“တိမ်ညိုတွေဖုံးတဲ့ကောင်းကင်”

Tun Lin NaingJanuary 4, 20141min1164

* တိမ်ညိုတွေဖုံးတဲ့ကောင်းကင်*

အလင်းမဲ့ သုညကမ္ဘာထဲက
မောဟလမ်းမတွေပေါ်
အတ္တကိုစားသုံးရင်း
ကြီးပြင်းလာခဲ့ရသူပါ…..

စမ်းတဝါးဝါးပုံပြင်တွေကြား
ယုံမှားသံသယတွေနဲ့
ဘဝရဲ့ဖြစ်တန်ရာစွမ်းတွေကို
လက်ချိုးတွက်ချက်နေမိတယ်…..

ဒွိဟတွေကြားမှာ
ဖွင့်ရတော့မယ့်တံခါးချပ်တွေက
ချိန်တန်နေပြီဖြစ်သော်ငြား
သော့တွေ…ခတ်ထားဆဲပဲလေ…..

ပါးပြင်ထက်ကမျက်ရည်က
မင်းကြောင့်ရွာကျတဲ့မိုးဆိုရင်
အလင်းရောင်တစ်စ အတွက်
မျှော်လင့်နေမိတဲ့အခြားတဖက်မှာ…..

စိန်စီထားသောလမ်းများစွာ………

ဝေဖြာနေသောအပြုံးများစွာ……..

——————-**********——————

————————လွပ်လပ်ရေးနေ့ အမှတ်တရ ကဗျာ—————————-

4 comments

  • စမ်းတဝါးဝါးပုံပြင်တွေကြား
    ယုံမှားသံသယတွေနဲ့
    ဘဝရဲ့ဖြစ်တန်ရာစွမ်းတွေကို
    လက်ချိုးတွက်ချက်နေမိတယ်…..
    (လွတ်လပ်ရေးနေ့မှာ စမ်းတဝါးဝါးကိုအဖြေရှာနိုင်စွာနဲ့အားပေးသွားပါတယ်)

  • Tun Lin Naing

    January 4, 2014 at 11:40 am

    အကောင်းဆုံးအဖြေကိုရှာတွေ့နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် ညီမရေ…………..

  • alinsett

    January 5, 2014 at 12:35 pm

    ဒီကဗျာလေး အတော်ကြိုက်တယ်ဗျာ

    ကဗျာပြခန်းက ကြိုဆိုပါတယ် လို ့

  • kyeemite

    January 6, 2014 at 2:54 pm

    အဖွဲ့အနွဲ့လေးသဘောကျပါဂျောင်းးး

Leave a Reply