ဒီဇင်ဘာရဲ့စာဆုရှင်..???..မြန်းဂဇက်တခွင် ..???..

 

ဒီလမှာမြန်းဂဇက်ဆုပေးပွဲနဲ့တွေ့ဆုံပွဲရှိနေလို့ ဆန်ကာတင်ပို့စ်နဲ့ဆုရပို့စ်ကို စောစောသိချင်ကြမှာအမှန်ပါ။

 

တင်ပေးရမယ်လို့သိပြီးချိန်ကစလို့ ဒီပို့စ်နှစ်ပုဒ်ကို စောစောတင်နိုင်ဖို့စိတ်လောနေမိပါတယ်။

 

ဒီကြားထဲ ရွာ့ဖူးစာမင်္ဂလာပွဲကြောင့် ရွာသူားတော်တော်များများ အလုပ်များနေတာမို့

 

ဖတ်ရွေးအဖွဲ့မှတဆင့်၊ဥက္ကဌကြီးမှာတဆင့်၊အန်စာတုံးထံမှ မျှော်နေတဲ့ ဆန်ကာတင်၊ဆုရှင်ပို့စ်တွေက

 

အချိန်နီးကပ်မှရောက်လာတာမို့

 

အားလုံးကိုလည်ပင်းရှည်စေမှာအမှန်ပါ။

 

ဒါ့ကြောင့်မို့ အန်စာတုံးထံမှအဖြေတွေရောက်လာလာခြင်း ပို့စ်နှစ်ခုကို ၂ရက်ဆက်တင်ပေးလိုက်ရပါတယ်။

 

ဒီမနက်မှ ဆုရှင်အဖြေကို ရရခြင်း မနက်စောစောတင်လိုက်ချင်ပေမယ့်။လူက နေမကောင်းချင်သလိုလို။

 

အသက်၃ဝပြည့်ပြီးကတည်းက ကလီစာတွေလည်းမကောင်းချင်တော့ဘူးထင်ရဲ့။

 

တစ်ခုခုဆိုရင် ငါ့ကိုယ်တွင်း ဘယ်ကလီစာများ ဘာဖြစ်နေပါလိမ့်လို့ တွေးပူပြီး ငယ်ငယ်က ခပ်ပေပေနေခဲ့တာတွေနဲ့

 

အနာဂတ်မှာ ကျဆင်းလာတော့မယ့်ဇရာအတွက် ကြိုတင်မပြင်ဆင်ခဲ့မိတာတွေအတွက်နောင်တရချင်သလိုလိုဖြစ်မိတယ်။

 

နောင်တဆိုတော့လည်း နောင်မှရနေလို့အပိုမဟုတ်လား။ဒါကြောင့်မို့လည်း ယခုအရွယ်မှာတည်းက နောက်ထပ်ကျဆင်းလာ

 

ဦးမယ့်ဇရာအတွက် ကြိုတင်တွေးဆ ပြင်ဆင်ဦးမှဆိုပြီး အစစအရာရာ သတိထားရတော့တယ်။

 

ထို့ထက်ပိုသတိထားစရာ နေရစဉ်ကာလတွေအတွက်တင်မဟုတ်ပဲ သံသရာအတွက်ပါ ကြိုတင်တွေးဆပြင်ဆင်နေရမှာကိုလည်း

 

သတိမပြတ်ထားပြီး လောလောဆယ် သံယောဇဉ်တွယ်ရာ မြန်းဂဇက်ရွာကြီးအတွက် တစ်တပ်တစ်အား

 

စာချစ်သူစာမူဆုရှင်ကို ကြေငြာလိုက်ရပါတော့တယ်။

 

ဒီဇင်ဘာလအတွက် မြန်မာ့ဂဇက် စာချစ်သူစာမူဆုရှင်ကတော့ “ကြိုတွေးပြင်ဆင်” ကြဖို့ သတိပေးထားတဲ့ အန်တီပဒုမ္မာ

 

ပဲဖြစ်ပါတယ်ရှင်။

 

 

ဒီဇင်ဘာစာမူဆုရှင်

 

ဆုရစာမူ                – ကြိုတွေးပြင်ဆင်

 

https://myanmargazette.net/190482

23 comments

  • အန်တီပဒုမ္မာရဲ့ပုံပမာအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း
    လက်ခုပ်တီးသွားရပါတယ်ရှင်။
    🙂

  • surmi

    January 8, 2014 at 7:24 pm

    ကွန်​ဂရက်​ကျူ​ရေးရှင်​းပါ အစ်​မ​ရေ….

  • တိမ်တမန်

    January 8, 2014 at 8:53 pm

    အန်တီ ဒုံ… ရဲ ့ပိုစ့်ကောင်းတွေ…
    အကြိုက်ဆုံးစာမူဆု.. ရသင့်နေတာကြာပေါ့… ။

  • Ma Ma

    January 9, 2014 at 8:03 am

    အထက်တန်းကျောင်းတုန်းက မြန်မာစာသင်တဲ့ဆရာမက စာရေးသူရဲ့ စေတနာကို စာထဲမှာတွေ့နိုင်တယ်တဲ့။
    စိတ်စေတနာကောင်းရှိတဲ့ စာရေးသူကပေးတဲ့ ကောင်းတဲ့စေတနာကို သူ့စာထဲမှာတွေ့နိုင်တယ်တဲ့။
    ထိုက်တန်စွာဆုရသွားလို့ ဘရာဗိုပါ အမွှာညီအမ။
    မြှောက်လို့တော့ ပြီးသွားပြီ။
    ဆုရမှ တစ်ဝက်ခွဲရမယ်။ :mrgreen:

  • kyeemite

    January 9, 2014 at 8:26 am

    ရွှီ…. ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း
    ရွှီ….. ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း
    ရသင့်တာကြာပြီဖြစ်တဲ့ စာရေးကောင်း..စေတနာကောင်း …သဘောကောင်းသူ
    ရွာ့အငြိမ့်မင်းသမီး အာတီဒုံက နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို…၂၀၁၃နှစ်ကုန်တဲ့
    ဒီဇင်ဘာလဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားတဲ့အတွက်..ဝမ်းသာဂုဏ်ယူသလို
    အတိုင်းမသိ ပီတိဖြစ်ရပါဂျောင်းးးးးးးးးးးးးးးးးးးးးးးးးး

  • weiwei

    January 9, 2014 at 8:54 am

    မင်္ဂလာသတင်းပဲ ..
    အရမ်းကို ဝမ်းသာပါတယ် .. ကိုယ်တိုင်ဆုရသလိုမျိုးကို ဝမ်းသာမိပါတယ် …
    အန်တီဒုံကို အားပေးချင်လွန်းလို့ တခြားဘာကိစ္စပဲရှိရှိဖျက်ပြီး တွေ့ဆုံပွဲကို လာခဲ့မယ် ..

  • KZ

    January 9, 2014 at 9:01 am

    အာတီဒုံ။ အာတီဒုံ။
    ဝမ်းသာလိုက်တာရယ်။

    :chit:

  • မဟာရာဇာ အံစာတုံး

    January 9, 2014 at 9:45 am

    တီတီဒုံ ..
    ကွန် ဂ လက် ဂျူ ရေး ချင်း … နော် …
    :mrgreen:

  • Mr. MarGa

    January 9, 2014 at 10:33 am

    ဗရာဗို…..ဗရာဗို……ဗရာဗို….
    တို့ဒေါ်လေး ဆုရပြီကွ
    ပွဲတက်ဖို့ လူလိုက်စုပေးပါဗျိုးးးးးးးးးးး :mrgreenn:

  • ကပ္ပိယ သာဒင်​

    January 9, 2014 at 10:35 am

    ဂုဏ်​ယူပါတယ်​​ဒေါက်​တာ
    တန်​ုဖိုးရှိ​သောစာ​လေးတစ်​ပုဒ်​ပါ
    ​နောင်​အခါလည်​းများများ​ရေးနိုင်​ပါ​စေ

  • Novy

    January 9, 2014 at 10:45 am

    ဂုဏ်ယူပါတယ် မမမာရယ်…..

  • Ko chogyi

    January 9, 2014 at 4:44 pm

    အစ်မရေ ဂုဏ်ယူပါတယ်

  • TNA

    January 9, 2014 at 5:22 pm

    ကွန်ဂရက်ကျူလေးရှင်းပါ အန်တီဒုံရေ။ ဝမ်းသာပါတယ် ဂုဏ်ယူပါတယ်။

  • johnnydeer

    January 10, 2014 at 8:32 am

    ကွန်ဂရက် ကျုလေးရှင်းပါ…ဂုဏ်ယူပါတယ်ဗျာ…

  • ကြောင်ဝတုတ်

    January 10, 2014 at 9:18 am

    အန်တီရေ…
    ဂုဏ်လဲယူပါတယ်…
    မှားနေသောသွားလာနေထိုင်မှုပုံစံကိုပြောင်းလဲစေချင်သော စေတနာဖြင့်ရေးထားတာဖြစ်လို့…
    ကျေးဇူးလဲတင်ပါတယ်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • manawphyulay

    January 10, 2014 at 9:52 am

    တီတီရေ….
    ဝမ်းလည်းသာတယ်။ ဂုဏ်လည်း ယူပါတယ်။ တီတီရဲ့ပိုစ့်လေးက အသိတရားကို လက်ကိုင်ထားပြီး လက်မလွတ်စေဖို့ သတိပေးထားသလိုပဲ ခံစားမိပါတယ်ရှင်။

    ဖြောင်း…. ဖြောင်း… ဖြောင်း…
    လက်ခုပ်တီးပြီး အားပေးသွားပါတယ်ရှင်

    ချစ်ခင်စွာဖြင့်
    မနော

  • ရ သင့် တာ ကြာ ပေါ့
    ကိုယ် မရ ဘူး တာ
    ကိုယ် မ ရ နို်င် တာ ကို ရ အောင်ယူ နိုင် သူ ကို ဂု ဏ် ပြု ပါ သည်

  • TheWinner Getprize

    January 10, 2014 at 9:04 pm

    အန်တီက ရသင့်တာ ကြာပါပြီ။ လေးလေးစားစားနဲ့ ဂုဏ်ပြုပါတယ်နော်။

  • ဦးကြောင်ကြီး

    January 11, 2014 at 11:37 am

    အမ်တီဒုံ
    မြန်ပြည်ဖြုံ
    ကံချီဟုန်
    ညဏ်ကြည်တုံ
    သန်အီဂုဏ်
    လျှံညီစုံ
    ယွမ်သီခြုံ
    ပွမ်အီယုံ..

  • padonmar

    January 12, 2014 at 1:13 am

    အားပေးဂုဏ်ပြုတဲ့သူတွေအားလုံးနဲ့ လုပ်အားပေးတဲ့ နန်းတော်ရာသူကို ကျေးဇူးတင်ပါတယ်။

Leave a Reply