တစ်နှစ်တာ မှတ်တမ်း (၂၀၁၃)

=============================

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ပြောင်းတော့မယ်။

ဒီလို အခါမျိုးမှာ တစ်နှစ်စာ အတိတ်စာမျက်နှာကို လှန်ကြည့်မိပြန်တော့

ရင်ထဲမှာ ဖီလင်တစ်မျိုး ဖြစ်ရပြန်တယ်။

ဘာဖြစ်ဖြစ် ကျေနပ်စရာပါပဲ။

တစ်နှစ်တာအတွင်း ရေးခဲ့တဲ့ ပို့စ်တွေ အများစုကို ပြန်စုစည်းလိုက်တယ်။

ဒါကိုပဲ ခင်ဗျားတို့ကို ပြသရင်းနဲ့

နှစ်သစ်နှစ်မြတ် ဖြစ်ပါစေကြောင်း ချစ်စွာသော မိတ်ဆွေအပေါင်းအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်း ………….။

 

ချစ်ခြင်းများဖြင့် ….

မဟာရာဇာ အံစာတုံး

=============================

 

1. ကျုပ်ကို ………. (https://myanmargazette.net/162172)



ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဆံပင်က ဖြစ်သလိုထား
အဝတ်ကလည်း မသားနား
ဖိနပ် ၁၅၀ဝ တန်များနဲ့
ဖွတ်ကျား … တဲ့ …။

———————————————–

2. ကမ္ဘာ့ အန္တရာယ်အများဆုံး တိရစ္ဆာန် (၁၀) မျိုး (https://myanmargazette.net/162494)



၁။ ခြင် (Mosquito)
ရိုးရိုး အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ” ခြင် ဆိုတဲ့ အကောင်တွေက ဘာအန္တရာယ် ရှိလို့လဲ ..? ” ဆိုပြီး မေးခွန်း ထုတ်နိုင်ပါတယ်။ ဟုတ်ကဲ့ …။

ခြင်တွေက အရွယ်အစားအားဖြင့် လူတစ်ယောက်ရဲ့ လက်သည်းခွံလောက်တောင် မရှိပါဘူး။ လာကိုက်သလား …၊ ဖြတ်ခနဲ ရိုက်သတ်လိုက်ရုံပါပဲ။

ဒါပေမယ့် ခြင်ဆိုတဲ့ အကောင်တွေက တကယ့်ရောဂါပိုးတွေကို သယ်ဆောင် ထားကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ လူသတ်သမား အကြီးစားတွေ

လို့တောင်မှ သတ်မှတ်ထားကြပါသေးတယ်။

———————————————–

3.  ရိုးရိုးလေးပါပဲ (https://myanmargazette.net/163082)



ရိုးရိုးလေးပါပဲ
တိုးတိုးပြီး ဖက်တွယ်ထားရင်း
အနမ်းများက နှုတ်ခမ်းနားမှာ
ခိုနားနေကြတယ် …

ရိုးရိုးလေးပါပဲ
အဲဒီ ညနေခင်းတွေ
ပြန်တွေးမိတိုင်းမှာ
ဝမ်းနည်းမျက်ရည်က
ပါးပြင်ထက်
အလိုလို စီးကျလာတတ်တယ် …

———————————————–

4.  အော်သံ ….. (https://myanmargazette.net/163882)



မိုးရိပ်ဆင် …
တိုးတိတ် ရင်ခွင် …
မင်း ပုံရိပ်တွေ ထင်တာတိုင်း …
ဒီလူမှာ အရူးတစ်ပိုင်း ………..။

နေကပူ …
ဖြေမရ သူ …
အပြင်မှာ တောက်ပပေမယ့် …
ကောက်မရ၊ အောက်ကျနေတာ ငါ့ရဲ့စိတ် ………..။

———————————————–

5. Gmail ထဲမှာ Group Mail တည်ဆောက်နည်း (https://myanmargazette.net/164262)



တစ်ကိုယ်ရေ Gmail သုံးသူများ အနေနဲ့ကတော့ဖြင့် Group Mail ဟာ သိပ်ပြီး မလိုအပ်လှပေမယ့်လို့လည်း …
သူငယ်ချင်း အုပ်စု တစ်ခုဖြစ်ဖြစ်၊ အဖွဲ့ တစ်ခုခု ဖြစ်စေ ချိတ်ဆက်ပြီး သုံးနေသူများ အနေနဲ့ကတော့ …
ဒီ Group Mail တည်ဆောက်ပြီး သုံးစွဲတာဟာ ပိုပြီး မြန်ဆန် လွယ်ကူစေနိုင်ပါတယ် ….။

———————————————–

6. ….. မင်းကို ….. (https://myanmargazette.net/164304)



မင်းကို …
ဒဿဂီရိလို အချစ်မျိုးနဲ့ …
ပြီးတော့ သာနောယက္ခ ဘီလူးလိုလည်း
အာခံတွင်းမှာ ငုံကာထားချင်ရဲ့ …. “
ဒီလိုပြောတော့ သူမက ရီတယ် …..
“ပလီပလာ အပိုတွေပါ ” …….. တဲ့ …..။

———————————————–

7. “ပလေတိုကြီးရယ် ခင်ဗျား မှန်ပါပေတယ်” (https://myanmargazette.net/161719)



နတ် ဆိုတဲ့ အမျိုးအစားနဲ့လည်း
မတင်စားတတ်ဘူး ….
အရာအားလုံးထက် လှရက်အားတယ်လို့လည်း
မသတ်မှတ်တတ်ဘူး …
ဒါပေမယ့် ….
မျက်လုံးကို ပိတ်လျက် ထားတာတောင်မှ
မြင်ယောင်နေတတ်တယ် …
ဒါကို ဘယ်လို ပြောရမလဲကွယ် ……။

———————————————–

8. ထူးဆန်းသော ဈေးသည် (https://myanmargazette.net/165189)



တစ်နေ့သ၌ အသက်အားဖြင့် (၄၀) ဝန်းကျင်ခန့် ရှိပြီး လွန်စွာ ခါးကုန်းသော ခါးကုန်းကြီး တစ်ယောက်သည် တောင်းကြီး နှစ်တောင်းအား ထန်းပိုးဖြင့်

လျှိုထမ်းလျက် ပတ္တမြား မည်သော မနက်ခင်း ဈေးလေးဆီသို့ တရွေ့ရွေ့ဖြင့် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ခါးကုန်းကြီး ၏ အဝတ်အစား

တို့သည် လွန်စွာ ဟောင်းနွမ်းနေပြီ ဖြစ်သည့်အပြင် အဖာအထေးရာများ ဖြင့်လည်း ပြည့်နှက်နေလေသည်။ သူ၏ ဦးခေါင်းထက်မှ ဆံပင်တို့သည်လည်း

အသက်အရွယ်နှင့် မလိုက်အောင် ဆွတ်ဆွတ် ဖြူနေလျက် ရှိလေသည်။ ခါးကုန်း နေသည့်အတွက်ကြောင့် ၎င်း ထမ်းလာသော တောင်းကြီး

နှစ်လုံးသည်လည်း မြေကြီးနှင့် ထိကပ်လုနီး အနေအထား ဖြစ်နေလေတော့၏။

———————————————–

9.  ခေါင်းစဉ် မပေးတတ်တဲ့ (သူမ) ကဗျာ (https://myanmargazette.net/165922)



တဝုန်းဝုန်းနဲ့
အိမ်ခေါင်မိုးပေါ်က
ခြေသံတွေ ကြားရတဲ့အခါ
“ဘာလဲဟ”
စိတ်ဝင်စားမှုနဲ့ စူးစမ်းကြည့်တော့
အော် ……
ကောင်းကင်ရဲ့ တမာန်တော်တွေ
ကြွမြန်းလာနေတာပဲ ….
သူမကို တွေ့မိစဉ်ကတည်းက
ချစ်ခြင်းရဲ့ တမာန်တော်တွေ
ကျုပ်ရင်တံခါးကို တစ်ဒေါက်ဒေါက်ခေါက်
ဝုန်းခနဲ ဖွင့်လို့
မဖိတ်ခေါ်ပါပဲ ကြွမြန်းလာခဲ့တယ် ….
အောင်မာ …
ခုဆို မောင်မင်းကြီးများက အခန့်သားဗျာ
ကျုပ်ဖြင့် သူတို့ကို ပြုစုနေရတာနဲ့တင်
တစ်ရက် ၂၄ နာရီနီးပါး ဖြစ်သွားသလား ထင်ပါ့ ……။

———————————————–

10. ဒီမနက်ခင်း ….. (https://myanmargazette.net/166215)



တိတ်ဆိတ်ဆဲ ပတ်ဝန်းကျင်ကြားက
ငှက်ငယ်လေးတို့ရဲ့ တွန်ကျူးသံတွေဟာ
မနက်ခင်း၏ ဟန်ပန်
ခေါင်းလောင်းသံလေးတွေများလား ……။

အမှောင်တွေ ကင်း
မိုးလင်းစ ကောင်းကင်အောက်မှာ
စပါယ်ဖြူတွေ ပွင့်လန်းနေကြတာလည်း
နှစ်သက်၊ ကြည်နူးစရာပါပဲ ……။

———————————————–

11. မင်း လိုက်ခဲ့ဦးးးး (https://myanmargazette.net/166423)



ရွက်ဟောင်းတို့ ကြွေနေလေပြီ …….။
အပင်ထက်ဆီကို မော့ကြည့်မိတော့ ကြွေလုဆဲ ရွက်ဝါအချို့ရယ်၊ ထွက်ကာစ ရွက်နုလေးတို့ရယ်၊ ပြီးတော့ ရိုးတံညှာတွေရယ် …….။
ပင်အောက်မှာလည်း ရော်ရွက်ဝါတွေက အစီအရီ …။

ဒီမြင်ကွင်းက …..

လွမ်းတတ်သူ တစ်ယောက်အတွက် အလွမ်းတေးတစ်ပုဒ်လို ….
ကဗျာဆရာ တစ်ယောက်အတွက် ကဗျာတစ်ပုဒ်လို …
သန့်ရှင်းရေးသမား တစ်ယောက် အတွက် စိတ်ပျက်ဖွယ်ရာလို ….
ရဟန်း တစ်ပါး အတွက် တရား ရစရာလို ……
လို ….. လို ….. လို …. လို ………

———————————————–

12. လူပျိုသိုးနဲ့ တစ်ညသ၌ (Read Full _ http://anzartone.wordpress.com/2013/04/18/nightatvillage/)
Part 1 – https://myanmargazette.net/166814/
Part 2 – https://myanmargazette.net/166883/
Part 3 – https://myanmargazette.net/166991/



အချိန်ကား .. တောဓလေ့ အဆိုအရ “စာဥတို့ ရေခပ်ဆင်းချိန်” ပေါ့ ……..။
ဝင်လုဆဲ နေမင်းရဲ့ အရောင်ဟက်ခံရလို့ တိမ်တိုက်တွေလည်း တောက်ပနေချိန် …..။
ရွာရဲ့ ပျိုဖြူမေ တွေကလည်း ရေအိုးတွေ ကိုယ်စီရွတ်လို့ ….
ရွာရဲ့ အနောက်တံခါးကနေ ထွက်ပြီး သောက်ရေကန်ဆီကို အတင်းတုပ်ရင်း ချီတက်နေကြတယ် …။

သောက်ရေကန် သွားရာလမ်းနဲ့ ခပ်လှမ်းလှမ်းဆီမှာတော့ အမိုးသာ ရှိပြီး အကာ မရှိတဲ့ တဲကလေး တစ်လုံး ….။
ဒီတဲ နာမည်ကို မသိတဲ့လူက ခပ်ရှားရှား ……။
ဘာတဲ့ ……….။ “ဖိုးသာထူး တဲ” ………. တဲ့ ……..။

———————————————–

13. သရဲမွေးတဲ့ ကိုစာကြီး (https://myanmargazette.net/167635)



ရွာတစ်ရွာ တည်ပြီဆိုရင် “စုန်း” ဆိုတဲ့ အမျိုးကလည်း မပါမပြီးလို့ ကြားဖူးပါတယ်။
ရွာတိုင်းမှာလည်း စုန်း ရှိကြတယ်။
သာမာန် ကြည့်ရင်တော့ စုန်းမှန်း ဘာမှန်း မသိနိုင်ဘူးပေါ့ဗျာ။
ဒါပေမယ့် … အတွင်းသိတွေကတော့ဖြင့် ဘယ်သူကတော့ဖြင့် စုန်းပဲ ဆိုပြီး သိကြသပေါ့။

အချို့ကတော့ “ဝမ်းတွင်းစုန်း” မျိုး။ မွေးကတည်းက စုန်းအတတ်ကို တတ်လာကြတဲ့လူတွေလို့ ဆိုပါတယ်။
အချို့ကတော့ သင်ပြီး တတ်လာတဲ့ “သင်တတ်စုန်း” ပေါ့ဗျာ။
စုန်း အကြောင်း ပြောရရင်တော့ အများကြီးပါပဲ။
ဒါပေမယ့် အခုဟာက စုန်း အကြောင်း မဟုတ်တဲ့အတွက် ဋီကာ မချဲ့တော့ပါဘူး။ ဒီတော့ကာ ဒီလောက်ပဲပေါ့ဗျာ။

———————————————–

14.  ပြောမိပါတယ် … “ချစ်တယ်” …။ (https://myanmargazette.net/167803)



သန်းခေါင်ယံ ညဉ့်နက်
အတွေးများက ပြည့်နှက်
သူမ အကြောင်းများ တွေးလျက်
ဆေးစက် ကျရာ အရုပ်ထင်သလို
ဆက်နေတဲ့ အတွေးများမှာလည်း
သူမ အရုပ်များ ထင်ဟပ်နေဆဲ ….
ဒီလို အချိန်မျိုးမှာလည်း
ခဏခဏပဲ ပြောမိပါတယ် … “ချစ်တယ်” …။

———————————————–

15. “ ငါပဲ ရူးစေတော့ ……..။ ” (https://myanmargazette.net/167903)



မစဉ်းစားဘူး …
ခေါင်းအုံးနဲ့ ဖိလို့ …
အိပ်ခဲ့တာတောင် အိပ်မက်ထဲ ရောက်လာတတ်ပြန်တယ် …
တကယ် … တကယ် …
အဲ့ဒီ အချစ် ဆိုတာကို
လက်ဆုပ်လက်ကိုင် ပြလို့ရရင်
ဓါးထက်ထက်နဲ့ အစိတ်စိတ် အမြွှာမြွှာ
ပိုင်းဖြတ်ပစ်လိုက်ချင်ပါသေးတယ် ……။

———————————————–

16. WordPress အား XAMPP တွင် install လုပ်နည်း (https://myanmargazette.net/168190)



WordPress ကို လေ့လာနေသူတွေ အနေနဲ့ online မှာ စမ်းကြည့်ဖို့ထက် ပထမဆုံး offline မှာ စမ်းကြည့်တာက ပိုကောင်းပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နှေးလွန်းတဲ့ internet connection ကြောင့် ဖြစ်သလို၊ offline မှာ စမ်းခြင်းက online မှာ စမ်းခြင်းထက်

ပိုမို မြန်ဆန်ပြီး အလွယ်တကူ ပြောင်းလဲနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

———————————————–

17. ဥုံး တီး ဝမ်း (https://myanmargazette.net/164880)



ခွေးတစ်ကောင် …
လ ကို ထိုးထိုးပြီး ဟောင်နေတယ် ..
အတော် ကြောင်တောင်တောင် နိုင်တာပဲ …
ပြီးတော့ … အဲ့ဒီ ခွေးပေါ့ ..
ငါ ရေကူးတတ်တယ် ဆိုပြီးတော့ …
သမုဒ္ဒရာရဲ့ အလယ်
သူ့ကိုယ်သူ ပစ်ချလိုက်တယ် ….
အစ ကတော့ ဟုတ်သလိုလိုနဲ့
နောက်တော့ နစ် သေတာပဲ …
ဒီလောက် ရူးမိုက်တဲ့ကောင် နည်းတောင်နည်းသေး ….။

———————————————–

18. ခါးကြားက ဂဠုန်ရုပ် (https://myanmargazette.net/169654)



ကတောက်စ် …. တောက်စ် … ဂလောက် .. ဂေါက် …. !!!!!!
ရင်ထဲက ခပ်ပြင်းပြင်း တောက်ခေါက်မိလိုက်တယ် ….

ဟုတ်တယ် … ဟုတ်တယ် …
ရာရာစစ … လူကိုများ စော်စော်ကားကား …
မရှိတဲ့ သိက္ခာတွေ ဘယ်သွားထားရမှန်းတောင် မသိခဲ့ဘူး ….
တကယ် … တကယ် ….
သူက ပြောတယ် … “နဂါး မပတ်နဲ့၊ တီကောင် ပတ်” … တဲ့ ….။
ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ …..။
ကျုပ်က လက်မောင်းမှာ နဂါး ထိုးချင်တယ်လို့ ပြောလိုက်တာ …….။

———————————————–

19. ငါ တောခိုတော့မယ် ……..။ (https://myanmargazette.net/168330)



ဟန်ဆောင်ကာ ပြုံးရီနေပေမယ့်လည်းကွယ် ..
ရင်ထဲမှာ ဗလောင်ဆူနေတယ် …
တကယ် … တကယ် …
တစ်ယောက်တည်း နေတာပဲ ကောင်းပါရဲ့ကွယ် ….

အပူအပင်တွေ ကင်းနေမယ် …
လူသူလည်း ရှင်းနေမယ် ..
အို .. အတင်းတွေလည်း လျစ်လျူရှုနိုင်မယ် …
ငါ တစ်ယောက်တည်း တောထဲမှာပဲ နေတော့မယ် ….

———————————————–

20.  ပေါက်အံမွန်ဗုံ ကဗျာကြီး (https://myanmargazette.net/171368)



ယုံလားတော့ မသိဘူး
ဒဂုံ တံတားကတော့ လှုပ်စိ လှုပ်စိ
ငါ ပြုံးမိတဲ့ နေ့ရက်များ
အတွေးဆက် မများချင်တော့ ………….။

အော် .. မင်းလည်း မင်းဒုက္ခ ..
ငါလည်း ငါ့ဒုက္ခ ..
အရှုပ်ထုပ်တွေနဲ့ က ..
ဒါ .. လောကရဲ့ ဇာတ်ခုံဘဝ ………………။

———————————————–

21. ကျုပ်အကြောင်း (နည်းနည်း) – နှစ် (https://myanmargazette.net/171785)



ခပ်ငယ်ငယ် အရွယ်
ထွက်ပေါက်ဆိုတာရယ်
ရှာဖွေရင်းနဲ့ပဲ
တစ်သောင်းခွဲတန် နာရီကို
ငါးထောင်နဲ့ ရောင်းခဲ့

ပြီးတော့ …
အဲ့ဒီ ရင်းနှီးငွေနဲ့
အိမ်ရဲ့ အဝေးဆုံးဆီကို
တိတ်တဆိတ် ထွက်ပြေးခဲ့ဖူးပါသေးရဲ့ ……..။

———————————————–

22. အတိတ်ဆီမှ မြင်ကွင်းများ (https://myanmargazette.net/171967)


မြင်ကွင်း (၁)

“ဒို့အရေး” ကို အားကြိုးမာန်တက် အော်ဟစ်လိုက်သလိုမျိုးပေါ့ …….။

“ကျွတ် ဆို ကျွတ် ….. သီတင်းကျွတ်”

“ကျွတ် ဆို ကျွတ် ….. သီတင်းကျွတ်”

— ဆိုပြီး လက်သီး လက်မောင်းတွေ ဆန့်တန်းလို့ အော်ဟစ်နေတဲ့ လူတစ်ယောက် …..။

သူ ….. ယောက်ျားတစ်ယောက် မဟုတ်ပါဘူး …..။
သူ ….. ရုပ်ရည်လေး သနားကမားနဲ့ (၂၀) ကျော်အရွယ် မိန်းကလေး တစ်ယောက်ရယ်ပါ …..။

သူမရဲ့ အော်ဟစ်သံတွေမှာ ရင်ခေါင်းသံတွေ ပါနေသလိုပဲ ….။
စူးရှတယ် …၊ ကျယ်လောင်တယ် …၊ အင်းအားတွေလည်း ပြည့်ဝနေတယ် …။
ဒါပေမယ့် …..
အဲ့ဒီ အော်ဟစ်သံ ကြေကွဲမှုဟန်တွေနဲ့ ဖုံးလွှမ်းနေမှန်း သိသာနေပြန်တယ် ……။

———————————————–

23. အရူး ကဗျာ (https://myanmargazette.net/172766)



ကော်ဖီတစ်ခွက် …
အိပ်ပျက်စေတာ မင်း မဟုတ်ဘူး …
လတစ်စင်း …
အဖော်မဲ့တယ်ဆိုပြီး မင်း မပျင်းနဲ့ ….
ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေတဲ့ …
သန်းခေါင်းယံ ဆိုတဲ့ …
နာရီသံ တစ်ချက်ချက်နဲ့ …
တစ်ခါတစ်ခါ ခွေးတစ်အုပ်ရဲ့ တဝုတ်ဝုတ်နဲ့ …
တစ်ယောက်တည်း ထိုင်ရင်းနဲ့ ထရင်းနဲ့
အတွေးများစွာနဲ့ …
အရေးများစွာနဲ့ ….
တွေးလိုက် ရေးလိုက် ဖျက်လိုက်နဲ့ …
ထွေနေတဲ့ စိတ်တွေအတွက်
ခဲဖျက်လေးများ ရှိရင် ငှားကြပါလား ခင်ဗျာ …
ဘဝ တစ်ခုလုံး မဟုတ်ပါဘူး …
ဟိုအစလေးနဲ့ အခု အဆုံးကို …
ဖျက်ပစ်လိုက်ချင်ရုံလေးပါ ……..။

———————————————–

24. ချစ်လို့ ရူးခဲ့မိပါသည် ……။ (https://myanmargazette.net/173772)


မထင်မှတ်ပါပဲ ချစ်ခဲ့ဖူးသည်
ဖွင့်ဟလို့ ဝန်ခံခဲ့ဖူးပါသည်
ဇွတ်တရွက်လည်း တိုးဝင်ခဲ့ဖူးသည်
အရာရာ လျစ်လျူရှု
အချစ် ဆိုတာ တစ်ခုတွက်နဲ့
ဆက်ချစ်လို့ နေခဲ့ဖူးပါသည်
ပျော်ခဲ့ဖူးသည်
ငိုခဲ့ဖူးသည်
ရင်တထိတ်ထိတ်နဲ့
သူမရဲ့ အရိပ်တွေ
ကြည့်လို့သာ နေခဲ့ဖူးလေသည်

———————————————–

25.  ပြဿနာ (https://myanmargazette.net/174130)



“သင်က ဒါကို ပြဿနာ လို့ သဘောမထားသရွှေ့၊
ဒီအရာဟာ သင့်အတွက် ပြဿနာ မဟုတ်ပါဘူး” ….. တဲ့ ….။

ကျနော်တို့ ဘဝ တစ်ခုကို ဖြတ်သန်းကြတဲ့ အခါမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ တွေ့ကြုံရတတ်ပါတယ်။
မတွေ့ကြုံဖူးသူဆို အတော့်အတော်ကြီးကို ရှားပါးပါလိမ့်မယ်။
ကျနော့်အထင် ပုဆိုး၊ ထမိန် ကို ခေါင်းမြီးခြုံပြီး အိပ်နေတဲ့ လူတွေပဲ ပြဿနာကို တွေ့ဖူးတာ နည်းကြမယ် ထင်ပါရဲ့။
ဒါလေးတောင် ရှိသေးတယ် ….။ ဘာတဲ့ …။
“အသက် တစ်ရာ မနေရ၊ အမှု တစ်ရာ ပွေရ” …… တဲ့ ….။
ဒီတော့ကာ …
ကျနော်တို့ အသက်ရှင်နေသမျှ ပြဿနာ ဆိုတာ တွေ့နေကြ၊ ကြုံနေကြရဦးမှာပါ။

———————————————–

26.  နောက်ဆုံး ကဗျာ ……။ (https://myanmargazette.net/174084)


ကမ္ဘာမှာ နေသာတဲ့ တစ်နေ့ …
“သူမ” ကို စတင် တွေ့ခဲ့ရသည် …
မြင်မြင်ချင်း ချစ်ခဲ့မိပါသည် ……….။

ရင်ထဲမှာ မိုးချိန်းသံတွေ ကြားရတဲ့အချိန်က
စည်းချက် မညီတဲ့ နှလုံးသားနဲ့
သူမ ထံ ချစ်သဝဏ်လွှာ ပါးခဲ့သည် ……။

———————————————–

27. သူတို့ ရောက်လာကြတော့မည်၊ သတိသာ ထား (https://myanmargazette.net/176653)


တစ်နေ့သ၌ “သွားရေကျ” မည်သော လက်ဖက်ရည်ဆိုင်လေး၏ လွန်စွာ ချောင်ကျသော စားပွဲဝိုင်း တစ်ခုတွင် ဆိုင်နံရံအား ကျောမှီလျက် (၂၀) တန်

ဆေးပေါ့လိပ်အား ဇိမ်ခံ ဖွာရှိုက်လျက် ရှိသော အသက်အားဖြင့် (၃၀) ဝန်းကျင်ရှိ လူရွယ်တစ်ဦးအား တွေ့ရလေ၏။ ထိုလူရွယ်သည် ခြေကလိန်ချိတ်

ထိုင်နေခြင်း ဖြစ်ပြီး ၎င်း၏ မျက်လုံးများကိုလည်း မှေးစင်းထားကာ တစ်စုံတစ်ခုသော အကြောင်းအရာအား လေးနက်စွာ တွေးတောနေလျက် ရှိသည်ကို

တွေ့ရလေ၏။

များမကြာမီ အချိန်တွင် လွန်စွာမှ အသားမည်းနက်လှသော လူတစ်ဦးသည် အဆိုပါ လက်ဖက်ရည်ဆိုင်လေးအတွင်းသို့ ဝင်ရောက်၍ လာပြန်လေ၏။

ထိုလူသည် လူရွယ်ထိုင်နေလျက်ရှိသော စားပွဲဝိုင်းသို့ သွားရောက်ကာ ထိုင်လေ၏။ ပြီးနောက် စားပွဲပေါ်တွင် လူရွယ်တင်ထားဟန်ရှိသော (၂၀) တန်

ဆေးပေါ့လိပ်အား ကောက်ယူကာ မီးညှိ ရှိုက်ဖွာနေတော့၏။

———————————————–

28. လူဝကြီးနှင့် လူပိန်ကြီး (https://myanmargazette.net/176994)



တစ်နေ့သ၌ လွန်စွာမှ ဝဖိုင့်သော လူကြီးတစ်ဦးနှင့် လွန်စွာမှ ပိန်ညှောင်သော လူကြီးတစ်ဦးတို့သည် ကျဉ်းမြောင်းလှသော တစ်ယောက်သွား

လမ်းကြပ်လေးအတွင်း ရင်ဆိုင် တိုးမိကြလေ၏။

ထိုအခါ လူဝကြီး မှ …..

“……….. ဟေ့ကောင် နံပိန်၊ ဘေးကို ကပ်စမ်း ……..”

– ဟူ၍ အမိန့်ဆန်ဆန် လေသံဖြင့် ဆိုလေရာ လွန်စွာမှ ပိန်ညှောင်သော လူပိန်ကြီးမှ ခပ်မာမာ လေသံဖြင့် ဤသို့ ခွန်းတုံ့ပြန်လေ၏။

“……….. ဟေ့ကောင် ဝက်ကြီး၊ မင်းသာ ထိုင်လိုက်စမ်း၊ ငါ မင်းအပေါ်က ကျော်ခွသွားမလို့ ……..”

ထို့နောက်  ၎င်းတို့ နှစ်ယောက်သည် ဤသို့ အချေအတင် ပြောကြလေ၏။

———————————————–

29. အရာစူး သုံး (https://myanmargazette.net/175741)


ကျွန်ုပ်သည် ဂန်ထရီဦးထုပ် ဖြစ်လေ၏။ ကျွန်ုပ်သည် သက်တမ်း ထောင်ကျော်နေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လင့်ကစား ရုပ်ရည်အားဖြင့်မူ ငယ်ရွယ်နုပျိုနေမြဲ

ရှိနေသူ တစ်ဦးလည်း ဖြစ်ပေသည်။ ကျွန်ုပ်သည် အဘဆရာ ရသေ့ကြီး ဦးကွပ်ထံမှ မြေလျှိုးမိုးပျံ ဂါထာအား သင်ယူ တတ်ကျွမ်းသူလည်း ဖြစ်လေသည်။

ကျွန်ုပ်သည် မိုးအောက်မြေပြင် စကြဝဠာတစ်ခွင် ပြဲပြဲစင်အောင် သွားလာခဲ့ဖူးသူလည်း ဖြစ်ပေတော့၏။

တစ်နေ့သ၌ ကျွန်ုပ် ဂန်ထရီဦးထုပ် သည် တောအုပ်ကြီးတစ်ခု၏ ကောင်းကင်ယံမှနေ၍ ဖြတ်သန်းသွားသည့် အခိုက်တွင် အဆိုပါ တောအုပ်အတွင်းမှ

တလက်လက် ထနေသော အလင်းရောင်များကို မြင်တွေ့မိသဖြင့် မည်သို့မည်ပုံ ဖြစ်သည်ကို စူးစမ်းလိုသော အားဖြင့် ကောင်းကင်မှ ဆင်းသက်ကာ

အလင်းရောင် ထွက်နေသည့် နေရာအနီးသို့ သက်ခဲ့လေတော့သည်။

———————————————–

30. “အမှန်တရား မြတ်နိုးသူတွေကို ဖိတ်ခေါ်ပါတယ်” (https://myanmargazette.net/178845)


ကျုပ်တို့ မွေးလာတော့ ဘယ်လို မွေးလာကြလဲ။ ကိုယ်တုံးလုံး မွေးလာကြတယ်။ အဝတ် မပါဘူး။ ဒါကို ငြင်းနိုင်လား။ မငြင်းနိုင်ဘူး။ ဒါ ဘာကို

ပြတာလဲဆိုရင် အရိုးရှင်းဆုံး အမှန်တရားကို ပြပေးတာ။ ဒါကို သနားစဖွယ် အမျိုးတွေက အဝတ်အထည်တွေနဲ့ ချည်ထုပ်ကြတယ်။ ဖုံးကွယ်ကြတယ်။ ဒါ

အမှန်တရား ကွယ်အောင် လုပ်နေကြတာ။ အမှန်တရားကို ရင်မဆိုင်ရဲကြဘူး။ သတ္တိနည်းတဲ့ လူစားမျိုးလို့လည်း ပြောလို့ ရနိုင်တယ်။ ပြောရရင်တော့

အရှည်ကြီးပဲ။

———————————————–

31. ဘ ဘာ ဘား ဘိ ဘီ ဘီး (https://myanmargazette.net/180197)


ဘရန်ဒီ တစ်ပြားနဲ့ ခပ်ပါးပါးကျနေတဲ့ မိုးစက်တွေအောက်မှာ တစ်ယောက်တည်း လျှောက်လှမ်းနေမိတယ်။ ဘာသိဘာသာ နေနေကြတဲ့ လမ်းဘေး

ခွေးတစ်အုပ်က လူကို မြင်ကာမှ တဝုတ်ဝုတ်နဲ့ ဟောင်တယ်။ “ဘားမားပြည်ကြီးဟာ အရင်လိုပါပဲလား” လို့ စိတ်အတွင်း မှတ်ချက်ပြုရင်းနဲ့

ဟောင်နေတဲ့ ခွေးတစ်အုပ်ကို မသိကျိုးကျွံပြုကာ ကိုယ်ရဲ့ ဦးတည်ရာဆီ ဆက်လက် ချီတက်လာခဲ့ပါတယ်။

———————————————–

32. သူမနဲ့ ပတ်သက်သမျှ တစ်စွန်းတစ်စ (https://myanmargazette.net/180515)


==============================
အောက်ပါ စာများသည် ဘော်ဘော်တစ်ယောက်ဆီမှ မသိမသာ မ,လာသည့် စာများသာ ဖြစ်လေအိ။
==============================
ကျုပ်ကလေ သူနဲ့ ပတ်သက်လာရင် သိပ်ကို သဝန်တိုတတ်တဲ့လူ ခင်ဗျ။
ဒီအကြောင်းတွေ သူ့ကို ပြောလိုက်ရင်လည်း အရမ်းသဝန်တိုတတ်တာပဲ ဆိုပြီး ကျုပ်ကို မချစ်မှာ ကြောက်လို့မို့ မပြောခဲ့ပါဘူး။
သူနဲ့ ပတ်သက်လာတဲ့ ပုရိသမှန်သမျှကို ကျုပ်လေ အမြဲတစေဆိုသလို စိတ်ထဲက မျက်ထောင့်နီကြီးတွေနဲ့ ကြည့်ကြည့်နေတတ်တာပေါ့ဗျာ။

———————————————–

33. ကျနော့်ဟာ ….. (https://myanmargazette.net/181874)



ဒိုင်း .. ဒိုင်း … ဒိုင်း …
ဒက် .. ဒက် .. ဒက် …
” မင်း သေပြီမှတ် … “
ငယ်ငယ်က ရက်ဆက် ဆော့ကစားခဲ့တဲ့
ထန်းလက် သေနတ်လေးဟာ …
ကျနော့်ဟာ ……။

———————————————–

34. ငရမန်ကန်း အမှန်တရား (https://myanmargazette.net/182265)


တစ်နေ့သ၌ လွန်စွာ အသား ဖြူသော လူတစ်ယောက်နှင့် လွန်စွာ အသား မည်းသော လူတစ်ယောက် တို့သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊

လိုတရလမ်းလေးအတွင်း ဖွင့်လှစ်ထားသော လဖက်ရည်ဆိုင်လေး၏ ရှေ့မျက်နှာစာအကျဆုံး စားပွဲဝိုင်းတွင် ထိုင်လျက် ရောက်တတ်ရာရာ

စကားများအား ပြောဆိုနေကြသည်ကို တွေ့ရလေ၏။ သူစိမ်းများ အနေဖြင့် ထိုလူနှစ်ယောက် ဤကဲ့သို့ ရင်းနှီးစွာ စကားစမြည် ပြောနေကြသည်ကို

တွေ့ရပါမူ အထူးအဆန်း ဖြစ်နေလိမ့်မည် ဖြစ်သော်လည်း သင်္ဃန်းကျွန်း နယ်တစ်ဝိုက်တွင် နေထိုင်သူများ အဖို့မှာမူ အဆိုပါ မြင်ကွင်းမှာ

ထူးဆန်းလိမ့်မည် မထင်မိချေ။

———————————————–

35. “___ ထီး ___”  (https://myanmargazette.net/183314)



အင်္ဂလိပ်လို “Umbrella” ဆိုတဲ့ စကားကတော့ ဒီလို ရှိပါတယ်။
Umbrella (ထီး) ဆိုတဲ့ စကားလုံးဟာ ဘယ်ကနေ ဆင်းသက်လာသလဲ ဆိုရင် “Umbra” ဆိုတဲ့ လက်တင် စကားက ဆင်းသက်လာတဲ့ စကားပဲ

ဖြစ်တယ်။ “Umbra” ရဲ့ အဓိပ္ပါယ် ကတော့ Shade or Shadow ဖြစ်ပါတယ်။ “အရိပ်” လို့ ပြောလို့ ရမယ်ပေါ့နော့။ ဒီတော့ အရင်းစစ်လိုက်ရင် “ထီး”

ဆိုတာ “အရိပ်” လို့ ပြောနိုင်ပါလိမ့်မယ်။

———————————————–

36. က ကာ ကိ ကီ (https://myanmargazette.net/183411)


ကကြီးဆို ကာရာအိုကေနဲ့ ကေတီဗွီပဲ သိတယ်။
ကာရန် နံဘေတွေနဲ့ ချစ်ကလေးတွေ အတွက် ကဗျာတွေလည်း စပ်ထားတယ်။

“………
ကိလေသာ မကင်းတဲ့ လူသားပေမို့ ဆံဖြူသွားကျိုးလည်း နှလုံးသားထဲက အချစ်တွေကတော့ လတ်ဆတ်နေဆဲကွယ်။
ကီလိုမီတာနဲ့ တိုင်းတိုင်း၊ ပေတွေ မိုင်တွေနဲ့ပဲ တိုင်းတိုင်း ကိုကိုရဲ့ အချစ်တွေကတော့ မီးလေးတွေအပေါ်မှာ အတိုင်းအဆ မရှိပါပဲရယ်။
ကုရာနတ္ထိ ဆေးမရှိ ဆိုပေမယ့် မီးလေးတွေသာ ဘေးနားမှာ ရှိရင်လေ ကိုကို အတွက် ဆေး ဆိုတာ မလိုတော့ပါဘူးကွယ်။
ကူဖေးသူ မရှိတဲ့ ကိုကိုရဲ့ ဘဝမှာလည်း မီးလေးတွေဟာ ကိုကိုရဲ့ အသက်တွေပါပဲလို့ ဆိုချင်တော့တယ်။

———————————————–

37. ဘိုကြီး လော်စပီကာ (https://myanmargazette.net/184848)


ချောင်းနက် မည်သော မြို့မကျ၊ တောမကျ အတန်ငယ် စည်ကားလှသော ကျေးရွာတစ်ရွာတွင် အလှူမင်္ဂလာပွဲများ ကျင်းပပြုလုပ်သည့်အခါ

လော်စပီကာ (ဟွမ်း) ကြီးနှစ်လုံးသည် မပါမပြီး ဖြစ်လေသည်။  အလှူပွဲများ ဖြစ်သည်နှင့် ထိုထိုသော အလှူပွဲများ၏ မဏ္ဍပ်ထိပ်တွင်

နေရာယူထားသည်မှာ ဤလော်စပီကာကြီး နှစ်လုံးပင် ဖြစ်လေသည်။ တစ်ခါတစ်ရံ အလှူပွဲနှစ်ခု တိုက်ဆိုင်သော အခါများတွင်မူ အဆိုပါ

လော်စပီကာကြီး နှစ်လုံး ငှားရမ်းနိုင်သော အလှူရှင်မှာ ပို၍ ဂုဏ်ယူနေသကဲ့သို့ ယင်းအလှူမှာလည်း စည်ကားသော အလှူတစ်ခု

ဖြစ်နေတတ်ပေသည်။ လော်စပီကြီးများ မငှားနိုင်သည့် အလှူမှာမူ မည်သို့သော လူမျိုးမှ ပြုလုပ်သည့် အလှူဖြစ်ပါစေ၊ ယင်းအလှူတွင်

ခြောက်တိခြောက်ကပ် ဖြစ်၍ နေတတ်သကဲ့သို့ အလှူရှင်မှာလည်း မျက်နှာငယ်ရတတ်လေသည်။

———————————————–

38. အဆက်အစပ်မရှိ (https://myanmargazette.net/186149)


မြေကြီးက ငိုပြတဲ့အခါ
ကောင်းကင်ကြီးက မိုးတွေ ရွာချတယ်
“__ ငါကွ __”
လို့တောင်မှ ကြုံးဝါးလိုက်သေးရဲ့ ………..။

ပန်း မပွင့်တဲ့ ညနေခင်းဟာ
ဆည်းဆာရဲ့
ကဗျာဆန်တဲ့ အလှကို ငေးတယ်
ပြီးတော့ ပြောလိုက်တယ်
“မင်းက ရုပ်ဆိုးလိုက်တာကွာ” … တဲ့ …။

———————————————–

39. ရမ်းဖြီးကျွန်းပြန် ဓေါက်သာ အံချာဒုံး၏ ခွေးသုတေသန မှတ်တမ်း (https://myanmargazette.net/186791)



ခွေးထီးတွေက ခြေထောင်ပြီး သေးပန်းတယ်

ခွေးထီးတွေဟာဆိုရင် သစ်ပင်တွေ တိုင်တွေကို သေးပန်းတဲ့အခါမျိုးမှာ သူတို့ရဲ့ ခြေထောက်ကို ထောင်ပြီးတော့ သေးပန်းတတ်ကြပါသတဲ့။ ဒီလိုမျိုး

ပန်းတာကလည်း ရည်ရွယ်ချက်ရှိရှိ ပန်းကြတာပါ။ အကြောဆန့်တဲ့အနေနဲ့ အပျင်းပြေ ခြေထောက်ထောင်ပန်းတာ မဟုတ်ဘူး။ သူတို့ပေးချင်တဲ့

မက်ဆေ့ချ်ကတော့ သူတို့က ရှည်ကြတယ် ဆိုတာနဲ့ ဘယ်နှစ်ကောင်မိုက်လဲ ဆိုပြီး စိန်ခေါ် ခြိမ်းခြောက်လိုက်ခြင်းပါပဲတဲ့။

အာဖရိကမှာရှိတဲ့ အချို့သော ခွေးရိုင်းများကတော့ဖြင့် သစ်ပင်ကို ပြေးတက်ပြီးတော့မှ သေးပန်းတတ်ကြပါတယ်။ ဒါက ဘာအတွက်

ရည်ရွယ်ကြသလဲဆိုတော့ကာ သူတို့ အရမ်းကြီးတဲ့အကြောင်း ပေါ်လွင်စေဖို့ပါတဲ့။

———————————————–

40. အမှတ်တရ ….. (https://myanmargazette.net/187606)



(၁) …………..

ရောင်နီဖြာနေတဲ့ နံနက်ခင်းတစ်ခုမှာ သူမကို စတင်တွေ့ခဲ့ရတယ်။
အဲ့ဒီအချိန်က နေရောင်ခြည်အောက်မှာ ပန်းများစွာဟာ အလှပဆုံး ပွင့်လန်းလို့နေခဲ့တယ်။
သူမ ကလည်း ကျနော့်ရဲ့ မျက်ဝန်းများထဲမှာ ထင်ကျန်ရစ်လို့ သွားခဲ့တယ်။
တွေ့တွေ့ချင်းမှာပဲ အမှတ်တမဲ့နဲ့ ကျနော် ပြောခဲ့ပါသေးတယ် ….
“လှတယ်” ……………။

(၂) ………………

အဲ့ဒီနေ့ တစ်နေ့လုံး နေသာနေတယ်။
ကျနော့် ရင်ထဲမှာလည်း တစ်စုံတစ်ခုသော အကြောင်းနဲ့ ပျော်လို့နေတယ်။
သူမရဲ့ မျက်နှာ ခဏတာ ငေးမိတဲ့အခိုက်မှာ တစ်စုံတစ်ရာဟာ ရင်လှိုက်ဖိုစေခဲ့တယ်။
ဒါပေမယ့်လို့လည်း ဘာသိဘာသာ ခဏနဲ့ ပျောက်သွားမှာပါလို့ပဲ ကိုယ့်ကိုကိုယ် တွေးမိခဲ့ပါသေးတယ်။
ဒီအချိန်မှာပဲ အနောက်အရပ်ဆီက နေထွက်လို့လာတယ်။
“ဒါ … ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူးတဲ့” …………..။

———————————————–

41. အိမ်ပြေး … Run Away (https://myanmargazette.net/188406)



ရန်ကုန်မြို့လယ်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း လူတွေ၊ ဈေးသည်တွေနဲ့ ရှုပ်ထွေးနေပါတယ်။ တောင်မှ မြောက်သို့သွားသူ၊ မြောက်မှ တောင်သို့လာသူ၊

အရှေ့မှအနောက်သို့ သွားသူ၊ အနောက်မှ အရှေ့သို့လာသူ အရှစ်ရှစ်မျက်နှာ ဖီလာ သွားသူလာသူတွေနဲ့ ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာ

မနေမနား အလုပ်လုပ်နေရပါတယ်။ အဲ့ဒီ အဲ့ဒီ ဥဒဟိုသွားလာနေကြတဲ့ လူတွေထဲမှာ အသက် ၁၆ နှစ်အရွယ်၊ အင်္ကျီအနက် လက်ပြတ်လေးနဲ့ ပုဆိုးကို

ခပ်တိုတို ဝတ်ဆင်ထားတဲ့ ခပ်ပိန်ပိန် ခပ်ပါးပါး ကောင်လေးလည်း အပါအဝင်ပါပဲ။

———————————————–

42.  ခွေး ဖြစ်ချင် လာခဲ့ (https://myanmargazette.net/188495)



ဝုတ် … ဝုတ် …
ဒါ .. ကျုပ်ရဲ့ ငါ ထင်တဲ့ အသံ …
ဒီအသံ ခပ်ပြင်းပြင်းဆို “ခင်ဗျားတော့ သေတော့မယ်” လို့ အဓိပ္ပါယ်ရတယ်။

ကိန် … ကိန် …
ဒါ … ကျုပ်ရဲ့ တပ်ခေါက်ပြန်တဲ့ အသံ
ဒီအသံ “ကျုပ် နာတယ်။ ကျုပ် ကြောက်တယ်” လို့ အဓိပ္ပါယ် ရပါတယ်။

အကယ်၍ …
ကျုပ် ဖင်မြှီးလေးများ ရမ်းတန်း ရမ်းတန်း ဖြစ်နေပြီဆို
ခင်ဗျားကို ခင်မင်ပါသည် ဟု ဆိုပါတယ်။

———————————————–

43. အိမ်ပြေး … Run Away (2) (https://myanmargazette.net/188482)



ည က သန်းခေါင်ယံ အချိန်ခန့်။ နေရာ က အဝေးပြေးကားဝင်းရဲ့ တစ်နေရာ။ အဲ့ဒီနေရာမှာ လူတစ်ချို့ ထိုင်ခုံကိုယ်စီနဲ့။ အချို့က ပါလာတဲ့

ပိုက်ဖျာလေးတွေ ခင်းပြီး ကျောခင်းလျှက်။ ဒီလူတွေထဲမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်လည်း တစ်ယောက်တည်း ထိုင်ခုံမှာ ထိုင်နေရင်းနဲ့

ကြောင်တောင်တောင် ဟိုငေးဒီငေး ငေးနေလျှက်။ သူ့ဘေးမှာတော့ သက်တော်အားဖြင့် ၅ဝ ဝန်းကျင်ခန့် ဘုန်းဘုန်းတစ်ပါးကိုလည်း

တွေ့ရပါသေးတယ်။

“ကဲ .. ကဲ .. ဧည့်စာရင်း စစ်မယ်။ ထုတ်ထားကြ”

အော်ကြီးဟစ်ကျယ် ဝင်လာသော ရဲတစ်အုပ် …။ ပြောပြောဆိုဆို တစ်ယောက်ချင်းဆီက ဧည့်စာရွက်တွေကို လိုက်လံ စစ်ဆေးနေကြတယ်။

ကောင်လေးကို ကြည့်လိုက်တော့ မျက်လုံးလေး အကြောင်သားနဲ့ တုန်လှုပ်ခြောက်ခြားနေလျှက်။

———————————————–

44. Gmail ကို Password သိလည်း ဖွင့်မရအောင် ထားတဲ့နည်း (https://myanmargazette.net/189596)



ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် Gmail ကို မိမိရဲ့ ဖုန်းနဲ့ ချိတ်ထားတဲ့ နည်းလမ်းပါပဲ။ Google 2-Step Verification

လို့ ခေါ်ပါတယ်။ သူက ဘာတွေ စွမ်းသလဲ ဆိုရင် တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Gmail Password ကို သိသွားတယ်။ ပြီးတော့ ဖွင့်ကြည့်တယ်ပေါ့ဗျာ။

Username လည်း မှန်တယ်။ Password လည်း မှန်တယ်။ ဒါပေမယ့် Gmail က ပွင့်မလာဘူး။ ကြားထဲမှာ တစ်ဆင့်ခံနေတယ်။ ဒီအဆင့်ကတော့ မိမိရဲ့

ဖုန်းကို ပို့ပေးတဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းရခြင်းပါပဲ။

———————————————–

45. မဟာရာဇာ အဘိဓမ္မာ (https://myanmargazette.net/189742)



လောက၌ တူမျှသော ချစ်ခြင်းမေတ္တာဟူသည်ကား ပေးတိုင်းလည်း ပြန်မရတတ်ပေ။ ထိုနည်းတူ ရှေးလူတို့အဆိုအတိုင်း စေတနာ ဟူသည်လည်း

ဝေဒနာ ဖြစ်တတ်၏။

ပြဒါး သုတ်လိမ်းထားသော မှန်တစ်ချပ်ကဲ့သို့လည်း မိမိမှ ညာဘက် လက်ကို မြှောက်ပြပါလျက် မှန်အတွင်း ထင်းနေသော ပုံရိပ်က ဘယ်ဘက် လက်ကို

ပြန်လည် မြှောက်ပြသကဲ့သို့ မိမိမှ တူညီသည် ထင်မှတ်သော အရာများသည်ကား စေ့စေ့ တွေးကြည့်သောအခါ သွေဖီ ဆန့်ကျင်ခြင်းတို့သည်သာ

ဖြစ်နေတတ်ပေ၏။

———————————————–

46.  လောကဿ ရသ (https://myanmargazette.net/189860)


ဒီလိုဗျ …။
လောကမှာ ရသ မြောက်တဲ့ အရာတွေ အများကြီးရှိတယ်။
“ရသ” ဆိုတဲ့ အသုံးအနှုန်းကလည်း စာပေ ဘက်မှာ အသုံးများပေမယ့် သူ့နေရာနဲ့သူ အများကြီး အများကြီး ပါပဲ။
ဥမပါ – ဘောလုံးကန်တဲ့နေရာမှာ ရသ မြောက်တာ၊ ဟင်းချက်တဲ့အခါ ရသ မြောက်တာ … စသည်ဖြင့် သူ့နေရာနဲ့သူ ရသ မြောက်ကြပါတယ်။
ရသပေါင်း စုစုပေါင်း အကုန်ပေါင်း (၉) မျိုး ရှိပါတယ် …..။ ဒီရသတွေကို ဒီစာရဲ့ အဆုံးမှာ ဖော်ပြပေးထားပါတယ်။

“ရသမြောက်တယ်” …. ဆိုတော့ကာ … “ရသ တောင်တာ” .. မဟုတ်လို့ပါပဲ။
ဒါဟာ အတိအကျပါပဲ။
ရသ မှာ ဟိုဒင်း မရှိလေတော့ကာ ရသ ဟာ တောင်လို့ မရနိုင်ပါဘူး။
ဟိုဒင်း = ထုထည် …………။

———————————————–

47. စနေ အပျင်းပြေ ဖတ်စာ (၁၄-၁၂-၂၀၁၃) (https://myanmargazette.net/190790)



ညဉ့်နက်လေ ဗိုက်ဆာလေ

ညဉ့်နက်နက်မှာ မအိပ်စက်နိုင်သူတွေဟာ များသောအားဖြင့် ဗိုက်ဆာလာတတ်ပါတယ်။ မယုံရင် လက်တွေ့ စမ်းသပ်ကြည့်နိုင်ပါတယ်။ ကျနော်များ

စနေ၊ တနင်္ဂနွေ နဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး နောက်ကျတဲ့ ဘောပွဲတွေကို စောင့်ပြီး ကြည့်ရှုကြသူတွေကို မေးကြည့်ပြီး သက်သေယူနိုင်ပါသေးတယ်။

မအိပ်စက်နိုင်သူအတွက် ညဉ့်နက်လေ ဗိုက်ဆာလေပါပဲ။

ညဉ့်နက်လေ ဗိုက်ဆာလေ ဆိုတာဟာ ပုံမှန်အမြင်နဲ့ ကြည့်မယ်ဆိုရင် လူ့ခန္ဓာကိုယ် လည်ပတ်မှု စနစ်အရ ဗိုက်ထဲက အူတွေ၊ ကလီစာတွေ၊

ပိုးမွှားတွေရဲ့ အလုပ်တစ်ခုပါပဲ။ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ သာမန်အားဖြင့် တွေ့ရမြင်ရဖန် များလာတဲ့အခါ ချစ်ခင်ခြင်း ဆိုတာ

ဖြစ်လာတတ်တယ်။

———————————————–

48. မုသားမပါ လင်္ကာမချော (https://myanmargazette.net/190845)



လူ့ဘောင်လောကမှာတော့ “မုသားမပါ လင်္ကာမချော” ဆိုတဲ့ စကား ရှိပါတယ်။

လူ့ဘောင်လောကမှာ မုသား ဆိုတဲ့ လိမ်လည်တဲ့ စကားမပါရင် ပြောရဆိုရ ပေါင်းရသင်းရတာဟာ အဆင်ပြေ ချောမွေ့မှု မရှိတတ်ပါဘူးတဲ့။

သစ်ပင်ဖြောင့်ရင် တက်ရခက်သလို မုသားမပါတဲ့ စကားဟာလည်း ကြားရတာ ကိုးလို့ကန့်လန့် ဖြစ်နေတတ်ပါတယ်။ လူ့လောကမှာ မှန်သောစကားကို

ဆိုသူ အများစုဟာ နာမည်ကောင်း မရတတ်ကြပါဘူး။ ဒီကောင်က အဖြောင့်သမားကြီး၊ လူ့ဂွစာကြီး ဆိုပြီး ပြောခံရတတ်ပါတယ်။ ဒီလို

အဖြောင့်သမားတွေဆို ပေါင်းရသင်းရလည်း ခက်လှပါတယ်။

———————————————–

49. အရူးကြီး ဖိုးငိုရီ (https://myanmargazette.net/190897)



ကျုပ်တို့ရွာရဲ့ အနောက်တံခါးနားမှာ ဖိုးငိုရီ ဆိုတဲ့ အရူးကြီးတစ်ယောက် နေတယ်ခင်ဗျ။ ဒီလူကြီး က အရူးဆိုပေမယ့် အရူးစာတတ်ကြီးလို့

ပြောရမလားပဲ။ သူ့ကိုများ အရူးကြီးလို့ သွားမပြောလိုက်လေနဲ့။ “နင်တို့လည်း ပုထုဇဉ် အရူးတွေပဲ၊ ငါကမှ အရူးမို့ အရူးလို နေသေးတယ်၊ နင်တို့ကမှ

အရူးကို အရူးလို့ မသိကြတဲ့ အရူးတွေ” ဆိုပြီး လက်ညှိုးကြီး ငေါက်ငေါက်ထိုးလို့ ဟားတိုက်ပြီး ရီနေတတ်သေးတယ် ခင်ဗျ။ ဒါကြောင့်မို့ အရူး

စာတတ်ကြီးလို့ ပြောတာပါ။

ဖိုးငိုရီ ရဲ့ နာမည်အရင်းက ဖိုးခင်အောင်ပါ။ ကျုပ်တို့ရွာက ကာလသားတွေက ဖိုးငိုရီ ဆိုပြီး နာမည်ပြောင် မှည့်ထားပေးကြတာ။ ဒီလို မှည့်ရတာကလည်း

အကြောင်းရှိတယ်။ ဒီအကြောင်းကို ရှင်းပြရရင် သူ့အဖေ ဦးအောင်ကြီး ဇာတ်ကနေ စရမှာပဲ။ လေကြော ရှည်ချင်လွန်းလို့တော့ မဟုတ်ဘူး။ ဒါပေမယ့်

သူ့အဖေ အကြောင်းမပါရင်လည်း ဖိုးငိုရီ နာမည် ဖြစ်လာပုံက ပြည့်စုံမှာ မဟုတ်လို့မို့ အတိတ်ဇာတ်ကို ပြန်ကောက်ရတာပါ။

———————————————–

50. ငါး ….. လ ….. အမှတ်တရ (https://myanmargazette.net/191019)



ငါးလ ကြာခဲ့ပြီ
အရာရာဟာ လှပဆဲ
ထာဝရအမြဲအတွက်ပေါ့ …..။

တွဲလက်တွေ မဖြုတ်ဘူး
လောကဓံ က ဘယ်လိုပင် ရှုပ်ပါစေ
ရင်ဆိုင်ဖို့ လှမ်းကြမယ်လေ …..။

———————————————–

51.  မြေအိုးကောက် (https://myanmargazette.net/190768)



မြေအိုးကောက် ဆိုတာ မြေအိုးတွေ ထမ်းရတာကို ပြောတာ။
မြေအိုး အလွတ်တွေကို သုံးလုံးဆို သုံးလုံး၊ ငါးလုံးဆို ငါးလုံး၊ ဒီလို ကျုပ်အဖေ တက်မယ့် ထန်းပင်တွေရဲ့ ခြေရင်းမှာ လိုက်ပြီး ချထားပေးရတယ်။
ကျုပ်အဖေက ဒီမြေအိုးလွတ်တွေကို ခါးမှာ ချိတ်ပြီး ထန်းပင်ပေါ် တက်တယ်။
ကျုပ်အဖေ ထန်းပင်ပေါ်ကဆင်းပြီဆိုလည်း သူက ထန်းရည်ပါလာတဲ့ မြေအိုးတွေကို ထန်းပင်ခြေရင်းမှာ ချထားပြီး လှေကားကြီးနဲ့ နောက်တစ်ပင်

ကူးသွားတယ်။
ဒီအခါ ကျုပ်က ထန်းရည်ပါတဲ့ မြေအိုးတွေကို လိုက်ပြီး စုရတယ်။
ဒီလို ထန်းရည်အိုးလေးတွေ စုပြီး ကျုပ်တို့နေတဲ့ တဲလေးဆီကို ပို့ရတယ်။
အမေကတော့ မိုးပြဲဒယ်ကြီးတွေကို မီးဖိုပေါ်တင်လို့ ထန်းရည်ချက်တော့တာပေါ့။

———————————————–

အောက်က စာတွေကတော့ Facebook ကနေ ယူလာတာပါ။

အပျင်းပြေ ဖတ်ကြည့်လို့ ရတာပေါ့။

=============================

————————————–

ဆေးလိပ်ရယ် တစ်ဖွာ
အိပ်စက်ရာ လမ်းမသာသေးပါဘု
သန်းဝေလာ ညဉ့်လေအသော့မှာလ
ကြယ်ရောင်ပြိုင် မှိတ်တုတ်မျက်ခွံတွေက
အချက်ရယ် ပြပြနေပေမယ့်
စက်ခေါ်ရာ ကြမ်းပြင်နန်းမှာပ
ရန်သူတော် ခြင်တစ်စု
တဝီဝီ စစ်သံပြုနေကြလေတော့
ဒီညဉ့်တော့ ဒင်းတို့အောင်ပွဲ ရှိစေတော့ ။။။။။။။။။။

————————————–

မနေ့က မိုးတွေ ရွာတယ်။
မနက်ထတော့ ရေပတ်လည် ဝိုင်းလို့ နေလေတယ်။
အိမ်သာ တက်မယ်လုပ်တော့ အိမ်သာခွက်ထဲမှာလည်း ရေတွေနဲ့ပါပဲရယ်။
ဒီလိုနဲ့ … ဒီလိုနဲ့ … “ပလုံ” ဆိုတဲ့ အသံလေး ကြားလိုက်ရတဲ့အခိုက်မှာပဲ …
စိတ်တွေဟာ အတိတ်ကို မွှေနှောက်လို့ သွားလေတယ်။
ငယ်ငယ်တုန်းက ရွာအပြင် ချုံနံဘေးမှာ မိုးရွာလို့ ဖြစ်ထွန်းနေတဲ့ ရေဗွက်အိုင်လေးထဲကို သေချာချိန်ပြီး ပါခဲ့တဲ့ အချိန်တုန်းဆီကပေါ့။
“ပလုံ ပလုံ” ဆိုတဲ့ အသံသာလေးဟာ နားဝမှာ ပြန်လည်လို့ ကြားယောင်လို့ လာမိတယ်။
အော်ရယ် …..
လွတ်လပ်တဲ့ ကောင်းကင်ကြီးရဲ့ အောက် ….
လတ်ဆတ်တဲ့ လေညှင်းရနံ့ကို ရှူရှိူက်ရင်းနဲ့ (အီးနံ့က ဘေးကိုထွက်တယ်)
ငယ်စဉ်ဘဝ ရွာအပြင် ချုံနံဘေး ပါခွင့်ရခဲ့တဲ့ အဖြစ်ကို ပြန်လည် မက်မက်မောမော တမ်းတမိလေတော့တယ်။
နောက်အခါ ရွာပြန်ရင် ရွာအပြင်ထွက် လွတ်လွတ်လပ်လပ် အီးသွားပါဦးမယ်။
ဘယ်သူ လိုက်ဦးမလဲ ???? (ရွံတတ်သူများအတွက် ဆောဒီးဘာဘဲ)

————————————–

ဟေ့ ……….
ဒီနေ့ ၁ လပြည့်တဲ့နေ့ ….

ရွှေ့ ……
ဒီလက်တွေ ဟိုးးး သက်ဆုံးတိုင်အောင် ရွှေ့ ….

တေ့ ………..
တေ့စပ် မဟုတ်ဘူး .. ဂဟေဆော်ထားတယ် ဟေ့ ….

မေ့ …………
ဘယ်တော့မှ မမေ့ ….
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထဲမှာ …
စူပါဂလု ဗူး ၁၀ဝ လောက်နဲ့ ကပ်ထားတယ် ဟေ့ ….

ကွေ့ ………….
ဘယ်ပဲ ကွေ့ကွေ့၊ ညာပဲကွေ့ကွေ့
အချစ်များ ဘယ်ကိုမှ မရွှေ့
သူ့အနား အမြဲသာ တည်နေ၍ ……..

ဘာတွေ ဘယ်လိုပဲ ဖြစ်လာပါစေဝေ့ …
တို့လက်များ ခိုင်ခိုင်မြဲထား
မလျော့သော အချစ်များနဲ့
တူနှစ်ကိုယ် အပြုံးများစွာနဲ့ ဖြတ်သန်းကြမယ်ဟေ့ …….။

————————————–

မှတ်မှတ်ရရပါပဲ ….။
တစ်ခါတုန်းက ရွာမှာပေါ့ဗျာ …။ အချိန်က နေ့ခင်း မွန်းတည့်ချိန်ကြီး။
မြန်မာပြည် အလယ်ပိုင်းရဲ့ နေပူချက်ကတော့ ကမ်းကုန်ကြောင်း ရောက်ဖူး နေဖူးသူတွေ သိကြပါလိမ့်မယ်။
ဒီလို နေပူကြီးထဲမှာ ကျုပ်နဲ့ ကျုပ်အဖေ နှစ်ယောက်သား လမ်းလျှောက်ပြီး ပြန်လာခဲ့ကြတာပေါ့ဗျာ။
ဖြစ်ချင်တော့ လမ်းမှာ ကျုပ် ဖိနပ်က ပြတ်သွားတယ်။ ထပ်ဖြစ်ချင်တော့ နှစ်ဖက်စလုံး ပြတ်သွားခဲ့တာ။
သေပြီဆရာပေါ့။ ပူခြစ်တောက်နေတဲ့ မြေကြီးကို ဖြတ်နင်းပြီး ရွာထိရောက်အောင် လျောက်သွားရတော့မယ်။
အဲ့ဒီအချိန်မှာ ကျုပ်ဖားသားက လူလေး မင်း အဖေ့ဖိနပ် စီး ဆိုပြီး သူ့ဖိနပ်ကို စီးခိုင်းတယ်ဗျ။
သူကတော့ နေပူကြဲတဲကြီး ဖိနပ်ဗလာနဲ့ လမ်းလျောက်ပြန်ခဲ့တယ် ဆိုပါတော့ ….။
ကျုပ်က အဖေလည်း တစ်ဖက်စီး ဆိုပြီး တူတူစီးရအောင်လို့ ပေးပေမယ့်လည်း … လူလေးပဲ စီးပါကွာ။ ခြေပူလိမ့်မယ် … တဲ့ ….။

ဒီအဖြစ်အပျက်ဟာ ကြာတော့ ကြာခဲ့ပါပြီ ….။
ဒါပေမယ့် ကျုပ်ရင်ထဲမှာ ဟောင်းနွမ်း မသွားခဲ့ဘူး ….။
ဒီအဖြစ်အပျက် အကြောင်းအရာလေးကို အဖေ့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သိမ်းထုပ်လို့ ကျုပ်ရင်ရဲ့ အနက်ရှိုင်းဆုံးထဲမှာ ပို့ထားတယ်။
အခုထိ ပြန်ကြည့်လည်း လတ်ဆတ်နေဆဲပါပဲ။

————————————–

တစ်စုံတစ်ခုဟာ လူကို ပျော်နေစေတယ်။
တစ်စုံတစ်ခုဟာ ကဗျာတွေ ဖြစ်စေတယ်။
တစ်စုံတစ်ခုဟာ ကြည်နူးနှစ်သက်စေတယ်။
တစ်စုံတစ်ခုဟာ ရီဝေ ယစ်မူးစေတယ်။
တစ်စုံတစ်ခုဟာ ကြောက်ရွံ့နေစေတယ်။
တစ်စုံတစ်ခုဟာ ရင်ခုန်စေတယ်။
တစ်စုံတစ်ခုဟာ ရင်ကို နင့်စေတယ်။
တစ်စုံတစ်ခုဟာ လွမ်းနေစေတတ်တယ်။
တစ်စုံတစ်ခုဟာ ပိုင်ဆိုင်လိုတယ်။
တစ်စုံတစ်ခုဟာ ရက်ရောစွာ ပေးဆပ်နေတယ်။
တစ်စုံတစ်ခုဟာ မီးဟုန်းဟုန်းတောက်နေတယ်။
တစ်စုံတစ်ခုဟာ ငြိမ့်ခနဲ စီးဆင်းသွားတယ်။
တစ်စုံတစ်ခုဟာ အေးစက်နေစေတယ်။
တစ်စုံတစ်ခုဟာ လေဟာနယ်ထဲ လွင့်စေတယ်။
တစ်စုံတစ်ခုဟာ အကြည့်တွေကို တန့်စေတယ်။
တစ်စုံတစ်ခုဟာ မက်မောတယ်။
တစ်စုံတစ်ခုဟာ မျှော်လင့်နေတတ်တယ်။
တစ်စုံတစ်ခုဟာ တိတ်တဆိတ် ခေါင်းငိုက်စိုက်နေတယ်။
တစ်စုံတစ်ခုဟာ လှောင်ရီသံတွေ ဖြစ်စေတယ်။
တစ်စုံတစ်ခုဟာ ပြုံးနေတယ်။
တစ်စုံတစ်ခုဟာ မဲ့နေတယ်။
တစ်စုံတစ်ခုဟာ တစ်ခါတစ်ခါမှာ တစ်ချိန်ချိန်၌ ဟူ၍သာ ………….။

————————————–

ရင်မှာ …..
အမျှင်တန်းခဲ့ပါတဲ့ သံယောဇဉ် ….
ရိုးရိုးလေးသာ
ရစ်ဖွဲ့တာတွေလည်း ပါတယ် …
ကြီးကြီးကျယ်ကျယ်လည်း
ထုံးလို့နှောင်ဖွဲ့ခံရတယ် …

ဒီ သံယောဇဉ် …
ရင်ကို ပူလောင်စေတယ် …

လွတ်မြောက်ဖို့ ကြိုးစားခဲ့တယ် …
အခါခါ နှောင်ဖွဲ့လို့
ပြန်လည်လို့လည်း ခိုဝင်ခဲ့ဖူးတယ် …

နောက်ဆုံးတော့ …..
“အရူး” ဆိုတဲ့ စကားလုံးတစ်ခုပဲ
ကိုယ့်အတွက် အဖက်ကျန်ခဲ့တယ် ……

အိုဘယ့် …… ရှက်စဖွယ် ……..။

————————————–

ငယ်စဉ်က ပညာသင်ချိန်မှာ အလွန် ပျင်းခဲ့တယ်။ ကျောင်းကို မသွားချင်လို့မို့ အိမ်ရဲ့ ဝင်းထရံ (ခြံစည်းရိုး) မှာ ကုပ်ကတ်ပြီး နေခဲ့ဖူးတယ်။ ဒါကို အမေသိတော့ ကျောင်းမသွားရကောင်းလားဆိုပြီး ဗိုက်ခေါက်ကို လိမ်ဆွဲလို့ ကျောင်းကို အတင်းပို့ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ကျောင်းနေပျော်လာခဲ့ရတယ်။ ပညာတွေလည်း အများကြီး သင်ကြား၊ လေ့လာခွင့် ရခဲ့တယ်။ ကျေးဇူးတင်လိုက်တာ မေမေရယ်။

————————————–
By – မဟာရာဇာ အံစာတုံး
————————————–

22 comments

  • မင်း ခန့် ကျော်

    December 31, 2013 at 2:39 pm

    ဟိုက် ရှား ဘားး

    ရှာ မှ ရှား ထဲ က ဆရာရှားပါပဲ။

    တော်တယ်ဗျားးး။

    ရေးနိုင် တွေးနိုင် ပုံကတော့။

    ချီးကျူးမိပါရဲ့ဗျာ။ လေးစားပါရဲ့ဗျာ။

    • မဟာရာဇာ အံစာတုံး

      January 2, 2014 at 4:51 am

      ကျုပ်ကလည်း
      ဟိုအပေါ်က ဦးဦးမင်းခန့်ကျော် ကို
      ငါးစားပါတယ် ဆိုဒဲ့အကြောင်း ….

  • လုံမလေးမွန်မွန်

    December 31, 2013 at 3:14 pm

    တကယ့်စိတ်ကူးကောင်းလေးပဲ…
    အနော်တို့ကတော့ 2013 ကို မ review နိုင်တဲ့ အခြေအနေပါ… ဒါပေမယ့် တစ်ချို့သော နေ့စွဲလေးတွေကိုတော့ သတိရနေဆဲပေါ့… ဖြစ်သလို ကြုံသလိုနဲ့ပဲ 2014 ကို ခရီးဆက်ရဦးမယ် ထင်ပါ့… သေချာတာကတော့ 2014 မှာ ယောက်ျားမယူသေးပါဘူး.. :mrgreen:

    • မဟာရာဇာ အံစာတုံး

      January 2, 2014 at 4:53 am

      အောက်က လူဂျီး ကတော့ ဆုတောင်းပေးနေပေါ့ရော …
      ဘာဒဲ့ ….
      ခလေး ပိစိလေး ရဘာစေ .. ဒဲ့ …
      သူဂကျဒေါ့ ယူသေးဘူးဒဲ့ …
      ယူသေးဘဲနဲ့ ဘိုလုပ် ရမှာဒုန်းနော့ … ခိခိ
      :mrgreen:

  • kai

    December 31, 2013 at 3:42 pm

    ဘဝ….ပြောင်းသွားတော့မယ့်… တဆစ်ချိုးတွမ်တိဆယ်သုံးပေါ့..။
    တွမ်တိဆယ့်လေးမှာ.. ကလေးပိစိလေး.. ရပါစေဗျာ..။ :mrgreen:

    • မဟာရာဇာ အံစာတုံး

      January 2, 2014 at 4:55 am

      ဟိုက မယူသေးဘူးဒဲ့ …
      အိုက်ဒါ …
      ကျုပ်က ဘိုလုပ် ရမှာဒုန်းးး
      မွေးစားရမှာလားးးးးလို့ …. ဟွန်းးးး
      :mrgreen:

      • kai

        January 3, 2014 at 3:08 pm

        မမလေး ခိုးမယ်လို့
        လူဆိုးတွေနဲ့ မောင်တိုင်ပင်
        မန်းမြို့တော် ညောင်ပင်ကြီးမှာ
        မြင်းကိုယ်စီပြင်။
        လထွက်ကလေးတဲ့ မြင်းကိုနှင်
        လဝင်ရင် မန်းတောင်ရောက်အောင်
        မြင်းငေါက်လို့စိုင်း။

        • padonmar

          January 3, 2014 at 11:04 pm

          သူကြီးက မြှောက်ပေးနေပြီဟေ့။
          ကောင်မလေး အဒေါ်ကတိုင်လိုက်လို့ သဂျီးကြံရာပါမှုဖြစ်သွားမယ်။

  • alinsett

    December 31, 2013 at 4:39 pm

    ကောင်းပါလေ့
    တစုတစည်းတည်း တွေ ့တော့
    မဖတ်ဖြစ်ခဲ့တာတွေ ပြန် ဖတ်ဖို့ လွယ်သွားတာပေါ့

    မကျီစားရ မနေနိုင်လို့ ပြောလိုက်ဦးမယ်

    နီ ့တစ်နှစ်စာပိုစ့်က နည်းသလိုပဲနော်

    :kwi:

    • မဟာရာဇာ အံစာတုံး

      January 2, 2014 at 4:57 am

      အကောင် ….
      နင့်လိုများ အားယားနေဒယ်များ မှတ်ဒလားဟဲ့ ..
      အလုပ်နဲ့လက်နဲ့ မပြတ်တဲ့ဂျားထဲက ရေးထားဒါတွေဟဲ့ ….
      မှတ်ထား … ငိငိငိ
      :mrgreen:

    • မဟာရာဇာ အံစာတုံး

      January 2, 2014 at 5:01 am

      နှစ်ဝက်ထိတော့ အရူးလွယ်အိတ်
      နောက်နှစ်ဝက်ကတော့ အပျော်တွေ ထည့်ထားတဲ့ လွယ်အိတ် ..

  • padonmar

    January 1, 2014 at 12:38 am

    အဲဒီအိုင်ဒီယာသဘောကျတယ်။
    ကိုယ်လည်းလိုက်လုပ်ကြည့်အုံးမယ်။နောက်မှ ။(ခုတော့ အိပ်အုံးမယ်)
    ဒါပေမယ့် ဒီလောက်ရှည်လျားတဲ့ ပို့စ်စာရင်းကြီးရမှာမဟုတ်၊
    (ဒါထက် အဲဒီထဲ တပိုင်းတန်းလန်းတွေ အများကြီးနော်..ဟင်းဟင်း အကြွေးထူတာမိပြီ။)

    • မဟာရာဇာ အံစာတုံး

      January 2, 2014 at 5:02 am

      ဒါတောင် ..
      အချို့ အကြွေးပို့စ်တွေကို မသိမသာ ချန်ထားခဲ့သေးဒါ … ငိငိငိ
      တီတီ ရဲ့ ရီဗျူးပို့စ်ဂျီးကိုလည်း ဖတ်ပီးဘာဂျောင်း …

  • TNA

    January 1, 2014 at 4:51 pm

    ကောင်းတယ်အေရယ်။ အဲလိုလေးစုစည်းလိုက်တော့မှ ငါမဖတ်ရသေးတာတွေရှိသေးတာတွေ့ရတယ်။ ပြန်ဖတ်လို့ရလို့ ကောင်းတယ်အေရယ်။

    • မဟာရာဇာ အံစာတုံး

      January 2, 2014 at 5:06 am

      ဖတ်ဗျာ … ဖတ်
      ပီးယင်လည်း မန့်ပေးအုံးနော် တိုရီးသဲ .. ဟီးဟီးးး
      :mrgreen:

  • Ma Ma

    January 1, 2014 at 4:57 pm

    အိုင်ဒီယာလေးမိုက်တယ်။
    တခါတလေ ပိုစ့်ဟောင်းလေးတွေ့လို့ ကိုယ်နဲ့ရင်းနှီးပါတယ်လို့ ထင်မိတာ ကိုယ်ရေးတဲ့ပိုစ့်တောင် ကိုယ်ရေးတဲ့ပိုစ့်ဖြစ်နေတတ်သေးတယ်။ :mrgreen:

    • မဟာရာဇာ အံစာတုံး

      January 2, 2014 at 5:08 am

      အန် …
      ဘိုဂျီးဒုန်း .. နားလည်ဝူးးး
      ကိုယ်ရေးတဲ့ပို့စ်တောင် ကိုယ်ရေးတဲ့ပို့စ် ဖြစ်နေတတ်သေးတယ် …
      ဘာဂို ဆိုလိုဒါဒုန်းငင်င်င် 🙄

  • Ma Ma

    January 2, 2014 at 6:30 pm

    အမှားပြင်ဆင်ချက်-
    တခါတလေ ပိုစ့်ဟောင်းလေးတွေ့လို့ ကိုယ်နဲ့ရင်းနှီးပါတယ်လို့ ထင်မိတာ ကိုယ်ရေးတဲ့ပိုစ့်ဖြစ်နေတတ်သေးတယ်။ 😛

  • KZ

    January 3, 2014 at 10:07 am

    ဂွတ်ထ အိုင်ဒီယာ။

    နာ လည်းလုပ်ချင်တယ်။

    😀

  • padonmar

    January 3, 2014 at 11:06 pm

    အံစရာ
    ကျုပ် ညည်းရေးတဲ့ပို့စ်ဖတ်ပြီး လိုက်လုပ်တာ အဲသလို လင့်ခ်လုပ်လို့ မရဘူး။ဟို လင့်ခ် ထည့်ရန်ဆိုတာ မပေါ်ဘူး၊မှိန်နေတယ်။ဘယ်လိုလုပ်ရမလဲ။

    • မဟာရာဇာ အံစာတုံး

      January 4, 2014 at 9:48 am

      ဒါက ဒီလိုချိဘာဒယ် ဒေါ်ဒေါ် …
      အဟမ်းးး ဟမ်းးး
      အဟွတ် … ဟွတ် …
      :mrgreen:

      ◢ လင့်ခ် ထည့်ချင်ရင် ….. ကိုယ်လင့်ခ်ထည့်မယ် စာသားကို Select မှတ်ရတယ်ဗျ။
      ◢ ပြီးသွားရင် အပေါ်ဘားမှာ ချိန်းကြိုးလို လင့်ခ်ပုံလေးကို နှိပ်ရတယ်ဗျ။
      ◢ ဘောက်တစ်ခု ပေါ်လာရင် URL ဆိုတာရဲ့ဘေး http:// ဆိုပြီး ဖြစ်နေတဲ့ နေရာမှာ ကိုယ့်ပို့စ်ရဲ့ လင့်ခ်ကို ထည့်ရတာဗျ။
      ◢ ဒီလင့်ခ်ကိုမှ ယနေ့ပို့စ်က လင့်ခ်တွေလို နောက်တစ်မျက်နှာမှာ သီးသန့်ပေါ်စေချင်ရင်တော့ အောက်နားက Open link in new window/tab ဆိုတာလေးကို အမှန်လေး ခြစ်ပေးရတယ်ဗျ။
      ◢ ပြီးသွားရင်တော့ Add Link ဆိုတာကို နှိပ်လိုက်ရုံပါပဲ။

Leave a Reply