ပြည်-ထုံးဘို-အကောက်တောင် ဘုရားဖူး

NovyJanuary 9, 20144min38832

ပြည်-ထုံးဘိုမြို့-အကောက်တောင်

ဧရာဝတီမြစ်ရဲ့မြစ်ကျဉ်းတစ်ခုရှိခြင်း၊ မြစ်တွင်းသို့တောင်ကြီးတစ်ုထိုးထွက်နေခြင်း၊ ရှေးမြန်မာမင်းများလက်ထက်မှာ အထက်အောက်စုန်ဆင်းသွားကျသောကုန်သည်လှေကြီးများအား အခွန်ကောက်ခံရာနေရာထားရှိခြင်း

စသောဝိသေသများကြောင့် ကောက်တောင်ဟုခေါ်တွင်ခဲ့တယ်လို့ သိခဲ့ရပါတယ်

အကောက်တောင်ကြီးရဲ့ကျောက်မြေသားနံရံများပေါ်မှာ ဘုရားပုံတော်များစွာကို သဒ္ဒါတရားထက်သန်စွာဖြင့်

ရှေးလှေကုန်သည်ကြီးများမှ    ခက်ခက်ခဲခဲထွင်းထုကပ်လှူပူဇော်ခဲ့ကြပါတယ်

ရှေးယခင်က အဆူပေါင်း၁၀ဝ ကျော်ခဲ့ပေးမဲ့ အခုအခါမှာတော့ ၄ဝလောက်သာရှိတော့တယ်လို့သိမှတ်ခဲ့ရပါတယ်

ပြီးတော့မြန်မာနိုင်ငံမှာ ဒီလိုမြစ်ကမ်းဘေးကျောက်နံရံမှာ ထွင်းထုထားတာ ဒီတစ်နေရာမှာပဲရှိပါတယ်တဲ့

တောင်ပေါ်ကိုတက်တဲ့လမ်းကလေးကလည်းကျဉ် တစ်ဘက်ကလဲချောက်ကြီးနဲ့မို့ ဘုရားပုံတော်တွေကို ရိုက်နိုင်သလောက်လေးရိုက်ပြီး

ပြန်လည်မျှဝေလိုက်ပါတယ်နော်

DSCN2568

ကဲရေယာဉ်အကြီးစီးမလားအသေးစီမလား

DSCN2572

ကတို့ဆိပ်တဲလေးနဲ့ အမှတ်တရ

 

DSCN2573

ဧရာဝတီမြစ်အတွင်းကို ထိုးထွက်နေတဲ့ အကောက်တောင်

DSCN2668

အဝေးကဇွန်းနဲ့ခက်လိုက်ရတဲ့ တောင်နံရံက ဘုရားရုပ်ထုတွေ

DSCN2664

DSCN2587

အကာက်တောင်လှေဆိပ်

DSCN2595

လှေဆိပ်နားက ကိုတံငါ

DSCN2592

လှေအဆင်းမြင်းအတက်ဆိုတဲ့အတိုင်း ပျဉ်ပြားလေးပေါ်ကနေအဆင်း

DSCN2612

တောင်နံရံက ဘုရားရုပ်ထုတွေနဲ့အမှတ်တရ

DSCN2611

DSCN2619

DSCN2618

DSCN2617

DSCN2616

DSCN2615

DSCN2614

DSCN2610

DSCN2609

DSCN2620

 

32 comments

  • Novy

    January 9, 2014 at 3:25 pm

    PS
    ပြည်မှာရှိတဲ့ထုံဘိုမြို့ဆိုတာ အမျိုးသားအာဇာနည်ခေါင်ဆောင်းကြီးတစ်ဦးဖြစ်တဲ့
    သခင်မြရဲ့ မွေးရပ်မြေဆိုတာလေးပါ

  • KZ

    January 9, 2014 at 3:32 pm

    အမနို။
    ပို့(စ) က ကော်ပီ / ပေ့(စ) ဖြစ်နေတယ်။
    ရှေ့မှာမပေါ်ဘူးထင်တယ်။
    ~~
    ဒါက ပြည်ကကနေသွားရတာလားးး မရောက်ဖူးဘူးးးးး
    ကိုယ့်အမ အကြိုက်ဆုံးအရောင်တွေထဲ စိမ်းပြာရောင်ပါသလားးး
    အဲဒါဆို တူတယ် အကြိုက်တွေ။

    🙂

    • Novy

      January 9, 2014 at 4:25 pm

      ဆွီရေ..
      ပြည်ကနေသွားရတာဟုတ်တယ်
      အရောင်တွေကတော့ တောက်တောက်လေးတွေကြိုက်တယ်

  • မဟာရာဇာ အံစာတုံး

    January 9, 2014 at 3:34 pm

    ယောက်ခမကြီး ..
    အဲ့ဒီမှာ ဂေါပက ဆိုတာ ရှိသလားဗျ ..
    ဘုရားတွေ ပြုပြင်မယ့်လူ မရှိဘူးထင်လို့ မေးတာပါ …

    စကားမစပ် ..
    ဂျူနိုလေး ဘယ်မဒုန်းးး

    • Novy

      January 9, 2014 at 4:33 pm

      အရင်တုံးကတော့ ဂေါပကဆိုရော ပြုပြင်မဲ့သူဆိုတာရောမရှိဘူး
      အခုတော့ တောင်ပေါ်မှာ ရှိတဲ့အကောက်တောင်ဆရာတော်က ပြန်လည်ပြုပြင် ထိန်းသိမ်းနေပါပြီရှင်
      ဂျူနိုလေးအကြောင်းကို အသက်၁၅နှစ် အထက်ကောင်ကြီးများမမေးရ

      “ပို့(စ) က ကော်ပီ / ပေ့(စ) ဖြစ်နေတယ်။
      ရှေ့မှာမပေါ်ဘူးထင်တယ်။” အဲ့ဒါလေးဘယ်လိုလုပ်ရမလဲဟင်

      • မဟာရာဇာ အံစာတုံး

        January 9, 2014 at 4:36 pm

        တားမက် လေးမှ …
        အလိုက်သိစွာ …
        အစောတည်းကပင် ပြင်ဆင်ပေးပီး ဖစ်ပါဂျောင်း …
        :mrgreen:

  • weiwei

    January 9, 2014 at 4:07 pm

    အကောက်တောင်ကို မရောက်ဖူးသေးဘူး ..
    ရေယာဉ်ကြည့်ပြီး စီးရမှာ ကြောက်သွားတယ် .. ရေမကူးတတ်ဘူး …

    • Novy

      January 9, 2014 at 4:35 pm

      တစ်ခေါက်လောက်တော့ သွားသင့်တယ်ထင်တယ်
      ဒီလိုနေရာမျိုးက မြန်မာနိုင်ငံမှာ ဒီတစ်နေရာပဲရှိတယ်တဲ့ မဝေရေ..

  • kai

    January 9, 2014 at 4:22 pm

    ဘယ်လိုစိတ်ကူးနဲ့ အဲလိုဘုရားဆင်းတုတွေထုထားကြသလည်းမသိ…
    တချို့ကတော့.. လေကြီးလှိုင်းကြမ်းစောင့်ရင်း.. အားနေသူတွေ လက်စွမ်းပြထားခဲ့တာတဲ့..

    ဘာဖြစ်ဖြစ်.. မြန်မာ့အနုပညာတရပ်ပေါ့..
    တိုးရစ်ဇင်နဲ့လုပ်ကြဖို့သင့်တယ်..။

  • Novy

    January 9, 2014 at 4:39 pm

    သူကြီးတောင်အဝေးမှာနေပြီ ဒီ အကောက်တောင်အကြောင်းကိုသိတယ်
    မနိုကတော့ ဒီနှစ်မှ Tango Tours ရဲ့ကျေးဇူးကြောင့်သိရတာ

  • TNA

    January 9, 2014 at 4:55 pm

    ပြည်သာတလတခါရောက်တာ အဲဖက်တခါမှမရောက်ဖူးဘူး။ မနိုကျေးဇူးနဲ့ရောက်ဖူးသွားပါတယ်။ အခုတလေ ရွာထဲကဘုရားဖူးတွေနဲ့ ကပ်လိုက်ပြီးဘုရားဖူးနေရတာ အတော်စုံသွားပြီ။

    • Novy

      January 10, 2014 at 2:15 pm

      ဒီတစ်ခေါက်ပြည်ရောက်ရင် သွားလိုက်သဲရေ.

  • Mလုလင်

    January 9, 2014 at 7:07 pm

    မှော်ဆရာ တို့နားမှာဗျ . . . မြန်အောင်၊ ပြည်ရောက်ခဲ့ပြီး အကောက်တောင် မရောက်ခဲ့ဘူး . . မြစ်ရေကြီး နေလို့ပါတဲ့ . . . . မိုးတွင်း အလယ်ကောင်ကြီး သွားခဲ့ကြတာ ဗျို ့ . . . ။ ဒီတစ်ခေါက်တော့ ရောက်အောင် ထပ်သွားဦးမယ်။

    • Novy

      January 10, 2014 at 2:17 pm

      ပြီးခဲ့တဲ့အခေါက်က ဓါတ်သေဆရာတွေပြောင်းကြီးတွေနဲ့လာကျတယ်လို့
      ဂိုက်ကောင်းမလေးကပြောတော့ ရှင်တို့ ပြောင်းဆရာတွေကိုတောင်ပြေးသတိရလိုက်သေး

  • padonmar

    January 9, 2014 at 9:11 pm

    ရောက်ဖူးချင်ပါတယ်မနိုဗွီရေ။
    ဆံပင်တိုလေးနဲ့လည်း လှ။

    • Novy

      January 10, 2014 at 2:22 pm

      မမမာကို အားကျလို့ ဆံပင်တိုတိုလေးနဲ့လေ

      • မဟာရာဇာ အံစာတုံး

        January 10, 2014 at 2:34 pm

        မမမာ တိုတိုလေးနဲ့ လှတိုင်း
        ညညဗွီ လှမယ်လို့ ထင်ရို့လား …
        ညညဗွီ လှဂျင်ယင် ဂျူလေးကို အံအံ နဲ့ ဘောတူလိုက် .. ခိခိ
        :mrgreen:

    • Novy

      January 10, 2014 at 2:24 pm

      လေးပေါက် ဒီတစ်ခါရန်ကုန်လာရင် ကလုနဲ့ချိန်းပြီးရောက်အောင်သွားနော်

  • ရွှေတိုက်စိုး

    January 10, 2014 at 9:17 am

    အော် မနိုုကြီး ခရီးသွားနေသည်ပေါ့..
    ဒတ်ပုံက နဲနေသေးတယ်… မနို.. အဲလောက် နည်းမယ်မထင်ဘူးနော်.. မနိုလက်စ ကို သိပါတယ်… ထပ်တင်အုံး..

  • Novy

    January 10, 2014 at 2:25 pm

    မိတိုက်ရေ..
    သူကြီးဆာဖာကြီးကိုအားနာလို့

  • Ma Ma

    January 10, 2014 at 4:33 pm

    အဲဒီဘက်ကို ခရီးစဉ်တွေသွားတာ ရှိလား မနိုရေ။
    ကြည့်ရတာ သွားချင်စရာပဲ။
    ပြည်ကနေ ဘယ်လောက်ဝေးလဲ၊ ဘယ်လိုသွားရလဲ၊ အချိန်ဘယ်လောက်ကြာလဲ သိချင်သား။ 🙂

    • Novy

      January 14, 2014 at 10:57 am

      မမရေ..
      ပြည်ကနေ1နာရီလောက်မောင်းရင်ရောက်ပါပြီရှင်

      ထုံးဘို- အကောက်တောင် – – ပြည် ဘုရားစုံဖူး ခရီးစဉ်”

      -ထုံးဘိုမြို့နယ်အနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကျောက်နံရံများပေါ်တွင် ခက်ခက်ခဲခဲထုဆစ်ထားသော ကမ္ဘာ့အံချီးဖွယ် ဗုဒ္ဓ ရုပ်ပွားတော်မြတ်များ၊

      -စိတ်ဝင်စားဖွယ် သမိုင်းရာဇဝင်များဖြင့် ထူးထူးခြားခြား အကောက်တောင်တော်

      – ဧရာဝတီမြစ်အလှကို ခံစားနိုင်ပြီး သဘာဝ အလှအပများဖြင့် သာယာလှပသည့် အကောက်တောင် ရှုခင်းများ
      – အကောက်တောင် ပေါ်ရှိ ရှင်ပညာဒီပ မှ တည်ထားကိုးကွယ်တော်မူထားသော ထူးခြားသည့် အဓိဌာန်အောင် စေတီတော်မြတ်များ

      – ရှေးရိုးရာ ယုံကြည်မှုများထဲမှ တစ်ခုဖြစ်သည့် အကောက်တောင် ရုပ်ပွားတော်များ၏ တောင်နံရံတွင် ညောင်ထောက်ခြင်း ဓလေ့

      – အမျိုးသား ခေါင်းဆောင်ကြီး သခင်မြ၏ မွေးရပ်မြေ ဧရာဝတီမြစ်ကမ်းဘေးရှိ ထုံးဘိုမြို့

      – ပြည်-တောင်ကုတ်လမ်းတစ်လျှောက်မှ ရခိုင်ရိုးမ တောင်စွယ်တောင်ပွားတို့၏ မျက်စိအေးစရာ တောတောင်မြင်ကွင်းများ

      – အဓိဌာန်ပြည့် ဆုတောင်းပြည့်သည့် ဝိဇ္ဖာတို့၏ အောင်မြေဟုခေါ်ဆိုသည့် ပြည်ရွှေဆံတော်ဘုရား

      – မြန်မာပြည်ရှိ တန်ခိုးကြီး မုနိလေးဆူတွင် တစ်ဆူဖြစ်တော်မူသော ဆုတောင်းပြည့် “ရွှေဘုံသာ မုနိစေတီတော်မြတ်ကြီး”

      – မျက်စိရောဂါရှင်များ မျက်စိအားနည်းသူများ မဖြစ်မနေလာရောက်ဖူးမျှော် ဆုတောင်းကြသော ရွှေမျက်မှန်ဘုရား

      – ပြည်မြို့မှ လျှာလည်သွားမည့်ကြက်သောက်စမ်း နှင့် နေ့လည်စာ

      ** တစ်ဦးလျှင် ( ၃၀၀၀ဝ ) ကျပ် – ၁ဝ ဦးလျှင် ၁ ဦး FOC
      ( နေ့လည်စာ ၊ ရေသန့် ၊ စနိုးတာဝါ )**

      ထိုင်ခုံနေရာများအတွက် ကြိုတင် စာရင်းပေးပါရန်

      – TANGO TRAVELS & TOURS
      01 382 394 / 09 7310963 / 09 448045813 / 09 254055133
      အမှတ် ( ၆၂ ) ၊ မြေညီ ၊ ၁၉ လမ်း ( အောက်) ၊ လသာ။

      • Ma Ma

        January 14, 2014 at 6:11 pm

        တစ်ဦးလျှင် ၃၀၀၀ဝ ကျပ် ဆိုတော့ တော်တော်တန်တယ် ပြောရမယ်။
        (၃၀၀၀၀ဝ များ ဖြစ်နေမလား) 😮
        ဘယ်နှစ်ရက်ခရီးလဲ မနိုရေ။

  • တိမ်တမန်

    January 10, 2014 at 7:07 pm

    ခရီးသွားပိုစ့်တွေ ပုံတွေမြင်ရင် ခရီးသွားချင်စိတ်က
    တားမရဘူးးးးး

    😆

    • Novy

      January 14, 2014 at 10:59 am

      ခရီးဆိုတာသွားနိုင်တုံး အခွင့်အရေးရှိတုံးသွားကာမှ တော်ကာကျမှာ
      သွားသာသွား

  • ဦးကြောင်ကြီး

    January 11, 2014 at 11:53 am

    ဂျူ နိုလေး လက်ကိုတွဲပြီး အမ်တိနိုဗွီကို ဘုရားဖူး လိုက်ပို့ချင်တယ်..။ အမ်တိနိုဗွီက ဘုရားသွားကျောင်းတက် အနော်တို့က ဒေးကလပ် နိုက်ကလပ် တက်ကြမည်.. စိမ်လား..။

    • Novy

      January 14, 2014 at 11:01 am

      ကြောင်ကြီးတော့ ဟင်းချက်ခံထိတော့မယ်နော်

  • manawphyulay

    January 14, 2014 at 12:27 pm

    ပြည်မှာ ရှိတဲ့ ဘုရားတွေ အကုန်ရောက်ဖူးနေပေမယ့် အခု မမနိုဗွီသွားတဲ့ အကောက်တောင်ကို မရောက်ဖူးသေးဘူး။ လိုင်းကား သီးသန့်ရှိလား မမ…. သွားချင်လိုက်တာ။

    • Novy

      January 14, 2014 at 12:35 pm

      ပြည်-ထုံးဘို ဒိုင်နာကားတွေတော့တွေခဲ့တယ်
      ပြည်ကနေ လူများရင်ကာငှားသွားလို့လဲရတယ်လေ
      ဆိုင်ကယ်နဲ့လဲသွားလို့ရတယ်

  • ဦးကျောက်ခဲ

    January 14, 2014 at 1:09 pm

    အင်း… မီပြောတော့ပါဘူးဆိုမှ မနေနိုင်ပြန်ဘူး… ချိတ်ဆိုးနဲ့နော်
    မျက်ရည်ဘူးသီးလုံးလောက်ကို ဂုံနီအိပ်လေးနဲ့ မသုတ်ချင်လို့…
    ဘုရားဖူးထွက်ပြီး ကျောက်စ်တို့ မင်္ဂလာပွဲကို ရှောင်ရသတဲ့လား မနို…
    ဟီ ဟိ.. ဂဇက်ပွဲမှာ “စ” မလို့ ပြင်ထားတာ အရဂါးဖစ်တွားဘီ…
    ဘာဆုတွေ တောင်းခဲ့လဲ… ဂျက်မြသောင်း သီချင်းလိုလား… အားဟိ…
    😀

    • Novy

      January 14, 2014 at 1:21 pm

      ကျောက်စ်ရေ…
      ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ ဆိုတဲ့ဆုကိုတောင်းလာတယ်

      .
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      ထင်သလား ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Leave a Reply