တံတားပေါ်မှ ခုန်ချသွားသူတစ်ယောက်အကြောင်း. . .

alinsettJanuary 6, 20144min14311

ပန်းတစ်ပွင့်

___________________________________

 

ညက အိပ်မပျော်ခဲ့သောကြောင့်

မကြည်လင်သော အမြင်ဖြင့် . . .

လောကကို ဇောက်ထိုးကြည့်မိသည်။

 

မလှ ။ ဘယ်အရာမှ မလှ ။

 

ညက ဘာလို့ အိပ်မပျော်ခဲ့သလဲဆိုတာလည်း . . . ပြန်မတွေးချင် ။

 

ဒါပေမယ့် အတွေးဆိုတာ မသိစိတ်ရဲ့ခေါ်ဆောင်ရာ ဘယ်ဋ္ဌာနမဆို လိုက်သွားရတာပဲ မဟုတ်လား ။

 

အိပ်မက် မက်ခြင်းမဟုတ် ။

 

စိတ်ကူးယဉ်ခြင်း မဟုတ် ။

 

အနာဂတ်အတွက် အစီအစဉ်တွေ ရေးဆွဲနေခြင်းလည်း . . . မဟုတ် ။

 

ဘာဆိုဘာမှ မဟုတ်ဘူးတော့လည်း. . . မဟုတ် ။

 

တကယ်တော့ အိပ်စက်ခြင်းကို ခိုးယူသွားပြီး အိပ်ပျက်ခြင်းကို ပစ်ချပေးသွားသူမှာ . . . . ”သတိရခြင်း”တစ်ခုသာ ဖြစ်သည် ။

 

တစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန် သတိရလွမ်းဆွတ်ခြင်းသည် . . .

ဤမျှ ပင်ပန်းဆင်းရဲလိမ့်မည်ဟု . . .ဟိုစဉ်က. . . မသိခဲ့။

 

အေးလေ. . . . . .

အခု ဒီလူမှာက ဒဏ်ရာအနာတရတွေနဲ ့ ။

 

ပစ်လဲကျတတ်သူဆိုလျှင် ပုံလျက်သား အခါခါ ဖြစ်နေလောက်ပြီ ။

 

ဒဏ်ရာရထားသည်ဆိုပေမယ့်. . .

သွေးမထွက်တဲ့ ဒဏ်ရာ. . . .

ဒါပေမယ့် ကျက်နိုင်ခဲသည့် ဒဏ်ရာ. . .

 

ကိုယ့်ထက် နုငယ်တဲ့ ညီငယ် ညီမငယ်လေးတွေရှေ ့မှာ . . . .

” အချစ်တွေ အလွမ်းတွေကို မကိုးကွယ်စမ်းပါနဲ ့ ” လို ့

တတွတ်တွတ် ရွတ်ပြနေခဲ့တဲ့လူ. . . .

 

” လွမ်းသလိုလို ဆွေးသလိုလို လုပ်နေမယ့်အချိန်တွေကို အကျိုးရှိမယ့်ဟာ တစ်ခုခု လုပ်ကြစမ်းပါကွာ ” လို ့ အကြံဉာဏ်တွေပေးပြီး . . . ဆရာကြီးလုပ်ခဲ့သူ. . .

 

အခုတော့ အချစ်နွံထဲမှာ ပက်ပက်စက်စက်နစ်ခဲ့တဲ့. . အဲဒီအချိန်တွေတုန်းက. . . . အဖြစ်အပျက်တွေကို အိပ်မရစားမရ ုပြန်တမ်းတနေပါလားးး

 

မဖြစ်သင့်လိုက်တာကွယ်. . . .

 

ဒါ . . .ရူးသွပ်မှ ုသက်သက်ကလွဲပြီး အခြားဘာမှ မဖြစ်နိုင် ။

 

အချစ်ကို မကိုးကွယ်တတ်သူလို့ အများသိထားတဲ့ ယောကျာ်းတစ်ယောက်က

အချစ်တွေ အလွမ်းအဆွေးတွေကြောင့် သွေးရူးသွေးတန်း ရူးနှမ်းနေပြီဆိုတဲ့အဖြစ်ဟာ ရယ်စရာကောင်းမနေဘူးလား ။

 

ကိုယ့်ကိုယ်ကို အားမရစိတ်/မကျေနပ်စိတ်က တစ်ဘက်

 

ချစ်ခဲ့တာ လွမ်းမိတာ

သတိရခြင်းဆိုတာ အပြစ်မှ မဟုတ်တာ. . .

ဆိုပြီး ရှက်ကိုးရှက်ကန်း ဆက်လွမ်းချင်စိတ်ကတစ်ဘက်. . . .

 

လူတစ်ယောက်တည်းကနေ . . စိတ်နှစ်စိတ်ကို သယ်ပိုးထားရတာ. . . လေးပင်လိုက်တာကွယ်. . . .

 

အဲဒီလောက် ဝန်ထုပ်ဝန်ပိုးတွေ များတတ်မှန်း ကြိုသိခဲ့ရင် . . .

” လွှတ်ချတတ်ခြင်း အနုပညာ” တစ်ခုကို

သင်ခဲ့မိမှာပေါ့ ။

 

အခုတော့ . . . . . ကြီးကောင်ကြီးမားအရွယ်ကြီးနဲ့

လူပျိုပေါက်ကလေးလို. . . . . .ငတ်မွတ်တောင့်တနေလိုက်ရတာ. . . .

 

မောတယ် . . .

 

အချစ် . . .

အလွမ်း. . .

တမ်းတစောင့်စားခြင်းနဲ့ . . . . မျှော်လင့်ရူးသွပ်ခြင်းတွေဟာ. . . . . မောစေတတ်တဲ့ ဆေးတွေလားးး ????

 

ဒါဖြင့် . . . .

အမောပြေမယ့် ဆေးက . . .ဘေးမဖြစ်အောင် . . .

လာ . . . .

ကာကွယ်ပေးပါတော့လားကွယ်. . .

 

မနက်အစောကြီးးးး

 

နှင်းတွေအောက်မှာ . . .

 

အနွေးထည်ခပ်ပါးပါးဝတ်ထားရုံ. . . .

 

ကပိုကရို ဝတ်ရုံတစ်စ ခြုံလွမ်းထားရုံ. . . .

 

သတိရတမ်းတ လွမ်းဆွတ်ခြင်းဆိုတဲ့စိတ်ဆန္ဒတစ်ခုသာ အသိစိတ်မှာ ရှိရုံနဲ့ . . ..

ဒီလမ်းကို ကျွန်တော်လျှောက်ခဲ့တယ် ။

 

ဒီတံတားကြီးပေါ်. .

ကျွန်တော် ရောက်ခဲ့တယ် . . .

 

အိမ်နဲ့ သိပ်မဝေးတဲ့ အောင်ဇေယျတံတားးး

 

ကျွန်တော် . . .

ရောက်မှန်းမသိ ရောက်ခဲ့တယ် ။

 

ရုတ်တရက်. . . ကျွန်တော့်စိတ်အခြေအနေကို မသိနိုင်သူတွေအနေနဲ့ . . . .

ဆောင်းရာသီ မနက်စောစော လမ်းလျှောက်ထွက်တဲ့သူလို့ပဲ ထင်မြင်ကြလိမ့်မယ်. . .

 

ကျွန်တော့်အတွက်တော့ . . . .

ဒါ . . . .

လမ်းလျှောက်ခြင်းထက် ပိုတဲ့ ”လှမ်းးးလျှောက်ခြင်းးး”

 

နာကျင်ကြေမွနေတဲ့

စိတ်ခံစားမှ ုဒဏ်ရာ မွစာကြဲနဲ့. . .

ရာဇဝင်တွင်အောင် . . . .

တူးတူးခါးခါးး. . .

လွမ်းနေသူ . . .

 

ချစ်သူနဲ့ လျှောက်ဖူးတဲ့လမ်းးးဆိုတဲ့

”အသိ အလွမ်း’‘လေးတစ်ခုတည်းနဲ ့ . . . . အရာအားလုံးကို လုံးဝမေ့ချပြီးးး

သွေးရူးသွေးတန်းတမျှ . . . .

ပြေးလာမိသူ. . . .

 

. . . . . . . . . . . . . .

 

သိနိုင်ကြပါ့မလားးးး

ဒီ လေတဟူးဟူးကို မျက်နှာနှစ်ခု. . . အတူမော့ကြည့်ခံစားဖူးတယ်. . . .

 

သိနိုင်ကြပါ့မလားးးး

ဒီမြစ်ပြင်ကြီးကို . . .

ခန္ဓာနှစ်ကိုယ်. . .

တစ်ကိုယ်တည်းလိုလိုပေါင်းပြီးး . . . .

ငုံ ့ကြည့်ခဲ့ဖူးတယ် . . .

 

သိနိုင်ကြမယ်တော့ မထင်ပါဘူးးး

ဒီတံတားကြီးပေါ်မှာ . .

ချစ်သူ့ခါးကို အနောက်က သိမ်းဖက်ရင်းးး

မြစ်ပြင်ကြီးပေါ် လက်တွေ ဆန့်တန်းလို ့. . .

ရင်ခုန်သံဆူပွက်. . . .

တဖျတ်ဖျတ် ခုန်နေတဲ့ ရင်ခွင်နဲ့ . . .

လူငယ်ပီသဖူးတယ်. . . . .

 

သိနိုင်ကြမယ်တော့ မထင်ပါဘူးလေ. . .

ဒီတံတားကြီးပေါ်ကနေ . . .

”နှ ုတ်ခမ်းရာ နှစ်ခုနဲ ့ . . ရေသန့်တစ်ဗူး. . .”

ရှူးရှူးရှားရှား ပြုတ်ကျသွားဖူးတယ်. . . .

 

အဲဒီ အချိန်မှာ . . .

ကောင်းကင်ပေါ် ခေါင်းမော့ကြည့်နေတဲ့ ချစ်သူ ့နှုတ်ခမ်း . . . . .

”အဖော်စုံတဲ့ နှုတ်ခမ်းလေး’‘ ဖြစ်သွားခဲ့တာ. . . .

သိနိုင်ကြမယ်တော့ ထင်ပါဘူးလေ. . .

 

ခေါင်းလျှော်ရည်နံ့သင်းသင်းပျံ ့နေတဲ့ ချစ်သူ ့ဆံနွယ်စတွေက . . .

လေထဲမှာ . . .

အေးစက်တုန်ရီနေတဲ့ ကျွန်တော့်လက်တွေက . . .

ချစ်သူ ့ ခါးနွဲ ့နွဲ ့လေးပေါ်မှာ. . . .

 

လူသူကင်းရှင်းနေတဲ့ တံတားကြီး ပေါ်မှာ. ..

 

တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ မြစ်ပြင်ကြီးပေါ်မှာ

 

အင်းးး းးးးးးးးးးးးးးးးးးးးးးးး

 

ဒီတံတားကြီးပေါ် . . . .

အခု . .

ငါဘာလို ့ရောက်နေတာလဲ. . . . .

 

သာမန်

လမ်းလျှောက်ထွက်လာသူတစ်ယောက်လို ဘာလို့မခံစားနိုင်တာလဲ ။

 

ငါ. . . . . .

သူ ့ကို လွမ်းတယ်. . . . .

 

သူ မရှိရင်

ငါ့ဘဝ ရပ်တည်မှ ုဟာ ခြောက်ကပ်တိတ်ဆိတ်သွားလိမ့်မယ်လို ့ ငါမထင်ခဲ့ပါဘူး ။

 

သူ မရှိလည်း

ငါ့ဘာသာငါ ဖြစ်တည်လို့ရတယ်ဆိုတဲ့ မာနနဲ့ . . . . .ငါ့အသည်းကွဲ ဒဏ်ရာကို ငါက်ိုယ်တိုင် ကုသခဲ့တာ. . . .

 

အခုလို ရူးသွပ်လုနီးပါး . . .

သူနဲ့ လာဖူးတဲ့ နေရာကို ငတ်မွတ်တောင့်တစိတ်တွေနဲ့ ပြေးထွက်လာခဲ့မိလိမ့်မယ်လို ့. . .

ငါ တွေးမထားဘူး. . . .

 

အခု ငါ ဘာဖြစ်နေပြီလဲ. . . . .

 

သူ မရှိရင် မနေတတ်အောင် ဖြစ်သွားတာလားးး

 

သူ ့ကိုမှ မတွေ ့ရရင် မနေနိုင်လောက်အောင် ဖြစ်သွားပြီလားးး

 

ပြန်မဆုံနိုင်လောက်အောင် ဝေးကွာသွားပြီပဲ. . . . . .

 

အက်ရာ ဖာထေးပြုပြင်ရာတွေနဲ့တောင် ပြန်ဆက်လို့မရ. . . . .

 

တစ်ယောက် အရိပ်အယောင်ကိုတောင် တစ်ယောက်မတွေ ့ရ . . .

 

တစ်ယောက်နဲ့တစ်ယောက် အတိုင်းအဆမဲ့ မျက်ကွယ်ပြုခဲ့ကြပြီးပြီးပဲကွယ်. . . . .

 

ဒီဇာတ်လမ်းဟာ. . . .

တစ်က ပြန်စလည်း . . . . တစ်မဖြစ်တော့တဲ့ ဇာတ်လမ်းပါ. . .

 

ဒါဖြင့်. . .

အခု လို နင့်နင့်သီးသီး ခံစား နာကျင်စွာ နဲ့ ဒီနေရာကို လာခဲ့တာ . . .

ငါ့ရူးသွပ်မှ ုသက်သက်ပဲ ။

 

သူ . . . မရှိရင် . . .

ငါ့ဘဝ အချည်းနှီးပဲ ဆိုပြီး. . . . ယူဆလိုက်ပြီလားးးး

 

ဒါဆိုရင်တော့ ဟောဒီ မြစ်ထဲ . . .

ခုန်ဆင်း . . .

သေလိုက်သင့်တယ် ။

 

တံတားလက်ကိုင်တန်းကို ကိုင်. . .

အေးစက်တိတ်ဆိတ် . . .

လေတဟူးဟူးးး

မြစ်ရေစီးသဲ ခပ်သဲ့သဲ့

နှင်းမြူပိတ်ဖုံးးး

ဟောဒီ. . . . . ခပ်တုံးတုံးခပ်ညံ့ညံ့ကောင်တစ်ယောက် . ..

ဒီ တံတားအောက် ရောက်သွားတော့ရော ဘာအရေးလဲ. . . . . .

 

မြစ်ပြင်ကြီး စီးနေရာကနေ. . . . ရပ်တန့်သွားမှာလည်း မဟုတ် ။

 

လေတဟူးဟူး တိုက်ခတ်ခြင်းကနေ. . . . ငြိမ်သက်သွားမှာလည်း မဟုတ် ။

 

နှင်းမြူတွေလည်း . . . .

ချက်ချင်းပါးလျ. . . . . . .

ပျောက်ကွယ်သွားမှာလည်း မဟုတ် ။

 

မွန်းကျပ်ပိတ်လှောင်နေတဲ့ ခံစားချက်တွေတော့. . . . . . . .အဆုံးသတ်သွားလိမ့်မယ် ။

 

နာကျင်မှ ုတွေဟာ . . .

နာကျင်မှ ုကြောင့် ရပ်တန့်သွားလိမ့်မယ် ။

 

အချစ်ဦးကို . . .

ရူးရူးမူးမူး တမ်းတနေသူတစ်ယောက် ကံကြမ္မာအပေါက်ဝက ငေါက်ခနဲ ပြုတ်ကျ

မလှမပ သေဆုံးသွားရုံကလွဲပြီး . . .

 

တခြား ဘာမှ မထူးခြားးး

 

ဟားလိုသူတွေဟားးး

မဟားလိုသူတွေ ကြားပြီး. . . . သနားလိုကလည်း . . . .

သနားစေတော့. . . . .

 

ကိုယ့် သေတွင်းကိုယ်တူးရတာ တူးတူးခါးခါးမုန်းစရာကောင်းပေမယ့်

သူများတူးထားပြီးသားသေတွင်းကြီးထဲ

ခပ်တည်တည် ဝင်သေရတာက . . . ပိုပျင်းစရာပဲလို ့ . . . . မှတ် . . . . .

 

လောကအတွက် ”အဟက် ”ဆိုပြီး ရယ်သံတစ်ချက်ထားခဲ့ . . . .

 

ပြီးတာနဲ ့. . . .တော်လောက်ပြီ . . . . . .

 

ခုန်ချ သင့်ပြီ ။

 

ကဲ. . . .

. . . . . .

. . . . . .

. . . . . .

. . . . . .

 

 

______________________________

 

တံတားကြီးပေါ်က. . .

ကျွန်တော် ခုန်ချလိုက်သည် ။

 

အချစ်ကို ကိုးကွယ်မိခြင်းးး နှင့်. . . .

အသုံးမကျသော လွမ်းဆွတ်တမ်းတခြင်းများ . . . . .

တံတားပေါ်မှ မြစ်ထဲ . . . .

 

ဝုန်းးးးခနဲ . . . .

 

ထိုးဆင်း . . . ကျ . . . . .

 

.

.

.

နစ် . . . .

.

.

.

.

မြုပ်. . . .

.

.

.

.

ပျောက်. . . . .

.

.

.

.

ဆုံး. . . . .

 

 

________________________

 

” ကျွန်တော် ”. . .တံတားပေါ်မှ ခုန်ချ နစ်မြုပ်ပျောက်ကွယ် သွားတာကို . . .

”ကျွန်တော် ‘‘ ငုံ ့ကြည့်လိုက်သည် ။

 

ထို့နောက် . . .”နစ်မြုပ်သွားသောကျွန်တော် ”ကို

”တံတားပေါ်မှ ကျွန်တော် ‘‘က . . . . သေသေချာချာ လက်ပြနှုတ်ဆက်လိုက်ပြီးသည်နှင့်. .

ချာခနဲ လှည့်ထွက်ခဲ့သည် ။

 

တံတားပေါ်မှ ခပ်သုတ်သုတ် ဆင်းလာရင်းဖြင့် . . . . .

အိမ်ရောက်လျှင်လုပ်ရမည့်အလုပ်တစ်ခုကို

အစီအစဉ်ချသည် ။

 

 

အိမ်ရောက်သည်နှင့် . . . . .

”တံတားပေါ်မှ ခုန်ချနစ်မြုပ်သွားသော

ကျွန်တော့်အကြောင်း” ကို . . . . .

” ကျန်ရစ်လှည့်ပြန်ခဲ့သော ကျွန်တော် ”က ဝတ္ထုတစ်ပုဒ်လို . . .ချရေးရဦးမည် ။

 

ဝတ္ထုတစ်ပုဒ် လို . . . .

 

တကယ့်ကို . . .ဝတ္ထုတစ်ပုဒ်လို. . . .

 

 

____________________________

 

 

အလင်းဆက် (Gazette)

 

၃ / ၁ / ၂၀၁၄

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

11 comments

  • alinsett

    January 6, 2014 at 7:44 am

    အဟီး
    ဒီစာ ကို
    ကွကိုယ် ရေးပြီး ကွကိုယ် ပြန်ဖတ်ကြည့်တာ
    ရှက်ထာ

    😆

    __________________

    တီသဲ ပေးထားတဲ့နာမည်လေး ဖြစ်တဲ့ တိမ်တမန် ဆိုတာလေး
    ခဏပြောင်းထားလိုက်ပါတယ် ။
    တီသဲ ကို သိပ်ကျေးဇူးတင်တာပဲ။
    အဲဒီနာမည်လေးကို ကျနော် ကြိုက်တယ် ။

    • TNA

      January 6, 2014 at 6:57 pm

      အဲနာမည်နာလဲကြိုက်တယ်။ မန်က မာန်လို့ရေးရမှာလားလို့

      စာတော့ဖတ်တွားဒယ်။ ဒါပေသိနားလည်ပု။

      • တိမ်တမန်

        January 6, 2014 at 8:28 pm

        တမန် = စေတမန် ဆိုတဲ ့… စာသားအလိုက်ကိုယူပါတယ်..တီသဲ..

        ဒါကြောင့်… ” တိမ်တမန် ”

        :kwi:

        ————

        ဒီ နာမည်လေးကို.. တီသဲ ပြောပြကတည်းက..ကြိုက်နေခဲ့ပေမယ့်…
        နာမည်တူရှိမရှိ စုံစမ်းနေခဲ့တာကြောင့်.. မယူဖြစ်သေးတာရယ်.. ။

        ဒီနာမည်လေးက အလင်းဆက် ရဲ ့ ကလောင်ခွဲတစ်ခုပေါ့.. ။

        :kwi:

  • မဟာရာဇာ အံစာတုံး

    January 6, 2014 at 9:37 am

    နင့် တံတားက ဘာတံတားတုန်း
    သစ်သား တံတားလား
    သံ တံတားလား
    အုတ်တံတားလား
    ဘယ်အပေါ်မှာ ဆောက်ထားတဲ့ တံတားတုန်း
    အမြင့်ကရော ဘယ်လောက် ရှိတုန်း
    သေချာတာ တစ်ခုကတော့
    တံတားအောက်မှာ ရေအများကြီးရှိရင်တော့ ဗွမ်း ဆိုပီး မြည်မှာ အမှန်ပဲ …

    • တိမ်တမန်

      January 6, 2014 at 12:13 pm

      အော် ကွယ်
      . . .

      အောင်ဇေယျတံတားပါ လို ့ထည့်ရေးထားတာကို

      🙂

      သူဂျီးလိုမျိုး ဟောဒီ comment ထဲ တံတားပုံကြီး ထည့်ပြချင်လိုက်တာ

      :kwi:

  • cobra

    January 6, 2014 at 5:37 pm

    တေစမ်း……..
    ဒီလိုမှန်းသိရင် ဝင်မဖတ်ပါဘူး
    သူ့ရေးတာဖတ်လိုက်မှပဲ
    ကိုယ်တောင် ဒီညအိပ်ရပါ့မလားမသိဘူး။
    လွမ်းရဦးမည်………. ဆွေးရဦးမည်……….။

    • တိမ်တမန်

      January 6, 2014 at 8:30 pm

      ကျွန်တော်တောင်.. အလွမ်းတွေကို…
      မြစ်ထဲ..ပစ်ချလိုက်ပြီ…။

      မြစ်ထဲ… ခုန်ချသွားတဲ ့…ကျွန်တော်…..နဲ ့အတူ…..

      🙂

  • KZ

    January 6, 2014 at 7:14 pm

    လိုက်လို့ မမှီ

    :hint:

    • တိမ်တမန်

      January 6, 2014 at 8:31 pm

      အဆုံးသတ်လေးကို.. နည်းနည်း… စဉ်းစားစရာဖြစ်အောင်…ရေးလိုက်မိတာ..မမဂျီးရေ… ။

      :kwi:

  • အဘရဟူဒီ

    January 7, 2014 at 8:55 am

    ငိငိ. ဟိုနေ့က တံတားဘောင်ခွနေတဲ့ နှုတ်ခမ်းနီမမ ကိုဘယ်သူများမှတ်တယ် ဒညင်းဝက် ကိုးးးး. သွပ်သွပ်၃၇ရခါ.

    • တိမ်တမန်

      January 8, 2014 at 8:58 pm

      ဟွင်းဟွင်း…
      အဲဒလို..ပြောသွားတဲ့အတွက်…
      မကြာမီ…လာမည်….
      ဂီ ့ကို ပြန်ဆော်ထားတဲ ့..ပိုစ့်တစ်ပုဒ်….

      ဘယ်လို.ဇာတ်ရုပ်မျိုးနဲ ့….ပိုစ့်ထဲ..ပါလာလေမလဲ..လို ့..
      စောင့်ကျိလိုက်ပါဦး…
      ရဟူဂီ ရယ်.. .

      😆

Leave a Reply