သထုံ ရွှေစာရံဘုရား

weiweiJanuary 5, 20142min1936

ပြီးခဲ့တဲ့ အပါတ်က သထုံမြို့ကို တစ်ခေါက်ရောက်ခဲ့ပါတယ်။ သထုံမှာနေတဲ့ ဆွေမျိုးတစ်ဦး နေမကောင်းဖြစ်တာကို သတင်းသွားမေးရင်း ဘားအံဘက်ကိုလဲ လည်ပါတ်ရင်းနဲ့ နေ့ခြင်းပြန်ခရီးတိုတစ်ခုသွားဖြစ်ခဲ့တယ်။ ဘားအံရှုခင်းတွေကို သီးသန့်ပို့စ်တစ်ခု တင်ဖို့ စိတ်ကူးထားလို့ သထုံ ရွှေစာရံဘုရားကို သီးသန့်ခွဲထုတ်ပြီး ပို့စ်တင်လိုက်ပါတယ်။

အခုတလော သတင်းကြီးနေတဲ့ ဓါတ်တော်လွှတ်တယ်လို့ နံမည်ကြီးနေတဲ့ ဘုရားဖြစ်ပါတယ်။ သထုံမြို့ထဲမှာ တည်ရှိပြီး မော်လမြိုင်ကားတွေ ဘားအံကားတွေ ကပ်ကျော်သွားလေ့ရှိတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ကျွန်မတို့လဲ အရင်က ကပ်ကျော်သွားလေ့ရှိပေမယ့် ဒီတစ်ခေါက် မြို့ခံဆွေမျိုးက ဝင်ဖူးလိုက်ပါဆိုလို့ တစ်ကူးတကဝင်ဖြစ်ခဲ့လို့သာ အခုလို ဓါတ်ပုံတွေ ပြနိုင်တာဖြစ်ပါတယ်။

ဓါတ်တော်လွှတ်တာကို ဗုဒ္ဓဟူးဒေါင့်ကနေ ကြည့်ရင် မြင်ခဲ့ရတယ်လို့ ပြောကြပါတယ်။ ကျွန်မတို့သွားတဲ့အချိန်မှာတော့ မမြင်ရတော့ပါဘူး။ နေပူပူနေ့ခင်း ၃ နာရီလောက်မှာ ရင်ပြင်တော်ပေါ်ရောက်ခဲ့တာမို့လို့ ဓါတ်ပုံတွေက အရောင်တောက်ပြီး ကြည်လင်နေပါတယ်။

ဘုရားရင်ပြင်တော်ပေါ်မှာ
ဘုရားရင်ပြင်တော်ပေါ်မှာ
သန့်ရှင်းပြီး ကျယ်ဝန်းတယ်
သန့်ရှင်းပြီး ကျယ်ဝန်းတယ်
ထူးခြားသော ဝိသေသများ
ထူးခြားသော ဝိသေသများ
ရွှေစာရံဘုရား
ရွှေစာရံဘုရား
ရင်ပြင်ပေါ်မှာ ဖူးတွေ့ရတဲ့ သကြားစေတီ
ရင်ပြင်ပေါ်မှာ ဖူးတွေ့ရတဲ့ သကြားစေတီ
ခိုလေးတွေ နားခိုရာ စေတီလေး ၂ ဆူ
ခိုလေးတွေ နားခိုရာ စေတီလေး ၂ ဆူ
ဘုရားဇောင်းတန်း
ဘုရားဇောင်းတန်း
ရွှေစာရံဘုရားကနေ မြသပိတ်တောင်ကို ဇွန်းဆွဲရိုက်ခဲ့တယ် ...
ရွှေစာရံဘုရားကနေ မြသပိတ်တောင်ကို ဇွန်းဆွဲရိုက်ခဲ့တယ် …

6 comments

  • surmi

    January 5, 2014 at 12:04 pm

    တချိန်​က​တော့ ဘုရား​ရှေ့မှာ ​ဈေးဆိုင်​တန်​း​လေးရှိဖူးတယ်​ ။အခု​တော့ရှိမရှိမသိ။
    အဲဒီလက်​ဖက်​ရည်​ဆိုင်​မှာ ကျ​နော်​တို့ဘုရားဖူးလိုင်​းကား​တွေ နံနက်​စာ စားပြီးနား​နေကျပါ ။
    အကြိမ်​များစွာ နားခဲထူး​ပေမယ်​့ အခုထိ ကပ်​​ကျော်​ဖြစ်​​နေဆဲပါပဲ….
    ​နောက်​များ​ရောက်​ဖြစ်​ရင်​ ဝင်​ဖူးပါဦးမယ်​ ။
    သထုံက ကျ​နော်​တို့ခရီးစဉ်​မှာ အမြန်​ဖြတ်​​ကျော်​်​မြို့သာဖြစ်​ခဲ့ပါတယ်​..

  • alinsett

    January 5, 2014 at 12:08 pm

    အရင်က မရောက်ဖူးဘူး

    အခု ရောက်ဖူးသွားပြီ

  • KZ

    January 5, 2014 at 1:43 pm

    _/\_ _/\_ _/\_

    ကျေးဇူး ဝေ။
    ကျနော် က ရှမ်းပြည်ကလွဲရင် ဘယ်ပြည်နယ်မှ မရောက်ဖူးတာမို့။
    ပို့(စ) တွေကပဲ သွားနိုင်တယ်။

    🙂

  • TNA

    January 6, 2014 at 7:30 pm

    မဝေကျေးဇူးကြောင့်မြို့အစုံရောက်ဖြစ်တာကျေးဇူးပါ။ ဘုရားလဲဖူးသွားပါတယ်။

  • padonmar

    January 6, 2014 at 8:09 pm

    ရွှေစာရံကို ကပ်ကျော်သွားဖူးတယ်။သထုံက မြသပိတ်တောင်ကိုတော့ သတင်းကြားနဲ့ ရောက်ဖူးချင်မိတယ်။

  • Ma Ma

    January 6, 2014 at 8:57 pm

    ခရီးသွားဖို့ဆိုတာ လွယ်မယောင်နဲ့ခက်တယ်။
    ငွေကြေး၊ အချိန်၊ ကျန်းမာရေး၊ အဖော် စသဖြင့် စုံမှသာသွားနိုင်တာ။
    ရွှေစာရံဘုရားကို လွန်ခဲ့တဲ့ အနှစ်၃ဝလောက်က ရောက်ဖူးတယ်။
    မြသပိတ်တောင်ကိုတော့ ပဒုမ္မာပြောသလိုပဲ ရောက်ဖူးချင်မိတယ်။

Leave a Reply