ဝေးကြည့်ကြည့် နီးကြည့်ကြည့်၊ ကြည့်လို့ကောင်းဖို့ အရေးကြီးတယ် – Branded Sun Glasses and Designs

ဇီဇီJanuary 6, 201411min52243

အရက် ဘရန်း ရေးမို့ဟာကို ဖတ်ရုံနဲ့တင် မူးနေလို့ ခု စိတ်ပါတဲ့ ဘရန်းကို ရန်းသန်း မှန်းသန်းရေးလိုက်ပါတယ်။  :mrgreenn:

 

အမှန်တော့ ဒီ ပစ္စည်းက လည်း ကျုပ်ကိုယ်တိုင် သုံးမရဘူးးး အင်မတန်တော့ ဝါသနာပါတာရယ်။

လူက အဝေးမှုန်သမားးး နဲနဲဝေးရင်ကို ဝါးနေတာ ဆိုတော့ နေကာမျက်မှန်သုံးလို့မရဘူးးးး ပါဝါ မျက်မှန်မှာပဲ နေအောင်လာရင် (အဲလေ) နေရောင်လာရင် မှောင်တဲ့ဟာလေး ထည့်ရတာရယ်။  :mrgreenn:

ဒါပေမဲ့ မျက်မှန် နဲ့ လူနဲ့ လိုက်ဖက်အောင် ရွေးရတာတို့ နေကာမျက်မှန်နဲ့ လိုက်ဖက်ညီတဲ့သူတွေ ငမ်း (ဟုတ်ပေါင်) ကြည့်ရတာတို့ ကို ကြိုက်တယ်။ :mrgreenn:

အာ့ကြောင့် ရေးပါ့မယ်။

နေကာမျက်မှန်ရယ်လို့ပေါ်ကာစကတော့ ဖုံ၊ လေနီကြမ်း၊ နေရောင်ခြည် တို့ ယူဗီ တို့ ကာကွယ်ဖို့၊ ရည်ရွယ်ရာက နောက်ပိုင်းမှာ အားကစားတို့ ဖက်ရှင်တို့ အတွက်ပါ ထည့်သွင်းစဉ်းစားလာကြပါပြီ။

ဆယ်လီဗျစ်တီများရဲ့ ရုပ်ပြစား မားကက်တင်းကြောင့်လည်း ရောဂါတက်လာကြတာပါ။

နာမည်ကြီးလို့ကတော့ လိုက်တာမလိုက်တာမသိ ဝယ်တပ်ပစ်မယ် ဆိုတဲ့ စိတ်တွေများလေ ရောင်းကောင်းလေပေါ့။ အဟေးဟေးးးး

:mrgreen:

ဒါမဲ့ မျက်စိ ကာကွယ်ရေးနဲ့ ဆိုင်တာမို့ အာမခံချက်ရှိတဲ့ အမျိုးအစားကိုသာ ဝယ်ယူသင့်တယ်လို့ယူဆပါတယ်။

(ထပ်ပြောမယ်နော်၊ ဘရန်း ပလိုမိုးရှင်း မဟုတ်ဘူးးး၊ ဖတ်ထားတာပြောပြမှာ)

 

အမှန်တော့ ရေးရတာ နည်းနည်းပါ။ ပုံ နဲ့ ပြမှာ။

 

ဘရန်းလေးနဲ့ စလိုက်တာပေါ့။

အောက်ဖော်ပြပါ ဇယား ကတော့ Top Ten Sun Glasses တွေပါတဲ့။

ဒီ လင့် က ပြောတာပဲ။    http://www.top10sworld.com/top-10-best-sunglasses-brands

Top 10 Sunglasses(1) Top 10 Sunglasses(2)

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဒါက တခြား နာမည်ကြီး ဘရန်းတွေ။

Other brands (1) Other brands (2)

 

 

အဲဒီ ဟာတွေ ကြည့်ပြီး တွေ့လိုက်တာက မျက်မှန် သီးသန့် ဘရန်းရယ်လို့ ပြောလို့ရတဲ့ဟာ ၁ဝ မျိုးမရှိဘူး ဆိုတာပဲ။

တစ်ချို့က အိတ်တို့ နာရီတို့ အဖြစ် နာမည်ကြီး ဘရန်းဖြစ်ပြီးမှ Accessories အဖြစ် မျက်မှန်တို့ ဖိနပ်တို့ ထုတ်တဲ့ ဘရန်းမျိုးဆိုတော့ နာမည်ကြီး ဖက်ရှင်ဘရန်းမှန်ရင် မျက်မှန် ထုတ်ကြသည်ပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဒီတစ်ခါလာမှာကတော့ မျက်မှန် ဒီ ဇိုင်းလေးတွေပါ။ နာမည်ကြီး ဘရန်းတွေမှာ သူ့ ကိုယ်ပိုင် ဒီဇိုင်းတွေ အများကြီးရှိပါတယ်။ ဖရိန်ကို အခြေခံ (ဒါမှမဟုတ်) မှန် အမျိုအစားကို အခြေခံပြီး ပေးထားတဲ့ ဒီဇိုင်း နာမည်တွေက အများကြီးရယ်.။

ဒီထဲကမှ လူသိများ/လူသုံးများတဲ့ ဒီဇိုင်းလောက်ပဲ ရေဘင် နဲ့ အောကလေ က ထုတ်နှုတ်လိုက်ပါတယ်။

Design - Cateyes
Design – Cateyes
စင်ပေါ်မှာ သီချင်းဆိုတဲ့သူကတော့ ဟုတ်တာပေါ့။ အပြင်မှာ တပ်ရင် ကြောင်တောင်တောင်မှာရယ်။

 

 

Design - Clubmaster
Design – Clubmaster
လီယိုနာဒို တတ်တာတော့ အမိုက်စားပဲ။ ဟေးဟေးဟေးး

 

 

Design - eyeshade
Design – Eyeshade
ကြိုက်ဘူးးး စက်ရုပ်နဲ့တူမှာရယ်

 

 

Design-  jackie ohh
Design- Jackie Ohh
ဒါတော့ကြိုက်တယ်။ မှန်က ဖိုင်ဘာမို့ ပေါ့တယ်။

 

 

Design - M frame
Design – M frame
ပြောင်းပြန်ကြည့်ရင် M နဲ့ တူတဲ့ ဖရိန်မို့ထင်တယ်။ အားကစားသမားတပ် ဒီဇိုင်းမို့ ကြိုက်ပု။

 

 

Design - Round
Design – Round
ရုပ်ပြောင်ဖြစ်သွားလို့ မကြိုက်ဘူးး ဂျက်လီတတ်တုန်းကတော့ ချစ်စရာလေးလို့ မြင်ဖူးတယ်။

 

 

Design - wayfarer
Design – Wayfarer
ဘယ်သူနဲ့ဖြစ်ဖြစ် ဘယ်အချိန်ဖြစ်ဖြစ် ရိုးမသွား ဆန်းမလာ တဲ့ ပုံမို့ အကြိုက်ဆုံးးး ပါဝါမျက်မှန်မှာဆိုရင် ကျွဲကော်ကိုင်းပုံပေါက်သွားတယ်။
ဒီ ဒီဇိုင်း က Glass မဟုတ်တာများတယ်။

 

 

Design- aviator
Design- Aviator
ရေဘင်လို့ ဆိုလိုက်ရင် အထင်ရှားဆုံး ဒီဇိုင်းပေါ့နော့။ Top Gun မှာ တွမ်ခရု တတ်တယ်လေ။ ရေသဘင်ရဲ့ Signature လို့ ပြောလို့ရပါတယ်။

 

 

Design -Blades
Design -Blades
Blade ထဲမှာ ဝက်စလေ စနိုက် တတ်တာမြင်ပြီး တတ်ချင်စိတ်မရှိတာ။ ဟိဟိ

 

 

Design -Eye Jacket
Design – Eye Jacket
ဒါကတော့ အော်ကလေရဲ့ Signature လို့ ခေါ်ရမလားးး မျက်လုံးကို လုံအောင်အုပ်ထားတဲ့ ဒီဇိုင်းမို့ နာမည်နဲ့တော့ လိုက်သားးး
ဒါမဲ့ မကြိုက်ဘူးးး ဘက်ခမ်းတတ်တာပဲ လှတယ်ထင်တယ်။ ဟေးဟေး

 

 

ဖက်ရှင် ဘရန်းတွေက ထုတ်တဲ့ အိုဗာဆိုဒ် ဒီဇိုင်းလို့ခေါ်တဲ့ မျက်မှန် အလှ ကြည်ကြည် ကြီးကြီးတွေလည်း ရှိသေးရဲ့။ ကျနော်တို့ အမေတွေ လက်ထက်က လှည်းဘီး မျက်မှန်တွေလိုပေါ့ နော့။ ဒါမဲ့ အဲဒီ ဒီဇိုင်း နာမည်တွေက ရှာမရလို့ထားခဲ့ပါပြီ။

နေကာမျက်မှန် ခွေဇီတွေကတော့ အဲဒီမျက်မှန် ကြည်ကြည်တွေဟာ အလှနဲ့ဖက်ရှင်အတွက်ပဲကောင်းတယ် ဆိုကြပါတယ်။ အဲလာကြောင့် အကြိုက်ဆုံး ဒီဇိုင်းကိုတိတ်တိတ်လေးပဲပြပါရစေ။ :mrgreenn:

over-sized glasses
over-sized glasses
ကိုယ်က မျက်နာကြီးမျိုးဆိုတော့ ဂလောက် မျက်နှာတစ်ဝက်လောက်ဖုံးထားမှ တော်ကာကျ။ ခွိခွိခွိ

 

 ~~~~~~~~~~~~~~~~~~~~~~~~`

နောက်တစ်ပိုင်းကတော့ ကိုယ့်မျက်နှာနဲ့ လိုက်တဲ့ မျက်မှန် ဘယ်လို ရွေးချယ်ကြမတုန်းပါပဲ။ နေကာသာမက ပါဝါမျက်မှန် သမားတွေ အတွက်ပါ အသုံးဝင်သမို့ ပုံလေးတွေရှာပေးလိုက်ပါတယ်။

မျက်နှာ အချိုးအစားကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာ ဒီ ၃ ပုံကို ကြည့်ပါဦးးးး

face shapes 2
face shapes 1

 

 

face shapes
face shapes 2

 

 

face_shape_flowchart_lg
Face shapes 3

 

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

 

ဒါက မျက်နှာပုံ ဖော်လို့ရပြီဆိုရင် မျက်မှန်ရွေးဖို့ ယေဘူယသဘောလေးတွေပါ။ အမှန်တော့ တပ် ကြည့်ပြီး ရွေးတာ အကောင်းဆုံးပါလို့။ ဟိဟိ  :mrgreenn:

How to choose glasses 1
How to choose glasses 1

 

 

How to choose glasses 2
How to choose glasses 2

 

 

How to choose glasses 3
How to choose glasses 3

 

 

How to choose glasses 4
How to choose glasses 4

ဒီလောက်ပါပဲ။ (ဒီထက်မသိတော့လို့ပါ)  :mrgreenn:

 

မှားတာလေး အားမတမ်း ပြောပြပေးပြီး ပိုသိတာလေးထပ်ဖြည့်ပြောပေးပါ။

ပုံတွေ ကို ဂူဂယ်မှ အခမဲ့ကူညီပြီး
အချက်အလက်တွေကို ဝီကီမှ မစ်တာဖြင့် ကူညီပါတယ်။

😀

43 comments

  • မဟာရာဇာ အံစာတုံး

    January 6, 2014 at 9:17 am

    ကျုပ်ကတော့ ညက်မှန် တပ်ခဲဒယ် …
    ညက်မှန်တပ်ယင် အဖိုးဂျီးနဲ့တူဒယ်လို့ ပေါခံရနွန်းနို့ …
    ဒါဂျောင့် …
    အလှပျက်မှာစိုးညို့ ညက်မှန်တပ်ဘူး …
    :mrgreen:

    • တိမ်တမန်

      January 6, 2014 at 8:49 pm

      အန်စာရာ..မင်းက..မျက်မှန်မတပ်လည်း.. အဖိုးဂျီးအို ရုပ်ပါပဲ.. ။
      အဟိ.. ။
      ပြောရတာ အရသာရှိလိုက်တာ..။
      😆

      ——————–

      မမဂျီး.. ..
      အတော် စုံစုံလင်လင်…သိရအောင် တင်ပြပေးထားလို ့..ကျေးဇူးဗျ..။
      ———————
      လောလောဆယ်.. လိုချင်တဲ ့ နေကာမျက်မှန်လေး..ဝယ်ချင်လို ့…
      ကိုယ့်ပါဝါမျက်မှန်လေး.. အရင်တပ်လိုက်ဦးမယ်..
      ပိုက်ဆံ..က… မျက်မှန်တပ်ပြီး..ရှာရမှာ…။

      :kwi:

      • KZ

        January 7, 2014 at 9:13 am

        အဲလို ပါဝါလေး တပ်တပ်ပြီး ပိုက်ဆံရှာလိုက်တာ နေကာလေးက ဝေးဝေးသွားတာပါပဲ။

        :hint:

    • KZ

      January 7, 2014 at 9:17 am

      ဟုတ်တယ်။
      နာ့မောင်လေးက မက်မှန် ပါရင် အဖိုးကြီးနဲ့တူတယ်။
      မက်မှန်မပါတော့ အဖွားကြီးနဲ့ တူ မှာ……….
      .
      .
      .
      .
      .
      .

      လို့ မဆိုလိုပါဘူးး :mrgreenn:

  • Mr. MarGa

    January 6, 2014 at 12:14 pm

    ဒီဇိုင်းတွေ တစ်မျိုးပြီးတစ်မျိုးပြ
    ဘာကြောင့်မကြိုက် ညာကြောင့်မကြိုက် နဲ့ ပြောသွားပြီးတော့
    ဘယ်သူတွေတပ်ရင်တော့ ချွင်းချက် ဆိုတော့ကာ…..
    ဂျီးဒေါ် မျက်နှာ အတော်လိုက်တာပါလား…..

    • KZ

      January 7, 2014 at 9:10 am

      ခုမှ သိလားးး
      နာ ခွဲခြားဆက်ဆံတာ ၂ မျိုးပဲရှိတယ်။
      ချစ်တဲ့သူနဲ့ မချစ်တဲ့သူ။

      😀

  • sorrow

    January 6, 2014 at 12:45 pm

    မျက်မှန်နဲ့လိုက်တာဆိုလို့ ရွာထဲမှ ာတားတားတစ်ကောင်ထဲရှိတယ်..အငိငိ ….ဂလဲကြီးတပ်လိုက်ရင် ….မျက်ခုံးမွှေးပါမမြင်ရတော့ဘူး

    • KZ

      January 7, 2014 at 9:08 am

      အာ့ဆို စောရိုး မျက်မှန်က လိပ်ပေါက်တူး တံဆိပ်ပဲဖြစ်ရမယ်။

      :mrgreen:

  • Wow

    January 6, 2014 at 1:17 pm

    နာ့ပါဝါမျက်မှန်က Esprit အေ့… ကြုံကြွားလေး… ဟီးးးးး
    နိ ဘရန်းထဲမှာ မတွေ့ပါလား :kwi:

    • KZ

      January 7, 2014 at 9:08 am

      ပြောပြီးပြီလေ။
      နာမည်ကြီးဖက်ရှင် ဘရန်း မှန်သမျှ မျက်မှန်ထုတ်ကြသည်လို့။
      နာ က မျက်မှန်သီးသန့် ဘရန်းကို အတတ်နိုင်ဆုံးဦးစားပေးထားလို့ပါ။
      နို့မို့ နာမည်တွေ အများကြီးလေအေ။

      :kwi:

  • ကြောင်ဝတုတ်

    January 6, 2014 at 1:26 pm

    အဲ… တခြား Brandard တွေအကြောင်းမှာ ဘာမှမပြောဖြစ်ပေမယ့်…
    အရမ်းအရမ်းခိုက်တဲ့ နေကာမျက်မှန်အကြောင်းဆိုလာတော့ဖြင့် ပြောရပေဦးမပေါ့…
    ၂၀၀ရ ခုနှစ်မှာ ကျွန်တော်နေကာမျက်မှန်တပ်ဖို့အကြောင်းဖန်လာပါတော့တယ်…
    အကြောင်းအရင်းကတော့ မျက်ရည်ခမ်းလို့ပါတဲ့… ငိုရင် မျက်ရည်မထွက်တော့ဘူး…ဟီး
    မျက်စိဆရာဝန်နဲ့ပြကြည့်တော့ အပြင်ထွက်လို့ နေပူရင် နေကာမျက်မှန်မတပ်မဖြစ်တပ်ရပါမယ်လို့…
    ညွှန်ကြားပါသတဲ့…
    အဲဒီမှာ မဖြစ်မနေ နေကာမျက်မှန်တပ်ဖို့ဖြစ်လာပါတော့တယ်…
    မျက်မှန်သမားများလို… ကျွန်တော်လဲ နေကာမျက်မှန်တပ်တဲ့သက်တမ်း ၆နှစ်ကျော်လာပြီဆိုတော့ကာ…
    နေပူထဲကို နေကာမျက်မှန်မပါဘဲထွက်လို့မရတဲ့အခြေအနေရောက်သွားပါတော့တယ်…

    ဒီအလုပ်ရောက်တော့ နှစ်စဉ်မျက်စိမျက်မှန်စမ်းသပ်ပြုလုပ်ခကို ရုံးကပေးနေပေမယ့်လဲ…
    နေကာမျက်မှန်အကျုံးမဝင်တာမို့ ကျွန်တော့်ဘဝက ဆရာဝန်ထောက်ခံချက်နဲ့နေကာမျက်မှန်ဖိုး
    ပြန်မရသည်မို့ ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် သင့်တော်မယ့်ဟာလေးဝယ်တပ်နေရတဲ့ဘဝပါနော်…

    ပထမဆုံးတပ်ဖြစ်တဲ့နေကာမျက်မှန်က Oakley Juliet ၂၀၀၄ မော်ဒယ် အနက်ရောင်လေး…
    http://i.ebayimg.com/00/s/MTA0OFgxNjAw/z/BesAAMXQkl9RZ-hd/$T2eC16h,!zEE9s3!Z%294OBRZ-hdOF8!~~60_35.JPG
    ကျွန်တော့်မျက်နှာနဲ့အနဲငယ်သေးပေမယ့် ပုံစံလေးလဲ ကြိုက်… တပ်လို့လဲအရမ်းအဆင်ပြေလို့…
    ဝယ်ခဲ့ပြီး… ကျွန်တော်… ၄နှစ်ကျော်လောက် နေပူမရှောင် သင်္ကြန်မရှောင်တပ်ခဲ့ပြီးဖြစ်လို့…
    အခုောတ့ ပင်စင်ပေးလိုက်ရပါပြီ…

    နောက်ပိုင်း ထပ်ဝယ်ဖြစ်တဲ့မျက်မှန်က Puma PU 15110 ပါ… ကျွန်တော့်မျက်နှာနဲ့ အရွယ်အစားရော
    ပုံစံပိုင်းရောအဆင်မပြေဆုံးလို့ပြောရမယ့်မျက်မှန်လေးပါ…
    တစ်နှစ်ကျော်တပ်လာတော့ ဆေးတွေလဲကွာလာပြီ… သူလဲ အိုလာပြီပေါ့…
    ဒါပေမယ့် Oakley လောက် ပိုးဇိုးပက်စက်အသုံးမခံတာကိုတော့ စိတ်ထဲမကျေမချမ်းဖြစ်ရပါတယ်…
    http://www.joylot.com/page/Puma-Sunglasses-PU-15110-Black-Shades-531242442.cfm

    နောက်ဆုံး ပေါချောင်ကောင်းတစ်လက်ထပ်ဝယ်ဖြစ်တဲ့မျက်မှန်က…
    ESP by Esprit Sunglasses ET 19574 505 အပြာရောင်လေးပါ…
    ၈လလောက်တပ်လိုက်တော့ တစ်စစီကို ဖြစ်သွားရော…
    http://www.misterspex.co.uk/sunglasses/esp-by-esprit-et-19574-505_f6493905.html

    အခုအချိန်မှာ ကျွန်တော်မျက်မှန်လိုအပ်နေပါတယ်… လှူဒါန်းမည့်သူများလဲလိုအပ်နေပါတယ်…
    အဲ… ဒါဇင်ပလပ်အလှူခံနဲ့မှားသွားလို့… ဟီး
    အခုလောလောဆယ် ခိုက်နေတဲ့ဒီဇိုင်းနဲ့ တံဆိပ်ကတော့ OUTDO ပါတဲ့…
    ကေဇီမကြိုက်တဲ့ Sport ဒီဇိုင်းတွေချည်းပဲ ကျွန်တော်က ကြိုက်တတ်သမို့ ပိုစ့်ပိုင်ရှင်အားခွင့်လွှတ်စေချင်ပါတယ်…

    အခု ခိုက်နေတဲ့ မျက်မှန် (၂)လက်ကတော့
    http://www.worede-fashion.com/outdo-ultralight-fashion-changer-sunglasses-tr365-3-vicechip-p-1456.html?cPath=94_97

    http://www.worede-fashion.com/outdo-ultralight-fashion-changer-sunglasses-tr8282-3-vicechip-p-1457.html?cPath=94_97

    တကယ်တော့ မျက်မှန်ဆိုတာ Branded ဖြစ်မှမဟုတ်ပါဘူး…
    မှန်သားကောင်းမယ်… တပ်ရတာကိုယ်နဲ့သဟဇာတဖြစ်မယ်ဆိုရင်…
    ဝယ်ပျော်ပါတယ်လေ…

    ကျွန်တော့ပြသနာက မျက်မှန်ရှာရအရမ်းခက်တာပါ…
    ကျွန်တော်နဲ့အဆင်အပြေဆုံး ပုံစံတွေကို ကျွန်တော်လုံးဝမကြိုက်တာပါပဲ…
    Sport တွေက အရွယ်သေးတယ်… ကျွန်တော့်အတွက် အဆင်ပြေတာအလွန်ရှားပါးတဲ့မျက်မှန်အမျိုးအစားပါ…

    ဒီနေရာမှာ မျက်မှန်အတော်ရွေးရသူမို့ ရလာတဲ့ ဗရုတ်သုတ်ခလေး… အဲ… ဗဟုသုတလေးပြောချင်ပါတယ်…
    ပထမဆုံး ကိုယ်နဲ့အဆင်အပြေဆုံးမျက်မှန်တစ်လက်ရဲ့ အရွယ်အစားကို မှတ်ရပါမယ်…

    မျက်မှန်တွေများ များသောအားဖြင့် Size တွေရှိပါတယ်… ကိုယ့် Size ကိုယ် မှတ်ထားရင်…
    မျက်မှန်ဆိုင်ရောက်တော့ ရှိသမျှ ဂိုင်းအားလုံးတပ်ကြည့်စရာမလိုဘူးပေါ့… အနီးစပ်ဆုံးကို ရွေးလို့ရတယ်…
    သူငယ်ချင်းတွေကို လှမ်းမှာတဲ့အခါမှာလဲ Size လေးပြောပြီးမှာလို့ရတယ်…
    ဝယ်ပေးချင်သူတွေ ကျွန်တော့် မျက်မှန် Size ကို မှတ်ထားကြနော်…. ဟီး

    ဥပမာ-
    မျက်မှန်ကိုင်းမှာ 64 – 14 / 125mm လိုပြီးရေးတတ်ကြပါတယ်…
    အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုရင်… မျက်မှန်ရဲ့ မှန်တစ်ဖက်စီအရှည်ဟာ 64mm ရှိပါတယ်…
    မှန်နှစ်ခုရဲ့ကြားအကွာအဝေး နှာခေါင်းနေရာ အကျယ်ဟာ 14 mm ရှိတယ်လို့ ဆိုရပါမယ်…
    နောက်ကလိုက်လာတဲ့ 125 mm ကတော့ ဘေးကိုင်းနှစ်ဖက်ရဲ့ အရှည်ပါ…

    Sport ကိုင်းတော်တော်များများဟာ နောက်ပိုင်းအဖြောင့်များလို့ 125 လောက်ရှည်ပေမယ့်
    ရိုးရိုး နောက်ပိုင်းကောက်ထားတဲ့မျက်မှန်တွေဟာ ၁၂ဝ အောက်ဝန်းကျင်ပဲရှိတတ်ပါတယ်…
    ကိုယ်နဲ့အဆင်အပြေဆုံးမျက်မှန် Size ကိုသိရင်… ကိုယ်မပါလဲ ၉၀% အဆင်ပြေအောင် တခြားလူကို
    မှာလို့ရပါတယ်…
    ဒါကတော့ သိသမျှ ဗဟုသုတ မျှဝေခြင်းပါ…

    အော်… ဘယ်တော့များမှ နေကာမျက်မှန်အသစ်တစ်လက်လောက် လက်ဆောင်ရမလဲမသိ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ရွှေတိုက်စိုး

      January 6, 2014 at 3:48 pm

      ဟယ်ကိုဖက်ကပ် မျက်မှန်အလှူခံနေတာလား..
      အတော်ပဲ.. ကျွန်တော်မိန်းမ မသုံးတော့လို. ပိုနေတဲ့ အသားကပ်နေကာမိုးကာ မျက်မှန်တွေကို အများကြီးပဲ.. လှူလို.ရလားဟင်………… ခစ်ခစ်

    • KZ

      January 7, 2014 at 8:51 am

      ကျေးဇူးပါ ဖက်ရေ။
      အစက မှန်တွေ အကြောင်းရော ကိုင်းတွေ အကြောင်းရော ရေးမို့ပါ။
      ရှာရဖတ်ရ ဘာသာပြန်ရမှာ ပျင်းလို့ မပါတာပါ။
      ဟီးဟီးးးး
      တင်ခါနီး ကိုဖက်နာမည် တပ်ပြီး ခေါင်းစဉ်ပေးချင်လို့ မေး မှာလိုက်ရှာပါသေးတယ်။
      မတွေ့လို့ပါ။

      :chit:

  • kyeemite

    January 6, 2014 at 1:52 pm

    တို့ကတော့ နေကာညက်မှန်တတ်တဲ့ အရွယ်ကုန်ခဲ့ပါပီ…
    တတ်တုန်းကတော့ ထုံးစံအတိုင်း“ရေသဘင်” ပဲပေါ့..ချင်ကျားပူက တကူးတက ဝယ်တတ်တဲ့
    ညက်မှန်လေး…ချစ်သူလေး(ခုတော့ချစ်သူဂျီးပေါ့) နဲ့ ကြံရည်ဆိုင်ထိုင်ရင်း ကျန်ခဲ့လို့ ပျောက်ပါရောလား..ခိခိ

    • KZ

      January 7, 2014 at 8:52 am

      ဟွန့်။ ချစ်တူ နဲ့ ကြည်နူးလိုက်တာ ရေသဘင်ဆုံးပါပေါ့လားးး

      😀

  • TNA

    January 6, 2014 at 7:36 pm

    နာဒို့လို ညက်မှန်တမားဒွေကတော့ ရေသဘင်နဲ့အဝေးကြီးမို့ ဗဟုတ်သုတ်တအနေနဲ့ဖတ်သွားပါ တယ် ချွေးမွလေးရေ။

    • KZ

      January 7, 2014 at 8:53 am

      အဟုတ်ပါ့။ မွသဲရယ်။
      မက်မှန်တပ်ကတည်းက နေကာနဲ့ဝေးတော့တာပါပဲ။

      🙂

  • padonmar

    January 6, 2014 at 8:54 pm

    လွန်ခဲ့တဲ့ ၂နှစ်လောက်က ရေးပါလားကွယ်၊ခုတော့ အဝေးမှုန်ပြီမို့ နေကာမျက်မှန်နဲ့ ရှိုးမထုတ်နိုင်တော့ဘူး။ဘယ်လိုလုပ်ရပါ့။
    သွားရေတော့ ကျသွားပါတယ်။

    • KZ

      January 7, 2014 at 9:00 am

      ဓာတ်ပုံရိုက်ရင်း ရှိုးထုတ်လို့ရပါသေးတယ် အာတီဒုံရယ်။
      ဟိ။
      ဒါမမို့ ပါဝါမက်မှန်မှာ နေကာလေးပါတာတို့ မှန်ကို အရောင်ပြောင်းတာတို့ တတ်လို့ရသေးတယ်။

      😀

  • padonmar

    January 6, 2014 at 9:09 pm

    Square မျက်နှာဆိုတော့ Round frame လေးတပ်ရမှာပေါ့။နောင်မျက်မှန်အသစ်လဲရင် အဲသလို ရွေးဝယ်မယ်၊မလှတဲ့ မျက်နှာကို မျက်မှန်လှလှဖုံးပစ်လိုက်မယ်။
    ဒို့ငယ်ငယ်က မင်းသမီး ခင်သန်းနုတို့ဝါဝါဝင်းရွှေတို့ တပ်တဲ့ မျက်မှန်က cateye
    Ray Ban ဆိုရင်တော့ ကျော်ဟိန်းပဲပြေးမြင်မိတယ်။
    …ဖက်ဖက်ကက်ရဲ့ မျက်မှန် အတွေ့အကြုံလေးကောင်း လိုက်တာ။ဘီစီပေးဖို့ ကောင်းပါတယ်။

  • အနော်လည်း စဉ်းစားတာ.. အဝေးမှုန်ဆိုတော့ နေကာမှာ ပါဝါ ပါ ထည့်လို့ရလားပေါ့.. ဆာဆာ့ မျက်မှန်လေးမှာတော့ မျက်မှန်တွေအားကြီးပဲ.. နေကာလေးလည်း ပါတယ်.. (အီကား စကားချပ်)

    ဘရန်းဒတ်တွေက ဈေးကြီးလွန်းလို့..စမ်းသပ်ခ.မှန်..ကိုင်း အပြီးအစီးဆို 20000 လောက်ပဲ သုံးဖြစ်တယ်..
    ပြောရရင်တော့ နေကာမျက်မှန်ကောင်းကောင်းလေးတစ်လက်တော့ လိုချင်သား..ခရီးတွေဘာတွေသွားရင် တပ်ဖို့ရယ်.. 🙂

    • KZ

      January 7, 2014 at 12:12 pm

      နေကာမှာ ပါဝါထည့်လို့ ရမရ သိဝူးတော့။
      ပါဝါမှာတော့ နေကာ ထည့်လို့ရတယ်လေ။

      Charle & Keith မှာ နေကာမက်မှန်လှလှလေးတွေ ရှိတယ်။

      😀

  • kai

    January 7, 2014 at 12:47 pm

    ကျုပ်ကတော့.. ကျွဲကော်ဂိုင်းကြိုက်သမို့… လိုက်ရှာတာအနီးစပ်ဆုံးလေးရတာလေး… တပ်တယ်..
    ပါဝါမျက်မှန်ပါ….။
    လောင်းကုဒ်အကျီ.. စကပ်လုပ်တာ.. နာမယ်ကြီးတဲ့ အင်္ဂလန်က..စောင်လိုအကွက်ကြားဘရန်င်းပေါ့..။

    နေကာကတော့… တပ်ထဲကမိတ်ဆွေကို.. အတင်းအပူကပ်ပြီးဝယ်ခိုင်းဖူးတယ်..
    တပ်ဈေးနဲ့တော်တော်… ဈေးသက်သာတာကိုး…
    အခုတော့..လက်ဆောင်ပေးပစ်လို့ကုန်ပြီ…
    American Optical ‎တဲ့..
    ယူအက်စ်အာမီ…အဲဖို့စ်ကသုံးတာ…။

    ဟိုးးးအရင်က မြန်မာလေတပ်က.. AO သုံးခဲ့တာ…။

    • KZ

      January 7, 2014 at 1:03 pm

      အဲ ဟုတ်တယ်။ ပါဝါမှာ ဆို ကျွဲကော်ကိုင်း အကြိုက်ဆုံးးး
      နောက်ပိုင်း အော်တာ မျက်မှန်ဆိုပြီး ပြန်ခေတ်စားတုန်းက တပ် လိုက်သေးတယ်။
      တဂျီး ပြောတာ ဘာဘရီ ဘရန်းလားးးး
      😀

      အေအို ကို သတိရတယ်။ ရှာတဲ့ထဲ မတွေ့လို့ မထည့်လိုက်တော့တာ။
      ကျနော့ အဖေတို့ ဦးလေးတို့ မေးရင် အေအိုကို သိသေးတယ်ဗျ။

      🙂

      • kai

        January 7, 2014 at 2:44 pm

        ဘရန်းစပယ်ရှယ်လစ်မှန်းသိသာလိုက်တာ..
        မသိမသာ ပဟေဋိလိုက်တာ.. တိုက်ရိုက်အဖြေညှိပေးနိုင်တာပဲ..

        စကားအတင်းစပ်…
        ဒီလအတွက် ..ဝါးတီးစာရင်း..
        http://myanmargazette.net/188685
        အသဲလေး တစ်ကျော့ပြန်တဲ့ ထမင်းသုတ်များ – KZ’s ထမင်းဆိုင် ကိုခွင့်ပြုပါလို့နော…
        ကြည့်ရတာ.. KZထမင်းဆိုင်..အကုန်အရင်းပြုတ်အောင် စားမယ့်သူတွေတော်တော်များလာတယ်..
        ပုံနှိပ်ဖေါ်ပြလိုက်တာ… လူကြိုက်များနေကြောင်း… ရယ်လို့..။ :mrgreen:

        • KZ

          January 7, 2014 at 2:47 pm

          ရတယ်။
          ကြိုက်တာသာယူပါ။ မလောက်လည်း စားဖိုမှူးတွေကို ပြန်တောင်းဆိုမှာပေါ့။ ဟိဟိ

          အသဲလေး ကိုပါ ခရက်ဒစ်ပေးပေးပါ။

          :mrgreen:

  • Mလုလင်

    January 7, 2014 at 11:21 pm

    ရေသဘင် ပဲ ကြိုက်ပါတယ်။ အဲ . . ကျန်တာလဲ မတပ်ဖူးပါဘူး . . အဲ့တစ်မျိုးပဲ တပ်ဖူးပါတယ်။ နောက်ပိုင်းထွက်တဲ့ သတ္တု လုံးဝ မပါပဲ . . တော်တော် ပေါ့ပေါ့ပါးပါး ကိုင်းနဲ့ မှန် မျိုးကို ပိုကြိုက်ပါတယ်။ တပ်ရတာ တော်တော် လူ သက်သာလို့ပါ။

    • KZ

      January 8, 2014 at 8:59 am

      ကျနော်က တိုက်တေနီယမ်ကိုင်းဆိုတဲ့ဟာတွေကို မရတာ ကိုလုရေ။
      အသားက ယားလာပြီး အဖုတွေထွက်လာရော။
      ကျွဲကော်ကိုင်းကို အကြိုက်ဆုံးပဲ၊။

      🙂

  • surmi

    January 8, 2014 at 8:51 am

    က​တောက်​စ်​ !!¡¡
    အရွယ်​က မှုန်​​နြေပြီဆို​တော့ ….
    ကြုံလို့​ပြောရရင်​..
    ကျုပ်​လည်​း​နေကာကြိုက်​ခဲ့လွန်​းလို့ အခုချိန်​မှာ
    ပါဝါမျက်​မှန်​ကို ကြိုက်တဲ့အရောင်သွင်းပြီးတပ်နေပာကြောင်း

    • KZ

      January 8, 2014 at 8:58 am

      ဟုတ်တယ်။
      ကျနော်လည်း အဲလိုပဲ လုပ်သွားမယ်စိတ်ကူးတယ်။
      ဟိဟိ။

      😀

  • Nay Chi

    January 8, 2014 at 10:33 pm

    နာ့ညက်နာလေး ဘာညက်မှန်လဲလိုက်လဲ တခါတည်းရွေးပေးပါလား ငှင်..။ 🙂

    • KZ

      January 9, 2014 at 8:59 am

      အသည်းပုံ မျက်နှာပိုင်ရှင် နဲ့ သင့်တော်တဲ့ မျက်မှန်ကို ရှာပါလေ။

      :boss:

  • တညင်သား

    January 8, 2014 at 10:55 pm

    ဘာပဲ ပြောပြော ရဲမျက်မှန်နဲ့တွေ့မှ စိတ်တိုင်းကြမယ် ….ဆိုတော့ကာ တားတား Police က တော့တန်းထဲ မပါ ပါလား စိတ်အကောင်းဘူး…………..

    • KZ

      January 9, 2014 at 8:58 am

      အဲဗျ။
      ကို တညင်သားပြောမှ အဲဒီ ဘရန်းကို အမှတ်ရတယ်။
      မတွေ့တာတွေကို အမှတ်ရရ မရှာမိတာပါ။
      ကျနော်တို့ဆီမှာတော့ နာမည်ကြီးပဲဟာ။
      ရှာပြီး ထပ်ဖြည့်ထားလိုက်ပါ့မယ်။
      ကျေးဇူးတင်ပါတယ်။

      🙂

  • Ma Ma

    January 9, 2014 at 6:01 pm

    ဘရန်းဒက်ပစ္စည်းတွေကို ကြိုက်တယ်။
    အဲ မကြိုက်တာက ဈေးးးးးး
    အဲဒါကြောင့် ဘရန်းဒက်တွေဆို မသိချင်ဟန်ဆောင်နေရတယ်။ 🙁

    • ကြောင်ဝတုတ်

      January 10, 2014 at 11:47 am

      အန်တီမမပြောတဲ့ မကြိုက်တာဈေးဆိုတာလေးတော့ ကျွန်တော်နဲနဲကန့်ကွက်ချင်ပါရဲ့… ဟီး…

      ဒီလိုဗျ…
      ကျွန်တော်ခံယူထားတာလေး… အတွေ့အကြုံလေးလို့လဲဆိုနိုင်ပါတယ်…
      လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက ဂျော်ဒါးနိုးကျောပိုးအိတ်လေးတစ်လုံး ကျွန်တော်ဝယ်ခဲ့တယ်…
      မှတ်မှတ်ရရ ၈၅၀ဝ ပေးခဲ့ရတယ်… အဲ့အချိန်တုန်းက ကျွန်တော့ရဲ့လစာက ၅သောင်းမပြည့်တစ်ပြည့်…
      လစာရဲ့ ၅ပုံတစ်ပုံကို ကျွန်တော်ကျောပိုးအိတ်တစ်လုံးအတွက်သုံးလိုက်ပါတယ်…
      (၆)လလောက်ကြာတဲ့အခါကျတော့… အဲ့ကျောပိုးအိတ် သုံးမရတော့အောင် ကြိုးတွေပြတ်နဲ့
      ပျက်စီးပါတော့တယ်…

      အဲဒါနဲ့ ကျွန်တော်နောက်ထပ်ကျောပိုးအိတ်တစ်လုံးဝယ်ဖြစ်တယ်…
      တံဆိပ်က One Polar, ထိုင်ဝမ်လုပ်ဖြစ်ပြီးတော့ Branded ဖြစ်တဲ့ Polar တံဆိပ်ရဲ့ တံဆိပ်ခွဲတစ်ခုပါ…
      ဈေးအနေနဲ့ ၆သောင်းခွဲပေးရပါတယ်…
      အဲအချိန် ကျွန်တော့်လစာ တစ်သိန်း၂သောင်းရနေချိန်မို့… ကျွန်တော့်လစာရဲ့ ၅၀% ပါ…
      အဲဒီကျောပိုးအိတ်ကို ကျွန်တော်အခုအချိန်အထိ… သုံးလာတာ (၁၀)နှစ်ကျော်လာပါပြီ…
      အရောင်မကျ… ဇစ်မပျက်… အိတ်မပြဲပါ…

      ပြန်တွက်ကြည့်ရင်…
      တစ်နှစ်ကို ၆၅၀ဝ နှုန်းနဲ့တွက်ရင်တောင်…
      ဂျော်ဒါးနိုးရဲ့ ၈၅၀ဝ တန်အိတ်ထက် သက်သာပါတယ်…
      ဘာဖြစ်လို့လဲဆိုရင်… ဂျော်ဒါးနိုးက (၈)လကို ၈၅၀ဝကျပ် ကျပြီး
      One Polar က တစ်နှစ်ကို ၆၅၀ဝကျပ် ပဲကျလို့ပါ…

      ဒါကို ကျွန်တော်ကတော့ ကွာလတီလို့သတ်မှတ်ပါတယ်…
      အထက်မှာပြောခဲ့သလိုပဲ…
      ၂သိန်းကျော်တန်မျက်မှန်ကို (၄)နှစ်လောက်ပိုးဇိုးပက်စက်သုံးလိုက်တာတောင်…
      အလွန်ဟောင်းသွားပေမယ့် အင်္ဂါစုံရုပ်မပျက်ရှိနေသေးပေမယ့်…
      ၃သောင်းတန် ၅သောင်းတန် မျက်မှန် (၂)လက်ကတော့ တစ်နှစ်အတွင်းမှာ
      အခြေအနေအတော်ဆိုးစပြုနေပါပြီ…

      အဲဒီတော့ Branded ဈေးကြီးတယ်ဆိုတာ ဝယ်တုန်းခဏပါ…
      ခဏခဏထပ်ဝယ်စရာမလိုဘူး… (ခဏခဏထပ်ဝယ်ရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပေါ့နော်…)
      အဲ့မှာ ပြောချင်တာက ကျွန်တော် Branded ကြိုက်ပါတယ်…
      ဝယ်လဲဝယ်ဖြစ်ပါတယ်… (ခဏခဏတော့မဟုတ်ပါ… ၁ဝနှစ်တစ်ခါလောက်… ဟီး)
      ကိုယ်ကတတ်နိုင်တယ်ဆိုရင် Branded ကို ဝယ်ပါ… ရည်ရှည်သုံးပါ… တန်လောက်တဲ့အထိသုံးလို့ရပါတယ်…
      ကျွန်တော့်အမြင်တော့ Branded က ရည်ရှည်တွက်ရင်… တစ်နှစ်ကုန်ကျစရိတ်မှာ
      Branded မဟုတ်တာထက် ပိုပြီးသက်သာပါတယ်…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      • Ma Ma

        January 10, 2014 at 4:40 pm

        ကြောင်ဝတုတ် ဘရန်းဒက်ကြိုက်တယ်ဆိုတာ ပန်းသီးကို အားပေးတာ ကြည့်ပြီး သိပါတယ်။
        ကိုယ်တိုင်တော့ တရုတ်စက် တစ်ရက်စုတ်တွေ သုံးနေကျဆိုတော့ :mrgreen: ပေါပေါပဲပဲ ပျက်ပျက်စီးစီးပဲ သုံးဖြစ်တော့တယ်။ :boss:

  • myat pearl phyu

    February 27, 2014 at 4:44 pm

    I like over-sized glasses . နေကာ မက လူပါကာ လို့ရ …
    သာမီး ဂွမ်းနေရင်တောင် နေကာမျတ်မှန်အရောင်ဟတ်တော့ လန်းသယောင်ယောင် ထင်ရတာပေါ့ .. ေိခိ

    • မမချွိ

      February 27, 2014 at 7:55 pm

      အဟုတ်ပဲ။
      လူမလန်း ရင် နေကာသာတတ်ပလိုက်။

      နာ့ ကိုတော့ သရဲမနဲ့ တူတယ်လို့ သဂျားကပြောတာပဲ။

      :boss:

  • Crystalline

    February 28, 2014 at 11:47 am

    ဒီပိုစ့်မဖတ်မိဘဲ ဘယ်လိုကျော်သွားလဲမသိ… မျက်မှန်ဆို …တများရဲ့ လက်ဆောင်ရထားတဲ့ ဂူချီလေး ရိုဒ်အစီးကောင်းတာ ပြုတ်ကျသွားတယ်တော့ ပြန်လည်းမရတော့ဘူး… အခုတော့မျက်စိက ဆလင်ဒါရှိလို့တဲ့ နေကာတတ်လည်း ပါဝါမှတတ်ရမယ်တဲ့ :cryy:

    • မမချွိ

      February 28, 2014 at 12:34 pm

      ဟိ။
      မမချွိတို့ အဝေးမှုန်ချက်က နေကာတတ်လိုက်ရင် ဘာမှကို မမြင်ရတော့တာ။
      တကယ်။
      ဒါမဲ့ ဓာတ်ပုံရိုက်ဖို့တော့ ဝယ်တုန်းပဲ၊။
      မျက်ကပ်မှန်က ဝယ်ထားပြီး မသုံးဖြစ်တော့ ပါဝါမျက်မှန်လေးပဲသွားလေရာဆောင်ရတယ်။

      😀

  • snow smile

    March 29, 2014 at 9:08 am

    နေ ကာ မျက် မှန် ချစ် သူ မျိုး ရိုး ဖြစ် ပါ ကြောင်း နဲ့
    တ ခါ တ လေ မျက် မှန် အ သစ် လေး ဝယ် ပြီး လို ့
    ရိူး ထုတ် ပါ မယ် ဆို မှ မိုး က ရွာ
    ရာ သီ ဥ တု နှယ် ကိုယ့် ဘက် မ ပါ လိုက် တာ လို ့
    ငြူ စူ မိ တဲ့ အ ထိ

Leave a Reply