ဟိုဟာကို ပြောတာနော်…

johnnydeerDecember 30, 20131min23314

ဟိုက ယတြာ ချေတာ…
ဟိုဟာတွေက အရှက်မရှိ လိုက်ဝတ်တာ…
ဟိုက လူတွေက မေးကြတော့မယ်…
ဟို ဝတ်စုံကြီးက ဘာကြီးလဲ…လို့…
ဟို…ဟိုး…ရှက်ထှာ…
ဟိုဒင်းထဲပဲ ဒီမျက်နှာကြီး ဖွက်ထားရတော့မယ်ထင်တယ်…
ဟိုဟို…ဒီဒီ ဝေ့လည်ကြောင်ပတ် လျှောက်ပြောရတော့မယ် ထင်တယ်…
ဟိုဟာလေးတွေရေ…
ဟိုဟာကြီးတွေက…
ဟိုဟာ မပျောက်အောင်…
ဟိုအကြောဖြတ်ပြီး…
ဟိုလို ဝတ်ကြတာပါ…ပေါက်ကြရဲ့လား…အဲ့ဒါကို
ဟိုဟာလေးတွေက ဘာသဘောကျလို့ လိုက်ဝတ်ကြတာလဲ…
ဟိုဟာ နဲ့ ဟိုဟာ အဲ့လို ဆင်တူဝတ်လိုက်ကြတော့…
ဟိုဟာလား…ဒီဟာလား…တို့က ဘယ်လို ခွဲကြမှာလဲ…
ဟိုလို ဒီလို ခွဲမရမယ့် အတူတူတော့…
ဟို ပိုနေတဲ့ ဟာလေးကိုပါ…
ဟိုဒင်း ဟိုဟာ လုပ်ပြီး တခါထဲ ကိစ္စတုံး…
ဟိုလို လုပ်လိုက်ပါလား…အိမ်နီးချင်း…
ဟိုနိုင်ငံက အဲ့လို…
ဟိုဟာလုပ်တာ ကျွမ်းကျင်တယ် ဆိုလား…AII SAI KHINSAN Hein KHINHLAING

14 comments

  • Wow

    December 30, 2013 at 4:00 pm

    ဘယ်ဟာလဲဟင်.. မွသဲကပြောတော့ ပဲမြစ်မင်းသားလေးက ရနောင်မောင်မောင်တုတ်နေရာက သရုပ်ဆောင်မလို့တဲ့..
    စိုင်းကိုတော့ မပြောနဲ့ … မွ.. မွ.. :mrgreen:

  • KZ

    December 30, 2013 at 4:08 pm

    ဪ အဲဒါ သူလားးး
    ဝတ်စုံပြည့်ဆိုတော့ မှတ်မိဘူးးး

    :mrgreen:

    ဟုတ်တယ်။
    စိုင်း ကိုတော့ပြောနဲ့။

    😀

  • Paing Lay

    December 30, 2013 at 4:13 pm

    Mr.Sai ကို တစ်ယောက်မှ အထိမခံကြပါလား ဟရို့ 😀 :mrgreenn:

  • alinsett

    December 30, 2013 at 4:25 pm

    အဟိ

    စိုင်းက ဘယ်လိုဂျီးဝတ်ထားတာတုန်း
    ပိုတူသွားသလိုပဲ

    စိုင်းနဲ့ ပြောပါဒယ်

    🙂

  • sorrow

    December 30, 2013 at 4:50 pm

    စိုင်းလား ..သူ့ဘေးနားကဂျစ်ပစီစိမ်းလေးနဲ့ကောင်မလေးနဲ့ဘာဆိုလား ညာဆိုလား…အာဟိ..ကိုဂျော်နီက အဲ့တာသိလို့ ပုံတောင် ဘေးချင်းကပ်တင်ထားတာ…အာဟိ

    • Wow

      December 30, 2013 at 4:55 pm

      ချစ်တီးမကြီးဖြူဖွေးလစ်တဲ့အချိန် ကချင်နုထွားကြီးနဲ့ အိုက်အစိမ်းလေးနဲ့ စခန်းသွားဂျတာဆိုလား… :mrgreen:

      • sorrow

        December 30, 2013 at 5:00 pm

        ဘာဆိုဘားမှပြန်မပြောတတ်တော့ဘူး…ကချင်နုထွားကြီးက ရုပ်ချောသလောက်
        အနေအေးတယ်…အငိငိ တသိန်း

  • လုံမလေးမွန်မွန်

    December 30, 2013 at 5:23 pm

    မှတ်ထား..အိုက်ဒါ လွှတ်တော်ဆင် လို့ ခေါ်တယ်…
    ဂလောက် ခေတ်မီတဲ့အဆင်မို့ လိုက်ဝတ်တာ.. သူတို့အပြစ်လားလို့.. ဟိဟိ..

    • sorrow

      December 31, 2013 at 10:34 am

      ဟုတ်ရယ်..သူ့အပြစ်မဟုတ်ဘူး …Insha’Allah အဟိဟိ

  • Mr. MarGa

    December 30, 2013 at 6:47 pm

    အဲဒီပုံ တွေ့ကတည်းက ပြောမလို့
    မပြောခင် ကြိုကာထားကြပုံများ..
    တရား ကျချင်စရာ……

  • moonpoem

    December 30, 2013 at 7:21 pm

    ခုပြထားတဲ့ ပုံထဲကအရဆိုရင် မင်းသမီးတွေထဲမှာ ခင်စန်းဝင်းဝတ်တာ အလုံခြုံဆုံးပဲနဲ ့တူပါရဲ ့ဟိဟိ

  • TNA

    December 30, 2013 at 8:44 pm

    မင်းတားတွေလဲ မင်းပြားတွေဖြစ်ကုန်ဘီ ( စိုင်းလေးမပါ ငိငိငိ )

  • လုံမလေးမွန်မွန်

    December 31, 2013 at 10:24 am

    Sai Sai Kham Leng
    ချိတ်လုံချည်ဟာ မြန်မာ့ရိုးရာမူပိုင် အဖိုးတန် hand made အထည်ဖြစ်ပြီး ရှေးမြန်မာ အမျိုးသား အမျိုးသမီးများ ခုံမင်ဝတ်ဆင်တယ်လို့ ယုံကြည်လို့ မောင်စိုင်းလည်း အမြတ်တနိုးဝတ်ပါတယ်
    မဟုတ်ဘူးဆိုရင် နောင်ဆင်ခြင်ရအောင်လို့
    အထောက်အထားနဲ့ ပြန်ဆွေးနွေးပေးပါ
    ချိတ်လုံချည်သမိုင်းလည်း သိချင်ပါတယ်

    ==========
    သူ့ဖွဘုတ်က မလာတာ… 🙂

  • ဟယ် အပေါ်ဇုံးကစလွယ်ကြီးနဲ့က ပဲမြစ်သယ်မောင်ရိုတလေးလား 🙄
    အောက်ကအပြာနဲ့တစ်ယောက်က ဘယ်သူတုန်း 🙄
    စိုင်းစိုင်းပဲအဆင်ပြေတယ်နော်
    🙂

Leave a Reply