အရောင်ရင့်မှတ်တမ်း ဇန်နဝါရီ ၂၀၁၄

kaiJanuary 3, 20148min31030

သစ်ထူးလွင် သတင်းစုစည်းမှု

Myanmar CNN News

အခြေခံဥပဒေပြင်ရေး မှာ ပြည်သူတွေ ပါဝင် ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် များ ဆွေးနွေးပွဲ ဒီလ ၂ဝ ရက်နေ့စမည်

ကျဆုံးနိုင်ငံရေး အကျဉ်းသားတွေ အတွက် အစိုးရ တောင်းပန်ဖို့ ဦးကိုကိုကြီး ပြော

အကျဉ်းသားတွေ ကို ပြစ်ဒဏ်လျှော့ပေးဖို့ အစိုးရ ကြေညာ

ရဲတပ်သား သတ်ဖြတ်ခံရမှု ဖမ်းဆီးစစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြော

အခြေခံဥပဒေပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန် ထုတ်ဖော်ပြောဆို

ဖြစ်နိုင်တာထက် အလွန်အကျွံ မတောင်းဆိုကြဖို့ သမ္မတ သတိပေး

ကျခံဆဲပြစ်ဒဏ် ၄ပုံ၁ပုံ လျှော့ပေါ့ လွတ်ငြိမ်းခွင့် ကြေညာ

မြန်မာ့သန်းခေါင်စာရင်းကောက်ယူေရး တိုင်းရင်းသားတပ်ဖွဲ့များ လက်တွဲမှုလိုအပ်ဟု ဝန်ကြီးဦးခင်ရီပြော

လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစား တရားစီရင်ရေးမဏ္ဍိုင်မှန်ကန်စွာ ဆောင်ရွက်သင့်ဟုဆိ

မြန်မာ အလုပ်သမား ရှားပါးမှုပြဿနာ ထိုင်း စတင်ကြုံတွေ့

တသက်တာ စာပေဆုရှင် စာရေးဆရာမကြီး ခင်ဆွေဦးနှင့် တွေ့ဆုုံခြင်း

အာဇာနည်ကုန်း ဗုံးကွဲမှု အထိမ်းအမှတ် ဆောက်လုပ်ရန် စီစဉ်

ကယား ဒေသခံများ လျှပ်စစ်မီး သုံးခွင့်မရသေး

လွတ်လပ်ရေးနေ့အကြို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သမ္မတ ထပ်မံ ထုတ်ပြန်

ရွှေ့ပြောင်းမြန်မာတွေရဲ့ နှစ်ကူးပွဲတော်

နှစ်သစ်ကူးနေ့သည် စည်းလုံးညီညွှတ်မှုနေ့ဟု ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ပြောကြား

ထိုင်းနှစ်သစ်ကူး ၅ ရက်တာကာလအတွင်း လူ ၃၃၄ သေဆုံးခဲ့

ရိုုးရာဓလေ့ဖြင့် လိင်အကြမ်းဖက်မှုဖြေရှင်းနည်း အမျိုးသမီးနစ်နာ

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲ အစိုးရတပ်အရာရှိ ၂ ဦးကျဆုံး

ဘေရွတ် ဗုံးကွဲမှု လူ ၅ ဦးထက် မနည်း သေဆုံး

နိုင်ငံခြားရေး ဝန်ကြီးကယ်ရီ အစ္စရေး ထပ်မံရောက်ရှိ

ဝီဂါအကျဉ်းသားတွေ လွှတ်ပေးမှု တရုတ်ဝေဖန်  

အန္တာတိကမှာ ပိတ်မိနေသူတွေကို ကယ်တင်ပြီး

တရုတ်လေယာဉ်တင် သင်္ဘောစမ်းသပ်လေ့ကျင့်မှုတွေ အောင်မြင် ပြီးဆုံး

 

Policeman beaten to death by Bengalis in Myanmar

Myanmar to privatise railways soon

ASEAN panel on investment to meet in Myanmar

Burma commutes death sentences jail terms

Myanmar pardons inmates to mark independence day

BurmaMyanmar Amnesty does not free all political detainees

Myanmar picks first Miss Universe hopeful in half century

Journalist criticizes police over assault probe delay

Myanmars Leader Backs Change to Constitution

Journal breached ethics says Information Ministry

Burma President Supports Changing Army-Drafted Constitution

Users’ groups help to preserve forests strengthen democracy

Myanmar’s economy Reality check

Filling the Education Void

ACHC report says Myitsone dam is environmentally friendly

Prevention rather than cure

Myanmar commutes death sentences…

MP links opium crop rise to big construction projects

 

30 comments

  • kai

    January 3, 2014 at 4:28 pm

    ၂၀၁၁ ခုနှစ်အတွင်းက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ပြည်သူလူထု၏ တောင်းဆိုသံများ ကျယ်ပြန့်စွာ ထွက်ပေါ်လာချိန်၌ ၂၀၁၁ ခုနှစ် ဩဂုတ် ၁၁ ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က

    “ဧရာဝတီအတွက် ပန်ကြားချက်” ဟူ၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ယတိပြတ်ပြောဆိုခဲ့ခြင်း မရှိဘဲ “အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတ ဖြစ်ရေးကို ရှေးရှုလျက် သက်ဆိုင်သူအားလုံးတို့က မြစ်ဆုံစီမံချက်အား ပြန်လည်သုံးသပ်ကာ မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားလျက် ဧရာဝတီမြစ်ကို ကာကွယ်လိုသူအားလုံး စိုးရိမ်စိတ်များ ဖြေဖျောက်နိုင်မည့် အဖြေတစ်ရပ်ကို ပူးပေါင်းရှာဖွေရန် တိုက်တွန်းကြောင်း”

    ပြောကြားခဲ့သည်။

    ထိုအချိန်က ပြောကြားမှု၌ ယတိပြတ် ပြောကြားခြင်း မရှိသော်လည်း လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီက မဲအများဆုံး အနိုင်ရပြီး သမ္မတဖြစ်ရန် လက်ရှိရေပန်းစားနေချိန် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် သဘောထားကို ယတိပြတ် ပြောဆိုရန် လိုအပ်မည်ဖြစ်သည်။

    “မြစ်ဆုံကိစ္စက လက်ပံတောင်းတောင် ကိစ္စလို မဟုတ်ဘူး။ ညှိနှိုင်းစရာ မလိုတဲ့ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။ မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲ ဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ လုပ်မလား၊ မလုပ်ဘူးလား နှစ်ခုကိုပဲ ပြောစေချင်တယ်။ အရင်အစိုးရဟာ မြစ်ဆုံဆည်ဆောက်ဖို့ လုပ်ခဲ့တဲ့အတွက် သမိုင်းတရားခံ ဖြစ်ခဲ့တယ်။ အခုအစိုးရကတော့ မြစ်ဆုံဆည် တည်ဆောက်တာကို ရပ်ဆိုင်းခဲ့လို့ သမိုင်းတရားခံအဖြစ်က လွတ်ခဲ့တယ်။ နောင်လာမယ့် အစိုးရက ဒါကိုဆက်လုပ်ရင် သမိုင်းတရားခံ ဖြစ်သွားမှာပဲ”

    ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။ – See more at: http://news-eleven.com

    • kai

      January 3, 2014 at 4:38 pm

      မြန်မာ့မီဒီယာရဲ့ဦးဆောင်သူတဦးအနေနဲ့ .. ပြောထည့်လိုက်တာမှာ.. “သမိုင်းတရားခံ”လို့ထည့်သုံးထားသမို့.. မြစ်ဆုံကိစ္စကို.. တိုင်းပြည်အတွက်.. မကောင်းတာတွေဖြစ်မယ်… အဲဒီအတွက်တရားခံဖြစ်မယ်ဆိုတဲ့.. ဦးဆောင်ရည်ညွှန်းကြီးဖြစ်နေတယ်..။

      ကျုပ်အမြင်အရတော့.. မြစ်ဆုံကိစ္စဆက်လုပ်သင့်..မသင့်ကို.. လွတ်လပ်တဲ့တတိယနိုင်ငံတခုခုက… ဝင်ပြီးစိစစ်သင့်တယ်ထင်မိတယ်..
      ကျုပ်သဘောအရတော့.. မြစ်ဆုံစီမံကိန်းကိစ္စဟာ..မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့.. ဧရာဝတီကိုကယ်တင်ဖို့.. ရေချိုတွေကိုထိမ်းသိမ်းဖို့အတွက်.. မြန်မာပြည်အတွက်… လိုအပ်တယ်လို့ယူဆပါတယ်..။ စိနပြည်မှလုပ်ရမယ်မဟုတ်.. နို်င်ငံခြားတိုင်းပြည်တွေကို.. တင်ဒါပြန်ခေါ်ပြီး… တင်ဒါအောင်သူကို.. လုပ်ခိုင်းနိုင်ရင်တော့အကောင်းဆုံးထင်မိတယ်..။
      ဖွံ့ဖြိုးရေးအတွက်.. အခြေအနေပေးလျှက်နဲ့.. မလုပ်ခဲ့သူအစိုးရဟာ.. သမိုင်းတရားခံပဲ..။ :mrgreen:

  • alinsett

    January 3, 2014 at 5:45 pm

    ဒါတွေ မြင် ရ ကြားရ
    မောတာပဲသိဒယ်ကွယ်

  • kai

    January 3, 2014 at 6:02 pm


    People from Indonesian Muslim hardline groups hold a banner and placards during a protest near the Burmese Embassy in Jakarta on May 3, 2013. (Photo: Reuters)

    • Foreign Resident

      January 4, 2014 at 6:34 am

      မြင်ရသလောက် ကတော့ ၊
      Face Book ထဲမှာတော့ ဗမာ ၉၆၉ တွေက ကုလားတွေကို ၊
      ဘာလုပ်ပစ်လိုက်မယ် ညာလုပ်ပစ်လိုက်မယ် လို့ အမြဲ ကြိမ်ဝါး နေကြတာဘဲ ။

      အပြင်မှာ ၊ လက်တွေ့ ကတော့ ၊
      အခု ရက်ပိုင်း မလေးရှားမှာ ရော ၊ ယိုးဒယားမှာပါ ၊ တစ်ပါတ် ကို ၊
      အနဲဆုံး မြန်မာ တစ်ယောက် အသတ်ခံနေရတာတွေဘဲ ၊ အမြဲ ကြားနေရတယ် ။

      ဒီ ကိစ္စ / ပြဿနာ တွေကို ၊ ရှေ့ဆက် ဘယ်လိုလုပ်ကြမှာတုန်း ။

    • ဒီပုံတွေကတော့ တွစ်တာမှာမမြင်ချင်တစ်ဆုံး
      ထိုင်းနိုင်ငံတောင်ပိုင်းကရက်စက်မှုတွေဆို ကြည့်ရက်စရာမရှိလို့ follow မိတာတောင်ပြန်ဖျက်ရမလိုဖြစ်နေတယ်။

  • TNA

    January 3, 2014 at 6:58 pm

    ဆီးဂိမ်းမှာ တရုတ်အကူအညီယူလိုက်ကတဲက မြစ်ဆုံကိုပြန်တောင်းတော့မယ်ဆိုတာခန့်မှန်းမိသား။ အဲဒါပြောတော့လဲ ဆီးဂိမ်းကြီးခမ်းခမ်းနားနားဖြစ်သွားတာကို အဆိုးမြင်တဲ့ မြန်တျန့်မဟုတ်ဘူးအပြောခံ ရသေး ဟေးဟေး။ အခုတော့ဘာမှမတတ်နိုင်ဒေါ့ဘူးကွယ်။ ဒီအစိုးရသိသိကြီးနဲ့လုပ်တာပဲဖြစ်မယ်။ မသိဘူး ငြင်းလို့ကတော့ ဒင်းတို့ လူယုတ်မာတွေ။ ဒေါ်စုကတော့ သူဘာလုပ်မယ်ဆိုတာဘယ်သူမှ မမှန်း နိုင်ပါဘူး။ လုပ်ပြီးမှသာ အော် သူဒီလိုလုပ်လိုက်တာပါလားလို့ သူဒါကိုရည်ရွယ်တာပါလားလို့ အဖြေထွက်တာချည်းမို့ စောင့်ကြည့်လိုက်ပါအုံးမယ်။ သူဟာ ဘယ်တော့မှ သူဘာလုပ်မယ်ဆိုတာ အရင်ချပြလေ့မှမရှိတာ။ လုပ်ပြီးရင်တော့ အကျိုးရှိတာချည်းပဲမို့ ဒီတခါလဲယုံကြည်စွာစောင့်ကြည့်လိုက်ပါ အုံးမယ်။ သူတောင်မှမတတ်နိုင်တော့ရင်တော့ ဒီအစိုးရအပေါ်မှာဝတ်ကြွေးမကုန်သေးဘူးလို့မှတ်ပြီး ဒီနိုင်ငံမှပဲ ဝတ်ရှိသမျှအကုန်ဆပ်ရုံပေါ့။

  • Foreign Resident

    January 4, 2014 at 6:45 am

    မြစ်ဆုံကို ဆက် မလုပ်စေချင်ရင် ၊
    အစိုးရ / ပြည်သူတွေ က တရုတ်ကြီးကို ၊
    လျှော်ကြေး 2 Billion $ လျှော်ပေးလိုက်ပေါ့ ။

    အဲဒီလိုဘဲ ၊
    လက်ပန်တောင်း ကိုလည်း ဆက် မလုပ်စေချင်ရင် ၊
    အစိုးရ / ပြည်သူတွေ က တရုတ်ကြီးကို ၊
    လျှော်ကြေး နောက်ထပ် 2 Billion $ လျှော်ပေးလိုက်ပေါ့ ။

    အခုဘဲ ၊ ဝမ်ပေါင် ကုမ္ပဏီ က အထွေထွေ မန်နေဂျာ က ၊
    ဒီလိုသာ ဆက်ဖြစ်နေရင် သူတို့ဆက်ပြီး သည်းခံနေတော့မှာ မဟုတ်ဘူးလို့ ၊
    ကြိမ်းဝါး နေသံကြားရတယ် ။

    အခုတောင် ၊ KIA ရဲ့ ( တရုတ်ကြီး ဆီကဝယ်တယ်လို့ ထင်ရတဲ့ ) ၊
    မိုင် ချီပြီး ပစ်နိုင်တဲ့ စနိုက်ပါ ရိုင်ဖယ် တွေ ကြောင့် ၊ စစ်ပွဲတွေမှာ ၊
    ဗမာ စစ်သားတွေ တော်တော် အကျအဆုံး ရှိတယ်လို့ ကြားရတယ် ။

  • kai

    January 4, 2014 at 8:30 am

    မြန်မာ အလုပ်သမား ရှားပါးမှုပြဿနာ ထိုင်း စတင်ကြုံတွေ့
    သန်းထိုက်ဦး| January 3, 2014 | Hits:1,341
    ထိုင်းနိုင်ငံ စမွတ်ဆခွန်ခရိုင် မဟာချိုင်မြို့နယ် အတွင်း အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ၄ နှစ် ဗီဇာသက်တမ်း ကုန် ဆုံးမည့် ပြဿနာ ရှိနေခြင်းကြောင့် အလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင်ရမည်ကို ထိုင်း စီးပွားရေး လုပ်ငန်းရှင်တချို့က စိုးရိမ်နေကြသည်။

    “ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ဒီကိစ္စကို မဖြေရှင်း ရသေးဘူး၊ ဒါကြောင့် စက်မှုလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပြီ”ဟု စမွတ်ဆခွန်ခရိုင် အလုပ်သမားရေးရာ အကြီးအကဲ တဦးဖြစ်သည့် နိုင်စူဝမ်းဒွမ်းတာက ပြောဆိုသည်။
    ..
    ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူများ ပြောကြားချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်းခန့်ရှိပြီး ၁ သန်း ရ သိန်းနီးပါးကို နိုင်ငံသား စိစစ်မှုများ လုပ်ဆောင်၍ တရားဝင် ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးထားကြောင်း၊ ယင်းတို့အထဲမှ ဗီဇာသက်တမ်း ၄ နှစ် ကျော်လွန်နေသော မြန်မာ အလုပ်သမား ၄ သိန်းခန့် ရှိကြောင်း သိရသည်။

    • kai

      January 5, 2014 at 10:41 am

      မေးချင်တာက.. မြန်မာပြည်မယ်.. ကမ္ဘာ့လုပ်ငန်းကြီးတွေဝင်လာရင်.. အလုပ်သမားရှိပါသလားဆိုတဲ့.. မေးခွန်းပါ..။
      ကျွမ်းကျင်အလုပ်သမားရှိသလား.. အဲ.. မကျွမ်းကျင်ရော.. ရှိပါသလား… လို့..။

      အင်္ဂလိပ်ခေတ်ကတော့.. မြန်မာပြည်မယ်.. အလုပ်သမား..လယ်သမားမရှိလို့.. အိနိ္ဒယက..ကုလားတွေတင်သွင်းခဲ့ဖူးတယ်..။
      ရန်ကုန်ဆို.. အိန္ဒိယမြို့ကြီးလိုဖြစ်တာပေါ့..။ ကုလားစကားမှမတတ်ရင်.. မြို့ထဲသွားလို့မရပေါ့..။

      ဒီလိုအဖြစ်မျိုးက.. တိုင်းပြည်တိုးတက်တာနဲ့.. ဒီလို၂၁ရာစုခေတ်မှာ.. ထိမ်းမရပါဘူး..။
      ထိမ်းမရတဲ့လူဝင်ရောက်စီးဆင်းလာမှုကို.. စနစ်တကျဖြစ်အောင်လုပ်ပြီး.. သုံးတတ်ဖို့တော့လိုမယ်..
      ဆိုတော့…
      ဒေါ်လာ၂သိန်းအထက်ပါသူများ..မြန်မာနိုင်ငံသားပေးရေး.. ဒို့အရေး… ရယ်လို့..။ :mrgreen:

    • kai

      January 5, 2014 at 1:54 pm

      Yangon Media Group
      လူကိုလူလို မဆက်ဆံနိုင်သရွေ့ နိုင်ငံခြားရောက် ပညာရှင် များ ပြည်တော်ပြန် လာဖို့ မရှိနိုင်ဟုဆို ========================================= နိုင်နိုင်ဇော် ========================================= ရန်ကုန် ။ ။ နိုင်ငံတည်ဆောက်ရေးတွင် အထောက်အကူပြုမည့် နိုင်ငံခြားရောက် မြန်မာပညာရှင်များ ပြည်တော်ပြန်ရန် အတွက် လူကိုလူလို သဘောထားဆက် ဆံသည့်အလေ့အထများနှင့် ပညာ ရှင်အား နေရာပေး တတ်သည့်အကျင့် များ တာဝန်ရှိသူများ နားလည်ရန်လို အပ်ကြောင်း မြို့ပြအင်ဂျင်နီယာပညာ ရှင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အဖွဲ့ဝင် ဒေါက်တာဉာဏ်မြင့်ကျော်က ပြောသည်။ ယင်းက ”ဒီမှာသာ ပညာရှင်တွေ ကိုနေရာပေးဆက်ဆံမယ်၊ လူကို လူ လိုဆက်ဆံမယ်ဆိုရင် အားလုံးပြန်လာ ကြမှာပါ။ တိုင်းပြည်ကိုချစ်လို့ဆိုပြီး ဖက်တွယ်နေရင်လဲ အပုပ်အသိုးပဲဖြစ် မှာပဲ။ ကိုယ်ရဲ့အောင်မြင်မှုအတွက် နိုင်ငံခြားထွက်ရတာပဲ။ ဒါကိုအပြစ်တင် လို့မရဘူး။ သူတို့တွေပြန်လာဖို့ဆိုရင် တာဝန်ရှိသူတွေဘက်က နားလည်ဖို့ လိုတယ်”ဟု ဒီဇင်ဘာ ၃ဝ ရက်က ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ပြုလုပ် သော အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ဟောပြောပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ပညာရှင် များ အဘက်ဘက်မှလိုအပ်နေလျက် ရှိရာ ရှိသမျှအသင်းအဖွဲ့နှင့် နေရာအ များစုသင့်လျော်သော ပညာရှင်မရှိခြင်း ကြောင့် လူတစ်ဦးတည်းနှင့် တာဝန်ယူ လုပ်ကိုင်နေရကြောင်း၊ မြန်မာနိုင်ငံ၏ လုပ်သားအများစုတွင်လည်း skill labour ပြဿနာများကြုံနေကြောင်း ယင်းက ထပ်မံပြောသည်။ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲ ရေးခရီးစဉ်အတွင်း နိုင်ငံခြားမှလုပ်ငန်း ရှင်များနှင့်ပညာရှင်များ ဝင်ရောက် လုပ်ကိုင်နေရာ ရာထူးတူသော်လည်း မိမိလူမျိုးအားနေရာပေးရမည်ဖြစ် ရာ ယင်းနိုင်ငံသားများနှင့် အရည်အ ချင်းတူသူများဖြစ်မှသာ နေရာပေးနိုင် မည်ဟု ပညာရှင်များ၏ပြောဆိုချက် အရ သိရသည်။ နိုင်ငံတော်သမ္မတအကြံပေးဖြစ် သူ ဒေါက်တာအောင်ထွန်းသက်က ” အခုက အလုပ်မရှိတာမဟုတ်ဘူး။ ရှိတဲ့အလုပ်ကိုပေးဖို့ လူမရတာ။ အဲဒီ အတွက် လူသားအရင်းအမြစ်တွေအ များကြီးလိုအပ်နေတယ်။ လိုအပ်နေ တဲ့ရာထူးကို ဝင်လုပ်နိုင်တဲ့သူမရှိရင် တော့ နိုင်ငံခြားက ဝင်ယူသွားမှာပဲ”ဟုဆိုသည်။ မြန်မာနိုင်ငံပြင်ပတွင် နိုင်ငံသား ပညာရှင်အများစုရှိနေသော်လည်း ယခုအချိန်အထိ နိုင်ငံတည်ဆောက် ရေးတွင် ပါဝင်မှုအားနည်းနေကြောင်း အစိုးရအနေဖြင့် နိုင်ငံတကာအဆင့် တန်းထက်မနိမ့်သော ခံစားခွင့်များဖြင့် စည်းရုံးသင့်ကြောင်း ပညာရှင်များက ပြောသည်။

  • ဝင့်ပြုံးမြင့်

    January 5, 2014 at 12:18 am

    မြစ်ဆုံကိစ္စမှာ မေစု ဓားစားခံဖြစ်သွားနိုင်တယ်။ မြစ်ဆုံကိစ္စ ကို စပြီးဟောပြောခဲ့တဲ့ဆရာက မောင်စိန်ဝင်း(ပုတီးကုန်း) မဟုတ်လား။ စာရေးဆရာတွေ အဲဒီနေရာမှာ အဟောအပြောသန်တော့ (လူတွေဆိုတာက အနုပညာပါမှ ဖြစ်တာဆိုတော့) ထုံးစံအတိုင်း အနုပညာစွက်တဲ့ နိုင်ငံရေးက အသာရရှိပြီး မြစ်ဆုံဆက်မလုပ်စေချင်တဲ့လူက လူများစုဖြစ်သွားတယ်။ မြစ်ဆုံနဲ့ပတ်သက်ရင် လူတွေ သည်းညည်းလုံးဝမခံနို်င်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ မျှစ်ကြော် နောက်ထွက်မယ့်စာအုပ်က ဒီမြစ်ဆုံကိစ္စလိုမျိုး။ မြစ်တစ်စင်းအပေါ်မှာ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေ ရှုပ်ထွေးလာပြီး လစ်ဘရယ်သမားက ဘုန်းကြီးကို မလှန်နိုင်ဘဲ နောက်ဆုံးမှာ မျိုးချစ်တွေ အလိုလို ကျရှုံးသွားခဲ့ရတာပါ။ ဝတ္ထုပေမယ့် သိပ်ကို သဘာဝကျလွန်းပြီး ယနေ့မြန်မာပြည်အခြေအနေနဲ့ ဆက်စပ်တွေးလို့တောင် ရတယ်။ ဒါက ကြုံတုန်းကြော်ငြာတာပါ။
    မြစ်ဆုံကို ဆက်မလုပ်ဘဲ အခုလို low dam တွေဆောက်တာ ပိုဆိုးမယ်ထင်တယ်။ မြစ်ဆုံက လုပ်ကိုလုပ်သင့်တဲ့အလုပ်၊ လုပ်နည်းမှန်ဖို့ပဲ လိုတယ်လို့ ယူဆပါတယ်။ ပြီးတော့ မြစ်ကြီးကို ကိုယ်အပိုင်လို့ယူဆလို့ရရင် တရုတ်နဲ့တော့ တွဲမလုပ်ချင်။ ဖြစ်နိုင်ရင် တရုတ်နဲ့ ဘာမှကို တွဲမလုပ်ချင်ပါ။

    • kai

      January 5, 2014 at 10:52 am

      ကုလသမဂ္ဂထုတ်တဲ့အထဲ… မြန်မာပြည်က. အစိုးရကအကိုင်အတွယ်မတတ်လို့.. အင်ဖရာမရှိလို့… ရေချိုပြတ်မဲ့နိုင်ငံစာရင်းထဲပါနေသဗျ…
      ပြသနာကသေးထင်လို့တော့.. မထင်..။
      .. မြန်မာတွေ.. မြစ်ဆုံဆန္ဒပြရင်း..ပြရင်း… ရေပြတ်သေမယ့်သဘောရှိတယ်..။

      Water scarcity already affects every continent. Around 1.2 billion people, or almost one-fifth of the world’s population, live in areas of physical scarcity, and 500 million people are approaching this situation. Another 1.6 billion people, or almost one quarter of the world’s population, face economic water shortage (where countries lack the necessary infrastructure to take water from rivers and aquifers).

    • KZ

      January 5, 2014 at 2:08 pm

      တဂျီးရယ်။
      တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိတယ်ပဲ ဆိုဆို
      ဒီအစိုးရ နဲ့ လုပ်သမျှ ဘာမှ ဖြစ်မလာတာ အပြင် တိုင်းပြည်က ပိုပိုဆိုးလာတာ
      ဒီလောက်ကြာနေပြီမို့ ယုံကြည်ရတဲ့ အစိုးရ တက်မလာမချင်း မြစ်ဆုံ ကိစ္စ လုပ်တာကို ကန့်ကွက်တဲ့ထဲပါနေမှာပဲ။

      မဝင့်ရေ။
      ထောက်ခံပါတယ်။
      ဒါမဲ့ ကြားညပ်မဲ့ ကိစ္စ၊ ဓားစာခံကိစ္စကတော့ အလွတ်ကြီးလို့ထင်ပါတယ်။

      အမေစုကို ဒီ ကိစ္စထဲ ဆွဲထည့် အပြစ်တင် သူမှန်သမျှကတော့ လူယုတ်မာတွေဖြစ်ပြီး
      ဒီမြစ်ဆုံကိစ္စ အမေစု နဲ့ ဆိုင်တယ်လို့ သတ်မှတ်ပြီး အပြစ်တင်ရဲ သူတွေက ချီးဘရိန်းတွေလို့ပဲ ယုံကြည်တယ်။ (ရိုင်းသွားရင်ခွင့်လွှတ်ကြပါ)

      လက်မှတ်ထိုးထားတဲ့ သူတွေ မသေသေးပါဘူးးး မီဒီယာတွေ သိချင်သူတွေ မေးရဲရင်သွားမေးနိုင်ကြတာပဲ ဟာကိုနော်။

      • kai

        January 5, 2014 at 6:01 pm

        အလွယ်ရပြီး တနိုင်ငံလုံးသုံးနိုင်.. အဲဒီကမှပိုတဲ့လျှပ်စစ်ရောင်းစားလို့ရတဲ့ ရေအားလျှပ်စစ်ထုတ်မှုကို အကြီးအကျယ်ဆန္ဒတွေပြကြပြုကြတဲ့ မြန်မာတွေခမြာ… နှစ်ရှည်လများစိုက်မှဖြစ်တဲ့.. မြန်မာ့သစ်တောတွေကျ.. ထင်းဆိုက်ပစ်ပြီး.. ဖြုန်းပစ်နေတာ.. ပြတဲ့..ဇယားပါ..။
        တောပြုန်းတာဟာ.. မြစ်ကိုလည်းသတ်တယ်..။ နိုင်ငံကိုလည်းသတ်တယ်..။ အဲ.. ကမ္ဘာကိုလည်း…သတ်ပါတယ်..။

        ေ-ာက်တလွဲတောင်.. ဒီလောက်မလွဲကြောင်း…။ :buu:

        • KZ

          January 5, 2014 at 6:44 pm

          တဂျီးးး
          ဟို စကားပုံရှိတာပဲဟာ။
          ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက်ဖြောင့်ဖြောင့်လိုက်၏ ဆိုတာလေ။
          ရှေ့ဆောင် ကောင်းကောင်းဘယ်တုန်းကရဘူးလို့လဲဟင်။
          အဲဒီ အသိမျိုးဝင်ဖို့ ခေါင်းထဲကို အဲဒီ အတွေးအခေါ်ဝင်ဖို့ ဘယ်စံနစ်ကောင်း ဘယ် ဆရာကောင်းမျိုး ရခဲ့ကြလဲဟင်?
          .
          .

          အဲဒါ မြန်မာတွေ ညံ့လို့မဟုတ်ဘူးးးး မြန်မာတွေ ဘယ်တုန်းကမှ မညံ့ဘူးးး တော်တဲ့သူတွေ နယ်နှင်ဒဏ်ခံရပြီး လူယုတ်မာတွေ ခေါင်းဆောင်ဖြစ်နေကြလို့ ဒီလိုဖြစ်ကြရတာ။
          .
          .
          သစ်တောတွေ… ကျောက်မျက်တွေ… တောင်တန်းတွေ ….သီးနှံတွေ…. သူတို့ ဖြုန်းတဲ့ခေတ်က သေနတ်အောက်ပြားပြားမှောက်ရတဲ့ခေတ်။ ဆန္ဒထုတ်ဖော်ဖို့မပြောနဲ့ လက်ဖက်ရည်ဆိုင်မှာတောင် စကားဟဟမပြောရဲတဲ့ခေတ်။
          .
          .
          မြစ်ဆုံအကြောင်းသိတဲ့ခေတ်ဟာ ….သူတို့ သေနတ်ခဏသိမ်းထားလို့ ပြောလို့ရနေလို့ ပြောရတဲ့ခေတ်ပါ။မြစ်ဆုံ ကို ကန့်ကွက်နေကြတယ်ဆိုတာ ကိုယ့်နိုင်ငံ မတိုးတက်စေချင်လို့လည်းမဟုတ်ပါဘူးးးး
          .
          အဲဒီ တောက်တလွဲခေါင်းဆောင်တွေကို မယုံရလို့ကို ရှိတဲ့ဟာလေး ပါမသွားအောင် ကြိုးစားနေရတာပါ။ဒင်းတို့ ဖြုန်းတီးသမျှတွေ ပြန်မရနိုင်တော့တဲ့ အပြင် ဒီ မြစ်တွေပဲ ကျန်တော့တာလေ။ ဘာကျန်တော့လို့တုန်းးးး??

          ကျနော်တို့ အော်သာအော်နေရတာ သူတို့ တကယ်လုပ်သွားရင်လည်း ဘယ်သူမှ ဘာမှ မတတ်နိုင်ပါဘူးးးးးးးးး
          ရေထဲကို ချလိုက်တာမှ ပလုံမြည်ဦးမယ် ဆိုတဲ့ သာဓကတွေ အများကြီးပါ။
          .
          .

          အဲတော့ ဆက်ကန့်ကွက်ပါဦးမယ်။
          .
          .
          စေတနာနဲ့ လုပ်ပေးတဲ့ အစိုးရလက်ထက်မှာတော့ တစ်နိုင်ငံလုံး လောင်မီးပဲကျကျ စေတနာအမှားမို့ လက်ခံပါ့မယ်။
          .
          .
          စေတနာမရှိတဲ့ လူယုတ်မာလက်ထဲတော့ တစ်နိုင်ငံလုံး စိန်စီနိုင်တယ်လို့ ဒင်းတို့ အင်အင်း စားပြောတောင် မယုံရေးချမယုံ။
          🙁

  • kai

    January 5, 2014 at 9:04 am

    NSA seeks to build quantum computer that could crack most types of encryption

    By Steven Rich and Barton Gellman, Published: January 2 E-mail the writers

    In room-size metal boxes ­secure against electromagnetic leaks, the National Security Agency is racing to build a computer that could break nearly every kind of encryption used to protect banking, medical, business and government records around the world.

    According to documents provided by former NSA contractor Edward Snowden, the effort to build “a cryptologically useful quantum computer” — a machine exponentially faster than classical computers — is part of a $79.7 million research program titled “Penetrating Hard Targets.” Much of the work is hosted under classified contracts at a laboratory in College Park, Md.

  • kai

    January 5, 2014 at 2:42 pm

    Best science stories of 2013.

    1. Richard III Rediscovered
    2. Higgs Boson Confirmed
    3. Oldest Known Human DNA Analyzed

    The DNA came from a hominid thighbone found in Spain that dates back 400,000 years. Before this analysis, the oldest human DNA ever sequenced was 100,000 years old.
    4. Billion-Year-Old Water Discovered
    Water discovered in a mine 2 miles below the Earth’s surface turned out to be a staggering 2.6 billion years old, researchers announced in May. The pocket, sampled in a mine in Ontario, is older than multicellular life.
    It’s saltier than seawater with the consistency of light maple syrup, Lollar said in June.
    5. Life in Antarctic lake thrives
    A massive effort to drill into an iced-over lake in Antarctica paid off this year when scientists announced they’d discovered a life in the frigid waters.
    6. New T. rex relative found
    7. BRAIN initiative mapped

    President Barack Obama announced the project in April. Planning is underway, and $232 million of government and private money has been pledged to the initiative, as of November. In December, the NIH announced six funding opportunities for scientists working to develop tools to map the brain. A long-term funding plan is expected in June 2014.
    8. Wet Mars evidence overwhelming
    Other minerals discovered by Curiosity also point to flowing water that could have potentially supported life.
    9. China moon landing achieved
    The historic feat made China the third nation to make a soft landing on the moon, meaning a smooth landing that leaves the craft and its contents intact. The Soviet Union and the United States previously succeeded at soft landings on the moon.
    10. Coldest place on Earth pinpointed
    Spots along a high ice ridge between Dome Argus and Dome Fuji regularly get down to a teeth-chattering minus 136 degrees Fahrenheit (minus 93.2 degrees Celsius), according to detailed satellite measurements. The coldest temperatures were measured on Aug. 10, 2010, when the snow on the surface in these spots was colder than dry ice.

  • kai

    January 11, 2014 at 4:51 pm

    မှတ်ကရော…

    Posted: 01/08/14 EST | Updated: 01/08/14 EST
    ‘The Great Wall Of Vagina’ Is, Well, A Great Wall Of Vaginas (NSFW)
    Warning: As the title suggests, this post is full of vaginal renderings. If you do not want to see a wall of labia, do not continue reading. We repeat, do not continue reading.

    UK-based sculptor Jamie McCartney has spent the better half of a decade creating hundreds of renderings of female genitalia. In a project titled “The Great Wall of Vagina,” the artist demonstrates not only his ability to craft effective word play, but also his knack for capturing the physical diversity of labia in a 30-foot polyptych.

    http://www.huffingtonpost.com/2014/01/08/the-great-wall-of-vagina_n_4556309.html

  • kai

    January 11, 2014 at 5:22 pm

    စာတွေကို.. အောက်ကဖေ့စ်ဘုန်လင့်ခ်ကကူးပါတယ်..။
    ဆက်ပြောရရင်.. ဘယ်ပန်းချီရေးလို့မမှီလည်း.. ကော်ပီပါပဲ..။

    =======
    https://www.facebook.com/yanwintdg

    ဒီသီချင်းမျိုးတွေကို မြန်မာသံအုပ်စုတွေမှာ တင်ပြရတာကတော့ သိပ်မကောင်းဘူးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒါက မူရင်း မြန်မာသီချင်းမဟုတ်ပဲ မြန်မာမှုပြုထားတဲ့ မွေးစား သီချင်းတစ်ပုဒ် ဖြစ်နေတာကြောင့်ပါပဲ။

    ဒါပေမယ့် ကျနော့်မှာ အကြောင်းပြချက် ရှိနေပါတယ်။ ဒီသီချင်း ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်း နဲ့ ဆက်နွယ်ပြီး အင်မတိ အင်မတန် လူသိနည်းတဲ့ အကြောင်းအရာတွေ နဲ့ အတူ၊ ဒီကနေ့ မော်ဒန် ကလပ်စစ် သီချင်းတပုဒ်လို့ ဆိုရလောက်အောင် ထူးခြား၊ ရှားပါးသီချင်းတပုဒ်ပါ။ ပင်ကိုယ်ရေး ဂီတစာဆိုကြီး ဆရာ မြို့မငြိမ်း ရဲ့ မြန်မာမှုပြု မွေးစားသီချင်းတစ်ပုဒ်လည်း ဖြစ်နေပြန်ပါတယ်။

    လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ပါ မြို့မငြိမ်း ကဏ္ဍ က အချက်အလက်တွေကို အခြေခံပြီး ကျနော် လေ့လာ ရှာဖွေထားတာတွေဖြစ်ပါတယ်။ ဆောင်းပါး ပါ အချက်အလက်တွေက ကျနော့် ကိုယ်ပိုင် ယူဆချက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် သမိုင်း စာတမ်းတစ်စောင်လိုတော့ ပြည်စုံတယ်လို့ မဆိုနိုင်ပေမယ့် ဒီလောက် စုံလင်အောင် ရေး ထားတာမျိုးကိုလည်း ကျနော် ယခင်က မဖတ်ဖူးခဲ့သေးပါ။

    တင်ပြထားတဲ့ သီချင်းကိုတော့ အစ အဆုံး နားထောင်ကြည့်စေလိုပါတယ်။ ကျနော် ဆောင်းပါးတစ်ပုဒ်ကို ရေးထားပါတယ်။ အဲဒီဆောင်းပါးကို ဖတ်ရင်းနဲ့ သီချင်းတွေကို နားထောင်မယ်ဆိုရင် ပိုပြီးတော့ နားလည် ခံစားနိုင်မှာဖြစ်ပါတယ်။

    ဂီတစာဆိုကြီး ဆရာမြို့မငြိမ်း ရေးဖွဲ့တဲ့ ‘တောင်သမန်’ သီချင်းကို အမရပူရမြို့ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးက မြန်မာသက္ကရာဇ် ၁၃၁၁ ခုနှစ်၊ ခရစ်နှစ် ၁၉၄၉ ခုနှစ် ပြည်ထောင်စု သင်္ကြန်ပွဲကြီးမှာ တီးမှုတ်ခဲ့တယ်။

    မန္တလေးမြို့ ပြည်ထောင်စုသင်္ကြန်ပွဲကြီးမှာ သင်္ကြန်ယာဉ်ကို စောင်းကောက်ပုံသဏ္ဍန် ဆင်ယင်ထားတဲ့ အမရပူရမြို့ မြို့ခံဇာတိ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးကလည်း ပါဝင် ဆင်နွှဲခဲ့တယ်။ အဲဒီ သင်္ကြန်ယာဉ်ကြီးပေါ်က တီးဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တီးလုံးကို ကြားလိုက်ကြရတဲ့အခါ အနောက်တိုင်းဖြစ် လေမှုတ်တူရိယာတွေနဲ့ အနောက်တိုင်းက တေးသွားကို တီးမှုတ်လာတယ်လို့ မှန်းဆကြရတယ်။

    အနားကို သင်္ကြန်ယာဉ်ရောက်လာတဲ့အခါမှ တီဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တူရိယာတွေက အရွယ်အမျိုးမျိုးရှိတဲ့ ဝါးပလွေတွေ၊ သားရေကျက်ထားတဲ့ သံစည်ပိုင်းပြတ်တလုံး၊ မန်ကျည်းစေ့တွေ ထည့်ထားတဲ့ ဘူးသီးခြောက်တလုံး၊ ထန်းသီးမှုတ်တလုံးနဲ့ နိုင်ငံခြားဖြစ်ဆိုလို့ ကလယ်ရီနက် တလက်သာပါတာကို အံ့ဩစရာ တွေ့ကြရလေတယ်။
    အဲဒီ ‘တောင်သမန်’ သီချင်းရဲ့ မူရင်း မယ်လိုဒီ က ‘လက်တင်-အမေရိက’ နိုင်ငံခြားသံ စစ်စစ်ပါ။ မူရင်း သီချင်းက ၁၉၂၉ ခုနှစ်အတွင်းမှာ Ernesto Lecuona ရေးခဲ့တဲ့ ‘ဆီဘိုနေး’ (Siboney) လို့ခေါ်တဲ့ ကျူဘင် (Cuban) သီချင်းဖြစ်ပါတယ်။

    SIBONEY-ERNESTO LECUONA
    “တောင်သမန်
    ကြည်အင်းရေ လှိုင်းငွေ မြူးကာနေ
    ညင်းလေယဉ် ပြေပြေ”

    တောင်သမန်
    မြို့မငြိမ်း (၁၉ဝ၉-၁၉၅၅)

    http://vocaroo.com/i/s1L91EFx1B8H

  • kai

    January 17, 2014 at 8:25 am

    ဖမ်းမိသောငါးကြီးတစ်ကောင်အားငွေကျပ် ၂၂၅သိန်းဖြင့်ဝယ်
    အောင်ထိုက်ဦး၊ မော်လမြိုင် ဇန်နဝါရီ ၁၄
    မွန် ပြည်နယ် မော်လမြိုင်မြို့ ကော့ တွန်ကျေးရွာအုပ်စု၊ ဇွယ်ရပ် ကျွန်းနေ ဒေါ်ပု၏သား မောင် သာထူးသည် မော်လမြိုင် ခေါင်း ဆေးကျွန်းအနီးတွင် ဇန်နဝါရီ ၁၃ရက် နံနက် ၁၁နာရီက ငါး ပြက်ပိုက်ဆွဲရာမှ အလေးချိန် ၅၂ပိဿာခန့်ရှိ ကသမြင်ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။ အဆိုပါငါးကြီးအား မော် လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံ လွင်ဈေး ငါးအဝယ်ဒိုင်တွင် လာရောက်ရောင်းချရာ ကျိုက္ခ မီမြို့မှ ငါးအဝယ်ဒိုင်ပိုင်ရှင် တစ်ဦးက ငွေကျပ် ၂၂၅သိန်း ပေးဝယ်ပြီး ရန်ကုန်မြို့သို့နေ့ ချင်းအပြီး သယ်သွားကြောင်း၊ ငါးထက် ငါးအဆီပေါင်းက ပိုမို ဈေးရကြောင်း ငါးလုပ်ငန်းရှင် များက ပြောဆိုကြသည်။ ““ကသမြင်ငါးအကြီးကြီး ရလိုက်တဲ့လူဟာ နောက်ဆို တံငါလုပ်ငန်းလုပ်လို့ မရတော့ ဘူး။ တံငါလုပ်ငန်းပြန်လုပ် ရင် ခိုက်တယ်တဲ့။ အရင်က လဲ ဒီလိုငါးအကြီးကြီးရဖူးကြ ပါတယ်””ဟု ချမ်းအေးရပ်ကွက် မှ တံငါသည်တစ်ဦးက ပြော သည်။

    ဖမ်းမိသောငါးကြီးတစ်ကောင်အားငွေကျပ် ၂၂၅သိန်းဖြင့်ဝယ် အောင်ထိုက်ဦး၊ မော်လမြိုင် ဇန်နဝါရီ ၁၄ မွန် ပြည်နယ် မော်လမြိုင်မြို့ ကော့ တွန်ကျေးရွာအုပ်စု၊ ဇွယ်ရပ် ကျွန်းနေ ဒေါ်ပု၏သား မောင် သာထူးသည် မော်လမြိုင် ခေါင်း ဆေးကျွန်းအနီးတွင် ဇန်နဝါရီ ၁၃ရက် နံနက် ၁၁နာရီက ငါး ပြက်ပိုက်ဆွဲရာမှ အလေးချိန် ၅၂ပိဿာခန့်ရှိ ကသမြင်ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။ အဆိုပါငါးကြီးအား မော် လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံ လွင်ဈေး ငါးအဝယ်ဒိုင်တွင် လာရောက်ရောင်းချရာ ကျိုက္ခ မီမြို့မှ ငါးအဝယ်ဒိုင်ပိုင်ရှင် တစ်ဦးက ငွေကျပ် ၂၂၅သိန်း ပေးဝယ်ပြီး ရန်ကုန်မြို့သို့နေ့ ချင်းအပြီး သယ်သွားကြောင်း၊ ငါးထက် ငါးအဆီပေါင်းက ပိုမို ဈေးရကြောင်း ငါးလုပ်ငန်းရှင် များက ပြောဆိုကြသည်။ ““ကသမြင်ငါးအကြီးကြီး ရလိုက်တဲ့လူဟာ နောက်ဆို တံငါလုပ်ငန်းလုပ်လို့ မရတော့ ဘူး။ တံငါလုပ်ငန်းပြန်လုပ် ရင် ခိုက်တယ်တဲ့။ အရင်က လဲ ဒီလိုငါးအကြီးကြီးရဖူးကြ ပါတယ်””ဟု ချမ်းအေးရပ်ကွက် မှ တံငါသည်တစ်ဦးက ပြော သည်။

    • Ma Ma

      January 21, 2014 at 6:03 pm

      ပိဿာ ာ ၅ဝကျော်ရှိတဲ့ ကသမျှင်ငါးကြီးကို ၂၂၅ သိန်းဆိုတော့ ဈေးရလှချည်လားလို့ စုံစမ်းကြည့်တာ။ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က ရခိုင်ဘက်မှာ ပိသာ ၄ဝလောက်ရှိတဲ့ ကသမျှင်ငါးကြီး ရဖူးတယ်တဲ့။ အဲဒီငါးရဲ့ စီဖောင်းကတင် သိန်း ၃၀ဝ လောက်တန်တယ်တဲ့။ အဲဒီတုန်းက တစ်ပိသာ ၁၀၀၀ဝ လောက်ရှိတဲ့ လိပ်ကျောက်ခွံတောင် အခု တစ်ပိသာ ၅၀၀၀ဝလောက် ဖြစ်နေပြီတဲ့။ ငါးအသားကတော့ ငါးခြောက်လုပ်ရင် တစ်ပိသာ ၁၀၀၀ဝ ကျော်လောက်ပဲ ရနိုင်ပါတယ်။ အခုငါးရဲ့ နောက်ဆက်တွဲသတင်းကိုတောင် သိချင်သေးတော့တယ်။

      • kai

        January 22, 2014 at 2:41 pm

        ကမ္ဘာ့ငါးဈေးတွေထဲ.. အဲလိုတွေရှိတယ်အမတော်ရေ…။

        TOKYO — This tuna is worth savoring: It cost nearly three-quarters of a million dollars.

        A bluefin tuna caught off northeastern Japan fetched a record 56.49 million yen, or about $736,000, Thursday in the first auction of the year at Tokyo’s Tsukiji fish market.

        The price for the 593-pound tuna beat last year’s record of 32.49 million yen or about $416,000. The price translates to $1,238 per pound — also a record, said Yutaka Hasegawa, a Tsukiji market official.
        http://www.nbcnews.com/id/45882262/ns/world_news-asia_pacific/t/single-fish-sells-nearly-three-quarters-million-dollars/#.Ut97uLTTlhE

  • kai

    January 21, 2014 at 3:25 pm

    ဧရာဝတီ မြစ်ကြောင်း သဲသောင် ပိုထွန်း

    ညောင်ဦးမြို့နယ် ပုဂံမြို့နားက ဧရာဝတီ မြစ်ပေါ်မှာ သောင်တွေ ပိုထွန်းလာတဲ့အတွက် ရေကြောင်း သွားလာရေးမှာ အခက်အခဲဖြစ်ရတယ်လို့ စက်လှေမောင်းတဲ့သူတွေက ပြောပါတယ်။

    တနှစ်ထက်တနှစ်ပိုမို သောင်တွေပိုထွန်းလာတဲ့အတွက် ဧရာဝတီမြစ်ပေါ်မှာ မြစ်ပြင်ပေါ်မှာ ရေလမ်းကြောင်းနဲ့ ပတ်သက်ပြီး လမ်းပြမောင်းနှင်ဖို့ ဝါးလုံးရှည်ရှည်တွေကို ထိုးစိုက်ပြီး အမှတ် အသားအတိုင်း မောင်းနှင်ရတာဖြစ်ပါတယ်။

    ညောင်ဦးမြို့နယ် ကျားပါးစပ်နဲ့ ပုလင်းရွာအနီးက မြစ်ပြင်မှာ သောင်ထွန်းတာ ပိုမိုဆိုးဝါးသလို ခရီးသွားလာရာမှာ ရေတိမ်ပိုင်းကို ရှောင်ကွင်း သွားလာရပြီး အချိန်ပိုပေးရတယ်လို့ ပုဂံ ဗူးဘုရား မြစ်ဆိပ်က စက်လှေဆရာတွေက ပြောပါတယ်။

    သဲသောင်တွေ ပိုထွန်းလာတဲ့အတွက် မြစ်ကြောင်းတွေ ကျဉ်းသွားပြီး ခရီးသွားလာရာမှာ အခက်အခဲ ဖြစ်ရကြောင်း စက်လှေဆရာ တဦးဖြစ်တဲ့ ကိုသီဟက အခုလို ရှင်းပြပါတယ်။

    “အရင်ဆို ဒီဘက်တည့်တည့်သွားလို့ရတယ်။ အခု နွေရာသီဆို ပိုဆိုးပြီ။ နွေရာသီဆို အကုန်လုံး သောင်တွေ ဖြစ်ပြီ။ အခုနောက်ပိုင်း ပိုပိုဆိုးလာတယ်။ မြစ်ကြောင်းရှင်းတာ ပုဂံမှာ တခါမှ လုပ်ပေးတာ မတွေ့ဖူးဘူး။”

    ဒီလိုဖြစ်ရတာဟာ သစ်တောပြုန်းတီးမှုကြောင့် ပို့ချတဲ့ နှုန်းတွေ ပိုမိုများပြားလာရတာ ဖြစ်သလို ဒီပုဂံ အနီးတဝိုက်မှာ ပို့ချလာတဲ့ နှုန်းတွေကို တူးဖော်တာမရှိတဲ့အကြောင်း၊ သင်္ဘောတွေက ခရီးသွားလာရာမှာ ပိုမို အခက်အခဲ ဖြစ်ရတယ်လို့ သူက ပြောပါတယ်။

    ညောင်ဦးမြို့နယ် ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက အရာရှိတဦးကတော့ သောင်ထွန်းတာ ပိုများလာတာ မှန်ကန်သလို တိုင်းက အသုံးပြုဖို့ ငွေကြေး မပေးတဲ့အတွက် ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ အခုလို ပြောပါတယ်။

    “လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် တိုင်းရုံးတို့၊ မန္တလေးတိုင်းရုံးတို့၊ အစိုးရအဖွဲ့က ချပေးမှ လုပ်လို့ရမှာ။ စဉ့်ကူအထိ ရေးကြောင်းကောင်းပါတယ်။ ရေကြောင်းကြပ်တယ်ဆိုတာက ရေးနည်းလာတဲ့အခါ တစီးကိုတစီး ကျော်တက်တာတို့၊ အပြိုင်ဖြစ်လာမှသာ ရေကြောင်းပိတ်ဆို့မှုတွေ ဖြစ်တတ်တယ်။ မဟုတ်ရင်တော့ ရ ပေ၊ ၈ ပေ အနက်တော့ ရှိပါတယ်။”

    သဲသောင်ပြင်မှာ လာရောက်ပြီး နေဝင်ချိန်ကို လာကြည့်တဲ့ နိုင်ငံခြား ဧည့်သည်တဦးကတော့ နှုန်းပို့ချတဲ့အကြောင်းအရင်းကို သိရှိရခြင်း မရှိပေမယ့် ဒီလို အနေအထားက စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။

    “ဒါဟာ သဘာဝ အစိတ်အပိုင်းတခုဖြစ်ပေမယ့် မထိန်းချုပ်နိုင်ပါဘူး။ အနယ်တွေ ဘယ်က လာသလဲဆိုတာကို ခရီးသွားတယောက်အနေနဲ့ မသိနားမလည်ပါဘူး။ ဒါပေမယ့် လူတွေနဲ့ ရင်းနှီးနေတဲ့ မြစ်ပြင်ကို ထိန်းသိမ်းမှုကို အသေချာမြင်ချင်ပါတယ်။”

    By ကိုထွေး(ဒီဗွီဘီ)

  • kai

    January 27, 2014 at 2:43 pm

    Revenge of the Neanderthals: ‘Legacy’ genes from ancient humans may be to blame for modern killer diseases such as cancer and diabetes

    Humans wiped out Neanderthals around 30,000 years ago
    However the two co-existed for thousands of years and interbred
    Modern Europeans have around 2 per cent Neanderthal DNA
    Those genes have been linked to high risk from cancer and diabetes


    Read more: http://www.dailymail.co.uk/sciencetech/article-2546191/Revenge-Neanderthals-Legacy-genes-ancient-humans-blame-modern-killer-diseases-cancer-diabetes.html#ixzz2raIteVOv

Leave a Reply