ဂဇက်ကွန်းဖရန့် ၃ ကျင်းပမယ့် SHANTI Restaurant သို့ ဂန္ဓာရီ လမ်းညွှန်

မန်းလေးဂဇက် (သဂျီးကတော့ မြန်မာဂဇက်လို့ အင်ပရု လုပ်ထားပေမယ့် ဂလိုပဲခေါ်မယ်) အဖွဲ့ဝင်များရဲ့ တတိယ အကြိမ်တွေ့ဆုံပွဲ ကို ယခင် ဒုတိယ အကြိမ် ကျင်းပထားတဲ့  SHANTI စားသောက်ဆိုင်  မှာပဲ လုပ်ဖြစ်မယ်ပြောတာကြောင့် လမ်းညွှန်လေးကို  တတိယအကြိမ်မြောက် ထုတ်ဝေလိုက်ပါ ကြောင်း.. ယခင်က မလာဖူးတဲ့ ညီအကို မောင်နှမနများ ဒီလမ်းညွှန်က ကူညီပေးနိုင်ပါလိမ့်မယ်..

ကျနော်ကတော့ လေဒီအုပ် နဲ့ ပြင်ဦးလွင်ကိုလိုက်ပါ သွားရမှာ ဖြစ်တဲ့ အတွက် ဒီတခေါက်လဲ မလာနိုင်တော့ပါ။ ဦးမိုက်နဲ့ ဦးပေ အနော့ကို ခွေးလွှတ်ပါနော့။

 

 

 SHANTI စားသောက်ဆိုင်

တည်နေရာက လတ်/လောင် 16.795944,96.169916 မှာရှိပါတယ်.. google map မှာ ဘယ်လိုရှာရမလဲ မသိရင် ဒီမှာ ကြည့်ပါ

Taxi နဲ့လာမယ်ဆိုရင် မျှော်စင်ကျွန်း လို့ပြောပါ..

လိုင်းကားစီးမယ်ဆိုရင်

  • ဗဟန်း ၃ လမ်းဘက်/သုဝဏဘက် ကဆိုရင်၄၆ ဟိုင်းလတ် (အဝါ/အစိမ်း). စီးပြီး မျှော်စဉ်ကျွန်းလို့ပြောပါ..
  • မြောက်ဥက်ကလာ ဘက်ကဆိုရင် ၁၀၃ တောင်းအေ့ ဂိတ်ဆုံးစီးပါ.. ဂိတ်ဆုံးမှာ ဆင်းပြီး လမ်းပြန်လျှောက်ရမယ်..
  • ရန်ကင်းက လာတဲ့ ၃၃ ကားကြီးဆိုရင် အလုပ်သမားဆေးရုံမှတ်တိုင် ဆင်းပြီး ရှေ့ကို ဆက်လျှောက်ပါ. ဒါမှမဟုတ် မင်္ဂလာမွန်ဈေး မှတ်တိုင် ဆင်းပြီး နောက်ကို လျှောက်ပါ..         အဲဒီက အနီးဆုံးကိုရောက်တဲ့ ကားတွေပါ..

အဖြူလုံးလေးတွေက တာမွေဘက်က ဝင်ရင် တွေ့ရမယ့် မြင်ကွင်းများ ဖြစ်ပြီး မျှား အနက်လုံးလေးတွေ က သိမ်ဖြူဘက်က ဝင်ရင်တွေ့ရမယ့် မြင်ကွင်းတွေ ဖြစ်ပါတယ်.. ပုံတွေမှာ  နံပါတ်တပ်ထားပေး ပြီး နံပါတ်တွေကို မြေပုံပေါ်မှာ ပြန် ဖော်ပြပေးထားပါတယ်..ပုံ နာမည်တွေမှာ  L1 ပုံဆိုရင် မြေပုံပေါ်က L1 လို့ပြထားတဲ့ နေရာမှ ရိုက်ထားတာပါ.. L နဲ့စတာတွေက သိမ်ဖြူဘက်က ဝင်တာဖြစ်ပြီး R1, R2.. စတာတွေ ကတော့ တာမွေဘက်က ဝင်တဲ့ လမ်းကြောင်းပါ..

MAP
MAP

သိမ်ဖြူဘက်မှဝင်လျှင်

 

L1
L1 သိမ်ဖြူဘက်ကအဝင်
L2
L2 စားသောက်ဆိုင်တန်း
L4
L4 ချယ်ရီ FM

 

L5 ကရဝိတ်ဝင်ပေါက် (မဝင်ဘဲ တည့်တည့် ဆက်သွားပါ)
L5 ကရဝိတ်ဝင်ပေါက် (မဝင်ဘဲ တည့်တည့် ဆက်သွားပါ)
DSC_3430
L6 ဘယ်ဖက်က p3 ညာဖက်က shanti

 

SHANTI
L7 HANTI

 

SHANTI က မိုးလုံလေမလုံခန်းမ
L8 SHANTI က မိုးလုံလေမလုံခန်းမ

 

ဒီရွှေအိုးကြီးတွေကို တွေ့အောင်အရင်ရှာ
L9 ဒီရွှေအိုးကြီးတွေကို တွေ့အောင်အရင်ရှာ

တာမွေဘက်မှဝင်လျှင်

R1 တာမွေဘက်က မျှော်စင်ကျွန်းဝင်ပေါက်
R1 တာမွေဘက်က မျှော်စင်ကျွန်းဝင်ပေါက်

 

R2 ဝင်ကြေး တစ်ယောက် ၃၀၀
R2 ဝင်ကြေး တစ်ယောက် ၃၀၀
R3 ဝင်ပေါက်အလွန်. ဘယ်ဖက်မှာက ကလေးကစားကွင်း
R3 ဝင်ပေါက်အလွန်. ဘယ်ဖက်မှာက ကလေးကစားကွင်း

 

 

ညာဖက်ကိုတည့်တည့်သွား
R4 ညာဖက်ကိုတည့်တည့်သွား
R4
R5
R7
R6 မလိခူးကိုကြော်လိုက်ဦး

 

R9
R9 ဒေါင့်တည့်တည့်မှာပါ.. ဘယ်ဖက်ချမ်းမှာ ဝိုင်းပြထားတာက ရွှေအိုးကြီးတွေ ဖြစ်ပြီး..  ညာဖက် မျှော်စင်ကျွန်းဝင်တဲ့လမ်းရဲ့ ညာဖက်မှာ ပါ
ရွှေအိုးကြီးလမ်းဆုံ
ရွှေအိုးကြီးလမ်းဆုံ

ကန်တော်ကြီး

 

 

 

 

 

10 comments

  • Ma Ma

    January 10, 2014 at 4:17 pm

    ဆြာအုပ်တာဝန်ကျေပါပေတယ်။
    ချိန်ခါမီ လမ်းညွှန်တင်ပေးလို့။ 🙂

    • တိမ်တမန်

      January 10, 2014 at 8:56 pm

      ကျနော်တော့..ဒီတစ်ပွဲ… မလာနိုင်တော့မှာ..ကျိန်းသေနေပြီမို ့..
      သွားနိုင်သူတွေ ပျော်နေတဲ ့သတင်း..စောင့်မျှော်ကြည့်နူးရုံသာ….

      😆

  • မဟာရာဇာ အံစာတုံး

    January 10, 2014 at 4:36 pm

    သန်းခရု ဘဲယီးမက်ချ် ..
    ဒါနဲ့ စကားမစပ် ..
    ညက်စိ မှိတ်ပီး တွားမယ်ဆိုယင်ဂေါ
    ဘိုတွားရမလဲ မတိဘူး ခည ..

  • TNA

    January 10, 2014 at 10:15 pm

    မှတ်တော့သွားတာပဲ ရောက်မှညက်ချိလည်တွားရင် ဖုန်းခေါ်လိုက်မှာဘဲ။ ရောက်ရာအရပ်ကို လာကြိုတော် မူဂျဘာဗျို့။

    • Ma Ma

      January 11, 2014 at 8:06 am

      မသဲရေ-
      မျက်စေ့လည်နေရင် အသံနားထောင်ပြီး လာရင်ရတယ်။
      ရွာသူားတွေဆုံတဲ့ပွဲမို့ အသံတွေ မိုးထိညံနေလောက်တယ်။ :mrgreen:

  • padonmar

    January 11, 2014 at 12:31 am

    တာဝန်ကြေပါတယ် ဆာအုပ်။

  • ရွှေတိုက်စိုး

    January 11, 2014 at 9:22 am

    မင်းတော်တယ်မောင်အုပ်… ပြန်လာရင် ဖောက်စူး ပေးမယ်…
    ဘီယာဖောက်သောက်လို.ရအောင်.. ခိခိခိ

  • manawphyulay

    January 11, 2014 at 9:42 am

    အရင်တုန်းကတော့ မလာဖူးပေမယ့် ဒီလမ်းညွှန်လေးကို မျက်စိထဲ ခုထိ မှတ်ထားနေမိဆဲပါ ဆွာအုပ်… ပြန်လာရင် လက်ဆောင်ဝယ်ခဲ့နော်။ 😛

  • kyeemite

    January 11, 2014 at 10:14 am

    ကျေးဇူးပါ ဆြာအုပ်ရေ…ခရီးကပြန်လာမှတစ်ခေါက်ဆုံကြတာပေါ့နော…

  • ဂန္ဓာရီ ဆြာအုပ်

    January 11, 2014 at 10:00 pm

    အံဇာ မျက်စိမှိတ်လာရင် လေးဖက်ကုန်းလာပါ
    ကတိုက် ဖောက်စူးမလိုဘူး ကျတော့မှာဖောက်တံချိတယ်
    ခုတော့ ပြင်ဦးလွင်မှာ အအေးဒဏ်ကို ဘီယာတစ်ခွက်ထဲနဲ့ ကျော်ဖြတ်နေရတယ် နက်ဖြန် မန်းလေးကနေ ပုဂံ ကိုသွားမယ် ပြီးရင် ချင်းပြည်ခရီး ဆက်မယ် ဗျို့

Leave a Reply