“ရင်ခုန်ဖွယ်ရာ ဒီဇင်ဘာအတွက်”

ရင်ခုန်ဖွယ်ရာ ဒီဇင်ဘာအတွက်”

 

ဒီဇင်ဘာလအတွက် ရင်ခုန်စရာဆန်ကာတင်နဲ့အကြိုက်ဆုံးစာချစ်သူစာမူဆုရှင်ကြေငြာပို့စ်ကို မျှော်နေပေမယ့်

ကိုယ်တိုင်တင်ရလိမ့်မယ်လို့ မထင်ထားမိဘူး။

ကိုယ်တိုင်စဉ်းစားနေမိတာတစ်ခုကလဲ ဇန်နဝါရီလမှာ တွေ့ဆုံပွဲနဲ့ဆုပေးပွဲရှိနေတဲ့အတွက်ကြောင့် ဒီဇင်ဘာလ

ဆုစာရင်းကို စောစောကြေငြာကြမှာပဲဆိုတာလေးပါ။

စဉ်းစားနေမိတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဥက္ကဌကြီးထံမှ ကြေငြာပို့စ်နှစ်ပုဒ်တင်ပေးရန် သဘောထားကိုမေးလာတယ်ဆိုတော့

မဆိုင်းမတွပဲ ခုဆိုခု အကြမ်းချရေး လိုက်မိတယ်။

………………..

အတော်ပဲဖြစ်သွားတာတစ်ခုက အရင်လတွေတုန်းက ကွန်နက်ရှင်အရကော၊လျှပ်စစ်မီးကြောင့်ပါ ဖုန်းနဲ့သုံးလို့ သိပ်အဆင်မပြေတဲ့

ဂဇက်မှာ ပို့စ်တွေကို ပုံမှန်ဝင်မဖတ်နိုင်ခဲ့ဘူး။

ဒီလတော့ တစ်လလုံးနီးပါး တင်သမျှပို့စ်တွေကိုအားလုံးနီးပါး ဖတ်ဖြစ်၊မန့်ဖြစ်ခဲ့တာမို့ တော်တော်လေးဝမ်းသာသွားမိတယ်။

ဒါနဲ့ပဲ ဒေတာတွေယူဖို့ညွှန်ပြထားတဲ့ ပရော်ဖက်ဆာဒေါက်တာအံစာထံသို့ ကွန်တက်လိုက်တော့တာပေါ့။

 

“ဟဲလို အံစာတုံးလား”

 

“ယောက္ခမ ..ပြော…”

 

ထုံးစံအတိုင်း အိပ်ချင်မူးတူးအသံနဲ့ပြန်ထူးတာကိုကြားရပါပြီ။

 

“ဥက္ကဌကြီးကအွန်လိုက်လို့ ဖတ်ရွေးအဖွဲ့ကဆန်ကာတိုက်ပြီး တင်ကျန်ခဲ့တာလေးတွေ တစ်ဆိတ်လောက်”

 

အတွင်းရေးမှူး မဟာအံစာတုံး ပို့ပေးတဲ့ ဆန်ကာတင်ပို့စ်တွေကိုကြည့်ပြီး လတိုင်းလိုလို ပျော်စေပြတ်စေ၊စည်ကားစေတဲ့

ရွာ(အဲလေ)မြို့ထိန်းပို့စ်တွေရှိကြသလို၊တကယ်ကောင်းပြီးအရည်အသွေး ပြည့်မှီတဲ့ပို့စ်တွေက တက်နေကျမို့ ဒီတစ်လလုံးမှာလည်း

ပို့စ်ကောင်းတွေကထုံးစံအတိုင်း ဖတ်ရွေးအဖွဲ့ကို ခေါင်းကြပ်စေမှာအမှန်ပါ။

ဆန်ကာတင်ကျန်ခဲ့တဲ့ပို့စ်တွေဟာ အမှန်ကို ကောင်းလို့၊အရည်အသွေးရှိလို့သာ ဖတ်ရွေးအဖွဲ့ကြီးရဲ့ ဆန်ကာထဲမှာ

တင်ကျန်ခဲ့တာပါ။

ဒါကြောင့်မို့လည်း လစဉ်အကြိုက်ဆုံးစာချစ်သူစာမူဆုရှင် မဖြစ်ရတောင် ဆန်ကာတင်စာရင်းဝင်ရင်ကိုပဲ စာရေးသူတို့

အဖို့ရင်ခုန်စရာ၊ဂုဏ်ယူစရာ ကောင်းနေပါပြီ။ဆန်ကာတင်စာရင်းမှာ မပါဝင်သူတို့အဖို့လည်း

ဆက်လက်ကြိုးစားရင်ခုန်စောင့်စားချင်ဖွယ်ရာ ခွန်အားကိုပေးတတ်ပါတယ်။

 

 

လစဉ်လတိုင်း စာပေဝါသနာရှင်တွေကို စာရေးဖို့ခွန်အားတွေပေး၊ရင်ခုန်စရာတွေပေးနေတဲ့ မြန်မာ့ဂဇက်ရဲ့

ဖတ်ရွေးအစီအစဉ်နဲ့ဆုရှင်ရွေးခြင်းကို ကျွန်မအပါအဝင်မန်ဘာဝင်တိုင်းက

လှိုက်လှိုက်လှဲလှဲလက်ခံကြိုဆို စောင့်မျှော်နေတတ်ကြပါတယ်။

အဲဒီလို စာရေးသူ၊စာဖတ်သူမန်ဘာတွေရဲ့ အားကိုး၊ရင်ခုန်မျှော်လင့် ခြင်းနဲ့ထိုက်တန်အောင်

ကိုယ်ကျိုးမပါ စေတနာသက်သက်နဲ့အချိန်ကုန်ခံ၊ငွေကုန်ခံပြီး ဝါသနာရှင်တွေကို မညူးမညူဖတ်ပေး၊မန့်ပေး၊ ရွေးချယ်ပေးနေတဲ့

ဖတ်ရွေးအဖွဲ့ကြီးရဲ့ဖတ်ပေး၊ရွေးပေးလိုက်တဲ့ ပို့စ်တွေကို ကြေငြာပေးရတဲ့အတွက် များစွာသောဂုဏ်ယူဝမ်းမြောက်မှုတွေနဲ့အတူ

ဆန်ကာတင်ပို့စ်တွေကို ကြေငြာလိုက်ရပါတယ်………….

 

ဒီဇင်ဘာလအတွက် “အကြိုက်ဆုံးစာချစ်သူစာမူဆု” ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြရဦးမယ့်

ဆန်ကာတင်ပို့စ်ပိုင်ရှင်တွေနဲ့စာမူရှင်တွေကတော့

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

 

ကြိုတွေးပြင်ဆင် https://myanmargazette.net/190482

Padonmar

 

မင်္ဂလာကန့်လန့်ကာနောက်ကွယ်မှ… https://myanmargazette.net/190925

ဖြူစိုင်း လူ

 

မိဘဝတ် (သို့) မိဘဝဋ် https://myanmargazette.net/190395

Hmee

 

အဝေးကဆောင်းပုံပြင် https://myanmargazette.net/190464

ကိုပေါက် (မန္တလေး)

 

မြေအိုးကောက် https://myanmargazette.net/190768

အံစာတုံး

 

တန်ရာတန်ကြေး https://myanmargazette.net/190200

Ma Ma

 

ယုံကြည်မှုအရောင်းဆိုင် https://myanmargazette.net/191372

ကျော်ဘသစ်

 

အတုယူသတဲ့လားဗျာ https://myanmargazette.net/190851

ကိုပေါက်(မန္တလေး)

 

မန်းလေးကိုဖြတ်းသန်းခဲ့ရသောငှက်နှစ်ကောင် https://myanmargazette.net/191500

ကိုပေါက်(မန်း)၊ဦးမာဃ

 

ထိုးကျွေးတတ်သူများ https://myanmargazette.net/190786

ကျော်စွာခေါင်

 

ညှို့ငင်အားပြင်းတဲ့ အမျိုးသမီး နိုင်ငံရေးသမားများ (၂) https://myanmargazette.net/190172

ဇေယျာစံ

 

 

ဆန်ကာတင်ဆုရှင်အားလုံး ဒီဇင်ဘာလအတွက် မြန်မာ့ဂဇက်စာချစ်သူစာမူဆုကို ရင်ခုန်စွာစောင့်မျှော်ရင်း

စာရေးအားပိုကောင်းနိုင်ကြပါစေ။

 

13 comments

  • ကပ္ပိယ သာဒင်​

    January 7, 2014 at 10:15 am

    အားလုံးဖတ်ပြီးသားတွေပါ
    အကြိုက်ဆုံးရွေးဖို့ခက်လွန်းပါတယ်
    သူ့ဟာသူ ကောင်းနေကြတာပဲဗျ
    မိဘဝတ်
    ကြိုတွေးပြင်ဆင်
    ယုံကြည်မုှအရောင်းဆိုင်
    အတုယူသတဲ့လား
    တန်ရာတန်ကြေး ပုဒ်ပာ
    အကြိုက်ဆုံး ၅

    • ကပ္ပိယ သာဒင်​

      January 7, 2014 at 10:18 am

      စာလုံးတွေမှားရ်ုက်မိတယ်

      အကြိုက်ဆုံး ၅ ပုဒ်လို့ ရေးတာပါ

  • KZ

    January 7, 2014 at 10:26 am

    စောင့်မျှော်နေပါသည်
    ရလာဒ်ကို
    🙂

  • Mr. MarGa

    January 7, 2014 at 10:37 am

    နေရာဦးထားမယ်။
    သူ့ထက်သူ လူစွမ်းကောင်းတွေပဲမို့
    ဘယ်သူရမယ် မမှန်းနိုင်သေး 🙂

  • မဟာရာဇာ အံစာတုံး

    January 7, 2014 at 10:56 am

    ပို့စ်တွေကတော့ ..
    သူ့ဟာနဲ့သူ ကောင်းနေဂျဒါဘာဘဲ ..
    ယလဒ်ကို မျှော်နေဘာဒယ် ..

  • အွန်းလေ..ဖတ်လိုက်တိုင်း ရွေးချင်နေတာချည်းပဲ..
    ဆိုတော့ ..အကုန်လုံးကို ရစေချင်တယ်..
    စကာတင်နဲ့အပြိုင် ရင်ခုန်ပါအိ…

  • TNA

    January 7, 2014 at 8:03 pm

    အကုန်ကြိုက်သမို့ အကောင်းဆုံးဆိုတာကိုရင်ခုန်မျှော်လင့်နေပါတယ်။

  • ဖြူစိုင်း လူ

    January 8, 2014 at 7:32 am

    ဒီတစ်ခါလဲ ဇကာတင်ပါလာပြန်ပြီ

    အဲ့လိုမျိုး နာမည်ကြီးထမင်းငတ်ဖြစ်နေကျ.. ဟီး ဟီး :harr:

    • surmi

      January 8, 2014 at 8:31 am

      ကိုစိုင်​းတို့က ​ရေးသမျှ ထိတ်​တန်​းလက်​ရည်​ချည်​့ပါပဲဗျာ..
      ​စောင်​့ဖတ်​ရတဲ့ ဂဇက်​ရွာမင်​းသား​တွေဆို​တော့ ဆန်​ကာတင်​မှာပါတာဘယ်​ဆန်​းပါ့မလဲ…
      ကျ​နော်​ ရွာထဲဝင်​ကာစကတည်​းက သတိထားမိပါတယ်​

  • တိမ်တမန်

    January 8, 2014 at 12:28 pm

    တကယ့်ပိုစ့်ကောင်းတွေမို ့ အားလုံးတောင် ရစေချင်တယ်ဗျာ

    ဆန်ခါတင်ထဲ မပါခဲ့ပေမယ့်
    အကျိုးရှိပြီး ရသမြောက်တဲ့ပိုစ့်တွေလည်း ရှိပါတယ်

    မမနန်းတော်ရာသူ စကားအရဆိုရင်တော့ မြို့ထိန်းပိုစ့်လေးတွေပေါ့လေ

    :kwi:

  • kyeemite

    January 8, 2014 at 1:52 pm

    မင်္ဂလာပါ နန်းတော်ရာသူရေ…ဖတ်ရွေးဆန်ကာတင်ပို့လေးနဲ့ဝင်ရောက်ကူညီတာကျေးဇူးအထူးတင်ပါဂျောင်းးး

    တွေ့ဆုံပွဲကိုလည်းတက်စေချင်ပါဂျောင်းးး

    • ဦးမိုက်ရေ..လာဖြစ်အောင်စီစဉ်ပြီးမှ တော်တော်ကြီးမအားလပ်တာဂျောင့်
      😥
      (ရွာအတွက်ကူညီရတာ ဝမ်းသာဘာဂျောင်း)

  • Ma Ma

    January 9, 2014 at 7:27 am

    ရင်ခုန်ဖွယ် မန်းဂေဇက်ချစ်သူတွေအတွက် တစ်ကြိုထွက်လာတာ ဖတ်ပြီးကတည်းက မန့်ဖို့ကို ဆုရစာရင်းထွက်မှပဲ မန့်ရတော့တယ်။
    သဂျီးကိုအားပေးသောအားဖြင့် နောက်ပိုစ့်မှာ သွားမန့်ပြီ။
    (အမှန်က ပွိုင့်ရအောင်ယူသွားတာ။) :kwi:

Leave a Reply