပါဘဲ ။

ဘာ ဝိုင် အရက် စီးကရက် မှလဲ မသောက်တတ်တော့ကာ အဆင်ကို ပြေနေတာဘဲ ။

 

sorrow weaver says:

” ဘဖော…တိန်းဘောသွားစီးမို့လား….

ပြန်လာရင် နယူးဇီလန်ပတ် သိန်းဘောအကြောင်း ကိုယ်တွေ့လေး ရေးပါဗျာ …

အဲ့ဘက်လေးတိုးဆွဲချင်လို့ ….ဗမာ တရုတ် သဌေးမားကတ်ကြီးက မက်စရာဗျ…အဟိဟိ “

 

အဘ ရဲ့ အခု Cruise ခရီးစဉ် ကို ၊

ရွာသားလေး Sorrow Weaver က ၊ အဲ့ဘက်လေး တိုးဆွဲချင်လို့ ရေးပေးပါ ဆိုလို့ ၊

တတ်နိုင်သလောက် အသေးစိတ် ဆောင်ရန် ရှောင်ရန်တွေ Detail ချရေးနေမိတဲ့ အတွက် ၊

အရင် ခရီးသွား ဆောင်းပါးတွေလို ၊ ဓါတ်ပုံ လှလှလေးတွေချည်း မဟုတ်ဘဲ ၊

အချက်အလက် တွေ သိပ် များပြီး ၊ နဲနဲ ပျင်းရိဖွယ် ဖြစ်သွားရင် ၊

အဘ ကို သည်းခံ ခွင့်လွှတ်ပေးပါကွယ် ။

 

ကဲ ၊ အခု လောလောဆယ်တော့ ၊ စာ လည်း တော်တော် ရှည်သွားပြီ ဆိုတော့ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

ရေ Package ကတော့ ရက် ပေါ်မူတည်ပြီး ထပ်ပေးရတာပါ ။

 

2 ရေ Package ကတော့ ရက် ပေါ်မူတည်ပြီး ထပ်ပေးရတာပါ ။
2 ရေ Package ကတော့ ရက် ပေါ်မူတည်ပြီး ထပ်ပေးရတာပါ ။

 

သစ်သီး ဖျော်ရည် Package များကတော့ ရက် ပေါ်မူတည်ပြီး ထပ်ပေးရတာပါ ။

 

2 သစ်သီး ဖျော်ရည် Package များကတော့ ရက် ပေါ်မူတည်ပြီး ထပ်ပေးရတာပါ ။
2 သစ်သီး ဖျော်ရည် Package များကတော့ ရက် ပေါ်မူတည်ပြီး ထပ်ပေးရတာပါ ။

 

ဝိုင် Package များကတော့ တစ်စု  တစ်ဖြတ် စီ ရောင်းတာပါ ။

 

2 ဝိုင် Package များကတော့ တစ်စု  တစ်ဖြတ် စီ ရောင်းတာပါ ။
2 ဝိုင် Package များကတော့ တစ်စု တစ်ဖြတ် စီ ရောင်းတာပါ ။

 

အရက် Package များကတော့ တစ်စု  တစ်ဖြတ် စီ ရောင်းတာပါ ။

 

2 အရက် Package များကတော့ တစ်စု  တစ်ဖြတ် စီ ရောင်းတာပါ ။
2 အရက် Package များကတော့ တစ်စု တစ်ဖြတ် စီ ရောင်းတာပါ ။

 

Package ပုံတွေမှာ ဈေးတွေလဲ ပါတယ်လေ ။

ဈေး များမများ မှန်းကြည့်လို့ ရတာပေါ့ ။

 

 

 

19 comments

  • KZ

    December 30, 2013 at 11:41 am

    အို။
    ဘယ်လိုရေးရေး သိရတာ အမြတ်ပဲ ဘဖောရယ်။
    ပထမပိုင်းက အဝေးက မြင်ရတဲ့ ရေကူးကန် ကို အနီးကပ်မြင်လိုက်ရလို့ ပျော်သွားတာ။
    😀

    ဟိ။
    ဘူဖေးကလည်း ထမင်းမပါတာကလွဲလို့ စားချင်စရာပါပဲ။ ဟိုဟာကို ငပိရည်မှတ်သွားတာ။
    အဲဒါဘာတုန်းဟင်? ဝါဆာဘေး လားးး :mrgreenn:

    • Foreign Resident

      December 30, 2013 at 11:58 am

      KZ says:
      ” ဘူဖေးကလည်း ထမင်းမပါတာကလွဲလို့ စားချင်စရာပါပဲ။
      ဟိုဟာကို ငပိရည်မှတ်သွားတာ။ အဲဒါဘာတုန်းဟင်? ဝါဆာဘေး လားးး :mrgreenn: ”

      ဘယ့်နှယ် ထမင်း မပါရမှာလဲ ၊ သမီး ခိုင်ဇာ ရယ် ။
      ရှေ့ဆုံးမှာ ဆူရှီ ထမင်းလိပ် ၆ တုံး နှင့် နောက်က ဆယ်လမွန် တစ်တုံး ပါမှတော့ ၊
      အဲဒီ အမည်းရည် နှင့် အစိမ်းတုံးက Soy Sauce & Wasabi ဘဲပေါ့ကွယ် ။

      အဲဒီ ပန်းကန်ပြားတွေက အဖြူ size တွေဆိုတော့ အကြီးကြီးတွေကွယ့် ။
      အဲဒါကြောင့် ဆူရှီ ထမင်းလိပ်တွေက နဲနဲ သေးသလို ထင်နေရတာ ။

      သမီး ခိုင်ဇာ ကတော့ သစ္စာရှိတယ် ၊ စိတ်ချရတယ် ။
      ဘာပဲလာလာ ၊ အစားအသောက် ကို ဦးစားပေး မန့်တော့တာဘဲ ။

      စိတ်ချ ၊ သမီး ခိုင်ဇာ အတွက် ၊
      တစ် Post ကို အနဲဆုံး အစားအသောက် တစ်ပုံ ပါအောင် တင်ပေးမယ် ။

      ဒီ Cruise ခရီးစဉ် တောက်လျှောက်မှာ ၊
      တစ်နပ် ( တိုင်း ) ကို နိုင်ငံ တစ်ခု Specialty Counter ဖွင့်ပေးတယ်ကွယ့် ။
      ( ဥပမာ နေ့လည်စာ စပိန်စာ ဆို ၊ ညနေစာ ကျူးဘားစာ စသဖြင့်ပေါ့ )

      • Crystalline

        January 3, 2014 at 3:20 pm

        ဆူရှီနဲ့တို့စားတာကိုတော့သိတာပေါ့အဘရယ်.. သိချင်တာ Chips နဲ့ ဂျုစ်ခွက်နားက ဇွန်းတတ်ထားတဲ့ခွက်ဖြူလေးကိုမေးတာ.. ဆလပ်ဒရက်ဇင်လား ဘာလား… :))

        • Foreign Resident

          January 4, 2014 at 7:30 am

          အဲဒါ Indian Food Counter ကယူလာတဲ့ ပဲဟင်း ပါ ။

          Salad Dressing က ၊ ပန်းကန် ထဲမှာ Mayonnaise ။

  • မဟာရာဇာ အံစာတုံး

    December 30, 2013 at 11:44 am

    နေ့လည်စာ ဂဒေါ့ မိုက်ဘာဒယ် ဘဘရယ်
    ဒါပေသိ ..
    ငှက်ပျောသီးဂျီးက မည်းနေဒလားလို့ …
    အိုက်ဒါဒေါ့ သိပ်မမိုက်လှဘူး ထင်ဒယ် …
    ဘာပုလို့ဒုန်းမတိဘူး … ဟီးးးးးး

    • Foreign Resident

      December 30, 2013 at 12:04 pm

      မဟာရာဇာ အံစာတုံး says:
      ” နေ့လည်စာ ဂဒေါ့ မိုက်ဘာဒယ် ဘဘရယ်
      ဒါပေသိ .. ငှက်ပျောသီးဂျီးက မည်းနေဒလားလို့ …
      အိုက်ဒါဒေါ့ သိပ်မမိုက်လှဘူး ထင်ဒယ် … ”

      ဗဟုသုတ ပြောပြမယ် အံစာ ရေ ။
      နိုင်ဂျန်ဂါးမှာလေ ၊ ငှက်ပျောသီး အခွံ က အဲလောက် မည်းနေမှ ၊
      အဘတို့ မြန်မာ အကြိုက် နဲနဲ အပျော့ ( မရော်သေး ) ကိုရတာကွယ့် ။
      အခွံ အဝါသာ ယူမိလို့ကတော့ ငှက်ပျောသီး မာ + ခါး နှင့် တွေ့မှာကွယ် ။

      • မဟာရာဇာ အံစာတုံး

        December 30, 2013 at 12:41 pm

        ကျော်က မည်းမည်းဂျီးမို့
        မမိုက်လောက်ဘူး ထင်နေဒါ ..
        ဘဘ ချင်းပြလိုက်မှ အော် .. ဂလိုကိုး ဆိုပီး ဘောပေါက်တွားဒယ် …
        သန်းကျူး ဘဘဂျီး …

  • sorrow

    December 30, 2013 at 12:19 pm

    အသေးစိတ်အချက်အလက်တွေကို ဝါရင့် tour leader တစ်ယောက် ရှင်းပြသွားသလိုပါပဲ ။ ။ တိုးကုန်ပဏီတွေအတွက် ဒီလိုအချက်အလက်မျိုးက သင်္ဘောအေးဂျင့် တွေရှင်းပြတာထက် တက်စီးဖူးတဲ့ ခရီးသည်တစ်ယောက်ရဲ့ အမြင်က ပိုတန်ဖိုးရှိတာကလား ။ ရွာထဲမှာ သူဌေးကြီးတွေရှိတာကလဲ ဂုဏ်ယူစရာတခုပါပဲဗျာ ။ လှိုက်လှိုက်လဲလဲ အလွန်ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ဘဖောရယ် ။

    • Foreign Resident

      December 31, 2013 at 3:10 am

      sorrow says:
      ” ရွာထဲမှာ သူဌေးကြီးတွေရှိတာကလဲ ဂုဏ်ယူစရာတခုပါပဲဗျာ ”

      ဘုရား ၊ ဘုရား ။ မနောက်ပါနှင့် မောင် sorrow ရယ် ။

      အကြမ်းဖျင်း ပြောရရင်လေ ၊ လေယာဉ် နှင့် ခရီးသွားစရာ တစ်ခု ရှိတယ် ဆိုပါတော့ ။
      လေယာဉ် မှာ Economy Class ကစီးတဲ့သူ ၊ Business Class ကစီးတဲ့သူ ၊
      First Class ကစီးတဲ့သူ နှင့် ကိုယ်ပိုင် / စီးလုံးငှား လေယာဉ် နှင့် သွားတဲ့သူ ဆိုပြီး ရှိတယ်လေ ။

      အဲဒီထဲကမှ ကိုယ်ပိုင် / စီးလုံးငှား လေယာဉ် နှင့် သွားနိုင်တဲ့သူ ကိုမှ သူဋ္ဌေး လို့ ခေါ်တာကွယ့် ။
      Business Class ကစီးတဲ့သူ နှင့် First Class ကစီးတဲ့သူတွေက လူလတ်တန်းစား လို့ ခေါ်ပြီး ၊
      အဘ တို့လို Economy Class လောက်ကပဲ စီးနိုင်တဲ့သူတွေက ငမွဲ အဆင့်လောက်ပဲ ရှိတာပါ ။

      အဲဒီလိုဘဲ သင်္ဘော စီးတဲ့အခါ မှာလဲ ၊ ၃ ဆင့် ခွဲရရင် ။
      ကိုယ်ပိုင် ရွက်လှေ စီးတဲ့သူ ၊ Cruise သင်္ဘောမှာ Suite ခန်းစီးတဲ့သူ ၊ ရိုးရိုး State Room စီးရတဲ့သူ ။

      အဲဒီလိုဘဲ ကိုယ်ပိုင်ကား စီးတဲ့အခါ မှာလဲ ၊ ၃ ဆင့် ခွဲရရင် ။
      Rolls Royce စီးတဲ့သူ ၊ Mercedes Benz စီးတဲ့သူ ၊ Toyota စီးရတဲ့သူ ။

      အဲဒီတော့ကာ ၊ အဘ ရဲ့အဆင့် အစစ်အမှန် က ၊
      ငမွဲ နှင့် လူလတ်တန်းစား ကြားက ၊ ကြားအဆင့်လောက်ပဲ ရှိတာပါကွယ် ။
      မနောက်ပါနှင့် မောင် sorrow ရယ် ။

      • လေယာဉ်လည်းမစီးနိုင်..Cruise ပေါ်လည်း မတက်နိုင်… ကိုယ်ပိုင်ကားလည်း ဝယ်မစီးနိုင်တဲ့ အနော်တို့လို လူတွေအတွက်ကတော့ ဘဖောတို့က သူဌေးပါပဲ..

  • Mr. MarGa

    December 30, 2013 at 3:04 pm

    ဆောင်ရန် ရှောင်ရန်တွေကိုတော့ မှတ်ပြီးပြီ
    နောက်တစ်ပိုင်းမှာ သင်္ဘောပေါ် တက်မယ်ဗျိုးးးးးးး

  • alinsett

    December 30, 2013 at 4:22 pm

    အတူလိုက်လာရသလိုပါပဲဗျာ

  • kai

    December 30, 2013 at 4:32 pm

    အင်း..
    အမေရိကန်ဆိုဒ်နဲ့ဆို.. ဘူဖေးနေ့လည်စာက..( ဒေါ်လှ၃ထောင်တန်ခရီးအတွက်ဆို) တော်တော်ချာတယ်ပြောရမယ်..
    နည်းလှတယ်..

    ဟိုငါးပိရည်လိုလိုပန်းကန်ထဲကဟာက.. ဘာတုံးဗျ.. :buu:

    • Foreign Resident

      January 3, 2014 at 7:08 am

      kai says:
      ” အင်း.. အမေရိကန်ဆိုဒ်နဲ့ဆို.. ဘူဖေးနေ့လည်စာက..
      ( ဒေါ်လှ ၃ထောင်တန်ခရီးအတွက်ဆို) တော်တော်ချာတယ်ပြောရမယ်..
      နည်းလှတယ်.. ”

      အွန် ၊ သူကြီးရယ် ၊ အကြမ်ဖျင်းအားဖြင့် ၊
      ဩဇီ ဘက်က အမေရိက ထက်စာရင် ကုန်ဈေးနှုန်း ပိုကြီးတာကိုး သူကြီး ရဲ့ ။

      နောက်ပြီး ဘူဖေး ဆိုတော့ ကျနော် စားချင်တာလေးတွေကို ၊
      စားချင်သလောက်လေးဘဲ ယူလာတာကိုး ။ နည်းနေမပေါ့ ။
      နောက်တစ်ခါကျရင် ၊ အသားတွေ အများကြီး နှင့် စားတာ ပြမယ် ။

      ” ဟိုငါးပိရည်လိုလို ပန်းကန်ထဲကဟာက.. ဘာတုံးဗျ.. :buu: ”

      အဲဒီ အမည်းရည် နှင့် အစိမ်းတုံးက Soy Sauce & Wasabi ပါ ။
      ရှေ့က ဆူရှီ ထမင်းလိပ် ၆ တုံး နှင့် ၊
      နောက်က ဆယ်လမွန်ပြုတ် တစ်တုံး နှင့် တွဲစားမလို့ပါ ။

      • kai

        January 4, 2014 at 6:59 am

        အဲဗျ..
        ရှိုးယုနဲ့ဝဆဘိကိုမဟုတ်..ဇွန်းတပ်ထားတဲ့.. ဆေးဆိုးထားတဲ့အရည်လိုလို.. ငပိရည်လိုလိုကိုပြောတာ…

      • Foreign Resident

        January 4, 2014 at 7:29 am

        ဆောဒီး ။
        အဲဒါ Indian Food Counter ကယူလာတဲ့ ပဲဟင်း ပါ ။

  • Crystalline

    January 1, 2014 at 2:59 pm

    ဒီတခါတော့အဘရဲ့ငိုချင်းမကြားရလို့တော်သေးတယ်.. :loll: အဲဒီသိမ်းဘောကြီးရဲ့အခန်းထဲက အဆက်စရီတွေ ကြမ်းခင်းတွေက ဘာနဲ့လုပ်ထားတာလဲအဘ… အင်္ဂလိပ်ပြည်မှာတော့ သထိန်းတွေစီးတဲ့ဒေါ်လှသန်းချီတန် ရွက်လှေတွေထဲတက်ကြည့်ဖူး တယ်.. ဆောက်လက်စတွေကိုလည်းလေ့လာဖူးတယ်.. နေရာခပ်ကျဉ်းကျဉ်းလေးကို ပြင်ဆင်ထားတာ အရမ်းချစ်စရာကောင်းတယ်.. အဲလောက်ပေးဝယ်ထားကြပြီး တစ်နှစ်တခါစီး ကျန်တဲ့အချိန်အစောင့်နဲ့ ထားတယ်တဲ့.. ဒက်ကင်တွေကို တကယ့်အကြောစင်းကျွန်းသစ်ကို တစ်ချောင်းချင်းရွေးပေးရတာ.. မရင်းအဆက်စရီတွေရောပေါ့.. ရင်နာစရာတော့ကောင်းသား.. သူတို့တွေအတွက် အထက်တန်းစားရွေးပေးပြီး ကိုယ်တွေကျတော့ ကိုင်းဖျားကိုင်းနားသုံးရတာ..
    အဘခရီးစဉ်ကို အားကျသွားပါတယ်.. ဆောရိုးတစ်ယောက် တိုးရောင်းမှပဲ အကြွေးနဲ့လိုက်စီးတော့မယ်.. :))

    • Foreign Resident

      January 3, 2014 at 7:15 am

      Crystalline says:
      ” အဲဒီသိမ်းဘောကြီးရဲ့အခန်းထဲက အဆက်စရီတွေ ကြမ်းခင်းတွေက
      ဘာနဲ့လုပ်ထားတာလဲအဘ… ”

      အဘ တွေ့သမျှတော့ ကြမ်းတွေကို ကော်ဇော်ဘဲ ခင်းထားတာဘဲ သမီး ရဲ့ ။
      ကျွန်း တော့သိပ်မတွေ့ဘူး ထင်တာဘဲ ။ သေချာ သိပ် သတိမထားမိခဲ့ဘူး ။

      ” ဆောရိုးတစ်ယောက် တိုးရောင်းမှပဲ အကြွေးနဲ့လိုက်စီးတော့မယ်.. :)) ”

      ကို ဆောရိုး တော့ လောလောဆယ် Customer တစ်ယောက် ရသွားပြီ ။
      ဒါပေမယ့် ၊ အကြွေးနဲ့ မှ တဲ့ ၊ ဟီ ဟိ ။

Leave a Reply