ဟက်​ပီးနယူးရီးယားတဲ့
ငါနဲ့လားလားမှမပတ်​သက်​သလိုပါပဲလားကွယ်​ရို့ …..။
တစ်​ရက်​ကတစ်​ရက်
ရက်​သုံးဆယ်​တစ်​လ
ဆယ့်​နှစ်​လ တစ်​နှစ်​ဖြစ်​တာ
ကျောင်းမှာသင်​ခဲ့ရဖူးပါတယ်
ဒါ​ပေမဲ…..
တစ်​လပဲ​ပြောင်း​ပြောင်း
တစ်​နှစ်​ပဲ​ဟောင်းတယ်​​ပြော​ပြော
ငါ့ဘဝ​ပြောင်းလဲမလာတာ​တော့ အ​သေအချာပဲ
မ​ရေရာတဲ့အနာဂါတ်​​ကို​မျှော်​ကိုးရင်း
အတိတ်​ဆိုတာကိုသစ်​ရွက်​တစ်​ရွက်​စီ​ချွေချသလို​ချွေချရင်း
သစ်​ရွက်​ဘယ်​နှစ်​ရွက်​​ချွေချမိမှန်းမသိသလို
အတိတ်​​တွေဘယ်​​လောက်​​ချောက်​​သွေ့ခဲ့တယ်​ဆိုတာလည်း
မစဉ်းစားမိတာအမှန်
ပဥာတ်​ချက်​အရ ရက်​ကလကူးပြီး
လက​နေနှစ်​ကူးရတာကို
နေနဲ့လမမြင်​ဖူးတဲ့​ကျောက်​​ခေါတ်​လူသား​တွေလို
အထူးအဆန်း အရူးအနှမ်းလိုက်​မလုပ်​နိုင်​ပါဘူး

နေဝန်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010