ကော်ဖီ အကြောင်း တစေ့တစောင်း

၁။ ကက်ပချီနို (Cappuccino)

ဒီကော်ဖီ ကတော့ သိတဲ့အတိုင်းပဲ။

ကော်ဖီရဲ့ အပေါ်မှာ အဖြူရောင် အမြှုပ်လေးတွေ ထနေတဲ့ ပြစ်နှစ်နှစ် ကော်ဖီတစ်မျိုးပေါ့။

ဒီကော်ဖီရဲ့ အမည်က ကက်ပချီနို (Cappuccino)။

ကက်ပချီနို (Cappuccino) ဆိုတဲ့ အမည်ဟာ ဘယ်က ဆင်းသက်လာသလဲ ဆိုတာ သိကြသလား။

မသိရင် ပြောပြမယ်။ ဒီလိုဗျ။

ကက်ပူချင် ဘုန်းတော်ကြီးတွေ (Capuchin monks) ရဲ့ ဝတ်စားဆင်ယင်မှုကနေပြီးတော့ ဒီအမည် ကက်ပချီနို ဟာ ဆင်းသက်လာခဲ့တာပါတဲ့။

မယုံရင် ပုံကို ကြည့်ပါ။ ယှဉ်ပြထားပါတယ်။ ခေါင်းပေါ်မှာ အဖြူရောင် ဦးထုပ် ခပ်ပျော့ပျော့လေးကို ဆောင်းထားပြီး အညိုရောင် ဝတ်ရုံကို လွှမ်းခြုံထားတာဟာ ကက်ပူချင် ဘုန်းတော်ကြီးပေါ့။

ဒီကော်ဖီဟာလည်း ဒီပုံစံနဲ့ ဆင်ဆင် တူတဲ့အတွက် နာမည်ကိုလည်း ကက်ပချီနို (Cappuccino) လို့ ပေးခဲ့ကြတာပါတဲ့။

 

၂။ အက်စ်ပရက်စ်ဆို (Espresso)

အီတလီ ကနေ ပေါက်ဖွားလာတဲ့ ကော်ဖီဖြစ်တဲ့ Espresso ရဲ့ ဖွင့်ဆိုချက်ကို အီတလီ စကားအရ ထဲထဲဝင်ဝင် ကြည့်လိုက်ရင် …

“when something is forced out.”

ဖြစ်ပါသတဲ့။

၃။ ကမ္ဘာမှာ ကော်ဖီတွေရဲ့ ၄၀% ကို + ကိုလံဘီယာ နှင့် ဘရာဇီးလ်+ တို့က ထုတ်လုပ်ကြပါသတဲ့။

 

၄။ တစ်ပေါင်ကို ဒေါ်လာ ၆၀ဝ ဈေးရှိတဲ့ …

ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီ ဖြစ်တဲ့ Kopi Luwak (or) Civet Coffee ကို ဘယ်ကနေ ထုတ်လုပ်ထားသလဲ ဆိုရင် ..

ဆူမားတြား ကြောင်ရိုင်းတွေရဲ့ စားပြီး ပြန်စွန့်ထုတ်လိုက်တဲ့ ကော်ဖီစေ့တွေကနေ ထုတ်လုပ်ထားတာပါတဲ့။

ဆူမားတြား ဆိုတာ အင်ဒိုနီးရှားနိုင်ငံက ကျွန်းစုပါ။ ဒီကျွန်းစုက ကြောင်ကတိုးတွေ စားပြီး စွန့်တဲ့ ကော်ဖီတွေက လုပ်ထားတာ နေမှာပေါ့။

၅။ တစ်စုံတစ်ယောက်ကများ ကော်ဖီသီးတွေဟာ ဘယ်လို ရှင်သန်ကြီးထွားကြတာလဲ လို့ မေးလာခဲ့ရင် ဘယ်လိုဖြေကြမလဲ။

ဘယ်လို နေရာတွေ ထင်ကြတုန်း။ သစ်ပင် ပေါ်မှာလား။ ကော်ဖီပင်ရဲ့ အမြစ်ပေါ်မှာလား။

မဟုတ်ပါဘူး။

ကော်ဖီသီးတွေဟာ အပင်ပုတွေပေါ်မှာ ရှင်သန်ကြီးထွားကြတာပါတဲ့။

၆။ ၁၆ ရာစုနှစ်မှာ မူစလင်တွေဟာဆိုရင်

ကော်ဖီကို တားမြစ် ပိတ်ပင်ခဲ့ကြပါသတဲ့။

ဘာကြောင့်တုန်းဆိုတော့ ပုံမှန်မဟုတ်ဘဲ တက်တက်ကြွကြွ ဖြစ်နေစေတဲ့ အတွက်ကြောင့်ပါတဲ့။

Source : Reader’s Digest

{-} By – YanTote

34 comments

  • မမချွိ

    February 25, 2014 at 4:52 pm

    I love Coffee.
    So I love this Post.
    And I love to support this post with comments about coffee.
    But I dun love u. :mrgreenn:

    I’ll be right back..
    😀

    • မဟာရာဇာ အံစာတုံး

      February 25, 2014 at 8:41 pm

      ကျမ ကော်ဖီကို ကြိုက်တယ်။
      ဒါကြောင့် ဒီပို့စ်လေးကို ခိုက်တယ်။
      ပြီးတော့လည်း ဒီပို့စ်လေး ပိုပြီးစိုပြေသွားအောင် ကွန်မန့်တွေနဲ့ ကော်ဖီအကြောင်းကို အားဖြည့်ချင်ပသေးတယ်။
      ဒါပေမယ့် ကျမ ပို့စ်ပိုင်ရှင်ကို ရမ်းရမ်းချစ်တာပဲ။
      ပြန်လာခဲ့ပါ့မယ်ရှန် ….။

      ဘာဒါပျံ /
      ပလော်ဖက်ဒါ ဒေါက်တာ အံချာဒုံး

  • မင်း ခန့် ကျော်

    February 25, 2014 at 4:53 pm

    ကျယ်ပြောလှတဲ့ကော်ဖီ ယဉ်ကျေးမူ့လေးပါ တင်ပေးပါ

    ဆြာ အံ ။

    • မဟာရာဇာ အံစာတုံး

      February 25, 2014 at 8:42 pm

      ဟုတ်ကဲ့ပါ ကိုကြီးကျော်ရေ …
      အရက်တစ်လုံးနဲ့ ကြက်ကြော်ဆက် .. အဲလေ ..
      ကော်ဖီ ယဉ်ကျေးမှုလေးကို အခါအားလျော်စွာ တင်ပေးပါ့မယ်လို့ …

  • မမချွိ

    February 25, 2014 at 5:00 pm

    7 Popular Types Of Coffee
    Espresso
    Cappuccino
    Americano
    Caffe Latte
    Caf au Lait
    Caf Mocha (Mochachino)
    Caramel Macchiato

    • မဟာရာဇာ အံစာတုံး

      February 25, 2014 at 8:47 pm

      ပေါ်လွင်ထင်ရှား ကော်ဖီများ

      Espresso (အက်စ်ပရက်ဆို)
      Cappuccino (ကပက်ချီနို)
      Americano (အာမီရီကာနို)
      Caffe Latte (ကဖီး လက်သီး)
      Caf au Lait (ကက်ဖ် ဥ လိပ်)
      Caf Mocha (Mochachino) (မိုချချီနို)
      Caramel Macchiato (ကုလားမဲ မိုချချီနို)

      ဘာဒါပျံ /
      ပလော်ဖက်ဒါ ဒေါက်တာ အံချာဒုံး

  • မမချွိ

    February 25, 2014 at 5:29 pm

    Smelling coffee aroma between perfume samples, as compared to smelling unscented air, actually works. The perceived odor intensity of the perfume from sample to sample stayed the same after smelling coffee aroma while it decreased when smelling air between samples. The pleasantness of the perfume, however, was similar after smelling coffee or air.

    ရေမွှေး ဆိုင်တွေမှာ ကော်ဖီစေ့လေးတွေ ထားကြတယ်..

    • မဟာရာဇာ အံစာတုံး

      February 25, 2014 at 8:48 pm

      ဒါဂဒေါ့ ..
      ကွကိုယ်ဘဲ ဘာဒါ လာပျံပေးဒေါ့ …
      အားဖြည့်ပေးဒဲ့ ချစ်မဆွိကို အာဘွားးး
      :mrgreen:

  • မိုး မင်းသား

    February 25, 2014 at 7:18 pm

    အံဇာရေ..မြန်မာပြည်က.ကော်ဖီမစ် မသောက်တော့ပါ…
    ဒါကြောင့်.. ဘီယာဘက်ကိုခြေဦး လှည့်နေတယ်..
    ကျေးကျေးပါ…

    • မဟာရာဇာ အံစာတုံး

      February 25, 2014 at 8:51 pm

      @ညီငေး အောင်မဲလင်း

      ကော်ဖီကြိုက်တယ်ဆို
      ဒေါ်ဖွားမေကြီးကိုလည်း ကြိုက်တယ်ဆိုတာ
      ငါ သိပါတယ်ကွာ ….။

      @အာကိုကြီး မိုးနတ်သား

      ကွကိုယ် ဘီယာ သောက်တာ သောက်တယ်ပေါ့
      ဘယ့်နှယ် ကော်ဖီကို လွှဲချနေရတာဒုန်း …
      ဟွန်းးး

  • ကော်ဖီစိကိုကြိတ်သောက်နိုင်တာပဲကောင်းတယ်။ခုတော့ကော်ဖီမစ်နဲ့ပဲနှစ်ပါးသွားနေရတာ ခက်သအေ။
    မြန်မာကော်ဖီမစ်တွေက မန်ကျည်းစေ့စော်နံလို့ ထိုင်းကော်ဖီတွေပဲသောက်ပေမယ့် သူရို့ကလည်းယုံစားလို့ရချင်မှရမယ်။တောင်ငူမှာတော့ ချက်ချင်းကြိတ်ရောင်းတဲ့အမှုန့်ဆိုင်နာမည်ကြီးတွေရှိတယ် ဒါပေမယ့်ဖျော်သောက်ရတာအလုပ်ရှုပ်လို့။
    မြို့ရောက်ရင်တော့ ကော်ဖီမှုန့်အစစ်ကိုပဲဖျော်သောက်တော့မယ်။

    • မဟာရာဇာ အံစာတုံး

      February 25, 2014 at 8:53 pm

      ဟုတ်တော့ ဟုတ်တယ် ယောက်ခမရယ်
      မြန်ပြည်က အင်းစတန့် ကော်ဖီတွေက မန်ကျည်းစော် နံမယ် ..
      တချို့ဆို ကော်ဖီတာ ဆိုတယ် ချိုရဲနေတာပဲ …
      အမြတ်အတွက်ချည်း ကြည့်မနေဘဲ
      စားသုံးသူတွေဘက်ကို ကြည့်ပြီး
      ကွာလတီ ကောင်းကောင်းလေး ထုတ်သင့်တယ် …

  • လုံမလေးမွန်မွန်

    February 26, 2014 at 9:20 am

    ကာ်​ဖီဆိုတာ.ကျွန်​မချစ်​သူပါရှင်​..
    ခု​တော့ ဒီပို့စ်​ပိုင်​ရှင်​ကြီး​ပေါ့..

    ချစ်​သူတစ်​​ယောက်​အ​ကြောင်​းကို ချစ်​သူတစ်​​ယောက်​က တင်​​ပေးတာ မိုက်​တယ်​​နော်​. ဟိဟိ..

    ခု​တော့ အန်​တီအိတိုက်​တဲ့ ​ကော်​ဖီကို ကြိုက်​လွန်​းလို့ နက်​စ်​ပဲ​သောက်​​​​နေတယ်​..

    • Ma Ei

      February 26, 2014 at 10:14 am

      ကော်ဖီ …
      …အမြှုပ်တွေနဲ့ မကြိုက်
      …အရမ်းခါး၊ အရမ်းချို ၊ အနံ့ပြင်း မကြိုက်
      …ယစ်ရွှေရည် ရောတာလဲ မကြိုက်
      …ခါး ဆိမ့် ဆိမ့် မွှေး ကော်ဖီ လေးဘဲ ကြိုက်တယ်…

      • မဟာရာဇာ အံစာတုံး

        February 27, 2014 at 9:47 am

        @ <3
        ဝုတ်ပ … မိုက်ပါသဗျ ..
        ချစ်ကော်ကော် နေရာမှာ အစားဝင်လာတာဆိုတော့
        ချစ်ကိုကို ပေါ့ နော် … ဟီဟိ

        @အန်တီအိ

        တားနဲ့ အကျိုက်ချင်း တူဒယ် …
        ခါးဆိမ့်မွှေးလေးမှ ကြိုက်တာ ..
        ခါးလေ ကြိုက်လေပဲ

  • ဦးကျောက်ခဲ

    February 26, 2014 at 9:41 am

    ရွာသား ကကြောင်ဂျီးကို ချဉ်တာမို့…
    ကြောင်ကတိုး အင်အင်းကထုတ်တဲ့ ကော်ဖီတော့ နိုး ပါ…
    ဟိုလေ… Irish Whiskey လေးရော Cream လေးအုပ်ထားတဲ့ ကော်ဖီပဲကြိုက်တယ်
    😀

    • မမချွိ

      February 26, 2014 at 9:49 am

      ကော်ဖီလစ်ကာမှာ ၃ မျိုးကြိုးစားဖူးတယ်။

      ၁) Sheridan’s Coffee layered Liqueur 15 – အပျော့စား အကြိုက်ဆုံးပဲ။

      ၂) baileys-irish-cream-with-coffee-liqueur – နို့နဲ့ ရောသောက်ရတာ၊ သိပ်တော့ မပြင်းဘူးးး

      ၃) အပြင်းစား ဘရန်းက မကြိုက်လို့ မှတ်မထားဘူးးး
      ဓာတ်ပုံတော့ရှိတယ်။
      ပြန်ရှာရမှာ၊။

      😀

      • ဦးကျောက်ခဲ

        February 26, 2014 at 10:06 am

        ခွိ… Liqueur ပါရင် အကုန်ကြိုက်…
        ဟင်းချက်ရင်တောင် ထည့်လိုက်ရမှ…
        ဂယ်ပြောတာ Hang ဖြစ်နေရင် ခရမ်းချဉ်သီးဆော့ရယ် ၊ ကော်ဖီမှုန့်ရယ် ၊ ရမ်ရယ် ရောသောက်ကြည့်… မိနစ်ပိုင်းအတွင်း ယူပစ်သလို ပျောက်ပါ၏…
        😀

        • TNA

          February 26, 2014 at 6:22 pm

          ဖျားဖျား ဟုတ်ကဲ့လား ကျောက်စ်ရယ်။ မတော်မတဲ့တွေဖြစ်ကုန်ပါအုံးမယ်။ တာဝန်ယူလား။ မိနစ်ပိုင်းအတွင်းပျောက်တာ ဘာဒုန်းဟင် အတက်လား :mrgreen:

        • ဦးကျောက်ခဲ

          March 3, 2014 at 9:24 am

          တကယ်ပြောတာပါ ခင်ဗျ …
          အဲသည့် အတွဲအစပ်လေးသောက်လိုက်ရင်… ဗိုက်ထဲမှာ ညကသောက်ထားတဲ့ အကြွင်းအကျန်တွေ အကုန်လစ်သွားတာမို့ ခေါင်းကိုက်ပြီး မအီမသာဖြစ်နေတာ လျော့ပါးသွားပါကြောင်း…
          ဖြစ်နိုင်ရင် ခရမ်းချဉ်သီး အမှည့် ၂လုံး ၊ ကော်ဖီမှုန့် ၁ဇွန်း ၊ ရမ် ၁ပက်ကို Blander နဲ့ဖျော်ပြီး သောက်ကြည့်စေချင်ကြောင်း … အဲ အဝင်တော့ဆိုး၏ ။
          😀

  • Mr. MarGa

    February 26, 2014 at 10:14 am

    ကော်ဖီ
    ကော်ပီ
    ကော်ရည်..
    :mrgreenn:

  • တညင်သား

    February 26, 2014 at 4:30 pm

    လက်ရွေးစင် ကော်ဖီပဲ ကြိုက်တယ် ကြံ့ တံစိတ်လဲ မဆိုးပါဘူး… :hee:

  • TNA

    February 26, 2014 at 6:19 pm

    ဟားဟားဟားဟားဟားဟားဟား

    ချွိချွိရယ် အန်ချရာဒုံးရယ်ကို အရင်ရီသွားတယ်အေ။

    ကော်ဖီကတော့ ချစ်ကောင်းပဲသောက်တယ်။ မိုးလင်းလို့မှကော်ဖီမသောက်ရရင် ကော်ဖီနာကျကောပဲ။ မတ်ခွက်နဲ့တခွက်ဖျော်ပြီး နေ့ခင်းထိ တစိမ့်စိမ့်သောက်ရတာ အကြိုက်ဆုံးပဲ။ ခုတောင်ဖတ်ရင်း သောက်ချင်လာဘီ။ ရေးတော့ပြထားတယ်။ အပြင်မှာဂယ်ကောတိုက်ချင်ဘုလား အံချာဒုံးရယ်။ :sar:

  • padonmar

    February 26, 2014 at 11:38 pm

    ကော်ဖီကြိုက်ပါတယ်။
    တညင်သားပြောတဲ့ လက်ရွေးစင်ဆိုင်က ကော်ဖီဆို ဆူးလေလမ်းက ဆိုင်ရှေ့ဖြတ်သွားရင်တောင် မွှေးလွန်းလို့ သိပ်ကြိုက်ပါ။အဲဒီအရသာမျိုး အခုဘယ်မှာမှ မရတော့.ကိုယ့်ဖာသာဖျော်သောက်လည်း မတူ။

  • Crystalline

    February 27, 2014 at 12:33 pm

    ကော်ဖီမကြိုက်ပေမယ့်… တခုတ်တရသောက်လေ့လည်းမရှိပေမယ့်.. အီတလီတွေသောက်တဲ့ လက်သီးဆုတ်လောက်အိုးလေးနဲ့နှပ်ပြီး.. နှာခေါင်းပေါက်လောက်ခွက်လေးနဲ့ဖျော်တဲ့ ခါးတူးဆိမ့်လေးတော့ အရမ်းကြိုက်တယ်.. လျှာထဲကိုစွဲသွားတာပဲ :kwi:

  • myat pearl phyu

    February 27, 2014 at 3:01 pm

    ကဖီ ကဖီ … ကဖီ မကြိုက် လူ မိုက် … ေိခိ (ရန်စ ခြင်း မဟုတ်ပါ..)

    အဆီကျကဖီဒွေ လည်း ရှိ တယ် နော်…

    လင်ဇီး ကဖီဒွေကတော့ အထုပ် ၂ဝ ပါ တစ်ဗူးကို ၁၆၀၀ဝ ဈေးရှိပါ၏။
    သူတို့ မန်ဘာအချင်းချင်းမှ ဝယ်လိုရပါ၏။

    မြန်မာပြည်လုပ် Instant များကတော့ ဈေးနှုန်းချို ချို နဲ့ ၅ဝ ၊ ၁၀ဝ ပါပဲ … (ကဖီလည်း မစစ်တော့)

    ကျန်းမာရေးအရဆိုပေမယ့် အရမ်းအိပ်ငိုက်ပျင်းရိလာတော့လည်း လွယ်တာပဲ သောက်မိပန်ဒယ်…

    စားသောက်ကုန်မှာ မသမာလုပ်တာများ မြင်ရတာ ကြောက်ဖို့ကောင်းလေးစွ…(ကဖီအတု ၊နို့မှုန့်အတု၊ ကြက်ဥ အတု၊ ယူရီးယားငါးပိ၊ ဆေးဆိုးလက်ဖက်၊ ပိုးသတ်ဆေးဟင်းသီးဟင်းရွက်များ)
    ကိုယ်ဒွေလည်း ဒါပဲ သောက် ဒါပဲ စား ၊ ဒါမရှောင်နိုင်သေးသမျှတော့
    ဘယ်သူမပြု မိမိမှု ပါပဲရို့ …
    ကဖီချစ်တူ ပုလဲဖြူ

  • kyeemite

    February 27, 2014 at 3:21 pm

    ကော်ဖီသောက်ရင်း ဘာဒါပျံ /ပလော်ဖက်ဒါ ဒေါက်တာ အံချာဒုံး ရဲ့ ကော်ဖီအကြောင်း ဒဂျေ့ဒဂျောင်းဂိုဖတ်
    တွားဘာအိ။ 😀

  • ဦးဦးပါလေရာ

    February 27, 2014 at 3:27 pm

    ကော်ဖီပိုစ့် မလို့ စိတ်ရှည်လက်ရှည် ရွာထဲရောက်အောင်ဝင်ပြီး ကွန်မင့်ရေးတာ ….

    (ဘယ်လိုရွာထဲဝင်ရတယ်ဆိုတာ ပြောပြရင် မျက်ရည်ကျကုန်မစိုးလို့ မပြောတော့ပါဘူး…)

    ကျုပ်က တကယ်တော့ လဘက်ရည် ပို ကြိုက်တယ်…

    ဒါပေမယ့် လဘက်ရည်ကောင်းကောင်း သောက်ရဖို့ခက်လာလို့

    ကော်ဖီပဲ ပြောင်းသောက်ရသပေါ့ ….

    အကြိုက်ဆုံးက Espresso စင်ဂယ်ရှော့ ကို သကြားတစ်တုံးထည့်ပြီး တစ်ငုံလောက် ငုံ …

    တစိမ့်စိမ့်မြိုချ…

    ကွတ်ကီးနွေးနွေး ပေါ့ပေါ့လေး ဝါး….

    ဂရင်းတီးလေးနဲ့ ခံတွင်းရှင်း…

    ပြီးတော့မှ လက်ကျန် မဟူရာ ခါးခါးလေးကို တစိမ့်စိမ့် အရသာခံ …..

    အဟမ်း….
    အလကားရလို့ ပြောကြည့်တာပါ…
    လောလောဆယ်တော့ ပိုက်ပိုက် မတတ်နိုင်လို့
    လမ်းဘေးဆိုင်က နက်စ်ပလိမ်းပဲ ………………………………….

    (မှတ်ချက်။ ကော်ဖီထဲ သမတထည့်သောက်တဲ့ဓလေ့ကို ယခုတိုင် နားလည်လို့မရသေးကြောင်း……)

      • မမချွိ

        February 27, 2014 at 4:23 pm

        နွားနို့လေ

        😀

        • လုံမလေးမွန်မွန်

          February 27, 2014 at 5:09 pm

          ဟိဟိ..အတော်ပိန်းတဲ့ နာပါလား.. တိပီ တိပီ..
          အနော်တို့ ကျောင်းတက်တုန်းက ခေတ်စားသလိုမျိုး.. ဘာတဲ့.. ပလိန်းကို မိုးဟေကို.. နို့သစ်ခွကို သင်ဇာဝင့်ကျော်.. အဲ့လို ခေါ်သလိုမျိုး.. ဟီးဟီး..

  • kai

    February 27, 2014 at 3:56 pm

    ခုတလော.. ညရောက်ရင်..အဲဒီအောက်ပုံက စတာဘတ်ကလေးကို.. ရေနွေးထဲထည့်သောက်နေတယ်..
    ရန်ကုန်လာဖြစ်ရင်.. ယူလာပြီး.. တွေ့တဲ့သူကိုလက်ဆောင်တိုက်မယ်.. :mrgreen:

    Starbucks VIA Ready Brew Coffee
    by Starbucks
    970 customer reviews
    Flavor:
    Size:
    Price: $31.95 ($0.64 / count) + $4.00 shipping
    In Stock.
    Ships from and sold by Starbucks Coffee Company.

    This is 100% Arabica coffee, ethically sourced
    The rich and smooth aroma of a real cup of coffee
    Just add hot water and stir
    Contains 50 packets

  • TNA

    February 28, 2014 at 4:40 pm

    ရဲရဲတောက်ပါလားဝေ့။ ကော်ဖီမုန်းသူဒွေထင်ဘာ့ ငိငိငိ

Leave a Reply