သတိပြုရမည့် အရာ

ခင္ခDecember 30, 20132min1617

 

သတိပြုရမည့် အရာ

 

ကျွန်တော်တို့ နေထိုင်ရာ မြန်မာပြည်မှာ

သတိပြုရမည့် အရာတွေရှိတယ်။

ဒါတွေဟာ ပုံသေနည်းတစ်ခုလိုဘဲ

မှတ်ထားမယ်ဆိုရင်လည်း ရတယ်လို့ဆိုလို့ဖြစ်တယ်။

နွေရာသီဆိုရင် မီးသတိပြုရမယ်။

ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးလှတာ သူခိုးဓမြထက်ဆိုးတဲ့ရန်သူပါ ………….

စသည်ဖြင့် ရပ်ကွက်တွေမှာ လော်နဲ့လှည့်ပြီး သတိပေးကြတယ်လေ။

မိုးရာသီဆို သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ရေး သတိပေးသဗျ။

တီဗွီတွေ သတင်းစာတွေ ကျောင်းတွေမှာ ပညာပေးအစီအစဉ်နဲ့ လုပ်ကြတယ်လေ။

ဆောင်းရာသီဆို ချောင်းဆိုး နှာဆေး အအေးမပတ်အောင်နေရေး သတိပြုစရာပေါ့။

အဲဒီလို နွေ မိုး ဆောင်း ဥတုသုံးလီရှိတော့ သူ့ရာသီနဲ့သူ သတိပြုရသည့် အရာတွေရှိတယ်ပေါ့ဗျ။

အဲဒီမှာ နွေ မိုး ဆောင်း ဘယ်ဥတုမဆို တစ်နှစ်ပတ်လုံး နေ့စဉ်နှင့်အမျှ

သတိပြုရမည့် အရာတစ်ခုရှိတယ်။

မိတ်ဆွေတို့ မသိရင်မှတ်ထား စစ်သား။

ကျုပ်ပြောတာမယုံဘူးလား သူတို့တွေ နေ့တိုင်း အလံအတင်အချ အရာရှိတွေ့ သတိပြုရတာ မနည်းဘဲလေ။

 

ခင်ခ။

 

7 comments

  • alinsett

    December 30, 2013 at 8:12 pm

    အဟိ…

    —–

    သတိပြုရမယ့်အရာနောက်တစ်ခုက…
    အဲဒီစစ်သားတွေ..လမ်းကြောင်း..ရှိတတ်တာမို ့..
    အလုပ်နောက်မကျအောင်…ပုံမှန်ထက်.. စောစော ကြိုထွက်ရမှာ…

    🙂

  • Ma Ma

    December 30, 2013 at 8:16 pm

    ိုကိုခင်ခရဲ့ သုံးရာသီသတိပြုစရာရော၊ နေ့စဉ်သတိပြုစရာတွေကိုပါ မှတ်သားသွားပါတယ်။ :kwi:

  • TNA

    December 30, 2013 at 8:57 pm

    အဟိ နှစ်ခါပြန်ဖတ်မှ သဘောပေါက်တော့တယ် ကိုခင်ခရေ။ 😀

  • KZ

    December 31, 2013 at 8:36 am

    သတိ !!!!!!!!!!!!!
    မသက်မသာ !!!!!!!!!!!!!!!
    ပူ စေ !!!!!!!!!!!!!!!!

    😀

  • Mr. MarGa

    December 31, 2013 at 9:36 am

    စာနဲ့ tag နဲ့ တွဲလိုက်တော့
    ဆိုလိုချင်တာက
    ရှင်းရှင်းလင်းလင်းကို ပေါ်လာတော့တယ်………….

  • Wow

    December 31, 2013 at 10:05 am

    ဘိတ်.. ညာ.. ဘိတ်.. ညာ.. စစ်ချီတက်လာပါဘီ…
    အရည်အချင်းက ဘိတ်… ညာ.. တဲ့နေရာမှာ.. ထိပ်… ခုဆို.. ပြောင်တောင်နေဘီ.. :mrgreen:

Leave a Reply