အသစ်မို့ တကယ်ကောင်းမှာလား…

နွေဦးJanuary 2, 20141min22614

ငယ်ငယ်တုန်းက ကျောင်းတက်ရရင် ပျော်နေတာဘဲ..

အတန်းသစ်တက်ရတော့မယ်ဆို ရင်တွေတောင်တုန်ခဲ့ရတယ်..

ကျောက်တံ အသစ်ရမယ်ဆို ပျော်လိုက်တာ..

ကျောက်တံ အဟောင်းတုုံးတုံး ကြီးကို မလိုချင်တော့ဘူး…

ကျောက်သင်ပုန်း အသစ်ရမယ်ဆိုလဲပျော်တာတွေ ဘယ်ထားရမှန်းမသိအောင်ဘဲ..

ကျောက်သင်ပုန်းအဟောင်း ဘောင်ပြုတ်နေတာ မလိုချင်တော့ဘူး..

အတန်းသစ်တက်ရမှာမို့ အင်္ကျီ အသစ်လေးဝတ်ရတယ်…

ခတ်ကြွားကြွားလေးပေါ့..

 

အတန်းနဲနဲ ကြီးလာတော့

ကျောက်တံ ကျောက်သင်ပုန်းအစား

ခဲတံ စာအုပ်တွေ အသစ် ကိုင်လာရတယ်…

အဲဒီ့နောက် ဖောင်တိန်..

ပြီးတော့ ဘောပင် တခေတ်ပြောင်းတော့…..

အသစ်ပြောင်းတိုင်းအသစ်ပြောင်းလို့ စိတ်ချမ်းသာခဲ့ ပျော်ခဲ့ရတယ်..

လူတိုင်း အသစ်တွေနဲ့ ပျော်ခဲ့စိတ်ချမ်းသာခဲ့ကြဘူးတယ်မလား…

 

ဒီတော့ အသစ်ဆိုရင် ကောင်းမှာဘဲလို့ ..

မျှော်လင့်ပြီး အတင်းတောင်းကြတာ..

 

 

ခုတော့..

အသစ်တွေနဲ့ မပျော်နိုင်ကြတော့ဘူးမလား..

အသစ်တွေကြောင့် ဘယ်လောက်စိတ်ညစ်နေကြလည်း..

 

ဟော..

အသစ်တွေဆိုပြီး ဝင်လာတဲ့ ကားသစ်တွေကြောင့်

ယာဉ်ကြောပိတ်ပြီး ခရီးမတွင်ကြလို့ စိတ်ညစ်ရပြီ…

 

ဟော..

အသစ်တွေဆိုပြီးထုတ်လိုက်တဲ့ ဖုန်းလိုင်းတွေကြောင့်

ခေါ်မကြားအော်မကြားနဲ့ လူကြီးမင်းဖြစ်ရလို့ စိတ်ညစ်ရပြီ..

 

ဟော..

အသစ်ဆိုပြီးတက်လာတဲ့ အစိုးရကြောင့်

…………………………………………..စိတ်ညစ်ရပြီ..

 

ဟော..

အသစ်ဆိုပြီး ပြင်ရေးလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်

…………………………………………….စိတ်ညစ်ရပြီ..

 

ဒီကြားထဲ…

နှစ်သစ်ဆိုပြီး

ကဲလိုက်ကြ

ကမြင်းလိုက်ကြလို့

ဆူညံ ပွက်လောရိုက်

သေကြ ကြေကြ  နဲ့

ဆေးရုံမှာ စည်စည်ကားကားဗျာ….

 

အသစ်ဆိုတိုင်း တကယ်ကောင်းချင်မှ ကောင်းတာဗျ…

 

(ချွင်းခြက်…ဟို ပန်းချီကား အသစ် ဝယ်ချိတ်ကြမဲ့ သူတွေမပါ..သူတို့က အတွေ့ကြုံအသစ်နဲ့ ပျော်နေကြမှာ..)

 

နွေဦး အတွေး..

14 comments

  • မဟာရာဇာ အံစာတုံး

    January 2, 2014 at 2:42 pm

    ချွင်းချက်လေး ပါလာလို့နော် .. ဟင်းးး
    :mrgreen:
    လူတွေ ကလေးဘွ ပြန်တောင့်တာဂျဒါလည်း ဒါတွေလည်း ပါမယ် ထင်တာဗျဲ ..
    ကလေးဘွ အသစ် ရဘီဆို ပျော်နေဒါဘဲ …
    လူဂျီးဘွရောက်မှ အသစ် ရဘီဆို ဟိုလိုလို ဒီလိုလို နဲ့ မပျော်ရဒေါ့ဘူး …
    ဟုတ်ဒယ် မဟုတ်လားငင်င် .. ဟီးးးဟီးးး

    • နွေဦး

      January 2, 2014 at 3:05 pm

      အသက်ကြီးလာလေ ပြန်ငယ်ချင်လာလေဘဲ..
      ဒါ့ကြောင့် သူငယ်တန်းကျောင်းသားဘဝထိ ပြန်တွေးလိုက်တာ…

  • nozomi

    January 2, 2014 at 3:48 pm

    တခြားတော့ မသိ
    မိန်းမ ကတော့
    ဟောင်း လေ ကောင်း လေ ပါပဲ

    (အသစ်ဆိုရင် နားလည်မှု၊သံယောဇဉ်..ဆိုတာတွေ ပြန်တည်ဆောက်နေရဦးမှာ)

    • နွေဦး

      January 3, 2014 at 9:58 am

      ယောက်ျားအဟောင်းတွေလည်း တန်ဖိုးမသေးပါဘူးနော်..
      ဟောင်းလာလေ တန်ဖိုးကြီးလာလေမို့ အဖိုးကြီးလို့အခေါ်ခံရတာဗျ…

  • KZ

    January 2, 2014 at 4:00 pm

    ကောင်းတာမကောင်းတာမှာ
    အသစ်အဟောင်းနဲ့ မဆိုင်ဘူးနော့။

    အကြိုက်နဲ့ဆိုင်တယ်။
    ဟိ။ :mrgreenn:
    ဘယ်လောက်ဟောင်းဟောင်း ကြိုက်ရင် ကောင်းနေဆဲပဲ။
    မကြိုက်လို့ကတော့ ဘယ်အသစ်မှ ပါကင်မဖောက်။
    ခွိခွိခွိ

    😀

    အသစ်ယောင်ဆောင်ထားတဲ့ လူဟောင်းအစိုးရကိုတော့ စာရင်းထဲကို မပါတာ။

    • TNA

      January 2, 2014 at 4:15 pm

      ချွေးမွလေးကိုထောက်ခံပါတယ်။ အသစ်ယောင်ဆောင်တဲ့လူဟောင်းအစိုးရကိုတော့ အသစ်လို့မပြောပါနဲ့ ကိုနွေဦးရယ်။ ရင်နာလွန်းလို့။ ဟိုအရင်ဘဝတုန်းကငါလူဆိုးလို့တရားဝင်ကြေငြာပြီးအနိုင်ကျင့်တယ်။ ခံသာသေးတယ်။ အခုတော့ လူမပြောင်းပဲ ငါလူကောင်းလို့လိမ်ညာပြီး အနိုင်ကျင့်တယ်။ တကယ့်အသစ် စစ်စစ်ပဲလိုချင်မိတော့တယ်။ :byee:

      • နွေဦး

        January 3, 2014 at 10:03 am

        အဲဒါပေါ့ဗျာ…
        အဟုတ်မပြောင်းနိုင်သေးတာက
        အဟောင်းမပြုတ်သေးဘဲကိုး….

    • နွေဦး

      January 3, 2014 at 10:06 am

      ပထမစဉ်းစားရမှာက
      ကောင်းလို့ကြိုက်တာလား…
      ကြိုက်လို့ ကောင်းတာလား…
      ဗမာစကားရှိတယ်လေ..
      ရှမ်းကြိုက် နွားချော..တဲ့..

  • Shwe Ei

    January 2, 2014 at 4:50 pm

    နည်းပညာပစ္စည်းအသစ်တေပေါ်လာတိုင်း ငမ်းရတာအမော

    မဝယ်နိုင်လို့သာနေရတယ်….ပဆံလေးနဲနဲရှိရင် အိုက်ဘက် မျက်စောင်းထိုးမိပြန်ရော

    ပီးရင် မစားရက်မသောက်ရက် အချိန်တန်ရင် ဟောင်းသွားမဲ့ အသစ်အသစ်တွေကို ဝယ်မိပြန်ရော

    လူဒွေအားလုံး အိုက်ဂလိုဘဲ အသစ်တွေကို တောင့်တရင်း ဟောင်းနွမ်းပျက်စီးလာကျတာဘဲမှုတ်ဖူးလားခီညော် 😛

    • နွေဦး

      January 3, 2014 at 10:14 am

      အင်း..ဟိုသီချင်းလေးသွားသတိရမိတယ်ဗျာ…
      မစ် ဝီစကီ..တဲ့
      ဘာတဲ့ “အဟောင်းပစ်လို့ အသစ်ရှာကြ မေတ္တာမမျှပြီ..
      တခစ်ခစ် ရီစရာ ဤကမာ္ဘ မှာ မစ်ဝီစကီ..”ဆိုလား…
      အရက်ကြတော့ ဟောင်းလေကောင်းလေဗျ..
      18 years Old ဆိုလား..

  • alinsett

    January 2, 2014 at 5:57 pm

    အသစ်ဘဝမှာပဲ ကောင်းတာကတော့ နှစ်မျိုးရှိတယ်တဲ့။
    ဖျာနဲ့ မိန်းမ တဲ့

    စကားပုံလေး ဖတ်ဖူးတာ ပါ
    အဟိ
    🙂

    ဦးနွေကြီး မတွေ ့တာ ကြာလို့ လွမ်းနေတာဗျ

    • နွေဦး

      January 3, 2014 at 10:19 am

      အသက်ကြီးလာတော့ ဘယ်အရာမဆို အကောင်းမမြင်တော့ဘူးဗျ..
      ဒီတော့ ဘာရေးရေး အကောင်းဘက်ကကြည့်ပြီးမရေးတတ်တော့ဘူး..
      ဘာမဆို မကောင်းတာတွေချည်း တွေးနေ ရေးနေရင်
      ဖတ်တဲ့သူတွေ မကောင်းမြင် ဝါဒီတွေဖြစ်ကုန်ရင်
      ကျုပ်ပယောဂ မကင်းဘူးဖြစ်လိမ့်မယ်..
      ဒါ့ကြောင့် အင်မတန်မခံစားနိုင်လောက်တဲ့အခါမှ
      တခါတခါ ထပေါက်ကွဲရတာမို့..
      ရွာထဲ ခဏခဏ မရောက်တာပါဗျာ..

  • padonmar

    January 3, 2014 at 11:19 pm

    အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည်ပါခင်ရယ်တဲ့။
    လူတွေစိတ်ကလည်း လက်ဟောင်းလေးမှ ကောင်းတယ်ထင်တတ်ကြတာရှိပါတယ်။
    ကို်ယ်နဲ့ အသားကျနေတာကနေ ပြောင်းကြည့်လို့ နည်းနည်းလေး ကသိကအောင့်ဖြစ်တာနဲ့ အသစ်မကောင်းဘူးလို့ အော်တတ်ကြတာတွေလည်း ရှိတော့….

  • အသစ်ဆို ပစ္စည်းပဲကောင်းမှာပါ။
    လူကတော့ နေရာသစ်ရောက်လဲ လူဟောင်းတွေနဲ့အိုကေပါ့မလားပူရ။
    အလုပ်သစ်၊လူမှုဝန်းကျင်သစ်၊အားလုံးအတူတူပဲ။

Leave a Reply