အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၃ ( Auckland ) ။

Foreign ResidentJanuary 2, 201412min20819

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၃ ( Auckland ) ။

 

Mr. MarGa says:

” နောက်တစ်ပိုင်းမှာ သင်္ဘောပေါ် တက်မယ်ဗျိုးးးးးးး “

 

ကိုရင် မာဃ ( သိကြားမင်း ကတောင် ) စိတ်မရှည်တော့ဘူး ထင်ပါ့ ။

သည်းခံပါကွယ် ။ ဒီ တစ်ခါက ကိုရင် ဆောရိုး က

” နယူးဇီလန်ပတ် သိန်းဘောအကြောင်း

ကိုယ်တွေ့လေး ရေးပါဗျာ … အဲ့ဘက်လေး တိုးဆွဲချင်လို့ ” ဆိုလို့ ၊

သူ့အတွက် အထောက်အကူဖြစ်အောင် Detail လေး ရေးပေးနေတာပါ ။

 

သင်္ဘော ပေါ်က ဂေါက်ကွင်း / မြက်ခင်းစိမ်း ။

 

သင်္ဘော ပေါ်က ဂေါက်ကွင်း  မြက်ခင်းစိမ်း ။
သင်္ဘော ပေါ်က ဂေါက်ကွင်း မြက်ခင်းစိမ်း ။

 

 

၁ဝ – ၁၂ – ၂၀၁၃ ။

 

ဒီနေ့တော့ နံနက် ၃ နာရီခွဲလောက်ကတည်းက ထပြီး ပြင်ဆင် ၊

၄ နာရီခွဲလောက် မှာ အိမ်က စ ထွက်ပြီး ၊ ၅ နာရီခွဲလောက် မှာ လေဆိပ်မှာ Check In ဝင်ပါတယ် ။

နံနက် ရ နာရီခွဲလောက် မှာ ဆစ်ဒနီ လေဆိပ် ကနေ ထွက်ခွာလာပြီး ၊

နေ့လည် ၁၂ နာရီခွဲလောက် မှာ Auckland လေဆိပ် ကိုရောက်ပါတယ် ။

ဘာ အစားအသောက် ထူးထူးခြားခြား မှ မပါတော့ Custom ကိစ္စကတော့ အေးဆေးပါ ။

 

ထူးခြားတာကတော့ အဘ ကို နယူးဇီလန် Immigration က ၊

အမြဲတမ်း နေထိုင်ခွင့် Permanent Resident Visa ထုပေးလိုက်တာပါဘဲ ။

Resident Visa အမျိုးအစား ကိုမှ ” Holder may remain ” Indefinitely ” ” တဲ့ ။

အဘ က ဩဇီ PR ဖြစ်တဲ့အတွက် နယူးဇီလန် PR ပါ အလိုအလျှောက် ဖြစ်တဲ့သဘောပါ ။

 

လေဆိပ်က ကိစ္စတွေပြီးတော့ ၊ Taxi ငှားပြီး သင်္ဘောဆိပ်ကို ပြေးရပြန်ပါတယ် ။

ထူးခြားတာ တစ်ခုက Auckland မှာ အမျိုးသမီး Taxi Driver တွေ တော်တော် များတာပါဘဲ ။

အဘ တို့ စီးတဲ့ Taxi မေါင်းသမားက ကိုရီးယား အမျိုးသမီး ပါ ။

ကိုရီးယား မှာ မွေးပြီး နယူးဇီလန် ကို ပြောင်းရွှေ့ အခြေချ နေထိုင်သူပါ ၊

အခုတော့ နယူးဇီလန် နိုင်ငံသား ခံယူလိုက်ပါပြီ ။

 

သူ့ကို အခု အဘ ရခဲ့တဲ့ remain ” Indefinitely ” / Resident Visa အကြောင်းပြောတော့ ၊

ဒါဆို မင်းအခု နယူးဇီလန် မှာ အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင် သွားထုတ်လို့ ရပြီတဲ့ ။

 

ဩဇီ PR ဖြစ်တဲ့အတွက် နယူးဇီလန် PR ပါ အလိုအလျှောက် ဖြစ်တဲ့သဘောပါ ။

 

 ဩဇီ PR ဖြစ်တဲ့အတွက် နယူးဇီလန် PR ပါ အလိုအလျှောက် ဖြစ်တဲ့သဘောပါ ။
ဩဇီ PR ဖြစ်တဲ့အတွက် နယူးဇီလန် PR ပါ အလိုအလျှောက် ဖြစ်တဲ့သဘောပါ ။

 

 

လေဆိပ်က Auckland မြို့ တောင်ဘက် အစွန်းမှာရှိပြီး ၊

သင်္ဘောဆိပ် ကတော့ Auckland မြို့ရဲ့ မြောက်ဘက် အစွန်းမှာရှိပါတယ် ။

ဒါကြောင့်  Auckland မြို့ တစ်ခုလုံးကို အားရပါးရ ဖြတ်ကြည့်လိုက်ရပါတယ် ။

Taxi မေါင်းတဲ့သူကလည်း အာရှသား အချင်းချင်း ဆိုတော့ ၊ စိတ်လက်ပေါ့ပါးပြီး ၊

တစ်လမ်းလုံး နယူးဇီလန် နှင့် Auckland မြို့ အကြောင်း အေးအေးဆေးဆေး ရှင်းပြနေပါတယ် ။

 

Taxi မေါင်းချိန် မိနစ် ၄ဝ လောက် အကြာမှာတော့ ၊

အဘတို့ သွားရမဲ့ Princes Wharf ကိုရောက်ပါတယ် ။

Taxi ခ 95 NZ $ ကျပါတယ် ။ Taxi ခ ဈေး မသေးပါ ။

 

အဘ တို့ Taxi ပေါ်က ဆင်းပြီး သင်္ဘော ဂိတ်ဝ ရောက်တာနှင့် ၊

သင်္ဘော ဝန်ထမ်းတွေက Cruise စီးမယ့်သူလားလို့ လာမေး ၊ နှုတ်ဆက်ပြီး ၊

အဘ တို့ရဲ့ Luggage Tags တွေကို စစ်ပြီး Luggage တွေကို ယူသွားပါတယ် ။

 

ပြီးတဲ့နောက် ၊ Terminal ကြီး တစ်ခုထဲမှာ ၊

၁ ။

နယူးဇီလန် Immigration ရဲ့ Departure Form တွေ ဖြည့်ရပါတယ် ။

ပြီးတာ နှင့် နယူးဇီလန် Custom / Immigration Officer တွေ ရှိတဲ့ ၊

နယူးဇီလန် နိုင်ငံ ကနေ အထွက် Departure ဂိတ် ကိုဖြတ်ရပါတယ် ။

 

လွန်ခဲ့တဲ့ ၁ နာရီလောက်ကဘဲ ၊ အဘတို့ နယူးဇီလန် နိုင်ငံ ကို အဝင် Arrival ပြခဲ့တယ် ၊

အခု ချက်ချင်း နယူးဇီလန် နိုင်ငံ ကနေ အထွက် Departure ပြန်လုပ်ရပြန်ပြီ ။

သူတို့ဆီက Computer Network နှင့် Internet Connection တွေ မကောင်းလို့ကတော့ ၊

အဘတို့ ရဲ့ နာမည်တွေ ၊ သူတို့ Network ထဲမှာ ချာလပါတ်ကို ရမ်းနေတော့မှာဘဲ ။

စိတ်ထဲက အဘတို့ ရွှေပြည်ကြီးက Service Provider MPT ကိုတွေးမိပြီး ၊ ပြုံးမိပါသေးတယ် ။

 

၂ ။

သင်္ဘော ရဲ့ ကျန်းမာရေး Declaration Form တွေ ဖြည့်ရပါတယ် ။

ပြီးရင် ဘေးနားက များပြားလှတဲ့ Celebrity Cruise Line ရဲ့ ကောင်တာတစ်ခုကိုသွားပြီး ၊

အဘ တို့ရဲ့ ကျန်းမာရေး Declaration Form ၊ Pass Port ၊ သင်္ဘော လက်မှတ် တို့ကို ပြရပါတယ် ။

အဲဒီ အခါမှာ သူတို့က အဘတို့ကို အဲဒီ ကောင်တာမှာတင် Web Cam နှင့် ဓါတ်ပုံရိုက်ပြီး ၊

အဘ တို့ ခရီးစဉ် တစ်လျှောက်လုံး သုံးရမယ့် ၊

( Sea Pass လို့ သူတို့ ခေါ်တဲ့ ) Card လေး ထုတ်ပေးပါတယ် ။

အဘတို့ ရဲ့ Credit Card ကိုလည်း တောင်းပြီး အဲဒီ Sea Pass Card နှင့် ချိတ်လိုက်ပါတယ် ။

ရှေ့လျှောက် သင်္ဘောပေါ်မှာ ဘာလုပ်လုပ် ၊ ဘာဝယ်ဝယ် ၊

ဒီ Sea Pass Card နှင့်ဘဲ လုပ်ရတော့မှာပါ ။

 

ခရီးစဉ် တစ်လျှောက်လုံး သုံးရမယ့် Sea Pass Card နှင့် International Multi Adapter ။

 

ခရီးစဉ် တစ်လျှောက်လုံး သုံးရမယ့် Sea Pass Card နှင့် International Multi Adapter ။
ခရီးစဉ် တစ်လျှောက်လုံး သုံးရမယ့် Sea Pass Card နှင့် International Multi Adapter ။

 

 

အဲဒီနောက်မှာတော့ ၊ အဘတို့ သင်္ဘောပေါ်ကို တက်လာခဲ့ပါတယ် ။

သင်္ဘောပေါ် အဝင်မှာ Cold Towel & Cold Drink တွေနှင့် ကြိုဆိုပါတယ် ။

လူတွေ စုပြုံကျနေတာဖြစ်တဲ့အတွက် ၊ ကိုယ့်အခန်းကို ကိုယ့်ဖာသာဘဲ သွားလိုက်ပါတယ် ။

 

ဒါပေမယ့် ၊ ကိုယ့်အခန်းရှေ့ က Alleyway မှာတော့ ၊

ခရီးစဉ် တစ်လျှောက်လုံး ကိုယ့် အခန်းကို တာဝန်ကျမယ့် ၊

Senior နှင့် Junior Room Attendant ၂ ယောက် စောင့်နေပါပြီ ။

 

သူတို့ ၂ ယောက်က ၊ အဘတို့ အခန်း ပါတ်ဝန်းကျင်က အခန်း ၂ဝ လောက် ကိုင်ရပုံ ရှိပါတယ် ။

ပုံစံ က ၊ အဘ တို့ Luggage တွေ အပ်လိုက်ကတည်းက ၊ သူတို့ သတင်းရပြီး စောင့်နေပုံဘဲ ။

 

အဲဒီထဲ က ၊ Senior Room Attendant က အဘတို့ကို ၊ Sea Pass Card ကို သုံးပုံ နှင့် ၊

သင်္ဘောပေါ်မှာ ဘယ်နေရာမှာ ဘာ ၊ ဘာဖြစ်ရင် ဘယ်လို လုပ် အကုန် ရှင်းပြပါတယ် ။

အဘ တို့ သိချင်တာတွေ အားလုံးလဲ သူတို့ကို တစ်ခါတည်း အကုန် မေးလိုက်ပါတယ် ။

 

ပြီတော့ သူက သတင်းလွှာ ၃ စောင် ကို ပေးပြီး ရှင်းပြပါတယ် ။

 

သတင်းလွှာ ( ၁ ) ။ သင်္ဘော ရဲ့ အခြေအနေ နှင့် ဒီနေ့ နှင့် မနက်ဖြန် ရဲ့ Activities & Events တွေပါ ။

သတင်းလွှာ ( ၂ ) ။ သင်္ဘော မနက်ဖြန် ဆိုက်ကပ်မယ့် ဒေသ / ဆိပ်ကမ်း ရဲ့ အကြောင်း နှင့် မြေပုံ ပါပါတယ် ။

သတင်းလွှာ ( ၃ ) ။ သင်္ဘော က စီစဉ်ထားတဲ့ Optional / Shore Excursion တွေ နှင့် ဈေးနှုန်း ပါ ။

 

သတင်းလွှာ ( ၃ ) ။ ကတော့ ခရီးစဉ် တစ်ခုလုံးစာ ဖြစ်ပြီး ၊

သတင်းလွှာ ( ၁ ) နှင့် ( ၂ ) ကိုတော့ ၊ နေ့စဉ် လာပို့မှာ ဖြစ်ကြောင်း ပြောပါတယ် ။

 

သတင်းလွှာ ၁ ။ ညနေ ၄ နာရီ ၄၅ မှာ Emergency Drill နှင့် ဘယ်နေ့တွေမှာ Formal Attire ဝတ်ရမယ် ဆိုတာ ရေးထားတယ် ။

 

သတင်းလွှာ ၁ ။ ညနေ ၄ နာရီ ၄၅ မှာ Emergency Drill နှင့် ဘယ်နေ့တွေမှာ Formal Attire ဝတ်ရမယ် ဆိုတာ ရေးထားတယ် ။
သတင်းလွှာ ၁ ။ ညနေ ၄ နာရီ ၄၅ မှာ Emergency Drill နှင့် ဘယ်နေ့တွေမှာ Formal Attire ဝတ်ရမယ် ဆိုတာ ရေးထားတယ် ။

 

 

အဲဒါ နှင့်ပဲ ၊ အဘ တို့လည်း Room Attendant အိန္ဒိယ ကုလားကြီး ထွက်သွားတဲ့အခါ ၊

သတင်းလွှာ ( ၁ ) ထဲက ၊ သင်္ဘော ရဲ့ Bar & Restaurants ၊ Culinary Delights ကို ၊

အရင် ဖတ်ကြည့်ပြီး ၊ အခုမှ နေ့လည် ၁၃၃ဝ ( ၁ နာရီခွဲ ) ပဲရှိသေးတာမို့ ၊

သင်္ဘော ရဲ့ Main Dining Room ဖြစ်တဲ့ Ocean View Cafe မှာ ၊

Buffet Lunch က နေ့လည် ၂ နာရီခွဲ အထိ ကျွေးမွေးတာမို့လို့ ၊

Ocean View Cafe ကို ပြေးပြီး ၊ နေ့လည်စာ နည်းနည်း ဆွဲလိုက်ပါတယ် ။

 

သင်္ဘော ရဲ့ Main Dining Room ဖြစ်တဲ့ Ocean View Cafe မှာ Buffet Lunch ။

 

သင်္ဘော ရဲ့ Main Dining Room ဖြစ်တဲ့ Ocean View Cafe မှာ Buffet Lunch
သင်္ဘော ရဲ့ Main Dining Room ဖြစ်တဲ့ Ocean View Cafe မှာ Buffet Lunch

 

 

နေ့လည်စာ စားပြီးတဲ့ အခါမှာတော့ ၊ ညနေစာကို ဘူဖေး မစားချင်တာမို့လို့ ၊

အလကား စားရတဲ့ ၊ ပိုက်ဆံ ထပ်ပေးစရာ မလိုတဲ့ Specialty Restaurant တွေထဲက ၊

Grand Epernay Restaurant မှာ ညနေ ၆ နာရီမှာ သွားစားဖို့ Booking လုပ်ခဲ့ပြီး ၊

ခရီးပန်းနေတာမို့ ၊ အခန်းပြန်ပြီး ခဏ နားကြပါတယ် ။

 

သင်္ဘောသားတွေ Emergency Life Boat Drill အတွက် Life Boat ကို ပြင်ဆင်နေတာ ။

 

သင်္ဘောသားတွေ Emergency Life Boat Drill အတွက် Life Boat ကို ပြင်ဆင်နေတာ ။
သင်္ဘောသားတွေ Emergency Life Boat Drill အတွက် Life Boat ကို ပြင်ဆင်နေတာ ။

 

 

ညနေ ၄ နာရီ ၄၅ မှာ ခရီးသည် အားလုံးအတွက် Emergency Life Boat Drill လုပ်ပါတယ် ။

ခရီးသည်တွေ အရေးရယ် အကြောင်းရယ်ဖြစ်ရင် ဘာလုပ်ရမယ် ဆိုတာ သင်ပြတာပါ ။

အဘတို့ရဲ့ Sea Pass Card ထဲမှာ ပြထားတဲ့ Muster / Assembly Station C2 ကို သွားရပါတယ် ။

Alleyway ထောင့်တိုင်း ၊ လှေခါး ထောင့်တိုင်းမှာ သင်္ဘောသားတွေက စောင့်နေပြီး ၊

ကိုယ့်ရဲ့ Muster Station C2 ကို အနီးဆုံး ဘယ်လိုသွားရတယ် ဆိုတာကို ညွှန်ပြနေကြပါတယ် ။

 

အဘတို့ရဲ့ Sea Pass Card ထဲမှာ ပြထားတဲ့ Muster / Assembly Station C2 ။

 

အဘတို့ရဲ့ Sea Pass Card ထဲမှာ ပြထားတဲ့ Muster  Assembly Station C2 ် ။
အဘတို့ရဲ့ Sea Pass Card ထဲမှာ ပြထားတဲ့ Muster Assembly Station C2 ် ။

 

 

ကိုယ့်ရဲ့ Muster Station C2 ကိုရောက်တဲ့အခါ လူ / ခရီးသည် စုံမစုံ ကိုစစ်ပြီး ၊

အရေးအကြောင်းဆိုရင် ဘာတွေလုပ်ရမယ် ဆိုတာကို ရှင်းပြပါတယ် ။

 

Emergency Signal ဖြစ်တဲ့ ” 7 Short Blasts follow by 1 Prolong Blast ” ၊

အသံတို ရ ချက် ရဲ့ နောက်က အသံရှည် တစ်ချက် တွဲပြီး တီးပြပါတယ် ။

အခန်းထဲမှာ Life Jacket ထားတဲ့ နေရာ နှင့် Life Jacket ဝတ်ပုံ ဝတ်နည်း ပြပါတယ် ။

 

အဓိက ကတော့ ၊ အဲဒီ အသံကြားရင် ကိုယ့်ရဲ့ Muster Station C2 ကို အမြန်ဆုံး လာစုဖို့ပါဘဲ ။

အဲဒီ Muster Station C2 ကို ရောက်မှ ၊ သင်္ဘော ဘာဖြစ်နေတယ် ၊ ဘာဆက်လုပ်မယ် ကို ၊

သင်္ဘောသား တွေက ရှင်းပြပြီး ၊ ခရီးသည် တွေကို ဦးဆောင် သွားမှာပါ ။

 

စိတ်မကောင်းစရာ တစ်ခု ၊ သတိပြုမိတာက ၊ TV ကနေ ရှင်းပြတဲ့ အခါမှာ ၊

( တရုတ် ဂျပန် ကိုရီးယား အပါအဝင် ) ဘာသာပေါင်း တစ်ဒါဇင် လောက် နှင့် ကြေငြာပေမယ့် ၊

အဲဒီလို  ကြေငြာတဲ့ အထဲမှာ ၊ အိန္ဒိယ / ကုလား လို ရှင်းပြတာ မပါ ပါဘူး ။

လူဦးရည် များတာထက် ၊ ပိုက်ဆံ ချမ်းသာတာက ပိုအရေးပါတာကို ပြတာပေါ့လေ ။

ဒါတောင် ၊ ဒီ သင်္ဘော ပေါ်မှာ ၊ အိန္ဒိယ သင်္ဘောသားတွေ အများကြီး ရှိနေတာနော် ။

 

အခန်းထဲမှာ Life Jacket ထားတဲ့ နေရာ နှင့် Life Jacket ဝတ်ပုံ ဝတ်နည်း ပြပါတယ် ။

 

အခန်းထဲမှာ Life Jacket ထားတဲ့ နေရာ နှင့် Life Jacket ဝတ်ပုံ ဝတ်နည်း ပြပါတယ် ။
အခန်းထဲမှာ Life Jacket ထားတဲ့ နေရာ နှင့် Life Jacket ဝတ်ပုံ ဝတ်နည်း ပြပါတယ် ။

 

 

ညနေ ၆ နာရီမှာတော့ Booking လုပ်ခဲ့တဲ့ Grand Epernay မှာဘဲ ညစာ သွားစားကြပါတယ် ။

သူကတော့ ဘူဖေး မဟုတ်ဘဲ 5 Courses Style Dinner ပါ ။

ဆိုးတာကတော့ ၊ သူတို့က European Standard ဆိုတော့ ၊

5 Courses ဘဲ ဖြစ်ဖြစ် ၊ 3 Courses ဘဲ ဖြစ်ဖြစ် ၊

အဘ တို့ အာရှသားတွေအတွက်ကတော့ အရမ်းများပါတယ် ။

 

ဒီကြားထဲ Cruise ရဲ့ Style အဝ / ကြိုက်သလောက်စား ဖြစ်တဲ့ အတွက် ၊

Entree ဘဲဖြစ်ဖြစ် ၊ Dessert ဘဲဖြစ်ဖြစ် ၊ မဝ လို့ ရှိရင် ထပ်မှာလို့ရပါတယ်တဲ့ ။

( မနောက်ပါနှင့်ကွယ် ၊ ဒီမှာ ဗိုက်ကွဲထွက်တော့မယ့် ဟာကို )

 

ကြုံလို့ ပြောရရင် ၊ Entree ကို အသံထွက်ရင် On Tray လို့ အသံထွက် ရပါတယ် ။

အဲဒီ Entree က တစ်ခါတစ်လေ Starter / Soup / Bread ဖြစ်တတ်ပြီး ၊

တစ်ခါတစ်လေ မှာတော့ Main Dish အကြီးကြီးကို ခေါ်တာ ဖြစ်တတ်ပါတယ် ။

 

ဒီ အမေရိကန် ၊ ဗြိတိသျှ နှင့် ပြင်သစ် တွေ ကွဲချင်တိုင်း ကွဲနေတာပါဘဲ ။

အဘ တို့ကတော့ ဒါတွေ သိပ် ဂရု မစိုက်တော့ပါဘူး ။

Menu စာအုပ်ထဲက ၊ သူတို့ စဉ်ထားတာကြည့်ပြီး မှာလိုက်တာပါဘဲ ။

 

အဲဒီ Restaurant မှာ စားပြီးတော့ Waiter လေးတွေကို Tip Money 10 $ ပေးခဲ့ပါတယ် ။

Main Restaurant မှာ Buffet စားရင်တော့ ဘာ Tip Money မှပေးစရာ မလိုပေမယ့် ၊

အဲဒီလို Specialty Restaurant တွေမှာ စားရင်တော့ Tip Money ပေးသင့်ပါတယ် တဲ့ ။

( ဒါတောင် သင်္ဘော လက်မှတ် ဝယ်ကတည်းက 10 % Gratuity / Tip = 150 $ ဖြတ်ပြီးသားနော် )

 

ညစာ ကိုတော့ Grand Epernay Restaurant မှာဘဲ ညစာ သွားစားကြပါတယ် ။

 

ညစာ ကိုတော့ Grand Epernay Restaurant မှာဘဲ ညစာ သွားစားကြပါတယ် ။
ညစာ ကိုတော့ Grand Epernay Restaurant မှာဘဲ ညစာ သွားစားကြပါတယ် ။

 

 

ည ၈ နာရီမှာတော့ ၊ အဘတို့ရဲ့ M.S. Celebrity Solstice ၊ Cruise သင်္ဘောကြီး ၊

နယူးဇီလန် နိုင်ငံ Auckland ဆိပ်ကမ်းကနေ စတင် ထွက်ခွာပါတယ် ။

ကမာ္ဘ့ တောင်ခြမ်းမှာက နွေရာသီ ဆိုတော့ ည ၉ နာရီလောက်အထိ လင်းနေပါသေးတယ် ။

Auckland ဆိပ်ကမ်း ရဲ့ အလှအပတွေကို ကြည့်ရှု ခံစားပြီးတဲ့ အခါ ၊

ခရီးပန်းနေပြီဆိုတော့ ဒီနေ့အတွက်တော့ ရေမိုးချိုး အနားယူလိုက်ကြပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

ည ၈ နာရီမှာတော့ သင်္ဘောကြီး နယူးဇီလန် နိုင်ငံ Auckland ဆိပ်ကမ်းကနေ ထွက်ခွာပါတယ် ။

 

ည ၈ နာရီမှာတော့ သင်္ဘောကြီး နယူးဇီလန် နိုင်ငံ Auckland ဆိပ်ကမ်းကနေ ထွက်ခွာပါတယ် ။
ည ၈ နာရီမှာတော့ သင်္ဘောကြီး နယူးဇီလန် နိုင်ငံ Auckland ဆိပ်ကမ်းကနေ ထွက်ခွာပါတယ် ။

19 comments

  • မဟာရာဇာ အံစာတုံး

    January 2, 2014 at 1:24 pm

    အမျိုးသမီး တက်ကစီ ဒရိုင်ဘာ ဆိုမှ
    ကျုပ်တို့ မြန်ပြည်မှာလည်း ဒီလိုတွေ ရှိသဗျ ..
    ဒါပေမယ့် ညကျမှ ဦးထုပ်ဆောင်းပီး မောင်းတတ်ကြတာ …
    မသိရင် ယောက်ကျ်ားလိုလို ဘာလိုလိုပေါ့ဗျာ …
    ဒီမှာ ပေါ်တင် မောင်းခွင့် မရှိဘူးလား မသိဘူး ..

    • TNA

      January 2, 2014 at 6:42 pm

      ဟိုနေ့ကအင်တာဗျူးဖတ်လိုက်ရတယ် အခုရန်ကုန်မှာ အမျိုးသမီး တက်ဆီမောင်းသမား ခြောက်ယောက် ရှိသတဲ့။ နေ့ခင်းတွေမောင်းနေပြီတဲ့။

      • padonmar

        January 6, 2014 at 10:54 pm

        အမျိုးသမီး တက်စီ ဒရိုင်ဘာ မောင်းတာ စီးဘူးပါတယ်။ စီးရင်း ဗျူးတော့ လသာမြို့နယ်ထဲမှာနေပါတယ်တဲ့။ကိုယ်ပို်င်ကားပါ။
        မနက်နဲ့ညနေစောင်းတွေ မောင်းပြီး ညဖက်တော့ အငှားချထားပါသတဲ့။
        ကားငှားတော့ အမျိုးသမီးချင်းမို့ ဈေးဆစ်လို့မရပေမယ့် အားပေးတဲ့အနေနဲ့ စီးပါမယ်ဆိုတာ အဲသလို အမျိုးသမီးချင်းမို့ဆိုတဲ့ စိတ်နဲ့တော့ မစီးပါနဲ့တဲ့။သူလည်း ပါစင်ဂျာ ရှာလို့ လွယ်ပါတယ်တဲ့။စိတ်ဓာတ်ကတော့ ခပ်မာမာပဲ။

  • TNA

    January 2, 2014 at 6:33 pm

    အဘရေ ကိုယ်မောင်းတဲ့ သင်္ဘောစီးရတာနဲ့ သူများမောင်းတဲ့ သင်္ဘောစီးရတာ ဘယ်လိုခံစားချက်ချင်းကွာ ပါသလဲ။ ( အင်တာဗျူးခြင်း ) အဘက ဘာသာပြန်တာကို အိန္ဒိယ / ကုလား လို ရှင်းပြတာ မပါ ပါဘူး ဆိုတော့ မြန်မာလိုလဲပါမယ်မထင်ဘူးနော်အဘရေ 😥

    • Foreign Resident

      January 3, 2014 at 7:30 am

      TNA says:
      ” အဘရေ ကိုယ်မောင်းတဲ့ သင်္ဘောစီးရတာနဲ့ သူများမောင်းတဲ့ သင်္ဘောစီးရတာ
      ဘယ်လို ခံစားချက်ချင်း ကွာ ပါသလဲ။ ( အင်တာဗျူးခြင်း ) ”

      သူများ မောင်းတဲ့ သင်္ဘောစီးရတာ ဘာ တာဝန်မှ မရှိတော့ ၊
      လွတ်လပ် ပေါ့ပါး နေ သပေါ့ကွယ် ။

      ဒါပေမယ့် ၊ ကိုယ်တိုင်မောင်းတဲ့ သင်္ဘော မှာလဲ ကောင်းတဲ့ Feeling ရှိပါတယ် ၊
      ပင်လယ်ထဲ သွားနေတဲ့ သင်္ဘော အကြီးကြီး ရဲ့ Bridge ပေါ်ကနေ စီးမိုးကြည့်ပြီး ၊
      ” Over here, I am the Boss ” ဆိုတဲ့ Feeling မျိုးပေါ့ ။

      ” အဘက ဘာသာပြန်တာကို အိန္ဒိယ / ကုလား လို ရှင်းပြတာ မပါ ပါဘူး ဆိုတော့
      မြန်မာလိုလဲပါမယ်မထင်ဘူးနော်အဘရေ 😥 ”

      မြန်မာ လို မပါတာက နားလည်ပေးလို့ ရပါတယ် ။ လူဦးရေ နည်းတာကိုး ။
      အိန္ဒိယ / ကုလား လူဦးရေ က ကမာ္ဘ့ လူဦးရေ ရဲ့ ၅ ပုံ ၁ ပုံ လောက် ရှိနေတာကို ၊
      အိန္ဒိယ / ကုလား ဘာသာ ထည့်ပေးသင့်တာပေါ့ ။

      • padonmar

        January 6, 2014 at 10:59 pm

        အိနိ္ဒယက သင်္ဘောသားမှာ ရှိပေမယ့် ခရီးသည်ထဲမှာ အချိုးမများလို့ပေါ့။
        အိန္ဒိယတိုင်းသားဗီဇက ခပ်ကျစ်ကျစ်နေတတ်တယ်။လူရှေ့မသုံးတတ်ဘူး။

  • sorrow

    January 3, 2014 at 11:34 am

    ဘဖော ဗမာလို အပြည့်အစုံရေးထားပေးလို့ပဲ။ ကျေးကျေးပါ ဘဖောရယ်.. ။ ကွကိုယ်သာဖတ်ရရင်မလွယ် . အဟီး …လေးငါးခါပြန်ဖတ်နေရတယ် ။ သင်္ဘောစရိတ်က သုံးထောင်လောက်ကျတယ် ။ လေယဉ်စရိတ်က ရန်ကုန်ကနေဆိုရင် 1500 -2000 ဝန်းကျင် ဆိုတော့ကာ တစ်ယောက်စာကို သိန်းငါးဆယ်နီးနီးဖြစ်နေပြီ ဘဖောရေ ..။ အမြတ်မတင်ရသေးတဲ့ အရင်းနော်…အဲ့တာ … တော်တော်တော့မလွယ်…အဟီး … ။

    • Foreign Resident

      January 4, 2014 at 8:01 am

      sorrow says:
      ” သင်္ဘောစရိတ်က သုံးထောင်လောက်ကျတယ် ”

      သင်္ဘော လက်မှတ်ခ ချည်းပဲ ဆိုရင်တော့ ၁၆၀ဝ / head ပဲကျတာပါကွယ် ။

      Shore Excursion / Gratuity / Specialty Restaurant ၊
      Beverage Package / Internet / Travel Insurance ၊
      ဒါတွေကတော့ ကိုယ့် ဒေါသ နှင့် ကိုယ် ထပ်ကုန်တာပါ ။

      ဒါပေမယ့် Shore Excursion ၅၀ဝ လောက်မှ ထပ်အကုန် မခံဘူးဆိုရင်လဲ ၊
      ဒီလို Cruise ခရီးစဉ် ထွက်ရတာကလည်း ၊ အဓိပ္ပါယ် မဲ့သွားပေမပေါ့ ။

      ” တစ်ယောက်စာကို သိန်းငါးဆယ်နီးနီးဖြစ်နေပြီ ဘဖောရေ ..။
      အမြတ်မတင်ရသေးတဲ့ အရင်းနော်…အဲ့တာ … တော်တော်တော့မလွယ်…အဟီး ”

      အင်း ၊ P & O တို့ ၊ Star Cruise တို့ဆိုရင်တော့ ဈေးပေါလိမ့်မကွယ် ။
      ဒီ Celebrity Cruise ကိုယ်နှိုက်က နဲနဲ ပို ဈေးကြီးတယ်ကွယ့် ။

      နောက်ပြီး ၊ ကိုရင်တို့ Tour Company အနေနှင့် ဆက်သွယ်ရင် ၊
      အဘတို့ ဝယ်ရတဲ့ဈေးထက် အနဲဆုံး ၅၀ဝ လောက် ထပ်သက်သာပါတယ် ။

      ကိုရင်တို့ အဓိက ကြုံရမှာ ပြဿနာ က ၊ ဩဇီ နှင့် နယူးဇီလန် Visa တွေ ။
      မြန်မာ နိုင်ငံ မှာ ၊ သူဋ္ဌေးကြီးတွေ အများကြီး ရှိနေပေမယ့် ၊
      ဒီလိုမျိုး ဇိမ်ခံ သင်္ဘော Cruise စီးကြတာ မကြားဖူး သလောက်ပဲ ။

      ဘာဖြစ်လို့လဲ ဆိုတော့ ၊ အဲဒီလို Cruise သင်္ဘော တွေက ၊ နိုင်ငံ အစုံကို လျှောက်ပတ်နေတော့ ၊
      မြန်မာ Passport ကိုင်ထားတဲ့သူတွေအတွက် ၊ Visa မှာ ပြဿနာ ရှိနေတယ်လေ ။

  • alinsett

    January 3, 2014 at 11:48 am

    သွားချင်လိုက်တာာာ

    အခုတော့ အဘနဲ့အတူ သွားခွင့်ရနေသလိုပါပဲ

  • KZ

    January 3, 2014 at 11:56 am

    International Multi Adapter ကို ကြိုက်တယ် ဘဖော။
    နို့မို့ ပြန်ရင် ၂ ပေါက်ထိုး ၃ ပေါက်ထိုး မတူတာတွေနဲ့ ဒုက္ခရောက်လွန်းလို့။

    • Foreign Resident

      January 4, 2014 at 8:08 am

      KZ says:
      ” International Multi Adapter ကို ကြိုက်တယ် ဘဖော ”

      အဟင့် ၊ အဲဒီ Multi Adapter က ဒေါ်လှ ၃၅ တောင်ကျသကွဲ့ ။

  • အဘဖောရိုက်ပြသမျှလိုမျိုးပုံတွေက ရုပ်ရှင်တွေထဲမှာပဲရင်းနှီးတာ။
    ကိုယ့်ရွာထဲက လူတစ်ယောက်အခုလိုမျိုးသွားလာလည်ပတ်နိုင်တဲ့ပုံတွေတွေ့ရတာ အပျော်တွေကူးချင်စရာပဲ။

  • ဝင့်ပြုံးမြင့်

    January 4, 2014 at 11:57 pm

    မျှစ်ကြော်တော့ ဒီတစ်သက် ဒီလိုခရီးမျိုး သွားရဖို့ လမ်းမမြင်။ ဒါပေမယ့်လည်း ကိစ္စ မရှိပါဘူးလေ။ မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်းမြစ်ကြီးထဲမှာ လက်ပစ်ကူးပြီး သူရဲကောင်းဘွဲ့ခံယူထားတယ် ဟီး။

    • Foreign Resident

      January 5, 2014 at 8:28 am

      ဝင့်ပြုံးမြင့် says:
      ” မျှစ်ကြော်တော့ ဒီတစ်သက် ဒီလိုခရီးမျိုး သွားရဖို့ လမ်းမမြင် ”

      မ ပြုံး က ကျနော့်ရဲ့ ဥရောပ ခရီးစဉ် တုန်းကလဲ ၊ အဲ့လိုပဲ တစ်ခါပြောခဲ့တယ်နော် ။
      စိတ် မ လျော့ပါနှင့် မ ပြုံးရယ် ၊ ကြိုးစားရင် မဖြစ်နိုင်တာ မရှိပါဘူး ။
      မ ပြုံး က ငယ်သေးလို့ နေမှာပါ ၊ ကျနော့် လို အသက်အရွယ်ရောက်လာရင် ၊
      ကျနော့် လို ဘဲ သုံးစွဲ လာနိုင်ပါလိမ့်မယ် ။

      ” မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်းမြစ်ကြီးထဲမှာ လက်ပစ်ကူးပြီး ”

      လက်ပစ်ကူးနိုင်တဲ့ အစွမ်းအစ ကို ချီးကျူးပါတယ်ဗျာ ။
      ဒါပေမယ့် ၊ အလျားလိုက်လား ၊ ကန့်လန့်လား ဆိုတာ ၊
      သေချာအောင်တော့ လုပ်ရပါလိမ့်မယ် ။
      နို့မို့ရင် ၊ လိုရာဘက်ကမ်း ကို မရောက်မှာ စိုးရတယ် ။

    • kai

      January 5, 2014 at 9:25 am

      ဆရာမ မသီတာ(စမ်းချောင်း)ဆိုရင်လည်း.. အခုလိုအခြေအနေရောက်နေမယ်.. အိပ်မက်မက်ခဲ့မယ်.. မထင်..
      ခုတော့.. ယူအက်စ်..ကမ္ဘာတခွင်.. ဟိုကပတ်လာလိုက်..ဒီကပါတ်သွားလိုက်နဲ့.. ကြည့်မြင်နေသူတောင်မောလှသေး..

      ဆိုတော့…
      ကိုယ့်အလုပ်သာ ယုံကြည်ချက်ထား.. စိုက်လိုက်မတ်တတ်.. တွန်းလုပ်ပါဗျာ..
      လမ်းပေါ်ရောက်နေတယ်.. သေချာပါတယ်..

      အဲဒါဆို.. ဒီလိုခရီးတွေမျိုး.. များလွန်းလို့.. စိတ်ပျက်လိုက်တာပြောယူရတဲ့ နှစ်တွေဖြစ်သွားဦးမယ်..

      စကားအတင်းစပ်..
      အဘဖောလုပ်တာနဲ့.. ခရုသင်္ဘောဈေးတွေ စိတ်ဝင်စားပြီးလိုက်ကြည့်နေတာ.. ယူအက်စ်မှာက.. သိပ်ဈေးမကြီးဘူးဗျ…
      ကနေဒါ.. မက်ဟီကို..ကာရစ်ဘီယန်..အစုံပဲ..
      ဒေါ်လှ ၁၀၀၀ဝန်းကျင်တွေချည်း…
      အဲဒီ တိုးရစ်ဇင်လုပ်မယ်လေ…။ မြန်မာပြည်ကနေ အလည်ခရီး…။ သူဌေးတွေများ.. စိတ်ဝင်စားကြသလား/မလားလို့… :mrgreen:
      http://www.cruisesonly.com/
      http://disneycruise.disney.go.com/reservations/customize?execution=e1s3

    • Foreign Resident

      January 5, 2014 at 12:10 pm

      ” ဒေါ်လှ ၁၀၀ဝ ဝန်းကျင်တွေချည်း ”

      အင်း Cruise တွေကလည်း သူ့ အဆင့် / သူ့ ဈေး နှင့် သူ ပေကိုးဗျ ။

      အင်း သူကြီးရဲ့ –http://www.cruisesonly.com– လေးလဲ မဆိုးပါဘူး ။
      ကျနော်တို့ စီးခဲ့တဲ့ NZ Cruise ခရီးစဉ် ကို ၁၃၀ဝ ပါတ်ချာ ပြထားတယ် ။
      ဩဇီ ဒေါ်လာ ပြန်ပြောင်းဖို့က 1.1 လောက်နှင့် ထပ်မြှောက်ရမှာဆိုတော့ ၊
      ဩဇီ မှာဝယ်တဲ့ ၁၅၀ဝ ထက်စာရင် အကြမ်းဖျင်း ဒေါ်လှ ၁၀ဝ လောက်တော့ သက်သာမယ် ။

      ဒါပေမယ့် ဩဇီ ကလူက ၊ ဩဇီ မှာဝယ်တာဘဲ ကောင်းပါတယ်ဗျာ ။
      နို့မို့ရင် ၊ ဆက်သွယ်ရတာ နှင့် Claim လုပ်ရရင် နဲနဲ ပြဿနာ ရှိတယ် ။
      ဒေါ်လှ ၁၀ဝ လောက်လေးနှင့်တော့ ဩဇီ က ကုမ္ပဏီ ကိုဘဲ အားပေးတော့မယ် ။
      မျိုးချစ်စိတ် / နိုင်ငံချစ်စိတ် / ဒေသချစ်စိတ် လို့ဘဲ ပြောရတော့မှာပေါ့ ။

  • Mr. MarGa

    January 6, 2014 at 1:16 pm

    အင်…..အနော့်နာမည်က ဘယ်လိုလုပ် ထိပ်ဆုံးရောက်သွားတာတုံး… :loll:
    ဒေါ်လှ (၇၀) ကုန်တာ တန်တယ်မလားဗျ။
    အခု နယူးဇီလန် PR လဲ ဖြစ်သွားပြီပဲဟာ……
    ဟိုအထဲက international multi adapter ကိုတော့ သဘောကျပါအိ (ကျနော်တို့ဆီနဲ့ အတော်ကိုက်တာကိုး)
    ဒင်နာ အတွက်ကို booking လုပ်ခဲ့တာ ဆိုတော့
    တစ်ဆက်ထဲ ဝင်စားတာနဲ့ ဘာကွာလို့လဲဟင်

  • padonmar

    January 6, 2014 at 11:03 pm

    အဲဒီ international multi adapter ကို ဒီမှာဝယ်ရင် ရသလိုပဲ။
    ဘယ်ကဝယ်လာတာလဲသေချာပြန်မေးပြီးမှ ပြန်မန့်ပေးမယ်။

    • Foreign Resident

      January 8, 2014 at 6:38 am

      Thank You, Ma Padonmar.

Leave a Reply