အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၄ ( Bay of Islands ) ။

Foreign ResidentJanuary 6, 201413min16510

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၄ ( Bay of Islands ) ။

 

 

၁၁ – ၁၂ – ၂၀၁၃ ။

 

မနေ့ညကတော့ ခရီးပမ်းလာတော့ ၊ ဒီနေ့မနက် စောစော မထဖြစ်ပါဘူး ။

( ပုံမှန်ဆိုရင် အဘ က မနက် ၅ နာရီလောက် ထနေကျပါ )

ကိုယ်လက် သန့်စင် အဝတ်ဟောင်းကိုဘဲ နဲနဲ ခါခက် ရေမွှေးဆွတ် ဝတ်ပြီး ၊

အပြင်ထွက်လာတော့ မနက် ရ နာရီလောက်ရှိပြီး အပြင်မှာ လင်းထိန်နေပါပြီ ။

 

အဘ တို့ သင်္ဘောကြီးလည်း နယူးဇီလန် မြောက်ဖက်က ၊

Bay of Islands ဆိုတဲ့ ဒေသ ကျွန်းစုတွေ ကြားထဲမှာ ၊

( ကမ်းကပ်တာ မဟုတ်ဘဲ ) ကျောက်ဆူးချ ရပ်ထားနှင့်ပါပြီ ။

 

4 အဘ တို့ M.S. Celebrity Solstice သင်္ဘောကြီး ကျွန်းစုတွေ ကြားထဲမှာ ကျောက်ချ ရပ်နားထားပုံ ။

 4 အဘ တို့ M.S. Celebrity Solstice သင်္ဘောကြီး ကျွန်းစုတွေ ကြားထဲမှာ ကျောက်ချ ရပ်နားထားပုံ ။

4 အဘ တို့ M.S. Celebrity Solstice သင်္ဘောကြီး ကျွန်းစုတွေ ကြားထဲမှာ ကျောက်ချ ရပ်နားထားပုံ ။

 

 

အဘ အပြင်ထွက်လာတဲ့ အချိန်မှာ  သင်္ဘောသားတွေက ၊

ခရီးသည်တွေကို ကမ်းနားကို လိုက်ပို့ဖို့ အတွက် ၊

အထူး တည်ဆောက်ထားတဲ့ Tender Boat ဆိုတဲ့ ၊

ကြိုပို့ ဖယ်ရီ Boat လေး ၆ စီး ကို စမ်းသပ် မောင်းနှင် နေကြပါတယ် ။

 

4 သင်္ဘောသားတွေက ၊ ခရီးသည်တွေကို ကမ်းနားကို လိုက်ပို့ဖို့ အတွက် ၊

အထူး တည်ဆောက်ထားတဲ့ Tender Boat ၆ စီး ကို စမ်းသပ် မောင်းနှင် နေကြပါတယ် ။

 

4 သင်္ဘောသားတွေက ၊ ခရီးသည်တွေကို ကမ်းနားကို လိုက်ပို့ဖို့ အတွက် ၊ အထူး တည်ဆောက်ထားတဲ့ Tender Boat ၆ စီး ကို စမ်းသပ် မောင်းနှင် နေကြပါတယ် ။
4 သင်္ဘောသားတွေက ၊ ခရီးသည်တွေကို ကမ်းနားကို လိုက်ပို့ဖို့ အတွက် ၊ အထူး တည်ဆောက်ထားတဲ့ Tender Boat ၆ စီး ကို စမ်းသပ် မောင်းနှင် နေကြပါတယ် ။

 

 

ပြောရမယ် ဆိုရင် ၊ မနေ့က ရထားတဲ့ သတင်းလွှာ ( ၃ ) ခုထဲက ၊

” သတင်းလွှာ ( ၃ ) ။ သင်္ဘော က စီစဉ်ထားတဲ့ Optional / Shore Excursion တွေ နှင့် ဈေးနှုန်း “

ကိုဖတ်ပြီး ၊ မနေ့ကတည်းက သွားချင်တဲ့ Shore Excursion ကို အဘတို့ ရွေးပြီး ၊

မနေ့ ညနေ ကတည်းက Shore Excursion Desk မှာ သွားဝယ်ထားပြီးသားပါ ။

 

ကြုံလို့ အကြံတစ်ခုပေးရရင် Shore Excursion ဝယ်ရင်လေ ၊

သင်္ဘော လက်မှတ် ဝယ်ကတည်းက / အစောကြီး ဘယ်တော့မှ ကြိုမဝယ်နှင့်ဗျ ။

အစောကြီး ကြိုဝယ်ရင် Shore Excursion အမျိုး အစား သိပ်မစုံဘူးဗျ ။

တစ်ခါတစ်လေကြရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်လေ့ရှိသဗျ ။

အဲဒီတော့ သင်္ဘောပေါ်ရောက်မှ မှ Shore Excursion အမျိုး ပိုစုံတဲ့ အထဲက ရွေးဝယ်ဗျ ။

ကြို မဝယ်လိုက်လို့ နေရာမရ ဖြစ်သွားတယ် ဆိုတာ မရှိပါဘူး ။

လာဝယ်ရင် နေရာမကျန်တော့ရင်လည်း သူတို့ အချင်းချင်း ဖုန်းဆက်ပြီး

မဖြစ်ဖြစ်အောင် နေရာရအောင် လုပ်ပေးသွားတာချည်းပါဘဲ ။

 

ဟဲ ဟဲ ၊ Customer ကို လေးစားလွန်းလို့တော့ မဟုတ်ပါဘူး ။

ပိုက်ပိုက် ဆိုတာက လူတွေရဲ့ သည်းခြေကြိုက်ပေကိုးဗျ ၊

ပိုက်ပိုက် ကို အဖြူလဲကြိုက် အမဲလဲကြိုက် တရုတ်လဲကြိုက် ဗမာလဲကြိုက် လေ ။

 

4 သတင်းလွှာ ( ၃ ) ။ သင်္ဘော က စီစဉ်ထားတဲ့ Optional  Shore Excursion တွေ နှင့် ဈေးနှုန်း ။

 

4 သတင်းလွှာ ( ၃ ) ။ သင်္ဘော က စီစဉ်ထားတဲ့ Optional  Shore Excursion တွေ နှင့် ဈေးနှုန်း
4 သတင်းလွှာ ( ၃ ) ။ သင်္ဘော က စီစဉ်ထားတဲ့ Optional Shore Excursion တွေ နှင့် ဈေးနှုန်း

 

ကဲ ၊ ထားပါတော့ ၊ မနေ့ညက အဘ တို့ Shore Excursion တွေထဲက ၊

” Glow Worm Caves & Te Waimate ” ဆိုတဲ့ Excursion ကို ရွေးဝယ်ထားတယ် ကွယ့် ။

အဓိက အချက်ကတော့ ၊ အဲဒီ Glow Worm ဆိုတဲ့ အကောင်လေးတွေကို မမြင်ဘူးလို့ပါ ။

Tour Duration က ၅ နာရီလောက် ကြာမတဲ့ကွယ် ။

အဓိက အချက်ကတော့ Tour Type က Strenuous ဆိုတော့ နဲနဲ ပင်ပန်းမယ့် သဘောရှိသပေါ့ ။

 

အဟင့် ၊ အဟင့် ၊ အဘ လဲ မဟင့်ချင်ပါဘူးကွယ် ၊

ဒါပေမယ့် ဒီ Shore Excursion က ၊ ဈေး နည်းနည်း ကြီးသကွယ် ၊

တစ်ယောက် ကို ၁၀၉ ဒေါ်လှ ကျတယ် ဆိုတော့ ၊

၂ ယောက် ဆိုတော့ ၂၁၈ ဒေါ်လှ ကျသပေါ့ကွယ် ၊

၅ နာရီလေးကို ။ အဟင့် ၊ အဟင့် ။

( ဟယ် ၊ ဒီ ဘဝ ရောက်မှတော့ မထူးတော့ဘီ ။

ပိုက်ပိုက်ဆိုတာ ရှိ ပူရသေး ၊ ကုန်မှအေးသကွယ့် ၊ လာထား )

 

ကဲ ၊ ထားပါတော့ ၊ အဲဒီ Shore Excursion သွားမယ့် ခရီးသည်တွေက ၊

ဒီ မနက် ၉ နာရီ ၁၅ မှာ Solstice Theatre Room မှာ စု ကြပြီး ၊

၉ နာရီ ၃ဝ မှာTender Boat ပေါ်ကို တက်ပြီး ကမ်းနားကို ထွက်မယ် ကွယ့် ။

၁ဝ နာရီ ၃ဝ မှာ ကမ်းနား ကနေ Shore Excursion Bus ထွက်မယ်တဲ့ ။

 

အဲဒီတော့  လောလောဆယ်တော့ ၊ Breakfast ကို အရင်ဆုံး အဝ သွားဆွဲပစ်လိုက်ပါတယ် ။

ဟုတ်တယ်လေ ၊ နေ့လည်စာက ဘယ်တော့မှန်းမှ မသိတာဘဲလေ ။

 

4 Breakfast ကို အရင်ဆုံး အဝ သွားဆွဲပစ်လိုက်ပါတယ် ။

 

4 Breakfast ကို အရင်ဆုံး အဝ သွားဆွဲပစ်လိုက်ပါတယ် ။
4 Breakfast ကို အရင်ဆုံး အဝ သွားဆွဲပစ်လိုက်ပါတယ် ။

 

ပြီးတာနှင့် ၊ လူစုရမယ် Solstice Theatre Room ကို စောသွားလိုက်တယ် ။

အဲဒီမှာ စောင့်နေရင်း အချိန်တွေ စောနေသေးတာနှင့် ၊

” သတင်းလွှာ ( ၂ ) ။ သင်္ဘော ဆိုက်ကပ်မယ့် Bay of Islands ဒေသ ရဲ့ အကြောင်း နှင့် မြေပုံ ” ကို ၊

လေ့လာ နေလိုက်ပါတယ် ။

 

4 သတင်းလွှာ ၂ ။ သင်္ဘော  ဆိုက်ကပ်မယ့် Bay of Islands ဒေသ ရဲ့ အကြောင်း ။

 

4 သတင်းလွှာ ၂ ။ သင်္ဘော  ဆိုက်ကပ်မယ့် Bay of Islands ဒေသ ရဲ့ အကြောင်း
4 သတင်းလွှာ ၂ ။ သင်္ဘော ဆိုက်ကပ်မယ့် Bay of Islands ဒေသ ရဲ့ အကြောင်း

 

4 သတင်းလွှာ ၂ ။ သင်္ဘော ဆိုက်ကပ်မယ့် Bay of Islands ဒေသ  ရဲ့  မြေပုံ ပါပါတယ် ။

 

4 သတင်းလွှာ ၂ ။ သင်္ဘော ဆိုက်ကပ်မယ့် Bay of Islands ဒေသ  ရဲ့  မြေပုံ ပါပါတယ် ။
4 သတင်းလွှာ ၂ ။ သင်္ဘော ဆိုက်ကပ်မယ့် Bay of Islands ဒေသ ရဲ့ မြေပုံ ပါပါတယ် ။

 

အဖွဲ့လိုက် လူစုံတဲ့ အခါ ၊ ကမ်းနား ကို သွားမယ့် Tender Boat ကပ်တဲ့ အထပ် ၊

Deck 2 ကို ထွက်လာခဲ့ပါတယ် ။

 

သင်္ဘောက ထွက်တဲ့ အပေါက်ဝ မှာ ၊ ခရီးသည် တစ်ဦးချင်းဟာ သူတို့ရဲ့ Sea Pass Card တွေကို ၊

Computer လေးတွေ ရှေ့က အပေါက်လေးထဲ ကို ၊ ထိုးသွင်း ပြန်နှုတ် ပြီး Register လုပ်ရပါတယ် ။

ဘေးနားက သင်္ဘော လုံခြုံရေး အရာရှိကလည်း အဘတို့ Computer ထဲကို ၊

Sea Pass Card ထည့်လိုက်ရင် ပေါ်လာတဲ့ ဓါတ်ပုံ နှင့် လူ မှန် မမှန် တိုက်ကြည့်နေပါတယ် ။

သင်္ဘော ခရီးစဉ် တစ်လျှောက်လုံး ၊ သင်္ဘော အဝင်တိုင်း အထွက်တိုင်းမှာ အဲလိုလုပ်ပေးရပါတယ် ။

 

အဲတော့မှ ၊ သင်္ဘောရဲ့ Computer Network ထဲမှာ ၊ ခရီးသည် ၂၈၀ဝ ကျော်ဟာ ၊

ဘယ်သူ က သင်္ဘော ပေါ်မှာ ရှိနေတယ် ၊ ဘယ်သူတွေ ကတော့ ကမ်းနား ဆင်းသွားပြီ ၊

ဘယ် အချိန် ကတည်းက ဆင်းသွားတာ ၊ စတာတွေကို အမြဲတမ်း စောင့်ကြည့်နိုင်တာပါ ။

အဓိက က ၊ သင်္ဘော ထွက်တဲ့ အခါမှာ ခရီးသည် ၂၈၀ဝ ကျော်ထဲက ကျန်မနေအောင်ပါ ။

 

အဲဒီအပြင် နယူးဇီလန် Immigration / Custom / Quarantine အရာရှိကလည်း ၊

အဘတို့ အပြင်ကို သယ်သွားမယ့် အိတ်ထဲမှာ အစားအစာ တွေ ပါမပါ စစ်နေပါတယ် ။

အစားအစာ တွေက တဆင့် သူတို့ နိုင်ငံထဲကို ပိုးမွှား ရောဂါ တွေ ဝင်မှာ စိုးလို့ပါ ။

 

အဲဒါတွေ ပြီးတဲ့အခါကျမှ အဘတို့ ကမ်းနားသွားမယ့် Ferry / Tender Boat ပေါ်တက်ကြပါတယ် ။

Ferry / Tender Boat က နှစ်ထပ်ပါ ၊ အပေါ်ထပ်က အပွင့် Opened Top ပါ ။

အဘ ကတော့ ဓါတ်ပုံရိုက်လို့ကောင်းမယ့် အပေါ်ထပ်ကိုဘဲ တက်ရတာပါဘဲ ။

 

အပေါ်ထပ် ရောက်တော့မှ ပါတ်ဝန်းကျင်ကို လှည့်ပါတ်ကြည့်လိုက်တော့ ၊

အဘတို့ရဲ့ သင်္ဘောကြီးဟာ ကျွန်းတွေကြားမှာ တကယ့်ကို ခန့်ငြား လှပနေတာပါဘဲ ကွယ် ။

ကိုယ့် ငါးချဉ် ကို ကိုယ်ချဉ်တယ် လို့ ၊ ပြောရင်လည်း ခံရတော့မှာဘဲ ကွယ် ၊

အဘ မျက်စိထဲမတော့ ၊ အဘတို့ရဲ့ M.S. Celebrity Solstice သင်္ဘောကြီးဟာ အရမ်း လှနေတာဘဲ ။

 

4 အဘတို့ရဲ့ သင်္ဘောကြီးဟာ ကျွန်းတွေကြားမှာ တကယ့်ကို ခန့်ငြား လှပနေတာပါဘဲ ။

 

4 အဘတို့ရဲ့ သင်္ဘောကြီးဟာ ကျွန်းတွေကြားမှာ တကယ့်ကို ခန့်ငြား လှပနေတာပါဘဲ ။
4 အဘတို့ရဲ့ သင်္ဘောကြီးဟာ ကျွန်းတွေကြားမှာ တကယ့်ကို ခန့်ငြား လှပနေတာပါဘဲ ။

 

နေ ကလည်း အရမ်းမပူဘဲ သင့်ရုံဘဲ ဆိုတော့ ၊

ပါတ်ဝန်းကျင်ကျွန်းတွေရဲ့ မြင်ကွင်းတွေဟာလဲ အထူးလှပနေပါတယ် ။

ကမ်းနားကို Ferry / Tender Boat စီးရတဲ့ အချိန်ကတော့ နာရီဝက်လောက်ဘဲ ရှိပါတယ် ။

 

4 ပါတ်ဝန်းကျင်က ကျွန်းတွေရဲ့ မြင်ကွင်းတွေဟာလဲ လှပနေပါတယ် ။

4 ပါတ်ဝန်းကျင်က ကျွန်းတွေရဲ့ မြင်ကွင်းတွေဟာလဲ လှပနေပါတယ် ။
4 ပါတ်ဝန်းကျင်က ကျွန်းတွေရဲ့ မြင်ကွင်းတွေဟာလဲ လှပနေပါတယ် ။

 

အဘ တို့ Boat ကမ်းနားကို ကပ်တဲ့ အချိန်မှာတော့ ၊

နယူးဇီလန် ဒေသခံ Maori လူမျိုး တွေက ကြိုဆိုနေကြတာကို တွေ့ရပါတယ် ။

အဘတို့ လင်မယားလဲ နယူးဇီလန် ဒေသခံ Maori လူမျိုး စုံတွဲ နှင့် ဓါတ်ပုံ တွဲရိုက်လိုက်ပါတယ် ။

 

4 အဘတို့ လင်မယားလဲ နယူးဇီလန် ဒေသခံ Maori လူမျိုး စုံတွဲ နှင့် ဓါတ်ပုံ တွဲရိုက်လိုက်ပါတယ် ။

 

4 အဘတို့ လင်မယားလဲ နယူးဇီလန် ဒေသခံ Maori လူမျိုး စုံတွဲ နှင့် ဓါတ်ပုံ တွဲရိုက်လိုက်ပါတယ် ။
4 အဘတို့ လင်မယားလဲ နယူးဇီလန် ဒေသခံ Maori လူမျိုး စုံတွဲ နှင့် ဓါတ်ပုံ တွဲရိုက်လိုက်ပါတယ် ။

 

ကမ်းနားမှာ Shore Excursion အမျိုးအစား / အုပ်စု တူတဲ့သူတွေကို လူထပ်စစ်ပြီး ၊

အဖွဲ့လိုက် အရောင် ကွာ / နံပါတ် ကွာ Sticker တွေ လိုက်ကပ်ပေးပါတယ် ။

စီးရမယ့် Tour Bus တွေရဲ့ ရှေ့လေကာမှန် မှာလဲ အဖွဲ့ နံပါတ် ၊ ခရီးစဉ် တွေ ကပ်ထားပါတယ် ။

Shore Excursion အမျိုးအစားပေါင်း များစွာ ရှိနေတဲ့အတွက် လူတွေ ရောကုန်မှာစိုးလို့ပါ ။

 

Tour Bus ပေါ်ရောက်တော့လဲ ၊ အနံ့ တစ်မျိုး ရပါတယ် ဆိုပြီး လိုက်ကြည့်တာ ၊

ဘယ်ဟုတ်မလဲ ၊ Celebrity Cruise က လူတစ်ယောက်က ၊ ရှိရှိသမျှ Tour Bus ကား တွေကို ၊

ပိုးသတ်ဆေးဘုံးကြီး လွယ်ပြီး ၊ တစ်ကားပြီး တစ်ကား လိုက်ဖြန်းနေတာကိုး ။

 

4 ဒီလိုလူပေါ့ ပိုးသတ်ဆေးဘုံးကြီး လွယ်ပြီး ကားတွေကို ဆေး လိုက်ဖြန်းနေတာ ။

 

4 ဒီလိုလူပေါ့ ပိုးသတ်ဆေးဘုံးကြီး လွယ်ပြီး ကားတွေကို ဆေး လိုက်ဖြန်းနေတာ ။
4 ဒီလိုလူပေါ့ ပိုးသတ်ဆေးဘုံးကြီး လွယ်ပြီး ကားတွေကို ဆေး လိုက်ဖြန်းနေတာ ။

 

မှန်တာပြောရရင် ၊ Celebrity Cruise သင်္ဘောက အဘတို့ ခရီးသည်တွေကို ၊

တော်တော်လေးကို ဂရုတစိုက်ကို မျက်စေ့ ဒေါက်ထောက်ပြီးတော့ စောင့်ကြည့်နေတာပါ ။

 

သင်္ဘော ပေါ်က ဆင်းခါနီး Sea Pass Card ထည့် ၊ Register / စာရင်းသွင်း ။

Ferry / Tender Boat ပေါ်အတက်မှာလည်း လူတစ်ခါ ထပ် ရေ ။

Ferry / Tender Boat ပေါ်က ကမ်းနားကို ဆင်းတဲ့အခါမှာလည်း လူတစ်ခါ ထပ် ရေ ။

ကမ်းနားမှာ Shore Excursion အမျိုးအစား / အုပ်စု တူတဲ့သူတွေကို လူတစ်ခါ ထပ် ရေ ။

Tour Bus ကားကြီးပေါ် ရောက်ပြန်တော့လဲ ၊ လူတစ်ခါ ထပ် ရေ ။

( တကယ့်ကို လုံးဝ / နည်းနည်းလေးမှ အမှား မဖြစ်ရလေအောင် လုပ်နေတာပါ )

 

ခရီးသည်တွေ မလာခင် မနက်စောစော ကတည်းက သင်္ဘောသား တွေက ကမ်းနားမှာ ကြိုစောင့် ၊

Ferry / Tender Boat ပေါ်အတက် / အဆင်းတွေမှာလဲ ၊ အဝ တွေမှာ ၊

ခရီးသည် ရဲ့ ဘေး ဘယ်ဖက်ရော ညာဖက်ရော မှာ သင်္ဘောသား ၁ ယောက်စီ အမြဲ ရှိနေပါတယ် ။

ခရီးသည် ရေထဲ ပြုတ်ကျဖို့ ဆိုတာ ၊ ဘယ်လိုနည်း နှင့် မှ မဖြစ်နိုင်အောင်ပါ ။

 

Tour Bus ပေါ်မှာလဲ ၊ Bus မေါင်းတဲ့ Local Tour Driver က တစ်ယောက် ၊

ခရီးစဉ် သမိုင်းကြောင်းတွေကို ရှင်းပြမယ့် Local Tour Guide က တစ်ယောက် အပြင် ၊

Celebrity Cruise သင်္ဘောက ထပ် ထည့်ပေးလိုက်တဲ့ ၊

သင်္ဘော ဝန်ထမ်း Tour Leader ကလည်း နောက်တစ်ယောက် ထပ်ပါပါသေးတယ် ။

 

အဲဒီ သင်္ဘော ဝန်ထမ်း Tour Leader က သူ့အဖွဲ့က ခရီးသည်တွေကို ၊

တစ်ချိန်လုံး မျက်ခြေမပြတ် လိုက်ကြည့်နေတဲ့ အလုပ်ကိုဘဲလုပ်ပါတယ် ။

အဘတို့ ရင်ဘတ်က Sticker နံပါတ်ကြီး ရေးထားတဲ့ ဆိုင်းဘုတ်လေး တထောင်ထောင် နှင့်ပေါ့ ။

အဘတို့မှာ ဝိုင်းဂရုစိုက်လွန်းလို့ ၊ အဖေတွေ အကိုတွေကြားက သမီးအပျိုလို ဖြစ်နေပါတယ် ။

 

ဒါနှင့်ဘဲ Tour Bus ကြီး စထွက်လာပါတော့တယ် ။

အဘတို့ ပထမဦးဆုံး သွားမှာက Kawiti Glow Worm Cave ပါ ။

အဲဒီ Kawiti Glow Worm Cave ဟာ သဲကျောက်တောင် လိုဏ်ဂူ ကြီးလို့ ပြောပါတယ် ။

 

4 အဲဒီ သဲ ကျောက်တောင်တွေရဲ့ အောက်မှာ Kawiti Glow Worm Cave ရှိတယ် ။

 

4 အဲဒီ သဲ ကျောက်တောင်တွေရဲ့ အောက်မှာ Kawiti Glow Worm Cave ရှိတယ် ။
4 အဲဒီ သဲ ကျောက်တောင်တွေရဲ့ အောက်မှာ Kawiti Glow Worm Cave ရှိတယ် ။

 

အဘ တို့ အုပ်စု ရောက်သွားတဲ့အခါမှာ လိုဏ်ဂူ တာဝန်ခံ က ၊

လိုဏ်ဂူ လူသွားလမ်း တစ်လျှောက် လက်နှိပ်မီးတွေ ၊ လက်ဆွဲမီးတွေ ကို ၊

ရှေ့ဆုံးက တစ်ယောက်က တစ်ပိုင်းချင်း ဖွင့်သွား ၊

နောက်ဆုံး တစ်ယောက် က ပြန်ပိတ်သွား စနစ် နှင့် ခေါ်သွားပါတယ် ။

 

အဲဒီ Kawiti Glow Worm Cave လိုဏ်ဂူ ထဲမှာ မီးထွန်းခွင့် ၊ ဓါတ်ပုံရိုက်ခွင့် မပြုပါဘူး ။

Glow Worm အကောင်လေးတွေကို အနှောက်အယှက် ပြုမှာ စိုးလို့ပါ ။

Glow Worm အကောင်လေးတွေ အများအပြားရှိတဲ့နေရာတွေကို ရောက်တဲ့အခါ ၊

လူတွေကို စုပြီး ၊ ရပ်ပြီး ၊ တစ်ပြိုင်နက် မီးပိတ်ချလိုက်ပါတယ် ။

 

အဲဒီအခါ ကောင်းကင်မှာ ကြယ်တွေစုံလင်တဲ့ ည အလှ လိုဘဲ ခံစားရပါတယ် ။

မှောင်ပိန်း တိတ်ဆိတ် နေတဲ့ လိုဏ်ဂူ ကြီးထဲမှာ ၊

Glow Worm အကောင်လေးတွေ ရဲ့ စိမ်းပြာရောင် မီးအလင်းတွေဟာ ၊

ကောင်းကင်က ကြယ်လေးတွေလိုဘဲ ၊ တချို့ ဆက်တိုက်လင်း ၊ တချို့ မှိတ်တုတ် နှင့်ပေါ့ ။

သဘာဝ လောက ရဲ့ ရင်သပ် ရှုမေါစရာ အလှတွေထဲက တစ်ခုပါဘဲ ။

 

4 လိုဏ်ဂူ ထဲမှာ ဓါတ်ပုံ မရိုက်ရလို့ Internet ထဲကတခြား Glow Worm Cave  ပုံတစ်ခုဘဲ တင်လိုက်တယ် ။

 

4 လိုဏ်ဂူ ထဲမှာ ဓါတ်ပုံ မရိုက်ရလို့ Internet ထဲကတခြား Glow Worm Cave  ပုံတစ်ခုဘဲ တင်လိုက်တယ် ။
4 လိုဏ်ဂူ ထဲမှာ ဓါတ်ပုံ မရိုက်ရလို့ Internet ထဲကတခြား Glow Worm Cave ပုံတစ်ခုဘဲ တင်လိုက်တယ် ။

 

Glow Worm ဆိုတဲ့ အကောင်တွေဟာ ၊ အင်းဆက် ပိုးမွား မျိုးနွယ်တွေ ဖြစ်ပါတယ် ။

အခု အဘတို့သွားမယ့် Kawiti Glow Worm Cave မှာ ရှိတဲ့ Glow Worm တွေကတော့ ၊

Arachnocampa ဆိုတဲ့ အင်းဆက် ပိုးမွား မျိုးနွယ်တွေ ဖြစ်ပါတယ် ။

< http://en.wikipedia.org/wiki/Arachnocampa>

 

အဲဒီ အင်းဆက် မျိုးနွယ်ထဲက ၊ အမ ကောင်တွေသာ ဖင်မှာ မီးလင်း ပါတယ် ။

သူတို့ ဖင်မှာ မီးလင်း ရတဲ့ အကြောင်းရင်းက ၊

၁ ။ အထီး ကောင်တွေကို မိတ်လိုက်ဖို့ မြူဆွယ်တဲ့အနေနှင့် မီးလင်းတာ ။

၂ ။ သူတို့ ဟာ ပင့်ကူမျှင်လို အမျှင်တွေကို တွဲလောင်းချထားပြီး ၊

သူတို့ရဲ့ အစာ အကောင်တွေကို ဆွဲဆောင်ဖို့ မီးလင်းတာ ဖြစ်ပါတယ် ။

 

တစ်ချို့ အကောင်တွေက လင်းထိန်နေပြီး တစ်ချို့က မှိန်မှိန်သာ လင်းပါတယ် ။

လိုဏ်ဂူ တာဝန်ခံ က ရှင်းပြတာကတော့ လင်းထိန်နေတဲ့ အကောင်တွေဟာ ဗိုက်ဆာလို့ပါတဲ့ ။

 

Glow Worm အကောင်လေးတွေကို ၄ / ၅ နေရာလောက် ရပ် ကြည့်ပြီးတဲ့ အခါမှာတော့ ၊

လိုဏ်ဂူ ရဲ့ တဖက် ထွက်ပေါက်ကို ရောက်ပြီး ၊ အဲဒီကနေ ထွက်လိုက်တဲ့ အခါမှာတော့ ၊

အဲဒီ Glow Worm Cave ရှိတဲ့ ကျောက်တောင်ကြီးရဲ့ ဟိုတစ်ဖက်ခြမ်းကို ရောက်နေပါတယ် ။

 

အဲဒါနှင့် ၊ တောလမ်းထဲကနေ ကျောက်တောင်ကြီးကို ပြန်ပါတ်ပြီး ၊

အဘတို့ရဲ့ Bus ဆီ တစ်မျှော် တစ်ခေါ်ကြီး ပြန်လာခဲ့ရပါတယ် ။

တောနက်ထဲမှာ တောင်တက် တောင်ဆင်း နာရီဝက်လောက် ကြာခဲ့ပါတယ် ။

ပင်ပန်းပေမယ့် ၊ နယူးဇီလန် မြောက်ပိုင်းရဲ့ သစ်ပင် တွေကို သေချာတွေ့ရပြီး ၊

နယူးဇီလန် တောအုပ်ထဲက ဖြတ်လျှောက်ဖူးတာ ၊ အမြတ်ပါဘဲ ။

 

စာလဲ အတော်ရှည်သွားပြီကွယ် ။

ဒီ Post ကို ဒီနေရာမှာဘဲ ၊ ခဏတော့ နားခွင့် ပြုပါဦးကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

4 နယူးဇီလန် တောအုပ်ထဲ ဖြတ်လျှောက်ဖူးတာ အမြတ်ပါဘဲ ။

 

4 နယူးဇီလန် တောအုပ်ထဲ ဖြတ်လျှောက်ဖူးတာ အမြတ်ပါဘဲ ။
4 နယူးဇီလန် တောအုပ်ထဲ ဖြတ်လျှောက်ဖူးတာ အမြတ်ပါဘဲ ။

10 comments

  • မဟာရာဇာ အံစာတုံး

    January 6, 2014 at 10:42 am

    စပါယ်ရှယ်ပဲဗျာ …
    ဒီမီးလင်းတဲ့ အကောင်တွေလို
    ပိုးစုန်းကြူးတွေ စုဖမ်းပီး
    လိုဏ်ဂူတစ်ခုထဲမှာ ထည့်ထားရင်လည်း အလုပ်ဖြစ်လောက်တယ်နော် … ဟီးးဟီးး
    :mrgreen:

  • sorrow

    January 6, 2014 at 10:56 am

    အလိုလေး…ပက်စက်လှတဲ့နေရာပါလား အဘရေ

  • Mr. MarGa

    January 6, 2014 at 1:31 pm

    ပက်ပက်စက်စက် လှရက်ပါပေ့
    အောက်ဆုံးက နယူးဇီလန်တောအုပ်ကိုမြင်ပြီး ဒီနိုင်ငံမှာ ရှိဦးမှာပါလေလို့ အားတင်းမိသဗျ။
    ဟီးးးး ပြန်လှည့်တွေးကြည့်တာ
    ကိုယ့်နိုင်ငံမှာ အဲလိုနေရာတွေလိုက်ရှာ….. cruise တွေလုပ်ပြီး ငွေရှာရင် ဘယ်လိုနေမလဲ လို့

  • TNA

    January 6, 2014 at 4:00 pm

    တော်တော်ကိုလှတာပါလား အဘရေ။ အဘတို့အကောင်တွေက ဒီကပိုးစုန်းကျူးတွေနဲ့ဘာကွာလဲဟင်

  • Foreign Resident

    January 8, 2014 at 6:11 am

    အဟဲ ၊ မှန်ရာကို ဝန်ခံ ရရင် ၊
    အဘ ရောက်ခဲ့တဲ့ ဂူ က Glow Worm အကောင်တွေက ၊
    အခု တင်ထားတဲ့ Internet ထဲက ပုံလောက်တော့ မများပါဘူး ။

    အဲဒါ က ၊ ရောက်တဲ့ ရာသီ အချိန်ပေါ်မူတည်ပြီး အနဲ အများ ရှိသကွဲ့ ။

    TNA says:
    ” အဘတို့အကောင်တွေက ဒီက ပိုးစုန်းကျူးတွေနဲ့ဘာကွာလဲဟင် ”

    ဩဇီ မှာလည်း ပိုးစုန်းကျူး ရှိပါတယ် ။
    ဒါပေမယ့် ပိုးစုန်းကျူးတွေ က ငြိမ်မှ ငြိမ် မနေတာကွယ် ။
    Glow Worm အကောင်တွေ က တစ်နေရာတည်းမှာ အငြိမ်နေတာကွဲ့ ။

  • KZ

    January 8, 2014 at 9:12 am

    မီးစုန်းကောင်လေးတွေနဲ့ ဂူက လှလိုက်တာ အဘရေ။
    အဲဒီ အရောင်က ကျနော့အကြိုက်ဆုံးအရောင်ထဲလည်း ပါနေတော့။
    တို့ပြည်ကြီး မီးမှန်ပုံမျိုးနဲ့ ဒီလို အကောင်တွေ စီမံကိန်းနဲ့ မွေးသင့်သေးးး

    😀

  • kai

    January 8, 2014 at 3:00 pm

    နယူးဇီလန်က..တော်တော်လှတာသတိထားမိတယ်…
    သမိုင်းအခင်းအကျင်းကြီးတဲ့.. ဟောလိဝုဒ်ရုပ်ရှင်တော်တော်များများ …အဲဒီမှာသွားရိုက်ကြတယ်ကြားဖူးတာပဲ..

  • တိမ်တမန်

    January 8, 2014 at 9:46 pm

    လျှာထုတ်ပြနေတဲ ့လူကြီးက…ကကြောင်ဝတုတ်နဲ ့ တူလိုက်တာ..
    အဟိ

    :kwi:

  • manawphyulay

    January 10, 2014 at 11:41 am

    တစ်ခါလောက်တော့ အဘဖောတို့ သင်္ဘောကြီး စီးဖူးချင်ပါတယ်။
    မရောက်ဖူးတဲ့နေရာတွေကိုလည်း ရောက်သွားသလို ခံစားရတယ်။

  • myat pearl phyu

    February 27, 2014 at 4:42 pm

    လှလိုက်ဒဲ့ သင်္ဘောရီး … ရှုခင်းမြင်ကွင်း…အင်းဆက် နဲ့ တောလမ်းကလေး …

Leave a Reply