နှစ်​သစ်​ဆိုလား …..ဘာဆိုလားပဲ

naywoon niDecember 31, 20131min1446

ဟက်​ပီးနယူးရီးယားတဲ့
ငါနဲ့လားလားမှမပတ်​သက်​သလိုပါပဲလားကွယ်​ရို ့…..။
တစ်​ရက်​ကတစ်​ရက်​
ရက်​သုံးဆယ်​တစ်​လ
ဆယ်​့နှစ်​လ တစ်​နှစ်​ဖြစ်​တာ
​ကျောင်​းမှာသင်​ခဲ့ရဖူးပါတယ်​
ဒါ​ပေမဲ…..
တစ်​လပဲ​ပြောင်​း​ပြောင်​း
တစ်​နှစ်​ပဲ​ဟောင်​းတယ်​​ပြော​ပြော
ငါ့ဘဝ​ပြောင်​းလဲမလာတာ​တော့ အ​သေအချာပဲ
မ​ရေရာတဲ့အနာဂါတ်​​ကို​မျှော်​ကိုးရင်​း
အတိတ်​ဆိုတာကိုသစ်​ရွက်​တစ်​ရွက်​စီ​ချွေချသလို​ချွေချရင်​း
သစ်​ရွက်​ဘယ်​နှစ်​ရွက်​​ချွေချမိမှန်​းမသိသလို
အတိတ်​​တွေဘယ်​​လောက်​​ချောက်​​သွေ့ခဲ့တယ်​ဆိုတာလည်​း
မစဉ်​းစားမိတာအမှန်
ပဉာတ်​ချက်​အရ ရက်​ကလကူးပြီး
လက​နေနှစ်​ကူးရတာကို
​နေနဲ့လမမြင်​ဖူးတဲ့​ကျောက်​​ခေါတ်​လူသား​တွေလို
အထူးအဆန်​း အရူးအနှမ်​းလိုက်​မလုပ်​နိုင်​ပါဘူး

​နေဝန်​းနီ

6 comments

  • TNA

    January 1, 2014 at 12:08 am

    ကျွန်မတော့ မကြီးမငယ်နဲ့ဝင်ပါမိသွားပါတယ် :mrgreen:

  • Shwe Ei

    January 1, 2014 at 4:18 pm

    နှစ်သစ်ကူးတာကိုအကြောင်းပြုပီး ကိုယ့်စိတ်ကိုဖျော်ဖြေတာဘဲဖြစ်ဖြစ် သူများဖျော်ဖြေတာကို တခုတ်တရ သွားကြည့်ဖို့ဘဲဖြစ်ဖြစ် အိုက်ဂလိုနေ့တွေသတ်မှတ်ထားတာမရှိရင် လုပ်ဖြစ်ဖို့ ခဲယဉ်းတဲ့ သူငယ်ချင်းတွေနဲ့တွေ့တာ မိသားစုမျက်နှာစုံညီစားသောက်ပွဲလုပ်ကြတာလိုကိတ်စမျိုးတွေကို အထူးတလည်လုပ်ဖြစ်သွားတာပေါ့လေ။
    လမ်းထဲမှာ ညရီးသန်းခေါင် ဗြောက်အိုးဖောက်တာတို့ အသံဗြဲရီးတေနဲ့ ရအိမ်ကြား၈အိမ်ကြား ဟတ်ပီးနယူးယား မဆုံးနိုင်အောင် အော်နေတာတို့ကြားရင်တော့ သောက်ညင်ကတ်မိဘာဒယ် :mrgreen:

  • အရိပ်စစ်

    January 1, 2014 at 4:40 pm

    ရုးနေတဲ့ သူကို သူက အရုးပဲ ခွင့်လွှတ်ထားကြသလို
    အဲဂလို နေ့တွေရဲ့ စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲ တွေ ကျတော့
    ပါမစ်ရတာ လွယ်သွားပြန်ရော့
    တိမီးကတော့ အသက်ကို တစ်နှစ်ကြီးပြီး ပြောရတော့မှာမို့
    စိတ်ကောင်းဘူးးး

  • alinsett

    January 1, 2014 at 8:45 pm

    ဒီကဗျာထဲကလိုမျို း…
    ကျွန်တော်လည်း..ခံစားနေမိခဲ့တာ….

  • မဟာရာဇာ အံစာတုံး

    January 2, 2014 at 1:12 pm

    သူများ သစ်လို့ သစ်လိုက်တာပဲ …
    အဖြောင့်ကြီးဆို ဝါဒီပွားလွန်းလို့ …..
    အော် .. အေး .. ဟေးဟေးး ..
    ဒါဆို ပီးတွားဒါဘာဘဲ …

Leave a Reply