အမှတ်တမဲ့ဆိုပေမယ့်

အမှတ်တရများစွာနဲ့

အားလုံးဖြတ်လျှောက်ခဲ့ကြရတယ်

ဒီ…လမ်းကလေး…………

 

ပြန်လှည့်ချင်သော်ငြားလည်း

သင်ကား…ခွင့်မပြု

ဟေမာန်ညများနဲ့အတူ

ချန်ထားခဲ့ရပြီပေါ့ ၂၀၁၃…ရယ်…………

 

လျှောက်ခဲ့ရာလမ်းတွေမဖြောင့်ဖြူးခဲ့

အချိုးအကွေ့များစွာကြားမှာ

ခါးသက်မှုပေါင်းစုံနဲ့

တို့ဆီပြိုကျခဲ့ရတဲ့ ဝေဒနာတချို့တဝက်

မင်းနဲ့အတူ ကျန်နေခဲ့သင့်တာ……….

 

ရောက်ခဲ့ရပြန်ပေါ့…၂၀၁၄…ဆီ

ဆုပ်ထားသောလက်တွေ ဖြန့်ပါစေ…ဆုတောင်း

ခွဲထားသောလက်တွေ တွဲပါစေ…ဆုတောင်း

တင်းလွန်းသောအငြိုးတွေ ပြေပါစေ…ဆုတောင်း

တင်နေသောကြွေးတွေ ကြေပါစေ…ဆုတောင်း

တို့ …ကောင်းကောင်းမရင့်ကျက်သေးဘူးလေ……..

 

နောက်ကျခဲ့တဲ့ ခြေလှမ်းတွေ

ညှိုးနွမ်းခဲ့တဲ့ ပန်းလေးတွေ…အတွက်

ပန်းတိုင်မရောက်ခင် တက်မထောင်ချင်ပဲ

ဒီလမ်းလေးရဲ့ အဆုံးထိ

အားနဲ့မာန်ထည့် ခရီးဆက်ဖို့

မောင်မယ်တို့ရေ…ညီကြစေ…….

 

အညတရကျောင်းဆရာ

 

About Tun Lin Naing

Tun Lin Naing has written 5 post in this Website..