လစာတိုးမယ်ဆို…

နွေဦးJanuary 8, 20141min4168

လစာတိုးပေးမယ်ဆိုတဲ့ သတင်းလေး

သမ္မတကြီး က

“လာမည့်ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင်

နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀ဝ တိုးမြှင့်ပေးရန်နှင့်

ပင်စင်လစာ၊ ဆုကြေးများကို အချိုးကျ တိုးမြှင့်ပေးရန် လျာထားသည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဇန်နဝါရီ ရ ရက်က နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော်ရှိ

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်သော

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၄) အစည်းအဝေးတွင်

နိဂုံးချုပ် အမှာစကား ပြောကြားရာ၌

သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း”

လို့

ဖေါရှော လေးနဲ့

ဟို အကောင်တွေ စိတ်ချမ်းသာအောင်

လေလည်ပြလိုက်ပြန်ပြီ…။

နိုင်ငံတခုကို အုပ်ချုပ်နိုင်တဲ့ သူတွေရဲ့ အတွေးအခေါ်မို့

၆ ၃ မကျတဲ့ အတွေးလို့တော့ မပြောချင်ပါဘူး..

တစ်တုံးစားလည်းမသိ..

နှစ်တုန်းကုန်လည်းမသိ..

အကြိမ်ကြိမ် တိုးခဲ့တဲ့ လစာတွေနဲ့

ဝန်ထမ်းတွေ အတော်အဆင်ပြေ ချောင်လည်သွားကြတယ်လို့

ရီပို့တွေတက်ပြီး အဟုတ်မှတ်နေကြတာ…။

တစ်ကြိမ်တိုးလိုက်တိုင်း တစ်ခါတက်ခဲ့တဲ့ ကုန်ဈေးနှန်းတွေကို

မသိကျိုးကျွံ ပြုပြီး

လစာတိုးပေးလိုက်ရင် ငါတို့အစိုးရတာဝန်ကျေပြီလို့ တွက်တဲ့

ချိန်းဗရီး အစိုးရဖြစ်နေပြီလား..

တကယ်လုပ်ရမှာက လစာတိုးပေးဖို့မဟုတ်ဘူး..

လစာပေးတဲ့ ပိုက်ဆံတွေ တန်ဖိုးရှိအောင်လုပ်ပေးဖို့ ကွ..

ဒီလိုပြောလို့ကော..

ဒီကောင်တွေနားလည်ပါ့မလား…

ဒါလေးမှ နားမလည်ရင် နားလည်တဲ့သူတွေ အုပ်ချုပ်ပါစေကွာ…

 

 

နွေဦး ပေါက်ကွဲနေသည်…။

8 comments

  • TNA

    January 8, 2014 at 6:22 pm

    ရှေ့ဘုန်းကြီးကတချက်ပဲခေါက်တယ်။ နောက်ဘုန်းကြီးကနှစ်ချက်ခေါက်တယ်။ ရှေ့အစိုးရက ငါလူမိုက်၊ ဘယ်ကောင်မှဂရုမစိုက်ဘူး၊ မိုက်တဲ့ကောင်ထွက်ခဲ့ အရှင်မထားဘူးဆိုပြီးတရားဝင်လူမိုက်လို့ ကြွေးကြော်ပြီး အုပ်ချုပ်တယ်။ အခုအစိုးရက အဝတ်ပြောင်းပြီး ငါလူလိမ်မာ၊ မင်းတို့ကိုကျွေးမွေးစောင့်ရှောက်တယ်၊ ကြည့်ရှု့တယ်လို့ကျောသပ်ရင်သပ်နဲ့ မသထာရေစာလေးပေးပြီး လူလိမ်လုပ်စားပြီးအုပ်ချုပ်တယ်။

  • နွေဦး

    January 8, 2014 at 8:26 pm

    အသက်​ကြီးလာ​လို့ဘဲလား အသုံးမကျတဲ့သူ​တွေ​ကြောင်​့လား အရာရာ အ​ကောင်​းမမြင်​​တော့ဘူး ဗျာ…

  • တိမ်တမန်

    January 8, 2014 at 9:15 pm

    လစာ.. တိုးတိုင်း…တိုးတက်လာတဲ ့.. ကုန်ဈေးနှုန်းတွေ….

    ဝင်ငွေနဲ ့ထွက်ငွေ…မမျှတသ၍ ….
    တိုးလည်း… တိုးတိုးပဲ….

    ပြီးတော့…
    အစိုးရဝန်ထမ်းတွေအတွက်ပဲ.စဉ်းစားနေတာများတယ်.. ။

    အစိုးရဝန်ထမ်းတွေနေဖို ့.. လိုင်းခန်းကို..သိန်းရာမက….

    အဲ..ပြောတော့ပါဘူး..။

  • kyeemite

    January 9, 2014 at 8:46 am

    စိတ်လျှော့ပါကိုနွေဦးရေ…လစာမတိုးပေးလည်းကုန်ဈေးနှုန်းကတရွေ့ရွေ့တက်နေတာပဲလေ.. :-DD

  • KZ

    January 9, 2014 at 9:29 am

    ကုန်ဈေးနှုန်းကျအောင်လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိတော့
    အလကားပဲတင်း လှိမ့်ထုတ်နိုင်တဲ့ စက္ကူတွေပဲ တိုးပေးမယ်ပြောရတာကိုးးး
    ငွေကြေးဖောင်းပွတာဆိုတာ ပိုက်ဆံအိပ်ဖောင်းလာတာကိုပြောတာလားလို့ပြန်မမေးရင်ကို ကံကောင်းလှပြီ မှတ်ရတော့မယ်။

    :hint:

  • မဟာရာဇာ အံစာတုံး

    January 9, 2014 at 9:47 am

    ကျော် ..
    သမဒဂျီး ဖစ်လာဒဲ့ထိ
    စိတ်ရှေ သီးခံပီး စောင့်ဘာအုံး ….
    :mrgreen:

  • Mr. MarGa

    January 9, 2014 at 10:26 am

    အနူးအညွှတ် တောင်းပန်ပါဒယ် တဲ့
    ကုန်ဈေးနှုန်းကို တူရို့ အာဏာနဲ့ ထိန်းလို့ မရလို့ပါ တဲ့
    ဒါကြောင့် အဆင်ပြေနိုင်တဲ့နည်းလမ်းကို ရှာပေးတာပါ တဲ့ :mrgreenn:

Leave a Reply