ရွှေသမင် ဘယ်ကထွက်…..

mgwaloneJanuary 4, 20143min1519

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ရွှေသမင်ဘယ်ကထွက်…….

          ဒီတစ်ခေါက် မောင်ဝလုံး လေယာဉ်နဲ့ ခရီးသွားဖြစ်ပါတယ်။ အထင်သိပ်မကြီးပါနဲ့ခင်ဗျာ။ လေယာဉ်ခက ကိုပေးရတာမဟုတ်လို့ပါ။ မောင်ဝလုံးက ညောင်ဦးကနေ ရန်ကုန်ကို ပြန်တာပါ။ လေယာဉ်ပေါ်တက်တာ နောက်ဆုံးမှ ဆိုတော့ ဟိုးရှေ့ဆုံးခုံမှာပဲ နေရာကလွတ်တော့တယ်။ အင်း ငါကွဆိုပြီး သွားထိုင် လိုက်ပါတယ်။ ကြုံဖူးသလောက် အဲဒီခုံတွေကို အရေးကြီး ပုဂိ္ဂုလ်များအတွက် ဆိုပြီး ချန်ထားတာ တွေ့ဖူးလို့ပါ။ ဒီတစ်ခါတော့ ငါထိုင်ရပြီပေါ့။ တစ်ကယ် ထိုင်ကြည့်လိုက်မှ ကိုယ်နဲ့ သိပ်အဆင်မပြေတာကို သိလိုက်တယ်။ မောင်ဝလုံးက ဝဝလုံးလုံးလေ။ သူ့ထိုင်ခုံက အလယ်လက်တင်တန်းက အပြည့်ဆိုတော့ ထိုင်ရတာ ကြပ်နေ တော့တာပေါ့။ ထိုင်ခြင်ဦးဟဲ့ လို့ပဲ ကိုယ့်ကိုယ်ကို ဆုံးမမိပါတယ်။

          လေယာဉ်မတက်ခင်လေးမှာ လေယာဉ်မယ်က ရောက်လာတယ်။ မောင်ဝလုံးက ရှုခင်းကြည့်ရအောင် ပြုတင်းပေါက်ဖက်ကို ကပ်ထိုင်လိုက်တော့ အရေးပေါ်ထွက်ပေါက်ရဲ့ ဘေးမှာဖြစ်နေတယ်လေ။ အဲဒါကြောင့် လေယာဉ်မယ်ကလေးက အရေးပေါ်ထွက်ပေါက်ကို ဘယ်လိုအခြေအနေတွေမှာ ဘယ်လို သုံးရမယ်ဆိုတာ လာရှင်းပြတာပါ။ တစ်ဖက်မှာရှိတဲ့ နိုင်ငံခြားသား ခရီးသည်ကိုလည်း သွားပြောတာ တွေ့ရပါတယ်။ စိတ်ထဲ မှာလည်း ချိီးကြူးမိပါတယ်။ စနစ်တကျ အရှိသားလို့။

          လေယာဉ်က မန္တလေးမှာ တစ်ထောက်နားတယ်။ ခရီးသည်အတင်အချ၊ ဆီဖြည့်ပေါ့ခင်ဗျ။ ထိုင်ခုံ အတော်များများလွတ်သွားတာနဲ့ ဒုတိယတန်းကို ပြောင်းထိုင်လိုက်ပါတယ်။ မန္တလေးက တက်တဲ့ ခရီးသည်က သိပ်များဘူးခင်ဗျ။ အဲဒီမှာ လူနှစ်ယောက်ကတော့ ခုနင်က မောင်ဝလုံးထိုင်ခဲ့တဲ့ ရှေ့ဆုံးခုံကို ဝင်ထိုင်တာ မြင်လိုက်ပါတယ်။ ခရီးသည်တွေအရင် တက်လာတာပါ။ အဲဒီအထဲက ပြုတင်းပေါက်ဖက် ကပ်ထိုင်တဲ့ တစ်ယောက်တော့ ဒီနေ့ မြန်မာနိုင်ငံမှာ ထင်ရှားလူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ပါပဲ။ အားကစားအဖွဲ့ချုပ်တစ်ခုမှာလည်း ဥက္ကဌတာဝန်ယူထားသူပါ။ မောင်ဝလုံးကို သူမသိပေမဲ့ မောင်ဝလုံး ကတော့ သူ့ကိုသိပါတယ်။

          ဒီလိုနဲ့ လေယာဉ်စထွက်ပြီပေါ့ဗျာ။ အစီအစဉ်အတိုင်း လေယာဉ်မယ်များက လေယာဉ် ပျံမတက်ခင် ပြေးလမ်းပေါ်မှာ ရှိနေတုန်း ခရီးသည်များ လိုက်နာရမဲ့ လေယာဉ်နဲ့ပတ်သက်ပြီး သိထားရမဲ့ အချက်တွေကို ရှင်းပြကြပါတယ်။ အားလုံးပြီးစီးလို့ လေယာဉ်လဲ လေထဲရောက်နေချိန်မှာ မောင်ဝလုံး တစ်ခု သတိရသွားတယ်။ ဒီလေယာဉ်မယ်လေးတွေ ရှေ့ဆုံးတန်း အရေးပေါ် ထွက်ပေါက်နားမှာရှိတဲ့ ထိုင်ခုံမှာ (စောစောက မောင်ဝလုံး ထိုင်ခဲ့တဲ့နေရာမှာ) ထိုင်နေတဲ့ ခရီးသည်ကို အရေးပေါ်ထွက်ပေါက်နဲ့ ပတ်သက်ပြီး ရှင်းပြတာ မတွေ့မိတာပါပဲ။

          မောင်ဝလုံး လေကြောင်းဥပဒေတွေ စည်းကမ်းတွေ မသိပါဘူး။ ထင်မိတာက အဲဒီနေရာကို မည်သည့်ပုဂိ္ဂုလ်ပဲ ထိုင်ထိုုင် အရေးပေါ်ထွက်ပေါက်နဲ့ ပတ်သက်ပြီး ရှင်းပြသင့်တယ်။ အသိပေးသင့်တယ်လို့ ထင်ပါတယ်။ မောင်ဝလုံး ဆက်တွေးမိတာက လေယာဉ်အမြဲစီးနေကြ သိပြီးသားမို့ မပြောတာလား။ ဒီလိုဆိုရင် အခြား ဌာနဆိုင်ရာ အရာရှိကြီးတွေ။ သံဃာတော်တွေ အဲဒီနေရာကို ထိုင်ရင်ကော မပြောကြဘူးလား။ အဲဒီနေရာက အရေးကြီး ပုဂ္ဂိုလ်တွေကို နေရာချပေးတာ တွေ့ဖူးလို့ပါ။ လေကြောင်းဆိုင်ရာ စည်းကမ်းတွေ ကို အသေအချာမသိလို့ ဘယ်သူ့အပစ်လို့ မတွေးမိပါဘူး။ ကိုယ်ထင်တာပဲ ကိုယ်တွေးလိုက်တာက ဒီလို အရေးကြီး ပုဂိ္ဂုလ် ဆိုသူတွေ၊ ထင်ရှား လူသိများသူတွေက ဒီလို အခွင့်အရေးတွေ ရနေကြတာပဲလား။ သက်ဆိုင်ရာ တာဝန်ရှိသူများ (ဒီနေရာမှာတော့ လေယာဉ်မယ်တွေပေါ့) ကကော ဒီလိုပုဂိ္ဂုလ်တွေနဲ့ ပတ်သက်လာရင် အခွင့် အရေး ပေးနေကြတာပဲလား ဆိုတာကိုပါ။

            ဥပဒေအထက်မှာ မည်သူမျှ မရှိလို့ ပြောနေကြတာ ကြာပါပြီ။ ရှိတဲ့ ကိစ္စတွေ ဖြစ်ခဲ့လို့လဲ ဒီနေ့ သတင်း လောကမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါပြီ။ အခုအချိန်အထိလဲ ဘာမှ အရေးယူတာ၊ အဖြေထွက်တာ မကြားရလို့ ပြောတဲ့သူတွေက ပြောနေ၊ ဝေဖန်နေကြဆဲ့ပါ။ ဒီမိုကရေစီခေတ်မှာ စည်းကမ်း၊ ဥပဒေက အင်မတန် အရေး ကြီးပါတယ်။ စည်းကမ်းတွေ ဥပဒေတွေက ရှိတော့ ရှိပါရဲ့။ ဒါပေမဲ့ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာက ထွက် ဆိုတာလို ဖြစ်နေရင်တော့ အလကားပါပဲ။

            နေရာပေါင်းစုံ၊ ဌာနပေါင်းစုံမှာ ဖြစ်ပျက်နေတာ အများကြီး ရှိနေပါသေးတယ်။ မည်သူမည်ဝါနဲ့ ပတ်သက်လို့ ဆိုတာတွေ ခဏထားပါ။ ယာဉ်မရပ်ရတဲ့ ဖြူနီကြား ဆွဲထားတဲ့ နေရာကြီးမှာ ကားတွေ ရပ်ထားတယ်။ အဲဒါ ဘယ်ကကားတွေလဲဆိုတော့ အဲဒီနေရာမှာ ရှိတဲ့ ယာဉ်ထိန်းရဲစခန်းက ကားတွေ။ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ ယူနီဖေါင်းဝတ်ထားပြီး ဆိုင်ကယ်စီးတဲ့အခါ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းတာတွေ၊ ဒီလို အောက်ခြေမှာလဲ ကိုယ်ဆိုင်ရင် ဆိုင်သလို အခွင့်အရေးကို ယူနေကြတာ။ ဟိုးအပေါ်မှာ ဒိထက်မကတဲ့ အခြေအနေတွေ ရှိနေတာ အားလုံးသိကြပါတယ်။

            နောက်တစ်ခု သတိရမိတာက တန်ဖိုးနည်း ဖုန်းကိစ္စ။ ဆက်သွယ်ရေးဌာနက လုပ်ရမဲ့ ကိစ္စကို ဘယ်လို ကြောင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လွှဲအပ်သည်မသိ။ စီးပွါးရေး လုပ်တဲ့ ဝင်ငွေရှာတဲ့ ဌာန တစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးက ရှုံးသလား မြတ်သလားတော့ မသိ။ အကျိုးစီးပွါး ဖြစ်ထွန်းသွားသူတွေက အများကြီးပါပဲ။ အသံပေါင်းစုံလဲ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ရွှေသမင်က မင်းကြီးတာက ထွက်တာဆိုတော့ ဒီလိုနဲ့ပဲ ပြီးသွားတာပါပဲ။

            ဒါတွေက ဘာကြောင့်ဖြစ်တာလဲ…။ စောစောက လေယာဉ်မယ်လေးကို ပြန်စဉ်းစားကြည့်ရင် သူဘာ ကြောင့် အဲဒီ ပုဂ္ဂိုလ်ကို အရေးပေါ်ထွက်ပေါက်အကြောင်း သွားမပြောတာလဲ။ သက်ဆိုင်ရာ တာဝန်အရကော လုပ်ငန်းလိုအပ်ချက်အရပါ လုပ်ကို လုပ်ရမဲ့ ကိစ္စတစ်ခုကို မလုပ်ပဲထားတာက ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်တော် တွေးမိတာက မင်းကြီးတာကပဲ ထွက်တဲ့ ရွှေသမင်တွေ များလာတော့ တောခြောက်သူများကလဲ မင်းကြီးတာကထွက်တာပဲကွာ တို့ပူစရာမရှိပါဘူး။ သူလုပ်ချင်သလို လုပ်ပါစေဆိုပြီး နေလိုက်ကြတဲ့ အကျင့်တွေ စွဲနေကြပြီ ထင်ပါတယ်။

            တိုင်းပြည်တိုးတက်ရေးကို ဆောင်ရွက်နေတဲ့ ခေတ်တစ်ခုကို ပြောင်းဖို့ ကြိုးစားနေတဲ့ ဒီနေ့ခေတ်မှာ မင်းကြီးတာက ထွက်တာတွေ များနေရင်တော့………………………………….. ဘယ်တော့မှ ဘယ်လို အကြောင်း ကြောင့်မှ နောက်ပြန်မလှည့်ပါလို့ ပြောနေပေမဲ့ ကျွန်တောတို့ သွားနေတာ ရှေ့ကို ရောက်ကဲ့လား… တစ်ခါက Weekly Eleven ဂျာနယ်မှာ ဖတ်ခဲ့ဘူးတဲ့ ကာတွန်းလေးတစ်ခုလို စက်ဝိုင်းပတ်ပဲ သွားနေကြတာလား ဆိုတာကတော့………။

9 comments

  • KZ

    January 5, 2014 at 1:55 pm

    မင်းကြီး တာတွေက မလုံတာ များလွန်းလို့ ရွှေသမင်တွေလည်း ကုန်ပါပေါ့။
    ခုချိန်တော့ ပြောနေလည်း မောရုံပဲ ရှိမှာ။
    မင်းကြီး တစ်အုံလုံး ရှင်းလိုက်တာ အကောင်းဆုံးပါဆို။
    😀

  • sorrow

    January 6, 2014 at 11:11 am

    အရေးပေါ်ထွက်ပေါက်ရဲ့ ဘေးမှာ able-bodied passengers တွေကိုပဲထားတာပါ ခင်ဗျာ ။ ဆိုတော့ VIP အနေနဲ့လဲ ကိုယ်လက်သန်စွမ်း မယ်ဆိုရင် front seat နေရာပေးပါတယ် ။ ပြီးတော့ အရေးပေါ်ထွက်ပေါက် အသုံးပြုပုံကို မည်သည့်ရာထူးဖြစ်ပါစေ ရှင်းပြ ပါတယ် ။ မရှင်းပြခဲ့ရင်တော့ လေယဉ်မယ်တွေအနေနဲ့ဆိုရင် Ground ပါချထားခံရလောက်တဲ့ အလွန်ကြီးတဲ့ ပြစ်မှုပါပဲ ။ နောက်တစ်ခုက သေချာရှင်းပြဖို့အချိန်မရတဲ့ ခရီးစဉ် ( ဥပမာ ..ညောင်ဦးမန်းလေး ..ပျံသန်းချိန် 25 မိနစ် ) ဆိုရင် လေယဉ်ခုံရဲ့အရှေ့မှာ ထည့်ထားတဲ့ လုံခြုံရေးစည်းကမ်းတွေပါတဲ့ မြန်မာလိုရော အင်္ဂလိပ်လိုပါရေးထားတဲ့ စာရွက်ကို ဖတ်ဖို့ အကြောင်းကြားပါတယ် ။ ဆိုတော့ကာ VIP မို့လို့ အထူူးအခွင့်အရေးပေးလို့ …မရှင်းပြဘူး ဆိုတာကတော့ နည်းနည်းလွဲသလားလို့ပါ ။
    ( လေယဉ်မယ်လေးတွေကို မထိခိုက်ကြေး….အာဟိ …. )
    ပုံ…………..
    လေယဉ်မယ်လေးများ၏ ထာဝရဘက်တော်သား …
    လေကြောင်းလိုင်းမန်နေဂျာ ….ကချင်နုထွားကြီး ဆောရိုး )

    • ကဆောရိုးမှ ဝင်ရှင်းပြပါ့မလားလို့..ဟိဟိ…

      ဆရာတွေကတော့ ပြောပါတယ်.. third generation ကို စောင့်ပါတဲ့… အနော်ကတော့ မထင်ရေးချ..မထင်… 🙂

  • mgwalone

    January 6, 2014 at 12:14 pm

    အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ ပျံသန်းချိန်တိုတဲ့ ခရီးစဉ်တွေမှာ လုပ်ဆောင်ရတဲ့ အခြေအနေကို လဲ သဘောပေါက်ပါတယ်။ အခု ကိစ္စကတော့ မန်း-ရန် ခရီးစဉ် မှာ ဖြစ်တာပါ။ ဒီအပေါ်မှာ ကျွန်တော်က အတွေးပါွးလိုက်ခြင်းဖြစ်ပါတယ်။ အခွင့်ထူးခံဆိုတာ မရှိသင့်သလို တာဝန်ကို ကျေပြျွန်စွာ ထမ်းဆောင်ဖို့ ဆိုတာကိုလည်း ပြောလိုရင်း ဖြစ်ပါတယ်။ ဒီမိုကရေစီခေတ်မှာ တိုင်းပြည်တိုးတက်ဖို့အတွက် လူတိုင်း ကိုယ့်တာဝန် ကိုယ် ကျေကြရမယ်ဆိုတဲ့ သတင်းစကားလေး ပါးခြင်းပါခင်ဗျာ။
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • ကြောင်ဝတုတ်

    January 6, 2014 at 2:37 pm

    အရေးပေါ်ထွက်ပေါက်အကြောင်းရှင်းမပြတာကို ကျုပ်တော့ထောက်ခံသဗျ…
    အဲ့လိုကောင်တွေကို ရှင်းမပြတော့… တကယ်မတော်လို့ တစ်ခုခုဖြစ်ရင် မသုံးတတ်တော့ဘူးပေါ့…
    အဲဒါ တစ်ခါထည်း စမုံတုံးကြံတာဖြစ်မယ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • padonmar

    January 6, 2014 at 9:15 pm

    လေယာဉ်ပျံ မကြာခဏစီးဖူးတာ သေချာနေတဲ့ သူမို့လို့ သိမှာပဲလို့ ယူဆလိုက်တာပဲ ထင်ပါရဲ့။

  • TNA

    January 8, 2014 at 6:39 pm

    ဖြစ်နိုင်တာကတော့ မောင်ဝလုံးနဲ့ အဲဒီ ခရိုနီကိုတယောက်ထဲမှတ်လို့များလားလို့ :mrgreen:

  • တိမ်တမန်

    January 8, 2014 at 9:33 pm

    ကျနော်မြင်တာတော့….
    အခုဟာက…နောက်ပြန်လှည့်မှာလည်း..မဟုတ်…
    စက်ဝိုင်းလို ..လည်နေမှာလည်း..မဟုတ်…

    ဂဏာန်းသွား..သွားနေတာဗျ…
    ဘေးတိုက်ကြီး..
    ဟို တိုက် ..ဒီတိုက်နဲ ့…

    😆

Leave a Reply