၂၀၁၄ နှစ်သစ်မှာ ရွာသူရွာသားအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်ဗျာ….

အင်း..ဘာလိုလိုနဲ့ အသက်က တစ်နေ့ထက်တစ်နေ့ ကြီးလာတော့…မှတ်ဥာဏ်တွေလည်းသိပ်မကောင်း အရေးထဲ..ပင်စင်ကမယူနိုင်သေးတော့ နေ့စဉ်အလုပ်ကလည်း မိုးလင်း၊မိုးချုပ်သွားနေရသေး….အသက်ကြီးမှအိမ်ထောင်ကျတော့ လူကအိုလှပြီ..သားသမီးတွေက ငယ်ငယ်လေးတွေ…(အူးကျောက်စ် တွေ့ရမဲ့ဒုက္ခတွေပေါ့) အတူတွဲသွားရင် မသိသူတချို့က မြေးအဖိုးတွေ လမ်းလျှောက်ကြတယ်ထင်တာ.. တစ်ခါကပေါ့..ကျုပ်ကားစုတ်လေး ဓါတ်ဆီသွားဖြည့်တော့…ကျုပ်ကကားပေါ်က.. သားက ဆီဆိုင်ရောက်တော့ ပိုက်ဆံလေးကိုင်၊ ကောင်တာပြေးပြီး ဆီဘောက်ချာသွားဖြတ်၊ ပီးတော့ပြန်ပြေးလာပြီး..ဘောက်ချာကို ပန့်ကိုင်ကိုပေး..ပေးရင်းနဲ့ သူကပြောလိုက်သေး.. `ဦး..ဆီပြည့်ပြည့် ထည့်နော်´ တဲ့…သားက ၃နှစ်ပဲရှိသေးတာ…အဲဒီတော့ ပန့်ကိုင်တဲ့ ဘိုးတော်(ကျုပ်လောက်ရှိပါတယ်ဗျာ)က..`ဟာ..အဘမြေးလေးကလိမ္မာလိုက်တာ´တဲ့… တောက်စ်..သေရော ကားဆီဖြည့်ပြီးလို့ သားကားပေါ်ပြန်တက်လာတော့…ရယ်ပြီးကျုပ်ကိုပြောတယ်… `ဖေကြီးကို ဒါကြောင့်ပြောတာ…ဆံပင်ဆေးဆိုးပါလို့´…

ဟီး..ဟုတ်သားပဲ ကျုပ်ဆံပင်တွေကလည်း ၈၀%လောက်ဖြူနေပြီကိုး…`အေးပါသားရယ်´လို့ပဲ ကျုပ်ပြန်ပြောရင်း..ရယ်နေလိုက်တယ်….. အဲဒီလို အိုကြီးအိုမ မိသားစုအရေးနဲ့ အလုပ်ရှုပ်နေသူ ကျုပ်ဆိုတဲ့ `ကြီးမိုက်´ ကို မန်းဂဇက်ဆိုလား..မြန်းဂဇက်ဆိုလား..ဟို..ဟို..ဒေါင်းတွေမွေးပြီး…ဒေါင်းဥကိုသေးတယ်ပြော ပြောနေတဲ့ လော့ကျနေတဲ့ အိမ်ကြီးမှာနေသူ၊ သဂျီး အူးခိုင်ဆိုသူ ကမြင်းကျောထပြီးထောင်ထားတဲ့ ၀က်ဆိုဒ်က မိတ်ဆွေတစ်ချို့က အတင်းရော..အဓမ္မကြီးရော…ကျုပ်ကို ဖတ်ရွေးငှက္ကဋ္ဌ ခန့်ကြပြန်ပါရောဗျာ…….. အဲဒီမှာ ပြဿနာစတာပဲ…အားနာလို့လက်ခံလိုက်ပေမဲ့…ဖင်မနိုင်ပဲ ချဉ်ပေါင်ဟင်းစားသလို ဖြစ်ပါလေရော…ဒါပေမဲ့ ကျုပ်ဆိုတဲ့ကောင်ကလည်း…တစ်ခုခုတာဝန်ရှိပြီဆို… လက်မလျှော့တတ်တဲ့ အကျင့်ကရှိနေတော့… မအားတဲ့ကြားကပဲ…ဂဇက်ရွာ(တစ်ချို့လည်းမြို့လို့ဆိုကြရဲ့)ထဲက ကျုပ်နဲ့ရင်းနှီး၊ ခင်မင်ဖူးတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက်အသုံးချပြီး….. ကိုယ်ကိုတိုင် ဘာမှမလုပ်ပဲ ဖတ်ရွေးငှက္ကဋ္ဌ လုပ်လာတာ…အင်း..ခုဆို..၂၀၁၃ ဒုတိယ နှစ်ဝက်အတွက် “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို..သုံးကြီမ်မြောက်ကျင်းပဖို့ ရက်တွေနီးလာပြန်ပါပကော။ ဘာပဲပြောပြော..ဒီဖတ်ရွေးအဖွဲ့ကြီးဟာ….

ဝေဖန်ခံရမှုပေါင်းများစွာ

ချီကျူးထောပနာမှုပေါင်းများစွာ

ပံ့ပိုးကူညီမှုပေါင်းများစွာ

ပါဝင်အားဖြည့်ပေးမှုပေါင်းများစွာ

အထင်လွဲ ရှုံ့ချမှုပေါင်းများစွာ

စိန်ခေါ်အကဲစမ်းမှုပေါင်းများစွာ

လေ့လာစောင့်ကြည့်မှုများစွာ – – – – – – – –

—————————–

—————————–

—————————–

—————————–

အဲဒီလို များစွာတွေကိုကျော်ဖြတ်ရင်း ချီတက်လာတာ….

ခုဆိုရင် တစ်နှစ်ခွဲဆိုတဲ့ အချိန်ကို အောင်မြင်စွာဖြတ်ကျော်လာနိုင်ခဲ့ပြီးပါပြီ….

ပထမဆုံးအကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအခန်းအနားကို ၂၀၁၃ ဇန္န၀ါရီလ (၂၀)ရက်နေ့ မှာ ကန်တော်ကြီးထဲက P3 စားသောက်ဆိုင်မှာကျင်းပခဲ့ကြပြီး…. ဒုတိယအကြိမ် မန်းဂဇက်ရွာသူရွာသားများတွေ့ဆုံပွဲ နဲ့ ဆုပေးပွဲကို ၂၀၁၃ ခုနှစ် ဂျူလိုင်လ (၂၁) ရက်နေ့ မှာ ကန်တော်ကြီးထဲမှာပဲ အောင်မြင်ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ကြပါတယ်…

ဒုတိယအကြိမ်တွေ့ဆုံပွဲမှာတော့ ထူးထူးခြားခြား မန်းဂဇက်ချစ်သူများ စာပေဆုရစာမူများကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ် (အဲဒီအမှတ်တရ စာအုပ်ကို ဒီတစ်ခေါက်တွေ့ဆုံပွဲမှာလည်း ရယူအားပေးနိုင်ကြပါတယ်)

အဲဒီလို ချိနဲ့နဲ့ လှုပ်လီ လှုပ်လဲ့ ချီတက်လာခဲ့ကြတာ…

အခုဆိုရင် တတိယအကြိမ်မြောက် “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို ကန်တော်ကြီးထဲက ကျင်းပနေကျဆိုင်မှာပဲ ကျင်းပသွားဖို့ စီစဉ်ထားပါကြောင်း နဲ့ ရွာသူ ရွာသားများအားလုံး(တစ်ယောက်မကျန်) ပျော်ရွှင်စွာ ကြွရောက်ကြပါရန် လေးစားခင်မင်စွာနဲ့ ဖိတ်ကြားအပ်ပါတယ်ဗျာ….

 

:-DD

mg-conf-3

မြန်မာ့ဂဇက် အဖွဲ့ဝင်များ တတိယအကြိမ် တွေ့ဆုံပွဲ

နေ့ရက်။ ၂၀၁၄ ခုနှစ် ဇန္န၀ါရီလ (၁၂) ရက်

အချိန်။ နံနက် ၈ နာရီ မှ ၁၁ နာရီခွဲ

နေရာ။ ကန်တော်ကြီး ကရ၀ိတ်ဥယာဉ်ကမ္ဘာ၊ ရှန်တီစားသောက်ဆိုင်

ဆုံကြအုံးမယ်လေ…ပျော်ပျော်ပါးပါးပေါ့…

တက်ရောက်မည့်သူများ ကွန်မန့်လေးနဲ့ စာရင်းပေးကြပါနော….. u

============================

တွေ့ဆုံပွဲ တက်ရောက်မည့်သူ စာရင်း

============================

  • မင်္ဂလာစုံတွဲ (ကျောက်စ် + နှင်းစ်)
  • (အ)ဘဆွေ (လူပိုဂျီး)
  • ဦးကြီးမိုက် (ခ) ကြိုက်မီး … မသေချာဟု ပြော*
  • ဦးဦးပါလေရာ … မလာဘဲ မနေနိုင်၍ လာမည်ဟု ပြော*
  • အန်တီဒုံ … စိတ်ကောက်ပြေသွား၍ လာမည်ပြော*
  • အန်တီမားမား … မသေချာ ပြောပြီး ကျိမ်းသေပြီဟု ပြန်ပြော*
  • အန်တီဝေ … လာဖြစ်ဖို့ သေချာဟု ပြော*
  • ဦးပီချိုကြီး … မိသားစုလိုက် လာမည်ဟု ပြော*
  • မဝေါင်း (ခ) မဝိုး … လာမည်ဟု ပြော*
  • ကိုကြောင်ဝတုတ် … လာမည်ဟု ပြော*
  • ကိုရွှေတိုက်စိုး … လာရင် သမီးလေးပါ ခေါ်လာမည်ဟု ပြော*
  • ကိုဆောရိုး … လာမည်ဟု ပြော*
  • ဦးအံစာတုံး … လာမည်ဟု ပြော*
  • ဒေါ်မွန်မွန် … လာမည်ဟု ပြော*
  • ဦးစွယ်တော် .. လာမည်ဟု ပြော*
  • ဂါးနဲ့ဂီ … လာမည်ဟု ပြော*
  • ကပ္ပိယသာဒင် .. လာချောင်းမည် ပြော*
  • မမွန်းပူအမ် … လာဖို့ ကြိုးစားမည် ပြော*
  • မနောဖြူလေး … လာဖို့ ကြိုးစားမည် ပြော*
  • မရွှေအိ … ခဏ လာမည် ပြော*
  • မနိုဗွီ … လာဖို့ ကြိုးစားမည် ပြော*
  • မောင်ဘလှိုင် … လာမည်ဟု ပြော*
  • ဒေါ်ကေဇီ … စပွန်ဆာရှိ လာမည် ပြော*
  • ကိုအောင်မိုးသူ … လာမည်ဟု ပြော*

============================

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)