သူငယ်ချင်းတစ်ယောက်နေတဲ့လမ်းထဲမှာနေတဲ့ … ပြည့်စုံဆိုတဲ့လူငယ်လေးတစ်ယောက်သူ့ ချစ်သူကို သတ်ပြီး … မိမိကိုယ်ကိုလည်း အဆုံးစီရင်သွားတယ်ဆိုသတင်းလေး သူငယ်ချင်းတစ်ယောက်ပြောပြလို့ သိလိုက်ရပါတယ် ….. ဘယ်လိုအကြောင်းကြောင့် သတ်လိုက်တယ်ဆိုတာကတော့ ကောလဟာလ နဲ့ အမျိုးမျိုးရှိနေပါတယ် .. ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပါသူ့ ကိုယ်သူလည်း အဆုံးစီရင်သွားတယ် ဆိုကတည်း က … သူ ဟာ မုန်းလို့သတ်လိုက်တာတော့မဖြစ်နိုင်ဘူး ထင်ပါရဲ့  … သိရတာတော့ သူတို့တွဲလာတာ တော်တော်ကြာနေပြီလို့လည်း သိရတယ်။ အခုပြောချင်တာက ဘာလဲဆိုတော့…..သူတို့တွေ ချစ်လို့ မုန်းလို့ ခွဲခွါသွားကြတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် သူတို့ အမှတ်တရလေးတွေ …. Facebook မှာ ကျန်ခဲ့ပြီး ဘယ်သူမှ ဖျက်ဆီးလို့ မရအောင်အမှတ်တရကျန်ရစ်နေခဲ့တယ်ဆိုတာပါပဲ ….သူတို့ ရဲ့  Profile တွေ မှာ အသုဘဆုတောင်းတွေ … အပြစ်တင်ခြင်းတွေ ရှုံချခြင်းတွေ … ၀မ်းနည်းကြေကွဲမှုတွေနဲ့ Comment တွေ ပြည့်ကြပ်နေပေမယ့် … သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ က တော့ www.facebook.com ဆိုတာ ကြီး ရှိနေသရွေ့  ရှိနေဦးမှာပါ….Profile တွေကိုကြည့်မိရင် ၀မ်းနည်းရပါတယ် … ပြီးတော့ စိတ်မကောင်းလည်း အလွန်ဖြစ်ရပြီး ….သူတို့လေးတွေကို နှမြောမိပါရဲ့ အချစ်ကြီးရှုင် အမျက်ကြီး တယ်ဆိုတာ … တကယ်ပဲ လက်ခံရပါတော့မယ်။ဘာပဲဖြစ်ဖြစ် …နှစ်ယောက်စလုံးကောင်းရာမွန်ရာ ရောက်နိုင်အောင် ဆုတောင်းပေးလိုက်ပါတယ် ။

ကောင်မလေး ရဲ့  Facebook ID က တော့ Tar Tee Poe ပါ
ကောင်လေး ရဲ့  Facebook ID က တော့  Pyae sone ပါ ။

သူတို့ ရဲ့  ဓါတ်ပုံလေးတွေကို … ဖော်ပြပေးလိုက်ပါတယ် ။

About cobra

oakar min maung has written 203 post in this Website..