ဆမာကဒါ နိုင်ငံ အကြောင်း သင်ကြားပို ့သချက်

moonpoemJanuary 6, 20141min886

ကလေးတို ့ရေ တို ့များ ဆမာကဒါနိုင်ငံတော်ကြီးမှာ အထင်ရှားဆုံးမြစ်ဟာ ပဲမြစ်ပဲ ဖြစ်ပြီး အရှည်ဆုံးမြစ်ကတော့ ထန်းပင်မြစ်ပါတဲ့ကွယ်။
နိုင်ငံခြားကို ထုတ်ကုန်အဖြစ်နဲ ့နာမည်ကြီးတဲ့
တွင်းထွက်ရတနာကတော့ ပုရစ်နဲ ့ဖားပြုတ်ပဲ ဖြစ်ကြပါတယ်။
ကလေးတို ့ရေ ဆမာကဒါ နိုင်ငံတော်ကြီးဟာ တောင်မြောက်သွယ်တန်းပြီး ရှေ ့နောက်သွယ်တန်းကာအထက်အောက်ကတော့ တိုတိုတုတ်တုတ်ရှိပါတယ်ကွယ်။

လူမျိုးစုအနေနဲ ့အဓိကအားဖြင့် ၃မျိုးရှိကြပြီးလူမျိုးစုနာမည်တွေကတော့ ဂျလွတ်ပလွတ်လူမျိုး၊တုံစိတုံခါလူမျိုးနဲ ့ ခွာနာလျှာနာလူမျိုးတွေပဲ ဖြစ်ကြပါတယ်။
လူမျိုးစုတွေရဲ ့အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းကတော့ အိမ်သာတူးဖော်ရေး လုပ်ငန်း ၊လည်ရာပြန်စားရေး လုပ်ငန်း နဲ ့တောင်ယာလျှောက်သွားရေးလုပ်ငန်းတွေပဲ ဖြစ်ကြပါတယ်။

အခြားသောနိုင်ငံများနဲ ့လည်း ခြံစည်းရိုးချင်းထိစပ်လျက်ရှိပြီး တခါတရံ လမ်းမလွတ်သဖြင့် အပင်ခုတ်ပေးရတဲ့ အခါတွေလည်း ရှိတတ်ပါတယ်။
ဆရာမတို ့ဆမကဒါနိုင်ငံတော်ကြီးမှာ မြစ်ကူးတံတားအဖြစ် မိကျောင်းတွေကို အသုံးပြုလျက်ရှိပြီး ရေလှောင်ကန်အဖြစ် အောင်သပြေ မိုးကာကို အသုံးပြုလျက်ရှိပါတယ်။

နိုင်ငံတော်ကြီးကို ဒီ့ထက်ပိုပြီးတိုးတက်အောင်တည်ဆောက်ဖို ့အပြည်ပြည်ဆိုင်ရာ လက်သမားတွေကို ပုတ်ပြတ် တစ်နေ့နှစ်ထောင်နဲ ့ငှားရမ်းလျက်ရှိပါတယ်ကွယ်။
ကလေးတို့ လည်း နိုင်ငံ့သားကောင်းသမီးကောင်းတွေအနေနဲ ့နိုင်ငံ ကြီး ဖွံ ့ဖြိုးတိုးတက်လာအောင် ကျောင်းစာတစ်ခုတည်းသာမက စမူဆာကိုပါ စားတတ်အောင်ကြိုးစားကြစေချင်ပါတယ်ကွယ်။

ဒီနေ ့သင်ခန်းစာလေးကတော့ ဆမာကဒါနိုင်ငံတော်ရဲ ့ပထဝီဝင် ပိုင်းဆိုင်ရာအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။နောက်ရပ်များမှာ သမိုင်းဘာသာရပ်၊အုတ်ကျင်းဘာသာရပ်၊ အင်းစိန်ဘာသာရပ်တွေကိုလည်း ဆက်ပြီး ပို့ချပေးဦးမှာ ဖြစ်ပါတယ်ကွယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာလန်းဖြာ ကြပါစေကွယ်။

6 comments

  • padonmar

    January 6, 2014 at 8:00 pm

    အော် ဒါက အရင်တင်တာကိုး၊
    အန်တီက သင်္ကြန်စာ အရင်ဖတ်မိလို့ ဒီတပုဒ်တောင် ထပ်တင်ခိုင်းထားသေးတယ်။

  • KZ

    January 7, 2014 at 10:58 am

    တွင်းထွက် ပုရစ်ရတနာကို ကြော်စားချင်လိုက်တာ။

    😀

    • moonpoem

      January 7, 2014 at 12:34 pm

      KZ ရေ တွင်းထွက်ပုရစ်ကြော်က တစ်ဗူးကို ၅၀ဝ လား ၁၀၀ဝလားတော့ ဈေးမေးမကြည့်ရသေးဘူး။ တရုတ်တန်းမှာတော့ ဈေးပေါမလားရယ်လို ့။

  • TNA

    January 7, 2014 at 8:14 pm

    ဒီနိုင်ငံက လူကြီးတွေကို အဲနိုင်ငံမှာသွားအုပ်ချုပ်ခိုင်းလိုက်ရင်ကောင်းမလားလို့ :mrgreen:

  • တိမ်တမန်

    January 8, 2014 at 10:02 pm

    အင်းစိန် ဘာသာရပ်ထဲမှာ…
    ယုံကြည်ချက်ကြောင့်… ဘာဖြစ်သွားတယ်..ညာဖြစ်သွားတယ်…
    ဘယ်နှစ်ယောက်ကို.. ဘာဖြစ်ပေးလိုက်တယ်…
    ဘယ်နှစ်ယောက်ကို..မိသားစုနဲ ့ဝေးသည်ထက်ဝေးအောင်… ပို ့လိုက်တယ်…
    စသည်ဖြင့်.. ပါမလားဟင်….

    :kwi:

Leave a Reply