ဟောဒီ…ရွာသူလေးအတွက်..မွေးနေ့အမှတ်တရ စကား

alinsettJanuary 22, 201413min26144

ဆောင်းရယ် . . .နှင်းရယ်. . .ဗုံဗုံရယ်. . .လို ့

ပြောရမလိုပါပဲ ။

 

🙂

 

ဇန်နဝါရီ ၂၂ ရက်နေ့ဟာ. . .

ကျွန်တော်. . . ညီမလေးတစ်ယောက်လို. . .

ချစ်ခင်တွယ်တာရပါသော. . . ရွာသူပျိုဖြူချောလေး ဗုံဗုံရဲ့ . . .မွေးနေ့ပါ။

 

 

ပျော်ရွှင်ချမ်းမြေ့ပါစေ....ဗုံဗုံရေ..
ပျော်ရွှင်ချမ်းမြေ့ပါစေ….ဗုံဗုံရေ..

 

မွေးနေ့မှာ . . .မင်္ဂလာရှိစွာ ပျော်ရွှင်ပါစေ. ..စိတ်နဲ့ကိုယ် ကျန်းမာလို့ ချမ်းသာပါစေ. . .

ဆိုတဲ့ ဆုမွန်ဆန္ဒ စကားလက်ဆောင်တွေအပြင် . . . ထပ်လောင်းပြောချင်တာလေးတွေ ရှိနေပါသေးတယ် ။

 

အစ်ကိုတစ်ယောက်အနေနဲ့ ညီမလေးတစ်ယောက်ကို . . . အားပေးစကား ပြောသင့်တဲ့အချိန်လို့. . .ထင်လို့ . . . . နည်းနည်း လျှာရှည်ပါရစေဦး။

 

(ကျွန်တော် ရေးခဲ့ဖူးတဲ့ ကဗျာမပီစာမပီတစ်ပုဒ်ရှိပါတယ် ။

ကျွန်တော့်ထက် ငယ်တဲ့ မိန်းမငယ်ညီမလေးတွေအတွက် . . ရည်ရွယ်ပြီး ရေးခဲ့တဲ့ စာစုလေးပါ ။

အခု. . . .အဲဒီစာသားလေးတွေကို ဖွပြီး အားပေးစကားပြောမယ်နော်)

 

ညီမလေး သို့….. အားတင်းဖို ့…

 ညီမလေးရေ….

မင်းရဲ ့အမှန်တရားဘက်… ဘယ်သူမှ မရှိတဲ့အခါ….
ဟာလာဟင်းလင်း..ဖြစ်မသွားနဲ ့ ။
မြဲမြဲခိုင်တဲ ့…. ကျောက်တောင်နံရံတွေကို…..အားကျဖို ့လိုတယ် ။
အားတင်းထားပါ ။

ညီမလေးရေ…..
ဝေးကွားခြင်းတွေက အနီးကပ် တိုက်ခိုက်တဲ့အခါ…..
ငိုကြွေးခြင်းကို.. အား မကိုးနဲ ့….။
ကမ္ဘာကြီးရဲ ့ အဆုံးသတ်ကတောင်……
မပြောပလောက်ပါဘူး ။
အားတင်းထားပါ ..။

ညီမလေးရေ……
ပိုင်ဆိုင်ခြင်းနဲ ့ ဆုံးရှုံးခြင်းတွေက…
ငါတို ့ရဲ ့ချစ်သူပါ….။
ဆုံးရှုံခြင်းကို ဆက် ချစ်တတ်သွားတဲ့အခါ….
အဲဒီ အရသာက သိပ်မခါးတော့ပါဘူး ။
အားတော့…တင်းထားပါ …. ။

ညီမလေးရေ……
အစဉ်အမြဲ…ရယ်မော ရလိမ့်မယ်လို ့….
ဘယ်သူမှ အာမ မခံဘူး ။
လောင်မြိုက်ခြင်းတွေက….
ငြိမ်းချမ်းရေး ပန်းကို ပန်ပြီး….ရောက်လာတတ်တယ် ။
အားတင်းထားပါ…..။

ညီမလေးရေ……
လိုနေတာတွေ ဖြည့်တဲ့အခါတိုင်း…..
ပိုနေတာတွေကို လျှော့ဖို ့… သတိရပါ ။
ပိုကျယ်ပြန့်တဲ ့ ပင်လယ်တချို ့က…….
လှိ ုင်းတံပိုးတွေ အသင့်ပြင်ပြီင်္း…စောင့်နေလိမ့်မယ်….။
အားတင်းထားပါ ။

ညီမလေးရေ……..
ပဝါ ပါးပါးလေးသာ ခြားနားတဲ ့…
ချစ်ခြင်းမေတ္တာနဲ ့ အမုန်းတရား ကြားမှာ….
အိပ်ပျော်မနေစမ်းနဲ ့ကွယ်….. ။
ထ ။
စိတ်ဓါတ်ကို မျက်နှာသစ်
မျှော်လင့်ချက်ကို နိုးထခွင့်ပေး
မက်ခဲ့သမျှ အိပ်မက်ကြီးကြီးတွေကို ဖမ်းဆုပ်ပါ ။
မာယာတွေ ခင်းထားတဲ ့ လမ်းပေါ်မှာ…..
ဆူးငြောင့်ခလုတ်ကို ဖယ်ပြီး… ပန်း ထွက် ခူးပါ ။
လမ်းပျောက်ရင်း….မိုးခါးကြီးရွာရင်တောင်….
အားတင်းထားပါ ။

အမှန်တရားဟန် ဆောင်လွန်းတဲ ့ အမှားတွေအောက်မှာ….
တင်းထားသမျှ အားတွေ ကွဲအက်သွားရင်တောင်…..
အား တင်း ထား ပါ ။
ညီမလေးရေ……..
အားတင်းထား……. ။ ။

 

_________________________

 

ညီမလေးရေ. . .

မင်းရဲ့အမှန်တရားဘက်. . .

ဘယ်သူမှ မရှိတဲ့အခါ. . .

ဟာလာဟင်းလင်း ဖြစ်မသွားနဲ့. . .

မြဲမြံခိုင်မာတဲ့ကျောက်တောင်နံရံတွေကို

အားကျဖို့ လိုတယ်. . .

အားတင်းထားပါ. . .

 

_________________________

 

တစ်ခါတစ်ခါမှာ. . .

ကိုယ်မှန်နေပေမယ့်. . .

ကိုယ့်ဘက်မှာ ရပ်ပေးမယ့်သူမရှိပဲ. . .

ကိုယ်ကသာ နာကျင်ရတဲ့သူ ဖြစ်သွားတတ်တယ် ။

 

အမှန်တရားဘက်မှာ ဝင် ရပ်တည်ပေးဖို့

သတ္တိမရှိသူတွေကြားမှာ. . . .

ကိုယ့်အမှန်တရားက တူးသည်ထက်တူး ခါးသည်ထက် ခါးသွားတာပေါ့ဟာ. . .

 

အဲဒီလိုအခါမျိုးမှာ. . .

စိတ်ဓါတ်ကျမသွားပါနဲ့. . .

ခေါင်းကိုမော့. . .

ရင်ကိုကော့ပြီး ရယ်မောပစ်လိုက်စမ်းပါ ။

 

တော်ရုံတန်ရုံနဲ့ မပြိုလဲနိုင်တဲ့ . . . .

ကျောက်သားနံရံကြီးလိုပေါ့. . . . .

 

^^^^^^^^^^^^^^^^^^^^^^^^^

 

ညီမလေးရေ. . .

ဝေးကွာခြင်းက အနီးကပ်တိုက်ခိုက်တဲ့အခါ

ငိုကြွေးခြင်းကို အားမကိုးနဲ့ . . .

ကမ္ဘာကြီးရဲ့ အဆုံးသတ်ဆိုတာကတောင်

မပြောပလောက်ပါဘူး. . .

အားတင်းထားပါ. . .

 

_________________________

 

ဒီစာပိုဒ်ကို လေးလေးနက်နက်စဉ်းစားပါ ညီမလေးရေ. . . .

 

အခုနီးနေသမျှ ဟာ တစ်ချိန်ချိန်မှာ ဝေးသွားဖို့ပါ. . .။

 

ကိုယ်ချစ်တဲ့သူတွေ. . . . .

ကိုယ်ချစ်တဲ့အရာတွေ. . . .

ကိုယ်နဲ ့ဝေးကွာသွားတတ်တဲ့သဘောဟာ

ဟောဒီလောကရဲ့ အမှန်တရားတစ်ခုပါ ။

 

တရားသဘောလေးနည်းနည်း ထည့်ကြည့်တဲ့အခါ. . . . . ဒါတွေက အဆန်းတကြယ်မဟုတ်တော့ပါဘူးကွယ် ။

 

ငိုကြွေးခြင်းဟာ. . . .

အားကိုးရာမဟုတ်ဘူး. . .ညီမလေးရေ. . . .

အားတင်းထားပါ ။

 

^^^^^^^^^^^^^^^^^^^^^^^^^

 

ညီမလေးရေ. . .

ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်းတွေက. .

ငါတို့ရဲ့ချစ်သူပါ. .

ဆုံးရှုံးခြင်းကို ဆက်ချစ်တတ်သွားတဲ့အခါ

အဲဒီအရသာက သိပ်မခါးတော့ပါဘူး. . .

အားတော့တင်းထားကွယ်. . .

 

_________________________

 

တစ်ခုခု ပိုင်ဆိုင်ရရှိတဲ့အခါ ဝမ်းသာပြီး

တစ်ခုခု ဆုံးရှုံးတဲ့အခါ. . . ဝမ်းနည်းကြေကွဲတတ်တာ. . .

လူ ့သဘာဝတမျိုးပါ ။

 

အဲဒါကို ဆန့်ကျင်ပြီး. . .ပိုင်ဆိုင်ခြင်းဆိုတာ ဆုံးရှုံးရဖို့ပဲလို့ . . . တွေးရမှာ. . . .

 

ဘယ်အရာက. . . .မှ. . . . . မမြဲဘူးလေ ။

 

ဆုံးရှုံးရခြင်းကိုပါ တည်ငြိမ်စွာ လက်ခံနိုင်ဖို့. . . . .

ခိုင်မာတဲ့ စိတ်နှလုံးနဲ ့ . . .

အားတော့ တင်းထားကွယ်. . . .

 

^^^^^^^^^^^^^^^^^^^^^^^^

 

ညီမလေးရေ. . .

အစဉ်အမြဲ ရယ်မောရလိမ့်မယ် လို ့. . .

ဘယ်သူမှ အာမမခံဘူး. . .

လောင်မြိုက်ခြင်းတွေက . . .

ငြိမ်းချမ်းရေးပန်းကို ပန်ပြီး. . .

ရောက်လာတတ်တယ်. . . .

အားတော့တင်းထားပါ. . . .

 

_________________________

 

ဘဝဆိုတာ ပန်းခင်းထားတဲ့ လမ်း ဆိုရင်တောင်. . . .

ဆူးပါတဲ့ပန်းတွေကို နင်းမိတတ်တယ် ညီမလေးရေ. . . .

 

တချို့ ကံဆိုးခြင်းတွေက ညင်သာသိမ်မွေ့စွာနဲ့ . . . .

အလှပဆုံး အဆင်းအရောင်တွေနဲ့ ရောက်လာတတ်တယ် ။

 

ရက်ရက်စက်စက်လှတဲ့ ကြောက်မက်ဖွယ်ရာတွေပေါ့ကွယ်. . . . .

 

အေးလေ. . . .

 

ဘယ်သူမဆိုပါပဲ ။

 

ဘဝမှာ ရယ်မောပျော်ရွှင်စရာတွေချည်းပဲ ကြုံရမယ်လို ့ . . .

ဘယ်သူမှ အာမ ခံ မပေးဘူး ။

 

ဒီတော့. . . . .

အားတင်းထားဖို့ပဲ လိုပါတယ် ။

 

^^^^^^^^^^^^^^^^^^^^^^^^

 

ညီမလေးရေ. . .

လိုနေတာတွေ ဖြည့်တဲ့အခါတိုင်း

ပိုနေတာတွေကို လျှော့ပစ်ဖို ့ . . .သတိရပါ။

ပို ကျယ်ပြန့်တဲ့ ပင်လယ်တချို့က

လှိုင်တံပိုးတွေ အသင့်ပြင်ပြီး. . .

စောင့်နေလိမ့်မယ်. . .

အား တင်း ထား ပါ ။

 

__________________________

 

ပိုနေတာတွေကို လျှော့ပစ်ဖို့လိုတယ် ညီမလေးရေ. . .

 

ဘဝမှာ . . .

အသုံးမဝင်တဲ့အပိုစာသားတွေ. . . အတွေးပိုတွေ. . .

အရေးပိုတွေ . . . .

အပိုအသုံးအဆောင်တွေကို လျှော့ချပစ်လိုက်မှ . . .

ပေါ့ပေါ့ပါးပါးလေး ခရီးဆက်လို့ ရမယ် ။

 

ဘဝဆိုတာ. . .

ပင်လယ်ပြင်ထဲ လှော်ခတ်သွားရတဲ့ ခရီးလိုပါပဲ ။

 

လှိုင်းလေတွေ ကြုံရတတ်တယ် ။

 

လှိုင်း ထန်တဲ့အခါ. . . .

အပို ဝန်ထုပ်ဝန်ပိုးလေးပင်မှ ုတွေကြောင့်. . အခက်မကြုံစေချင်ဘူး ။

 

^^^^^^^^^^^^^^^^^^^^^^^^^^^

 

ညီမလေးရေ. . .

ပဝါပါးပါးလေးသာခြားတဲ့. . .

ချစ်ခြင်းမေတ္တာနဲ့ အမုန်းတရားကြားမှာ. . .

အိပ်ပျော် မနေစမ်းနဲ့ကွယ်. . .

ထ. . .

စိတ်ဓါတ်ကို မျက်နှာသစ်. . .

မျှော်လင့်ချက်ကို နိုးထခွင့်ပေး. . .

မက်ခဲ့သမျှ အိပ်ကြီးကြီးတွေကို ဖမ်းဆုပ်ပါ..

မာယာတွေ ခင်းထားတဲ့လမ်းပေါ်မှာ. . .

ဆူးညှောင့်ခလုတ် ဖယ်ပြီး ပန်းခူးထွက်ပါ

လမ်းပျောက်ရှရင်း…မိုးခါးကြီးရွာရင်တောင်

အား တင်းထားပါ ။

 

_________________________

 

… … … … … … … … … …

… … … … … … … … … …

… … … … … … … … … …

… … … … … … … … … …

… … … … … … … … … …

~ ~ ~ ~ ~ ~ ~ ~ ~ ~

° ° ° ° ° ° ° ° ° ° ° ° °

 

^^^^^^^^^^^^^^^^^^^^^^^^^^^

 

အမှန်တရားဟန်ဆောင်လွန်းတဲ့ အမှားတွေအောက်မှာ. . . .

တင်းထားသမျှ အားတွေ ကွဲအက်သွားရင်တောင် . .

အားတင်းထားပါ. . .

ညီမလေးရေ. . .

အားတင်းထား ။

 

___________________________

 

တချို ့အမှားတွေက အမှန်တရားဟန် ဆောင်လွန်းတယ် ညီမလေးရယ်. . .

အဲဒီလို အမှားတွေရဲ ့ အစွန်းတို ့. . .

ကိုယ့်ကိုမှ လာဆိုးတဲ့အခါ. .

တင်းထားသမျှ အားအင်တွေ ပျောက်ဆုံးပြီး . . . လောကကြီးကို စိတ်ကုန်သွားတတ်တယ် ။ အရာရာကို စိတ်ပျက်အားလျော့သွားတတ်တယ် ။

 

အဆုံးစွန်ထိ ဇွဲ မလျှော့ပဲ. . .

အားတင်းထားဖို ့လိုပါတယ် ။

 

^^^^^^^^^^^^^^^^^^^^^^^^^

 

လောကကြီးအတွက်ရော. . .

ကိုယ့်ဘဝ သံသရာ ခရီးအတွက်ပါ. .

လုပ်စရာတွေက အများကြီး ကျန်သေးတယ် ။

 

သွားရမယ့် ခရီးတွေ . . . အရှည်ကြီး ကျန်သေးတယ် ။

 

အဆိုး အကောင်းတွေ….  ရော ခင်းထားတဲ့ လမ်းပေါ်မှာ . .

လှလှပပလျှောက်လှမ်းသွားနိုင်ဖို ့. . . .

အားအင်တွေ လျော့ကျနေလို့မဖြစ်ဘူး. . .

 

ဒါကြောင့်. . . .

အားတင်းထားပါ ညီမလေးရေ . . . . .

 

ဟောဒီ မင်္ဂလာရှိသော မွေးနေ့မှ စ . . . . .

ရှေ့ဆက်မယ့်အနာဂတ်ဟာ. . . . .

သာယာတဲ့ ခရီးလမ်းဖြစ်ပါစေ . . .လို ့. . . .

 

 

ချစ်ခင်တွယ်တာသော. . .

 

အလင်းဆက်(Gazette)

 

 

2

 

 

 

3

 

 

4

 

 

5

 

6

 

 

7

 

8

 

9

 

 

 

မျက်စိအစာကျွေးတဲ့အနေနဲ့.. မွေးနေ့ကိတ်ပုံလေးတွေ..ရှာဖွေ..တင်ပေးလိုက်တယ်နော့….

 

 

 

000

 

 

 

44 comments

  • Phyo Thandar

    January 22, 2014 at 12:12 pm

    မွေးနေ့ရှင်တော့မသိဘူး သမီးတောင်ဘာပြောရမှန်းကိုမသိတော့ဘူး အရမ်းမိုက်တယ် မွေးနေ့မှာပျော်ရွှင်ပါစေ ဗုံ

    • ဒညင်းဝက်

      January 22, 2014 at 12:31 pm

      ဟုတ်… ။
      မွေးနေ ့ရှင်လည်း…ပျော်ရွှင်ပါစေ….လို ့…ဆန္ဒပြုရင်း… ဖန်တီးလိုက်တဲ့ပိုစ့်လေးပါ.. ။
      ————–
      ကျနော့်ထုံးစံအတိုင်း… အလွဲအချော်တွေနဲ ့…မို ့…
      ဒီပိုစ့် ကို..ဒီနေ့မနက်အစောကြီး..တက်အောင်.. လုပ်ထားခဲ့ပေမယ့်…
      အခုမှ…တက်နိုင်တော့တယ်.. ။

      :kwi:

      :kwi:

      • sorrow

        January 22, 2014 at 4:56 pm

        ဟုတ်ကဲ့ အချစ်ဂျာနယ်ကပါ….ဆရာ့ဆန္ဒလေး ကကောင်းပါတယ်ခင်ည …အနာဂါတ်အတွက် ဆရာအလင်းဆက် စဉ်းစားထားတဲ့ စိတ်ကူးထဲက ချစ်သူလေးအကြောင်းလဲ ကျွန်တော်နဲ့ ပရိသတ်ကြီးက သိချင်ပါတယ်ခင်ည..အဟိဟိ

    • ခင် ခ

      January 22, 2014 at 12:35 pm

      မွေးနေ့ရှင်ကြီး ကျန်းမာပါစေ မွေးနေ့ရှင်ကြီး ချမ်းသာပါစေ။

      ဘာပြောရမှန်းမသိတဲ့ သမီးလေး Phyo Thandar လည်း ကျန်းမာချမ်းသာပါစေဗျ။

      • ဗုံဗုံ

        January 22, 2014 at 1:09 pm

        ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ………..
        လေးခလည်း ကျန်းမာ ချမ်းသာ ဘေးရန်ကွာ….
        နှလုံးစိတ်ဝမ်းအေးချမ်း ..အဲ … အေးချမ်းပါစေ :mrgreen:
        မနက်က ရုံးဘက်ကြည့်လိုက်တော့ ပြောင်းဘီတဲ့…..

  • ဦးကျောက်ခဲ

    January 22, 2014 at 12:31 pm

    အဟမ်း… နွားနို့ပို့တဲ့ အရာဂျီးလိုပြောလိုက်မယ်…
    “ကန်ကလေး… နင် အမတ်တရဇကားပေါတာ နာသိတယ်နောာာာ…”
    😀 အား ဟိ

    • ဒညင်းဝက်

      January 22, 2014 at 12:40 pm

      တိန်…
      အဲဒလို.သိနေမှာစိုးလို ့..
      ညီမငေးတစ်ယောက်လို….ဆိုတဲ ့ ဇဂါး..ထည့် ကြောထားပါဒယ်..ဂျ.. ။
      အဟိ အဟိ ။
      :kwi:

      • sorrow

        January 22, 2014 at 12:44 pm

        အလကား ..အဲ့တာ အင်တွေ… ငါတိထားတာမှ အမှန်… အဟိဟိ

        • ဒညင်းဝက်

          January 22, 2014 at 12:45 pm

          တိန်….
          😆

          ဘာတွေများ..သိနေကြပါလိမ့်….

  • ဗုံဗုံ

    January 22, 2014 at 1:12 pm

    ပို့စ် တင်ပေးတဲ့ ဝက်ကို ကျေးကျေး

    ဒီစာပိုဒ်ကို လေးလေးနက်နက်စဉ်းစားပါ ညီမလေးရေ. .
    အခုနီးနေသမျှ ဟာ တစ်ချိန်ချိန်မှာ ဝေးသွားဖို့ပါ. . .။
    ကိုယ်ချစ်တဲ့သူတွေ. . . . .
    ကိုယ်ချစ်တဲ့အရာတွေ. . . .
    ကိုယ်နဲ ့ဝေးကွာသွားတတ်တဲ့သဘောဟာ
    ဟောဒီလောကရဲ့ အမှန်တရားတစ်ခုပါ ။

    အဲ့ဒီအမှန်တရားတွေ လက်မခံနိုင်လို့
    ရီးဇားမထားတော့ဘူး စစ်ကိုင်းချောင်သွားဘီ :mrgreen:

    • Myo Thant

      January 22, 2014 at 1:23 pm

      နင် စစ်ကိုင်းချောင်သွားတော့ ငါ့သား ကိုယ်ကျိုးနည်းပြီပေါ့ကွယ် ၊ 🙂

    • ခိ..အေးရော…

      ဟဲ့..ဝက်..
      မွေးနေ့ရှင်တော့ မသိဘူး.. နာတောင် ရင်ခုန်ချင်လာပီ…

      ကဲ..ကဲ.. မွေးနေ့ရှင်. မွေးနေ့အမှတ်တရအနေနဲ့ ကျေးဇူးပြန်ဆပ်လိုက်တော့.. ဒါဗျဲ..

    • ဒညင်းဝက်

      January 22, 2014 at 1:33 pm

      ရီးဇားနဲ့ အတူသွားတာက ပိုမကောင်းဘူးလား..ညီမလေးရယ်…
      အဟိ..
      :kwi:

      • sorrow

        January 22, 2014 at 1:44 pm

        စစ်ကိုင်းချောင်ကို ရည်းစားနဲ့သွားပါလားတဲ့…consultation လုပ်သွားတဲ့ပုံလေးက သင်းတယ်…
        အဟေးဟေး
        မထင်ရဘူးနော်
        စကားတတ်တယ်..
        လာ..ကွာ…လေယဉ်မယ်လေးရေ….ငတို့လဲ …ဘုရားကြို ဘုရားကြား…တူတူရေးဝါးရအောင်…အာဟိ

        • ဗုံဗုံ

          January 22, 2014 at 2:01 pm

          ဒီကချင်ဂျီးဒေါ့…… နာချင်လို့….

          လှော်..လှော်.. တက်ကျိုးနေမှ ဒွတ်ခ ရောက်နေမယ်.. :mrgreen:

  • kai

    January 22, 2014 at 1:47 pm

    နောက်နှစ်မွေးနေ့… ၂ယောက်တွဲ”ပြ”နိုင်ရင်… မွေးနေ့လက်ဆောင်… ပို့ပေးမဟေ့… :mrgreen:

    • ဗုံဗုံ

      January 22, 2014 at 1:57 pm

      သဂျီးနှယ်.. တစ်ယောက်ထဲရှိတုန်း ပို့တော့ တစ်ခုဘဲ ကုန်တာပေါ့လို့…
      နှစ်ယောက်ဆို နှစ်ခု ကုန်မယ်… အ ပါ့ :mrgreen:

    • ဒညင်းဝက်

      January 22, 2014 at 3:13 pm

      အဟိ

      ဝိုင်း ပို့ကုန်ကြပါလားဟ

      🙂

      အားနာပါးနာနဲ့
      အင်းးး

      😆

  • TNA

    January 22, 2014 at 1:48 pm

    ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေဗုံဗုံရေ။ ကဗျာလေးလဲခံစားသွားပါတယ် ကိတ်မုန့်လေးလဲခွဲစားသွားပါတယ် ဒညင်းဝက်ရေ

  • kyeemite

    January 22, 2014 at 1:49 pm

    မင်္ဂလာရှိသောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်သာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့
    ပြည့်စုံ၍ လိုအင်ဆန္ဒများကို ရရှိပိုင်နိုင်အောင် ဆောင်ရွက်နိုင်ပါစေကြောင်း..ဗုံဗုံသူငယ်မအတွက်
    ဆုတောင်းလိုက်ပါတယ်နော…. 🙂

    • ဗုံဗုံ

      January 22, 2014 at 1:59 pm

      ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဦးမိုက်စ် :mrgreen:
      မနှစ်တုန်းက မိဗုံရေးတဲ့ ပိုစ့်မှာ အူးမိုက်စ်က
      အမတ်မိုက် ဘဲချိသေးဒါ..
      အခု ဘုရင်ဂျီးဖြစ်သွားပြီ :mrgreen:

  • nozomi

    January 22, 2014 at 5:26 pm

    လုပ်ချင်တာတွေ လုပ်ခွင့်ရပါစေ
    ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပါစေ

    • ဗုံဗုံ

      January 23, 2014 at 9:34 am

      ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဦးနို..
      ကျေးဇူးအများကြီးတင်ပါတယ်…..

  • မိုး မင်းသား

    January 22, 2014 at 6:54 pm

    အာရောဂျံ ပရမံ လာဘံ တဲ ့

    လူတိုင်းမှာအရေအကြီးဆုံးကကျန်းမာခြင်းလေ……

    ကျန်းမာမှစိတ်သွားတိုင်း ကိုယ်ပါမှာမဟုတ်လား….မိသားစုနဲ ့ရော….သူငယ်ချင်းမိတ်ဆွေတွေနဲ ့ရော

    ကိုယ်ချစ်တဲ ့သူနဲ ့ရော….ဘယ်သွားသွားအစဉ်ပြေမှာလေ

    ဒါကြောင် ့စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ ့ပြည် ့စုံပါစေလို ့…..

    ဦးစွာပထမဆုတောင်းပေးလိုက်ပါတယ်……

    နောက်စကားတစ်ခွန်းကတော ့“ပန်းတပွ င် ့ကိုခူးပြီးရပ်မနေပါနဲ ့…..ရှေ ့ဆက်သွားပါ

    နောက်ထပ်ပန်းပွင် ့တွေအများကြီးကညီမငယ်ကိုကြိုဆိုနေပါလိမ် ့မယ်”……

    ဒါကဆုတောင်းစကားလေးပါ…..

    နောက်လာမဲ ့မွေးနေ ့တိုင်းမှာလည်းသာယာချမ်းမြေ ့ခြင်းတွေနဲ ့အတူ

    လိုအင်ဆန္ဒတွေနဲ ့လျောက်လှမ်းနိုင်ပါစေ…..

    ဒါနဲ ့စကားမစပ်……အလင်းဆက်ရဲ ့ကဗြုတ်ထဲမှာညီမငေးတွေများလှချေလား……

    ဟင်း…ဟင်း…ဟင်း……

    • ဒညင်းဝက်

      January 22, 2014 at 8:30 pm

      ညီမလေး ရစ်သမ် ပေါ့ကွယ်.. ။
      မာမီတွေ..များများထည့်ပြီး.. ကဗျာတစ်ပုဒ်လောက် ရေးဦးမှ…

      😆

    • ဗုံဗုံ

      January 23, 2014 at 9:35 am

      နာ့ ကိုဂျီးမိုးမင်း မနက်အစောဆုံး
      ဖုန်းဆက်ပြီး ဆုတောင်းပေးတာ ကျေးကျေးပါ…..
      အိပ်ချင်မူးတူးနဲ့ ဘာပြောလိုက်မှန်းမသိဘူး..
      နာ့ကိုဂျီးကို အားနာတယ်……… :mrgreen:

  • 2013 မှာ ဆိုင် ကယ် ပျောက် တယ်
    2014 မှာ တော့ အညံ့ တွေ ကုန် ပြီ
    စုတ် ရော လာဘ် ရော ဝင် မယ် သေ ချာ ပေါက်

    • ဗုံဗုံ

      January 23, 2014 at 9:42 am

      ဂယ်နော်…..
      အဖေ့ဝတ္တရား မကျေသေးဘူးနော်….. :mrgreen:

  • Foreign Resident

    January 23, 2014 at 5:10 am

    ကိုပေါက် ( မန္တလေး ) says:
    ” 2013 မှာ ဆိုင် ကယ် ပျောက် တယ်
    2014 မှာ တော့ အညံ့ တွေ ကုန် ပြီ
    စုတ် ရော လာဘ် ရော ဝင် မယ် သေ ချာ ပေါက် ”

    အွန် ဆိုင်ကယ် က ကိုပေါက် ပျောက်တာလား ၊ ဗုံဗုံ ပျောက်တာလား ။
    ဗုံဗုံ က မန္တလေး မှာနေတာလား ။

    Anyways, Happy Birthday ပါ ဗုံဗုံ ။
    ကိုပေါက် ပြောသလို စုတ် ရော လာဘ် ရော ဝင်ပါစေ ။ ဟီ ဟိ ။

    • ဗုံဗုံ

      January 23, 2014 at 9:46 am

      ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ အဘဖောရေ :mrgreen:

      ဆိုင်ကယ်က မိဗုံ ပျောက်တာပါ အဘဖောရယ်….. 😥
      အခုတော့ ဒက်ဒီကြောင် သင်ပေးထားသလို
      ဆိုင်ကယ်သော့ကို လည်ပင်းမှာဆွဲပြီး
      ဆိုင်ကယ်မှာ စာရေးကပ်ထားတယ်…..
      ဆိုင်ကယ်လိုချင်လျှင် လူပါ ယူရမည် ဆိုပြီးတော့……… :mrgreen: :mrgreen:

  • ရွှေတိုက်စိုး

    January 23, 2014 at 8:49 am

    ဟင်းဟင်း ဒညင်းဝက် ရေ.. နင်ဟာလေ… သိပ်သိသာတာပဲသိလား..
    နာနဲ. ဗုံဗုံနဲ. မွေးနေ. မွေးလ တူဒါတောင်…. ဗုံဗုံလေးအတွက် ရှယ်ပို.စ်တင်ပေးတာ.. ငါကျတော့ မွေးနေ.ကိတ်လေး တခြမ်းတောင် အလကားရတာ တင်မလာဘူး…
    ဝိုင်းပို. ကြတာ နဲ.တောင်နဲသေး… အသိသာကြီးကိုအေ…………..ခွိခွိ..

    အော်ဒညင်းဝက် ဒညင်းဝက်…

    မွေးနေ.တူတဲ့ ဗုံဗုံရေ…………. ပျော်ရွှင်စရာမွေးနေ.ဖြစ်ပါစေ… ကျန်မာပါစေ ချမ်းသာပါစေ..မိဘကို လုပ်ကျွေးနိုင် တဲ့ သမီးကောင်းရတနာ လေးဖြစ်ပါစေ…

    ဒညင်းဝက်နဲ.ဝေးဝေးရှောင် ဒါဘဲ..

    • ဗုံဗုံ

      January 23, 2014 at 9:48 am

      ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ တိုက်တိုက်ရေ…..

      တိုက်တိုက်ပြောသလို ဝေါင်ဝေါင်ရှေးမယ်…
      အာ့မျိုးမျက်နှာလိုက်တဲ့ လူကို မကြိုက်ဝူး
      တိုက်တိုက်စကား နားထောင်မယ်. :mrgreen:

      • ရွှေတိုက်စိုး

        January 23, 2014 at 1:38 pm

        အေး သမီးရယ် လိမ္မာလိုက်ထာအေ… နံမယ်ကိုက ဒညင်းဝက်တဲ့စဉ်းစားသာကြည့်.. ခွီခွီ..

        ဟဲ့ဒညင်းဝက် နာကိတ်မုန်.အစစ် တစ်လုံးပေးရင် ပြန်ချိတ်ပေးမယ်.. ဒါဘဲ..

        ရွှေတိုက်စိုး..
        နိုင်ငံတကာအသိအမှတ်ပြု
        အပြည်ပြည်ဆိုင်ရာ အောင်သွယ်တော်…

    • ဒညင်းဝက်

      January 23, 2014 at 8:48 pm

      အဟိ…
      တိုက်တိုက်ရဲ ့မွေးနေ ့ကို..အစက မသိခဲ့မိလို ့ပါကွယ်.. ။
      သိရင်..နှစ်ယောက်လုံးအတွက်.. ဆုတောင်းစကား အမှတ်တရ ဆိုပါတယ်.. ။

      :kwi:

      ဝေးဝေးရှောင်ဖို ့… ကြိုးစားလေ… ပိုနီးသွားလေ..ဖြစ်နေရင်..
      တိုက်တိုက်… ဘာလက်ဖွဲ ့မလဲ..

      အဲ..
      စကားက ဘယ်ရောက်သွားပါလိမ့်…

      😆

  • Ma Ma

    January 23, 2014 at 5:59 pm

    မွေးနေ့ကိတ်တွေ တသီကြီးတွေ့တော့ မိုက်ပဟ လို့ ထင်လိုက်မိတာ။
    အမှန်တော့…….. ကွန်မန့်တွေဖတ်ပြီး လိပ်ဥတူးတာ မြင်လိုက်ရပြီ။ 😀

    မွေးနေ့ရှင်ရော ဗုံဗုံရော
    လိပ်ဥတူးသူ အဲ မှားလို့ ဆုတောင်ပေးသူ အလင်းဆက်ရော ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 🙂

  • မဟာရာဇာ အံစာတုံး

    January 24, 2014 at 1:07 pm

    ဟိတ်ကောင် .. အောင်မဲလင်း
    ငါ့ မွေးနေ့ကျရင်လည်း
    ဟောဒီလို တင်ပေးချမ်း …
    မတင်ပေးလို့ကတော့
    နင် နှာဗူးကြီးလို့ ပြောမှာ ….

    • ဒညင်းဝက်

      January 24, 2014 at 8:28 pm

      တင်ပေးဗူးးး

      နှာဗူးဂျီးပဲ..အဖြစ်ခံလိုက်မယ်.. ။

      ဟီဟိ

      :kwi:

  • padonmar

    January 25, 2014 at 9:03 pm

    မွေးနေ့ ဆုတောင်းနောက်ကျနေမိလို့ မင်္ဂလာဆုတောင်းနဲ့ ရောကြိတ်လိုက်ရမလား။
    အင်း…သဂျီးရေ့ မြန်မာ့ဂဇက်ကနေ
    အောင်သွယ့် ဂဇက်လို့သာ နာမည် ပြောင်းလိုက်ပါတော့…

  • ဝင့်ပြုံးမြင့်

    January 25, 2014 at 11:29 pm

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    January 26, 2014 at 11:37 am

    ကိတ် ဖြုန်းတီးမုှနဲ့
    အရေးယူသင့်တယ်

    တစ်လုံးဆို တော်ပြီပေါ့
    စေ တ နာ တွေများ ပုံအောနေတာဘဲ

    ဟေ့ကောင်လေး
    မိန်းမဆိုတာ လိုက်ရင်ပြေးတယ်ကွ
    ပြေးမှ လိုက်တာ
    ပြေး ကွာ ပြေး ပြေး

Leave a Reply