သရဲအခြောက်ခံရတဲ့ဂဇက်ရွာ

alinsettJanuary 13, 20141min25222

သရဲအခြောက်ခံရသော ဂဇက်ရွာမှ သရဲဖမ်းခြင်းအမှ ု

__________________________________

 

ဂဇက်ရွာ တစ်ရွာလုံး . . .ရုတ်ရုတ်သဲသဲဖြစ်နေတယ် ။

 

တစ်ရွာလုံးဆိုပေမယ့် . . .

သဂျီးဥခိုင်ကတော့ မရိပ်မိတာလား မရိပ်မိသလိုဟန်ဆောင်ထားတာလားမသိ။

 

ဒီ ကိစ္စကို ဘာမှ ဝင်မပြောဘူး ။

 

__________________________

 

အထူးသဖြင့် ဂဇက်ရွာကာလသား ကာလသမီးတော်တော်များများကတော့ ဟိုနေရာ တီးတိုး ဒီနေရာ တီးတိုးနဲ ့ တိုင်ပင်ကြ ဆွေးနွေးကြ နဲ ့ အုံးအုံးထနေတာပေါ့ . . . .

 

ဒီည ကြုံရမယ့် ကိစ္စကြီးဟာ . . . .

ကြုံတောင့်ကြုံခဲ. . . . .

တကယ့်ကို ရင်သပ်ရှုမော ကြုံကြရမှာကိုး ။

 

ဒီည . . . .

 

ဂဇက်ရွာထိပ် ညောင်ပင်ကြီးပေါ်ကနေ ဖြဲခြောက်နေကျ သရဲကြီးကို ဖမ်းကြမယ့်ပွဲ။

 

သဂျီးဥခိုင်ကိုတော့ အသိပေးမထားဘူး။

သူက ဒီသရဲကြီး ခြောက်တာကို ကိုယ်တိုင်မကြုံဖူးဘူးလေ ။

မယုံဘူးပေါ့ ။

 

ဟုတ်တော့လည်း ဟုတ်ပါတယ် ။

 

သဂျီးဥခိုင်က အခြောက်မခံဖူးဘူး ။

 

ဘယ်အခြောက် ခံဖူးမတုန်း . . .

သူက အိမ်ထဲက အိမ်ပြင်တောင် သိပ်ထွက်တာမဟုတ်ဘူးရယ် ။

 

ဂဇက်ရွာထဲမှာ မျက်နှာ သိပ်မပြတဲ့လူကြီး။

 

ရွာသူားတွေထဲမှာ . . .

သဂျီးဥခိုင် ဘယ်လိုပုံ ရှိသလဲ ဆိုတာ မမြင်ဖူးတဲ့လူတွေတောင်ရှိတယ် ။

 

မျက်နှာ မပြချင်တဲ့ ဒီသဂျီး ရုပ်ဆိုးလို့နေမှာပေါ့ ဆိုပြီး တွေးထားကြရတာပဲ ။

ဟုတ်တယ်လေ ရုပ်အရမ်းချောတဲ့ကာလသားလေး အလင်းဆက်ဆို လူတိုင်းမြင်ဖူးအောင် မျက်နှာ ပြ တာပဲ ။

အဲ့ဒီသဂျီးက ရုပ်ဆိုးလို့နေမှာပေါ့ ။

 

ထားပါတော့ လေ ။

 

:kwi:

 

 

အဲဒီ သဂျီးကသာ အခြောက်မခံဖူးတာ . . .

ရွာ့ လူပြိုအသိုးကြီးဖြစ်တဲ့ အောင်ကြူးဆိုတဲ ့ နှာခေါင်းနီပွပွ နဲ့ လူကြီးကတော့ အခြောက်ခံဖူးတယ် ။

 

အဲဒီ အခြောက်ခံရတဲ့ ညကဆို . . . .

အောင်ကြူး ဒေါင်ချူးပြီး ပြန်လာတာလေ ။

 

ဘယ်လောက်ကြောက်အားလန့်အား ပြေးလာရတယ်မသိ. . . .

သူ ့နှာခေါင်းကြီးလောက် ရှိတဲ့ ချွေးသီးချွေးပေါက်တွေ ကျ လို ့ပေါ့ ။

 

ကျန်တဲ့ ကာလသားတွေထဲမှာလည်း ညောင်ပင်ပေါ်က ခြောက်တဲ့

သရဲကြီးရဲ ့လက်ချက်နဲ ့ အသက်ထွက်မတတ် အခြောက်ခံရတဲ့သူတွေ ရှိသေးတယ် ။

 

ဖိုးသဂျားဆိုတဲ့ ကာလသားဆို. . . အခြောက်ခံရပြီးကတည်းက ချူံးချူံးကျပြီး ပိန်လိန်သွားတာ . . . .

လူရုပ်မပေါက်တော့ဘူး. . . .

 

အဲ . . . . လူရုပ်မပေါက်ဘူးဆိုတော့ သဂျားရုပ်ပေါက်သွားတယ်ပေါ့လေ ။

 

သဂျားရုပ်ဆိုတာကိုလည်း ရေရေရာရာ မမြင်ဖူးကြတော့ . . . သဂျားဆိုတာ ဒီသဂျားလိုပဲနေမှာ . . .လို့ ဖြည့်တွေး ထားကြတာ ။

 

ဟိုမိုးပေါ်က သဂျားက ဘယ်လို ရှိမယ်မသိ ဒီရွာထဲက သဂျားကတော့ . . .

ချောကလက်ရောင် တောက်ပတဲ့အသားအရည်နဲ ့

လူရွှင်တော် မော့စ် လိုလို . . .

မိုးကျော် လိုလို . . .

 

————————-

 

ရွာသူတွေဆို. . . .အဲဒီညောင်ပင်အောက် နေညိုတာနဲ့ ဖြတ်မလျှောက်တော့ဘူး။

 

အဲဒီလို ရွာသူားတော်တော်များများကို ညောင်ပင်ပေါ်ကနေ ခြောက်နေတဲ့ သရဲကြီးကို . . . . တောက်ညင်ကပ်လာကြတာပေါ့ ။

 

သဂျီးဥခိုင်ကို ပြောပြတိုင်တည်ကြဖူးတာလည်း

ဘာမှ အရာမထင် ။

 

သဂျီးက သူကိုယ်တိုင် အခြောက်မခံရရင် မယုံဘူးဆိုတာချည်းပဲ ။

 

သဂျီး အခြောက်ခံရ ပါစေလို ့ ဆုတောင်းကြသူတွေထဲမှာ . . . .

ကနားစီး တို ့ . . .

မာမီမိုးတို့

ဖြဲမတို ့. . .

မိန်းမလျှာအပေါင်းသူဒေါ်ကောင်းတို့

တစ်အုပ်စု က ထိပ်ဆုံးကပေါ့ ။

 

ပြောသာပြောနေတာ. . . အဲဒီညောင်ပင်ပေါ်က သရဲကြီးကို

ရွာထဲက G အဖွဲ ့ကလည်း သိပ်မကျေနပ်ဘူးရယ်။

 

ဘာလို့မကျေနပ်ဆို . . . .

ရွာထိပ်မှာ အဲဒီသရဲကြီးက

စီး ခြောက်နေတော့ ညဘက်ဆို သူငယ်ဖမ်းဖို့ ထွက်ရတာ . . . .မလွတ်လပ်ဘူး လေ ။

 

ဒီတော့ မကျေနပ်ဘူး ။

” ဒီသရဲကြီး မြန်မြန်သေမှ အေးမယ် ။ ” သရဲဆိုတာ . . . ထပ်သေသေးလား?? ဘာလားတော့ သေချာမပြောတတ်ဘူးရယ် ။

 

ဒါပေမယ့် ဒီသရဲကြီး မြန်မြန်သေမှ အေးမယ် ။

 

ဒီလိုပဲ ကျိန်ဆဲနေကြရတာ ။

 

ကိုင်းးး ဒီညတော့ဖြင့် ဒီလောက်တောင်ဖြစ်လှတဲ့ သရဲ. . . .

ဖမ်းမဟေ့. . . . ဆိုပြီး . . .

ရုတ်ရုတ် ရုတ်ရုတ်နဲ့

ကာလသား ကာလသမီးတစ်သိုက် ကြံစည်ကြတယ် ။

 

အဲဒီ သရဲဖမ်းအဖွဲ့ကြီးထဲမှာ . . . .

ရွာထဲက ကာလသားတွေရော ကာလသမီးတွေရော. . . .

ကာလသားမီးလို့ခေါ်ရမယ့် ကနားင်္စီးတို့

G အဖွဲ့ရော . ..

တော်တော်များများ ပါတယ် ။

 

(( သဂျီးကတော့ မသိရှာဘူး ။ ))

 

😆

 

မကြာခင် ရွာထဲမှာ မကြုံဖူးအောင်ထူးခြားတဲ့ ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့မှာ. ..

 

သဂျီးကတော့ မသိရှာဘူး ။

 

:kwi:

 

:kwi:

 

_________________________

 

ဒီလိုနဲ ့ ည ရောက်လာတယ် ။

 

ဂဇက်ရွာဟာ ဆီမီးခွက်ကလေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့. . . . . . . . . . .ပျင်းရိစရာကောင်းလောက်အောင် တိတ်ဆိတ်လာတယ် ။

 

ရွာထိပ်ညောင်ပင်ကြီးဘက်ဆီက ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြားရတယ် ။

 

ဗြဲခနဲ . . .

ငိုချလိုက်တဲ့ ကလေးငိုသံတစ်ချက်လည်း ထွက်လာတယ် ။

 

ဒီလိုပဲ. . . .

ည ရောက်ရင် ဂဇက်ရွာဟာ. . . . . . . . .ချောက်ချားစရာကောင်းလာတတ်တယ်။

 

လမိုက်ည ။

 

သရဲဖမ်းဖို ့ ကြံစည် စုဝေးနေကြတဲ့ ရွာသူားတွေက လွဲရင် လူသွားလူလာ မရှိ ။

 

ရွာလမ်းမကြီးဟာ အမှောင်ထဲမှာ စမ်းတဝါးဝါး ရှင်းး လို ့. . . ။

 

သရဲဖမ်းဖို ့ထွက်လာကြတဲ့ ရွာသူားတစ်သိုက် . . . .

ရွာထိပ်က ညောင်ပင်ကြီးဘက် လျှောက်လာကြတယ်။

 

သူတို့လက်ထဲမှာလည်း

သံတူရွင်းတွေ မြက်ခုတ်ဓါးတွေ လေးခွတွေ နဲ့ လက်နက်အတိုအစတွေ ကိုင်ထားတယ် ။

 

တချို့ကလည်း ဖယောင်းတိုင်တွေ . . .

ပရိတ်ရေ တွေ. . . ပုတီးတွေ . . .ကိုင်လို ့။

 

ရွာထဲက ကနားစီးဂီ ဦးဆောင်တဲ့ G အုပ်စုကတော့ နည်းနည်း ဆန်းတယ် ။

 

သူတို့လက်ထဲမှာ အလှပြင်တဲ့ပစ္စည်းတွေထည့်ထားတဲ့ ခြင်းတောင်းတွေပဲပါတယ် ။

 

” အဲဒီ သရဲများး မိလို့ကတော့ . . . မိတ်စကပ်ဆွဲလိမ်းပေးလိုက်မယ်. . .ဒီအတိုင်းကြီးဆို မကျော်ဒကိရဲလို ့. . .”

 

သရဲများ မိတ်ကပ်လိမ်းဦးမတဲ့ ။

 

မိတ်ကပ်လိမ်းပြီးမှ အဲဒီသရဲမျက်နှာကို စေ့စေ့ကြည့်ပြီး ပါးရှစ်စိတ်ကွဲအောင် ရိုက်မတဲ ့. . . .

 

:kwi:

 

ဘာပဲပြောပြော လူအင်အားများအောင်တော့ . . . . သူတို့ကိုပါ ခေါ်လာရတာပဲ ။

 

သရဲက သူတို့ Gအုပ်စု ကို မြင်ရုံနဲ့ ကျော်ဒကောက်ပြီး. . . .

ဟုတ်ပါဘူး ယောင်လို ့ . . . .ကြောက်ပြီး ထွက်ပြေးသွားနိုင်သေးတယ် ။ ဟေဟေ့ ။

 

😆

 

ဒီလိုနဲ ့ ရွာထိပ် ညောင်ပင်ကြီးနားရောက်လာတယ် ။

 

ညောင်ပင်ကြီးဟာ ညအမှောင်ထဲမှာ မိုးတိုးမတ်တပ်ကြီး ရပ်လို ့. . .

တစ္ဆေကြီးတစ်ကောင် လက်တွေဆန့်ကားပြီး ရပ်နေသလိုမျိုးပဲ

 

အကိုင်းအခက်တွေ ကောက်ကောက်ကွေးကွေး . . . နွယ်ပင်ပိတ်ပေါင်းတွေနဲ ့ရှုပ်ထွေးပြီး ကြည့်ရတာ မသတီစရာ ကောင်းနေတယ် ။

 

ညောင်ပင်ကြီးပေါ်က ရုတ်တရက် သရဲကြီးတွေ ဗြုန်းခနဲ ခုန်ချလာပြီး ဂဇက်ရွာသူားတစ်စုကို ကိုက်ဖြတ်စားသောက်တော့မလိုလို. . .

 

ရွာသူသား လူငယ်တစ်စုကြားမှာ ရှေ့ဆုံးကနေ ဦးဆောင် ပြီး ရှိနေတာက လေးဆယ်ကျော်လူငယ်လေး ဦးဆာမိ ။

 

🙂

 

သရဲဖမ်းမယ့်အဖွဲ ့ ဟာ. . . .အဲဒီညောင်ပင်ကြီး ရှေ ့မှာ ရပ်လိုက်တယ် ။

 

ကြောက်တတ်တဲ့ အံစာတုံးနဲ့ ဦးမာဃ က လူအုပ်ကြီးရဲ့ အလယ်မှာ . . .

 

G အဖွဲ ့ကလည်း မျက်နှာသေလေးတွေနဲ့ မကြောက်ဘူးလိုလို. . . .ဟန်ဆောင်နေကြတယ် ။

 

ဒါပေမယ့်. . . .

 

ဟန်ဆောင်ထားတဲ့ ကြားကနေ . . .

မာမီမိုးက လွှတ်ခနဲ ပြောလိုက်တာက. . .

တော်တော် ဒုက္ခပေးတဲ့ သရော်ဒကဲ . . .တဲ့

 

မာမီဂီက မျက်စောင်းကြီး ဒိုင်းခနဲထိုးပြီး

 

” ရှင်ဘလိုဖြစ်နေတာလဲ မာမီမိုး. . .

ဒါမျိုး မကြောက်လို့ ရွာရိုးလျှောက်နေတဲ့ မဟာမျိုး အခြောက်မဟုတ်ဘူးလားးး

ဒဂဒဲတော် . . . . သရော်ဒကဲကိုများ ကြော်ဒကောက်နေသေးတယ်. . . မပြော်ဒကောလိုက်ချင်ဘူး . . .

တောင်တော်ရှင်မ သမီး. . .မပီသချက် . . .”

 

” အမလေးတော် . . .သရော်ဒကဲမို့ ကြော်ဒကောက်တာပေါ့ . . . သရော်ဒကဲဆိုတာ ကျွန်မ လော်ဒကင်မှ မဟုတ်တာ . . . သူငယ်မှမဟုတ်တာအေ့ . . .သရော်ဒကဲသာ. . . . သူငယ်အစင်လေးဆိုလို့ကတော့ ဖမ်းကိုင်ပစ်လိုက်မှာ လက်ကိုပြောပါတယ်”

 

” အံ့ပါရဲ့ မာမီမိုးရယ်. . . အရေးအကြောင်းထဲမှာ လော်ဒကင်ကို တနေသေးတယ်. . . သူ ့လော်ဒကင်က ငါ့လော်ဒကင်လောက်လည်း

မစင်ပဲနဲ့ . . .”

 

” ဟဲ့ ကောင်မ . . .အသားမဲခြောက်မ ဂီ . .

ညည်း လော်ဒကင်က ဘယ်လောက် စင်နေလို့တုန်းအေ့ . . .

အီကြာကွေး ရေနစ်ထားတဲ့ ရုပ်နဲ့ကိုများ

ကျွန်မတို့ကတော့ အာ့မျိုး ရုပ်လောက်နဲ့တော့ ခ ံမစားနိုင်ဘူး . . .

ဟုတ်ပါဘူး . . . မခံစားနိုင်ဘူး .

တောင်တော်ရှင်မအသိ. . . ”

 

” အောင်မာ. . . အဘွားကြီး . . . . ရှင်တရော်တဂါး မလွန်နဲ့ . . .

ကျမ သူငယ်ကို မှိုချိုး မျှစ်ချိုး ပြောင်ဖူးရိုးချိုး ချို းဖဲ့ပြောစရာ မလိုပါဘူး…

အဘွားကြီး ရုပ်ကိုက အထဲမှာ အစာမရှိတဲ့ပေါက်စီရုပ်နဲ ့. ။ လျှာကိုက်မိပါစေတော်. . . . ”

 

မာမီဂီနဲ့ မာမီမိုး က ရန်ဖြစ်နေသေးတယ် ။

 

” ဟေ့ တော်ကြစမ်းပါဟ . . . .

အရေးထဲမှာ ခညားတို့က တညိုး ”

လို ့ဟန့်လိုက် တာက . . . ဦးဆာမိ. . . .

 

ဦးဆာမိကို မျက်စောင်းတထိုးထိုး နဲ့ ဟိုနှစ်ယောက် ငြိမ်သွားတယ်။

 

ဒါတောင် . . . မာမီမိုးက

ကနားစီးဂီကို ပုတ်ပြလိုက်တာ . .(ပေါင်) ကနားစီးကလည်း အားကျမခံ ပြန်ပုတ်ပြပါလေရော. . . .(ပေါင်ပဲ)

 

အဲဒီလို အပြန်အလှန် ပုတ်ပြနေတာကို မြင်ဖြစ်အောင်မြင်သွားပြီး ခွိခနဲ ရယ်လိုက်တာက . . . . . ကိုအမတ် . . . .

 

ကိုအမတ်ရဲ့ ရယ်သံလည်း ကြားရော ကနားစီးဂီက အံကြီးကြိတ်ပြီး မကြားတကြားပြောတယ် ။

 

” ဟင်းဟင်း . . .ဒီလူပြိုဂျီးတော့ ငါ့ပါးစပ်နဲ့တွေ ့တော့မယ်. . .

ငါ့ပါးစပ်နဲ့ တွေ့ပြီး ဒချိဒချိ ဖြစ်တော့မယ်. . . ဟွင်းဟွင်း ”

 

———————

 

အဲဒီအချိန်မှာပဲ ညောင်ပင်ကြီးဆီက ရှဲခနဲ အသံကြီးကြားလိုက်ရတယ်. . . .

လေက ဖြေးဖြေးလေးတိုက်တာ. . . .

ဒါပေမယ့် . . . .

ညောင်ပင်ကြီးက . . .

ပိုပိုသာသာ ရမ်းခါသွားတယ်. . . .

 

ညအမှောင်မှာ . . .

သရဲတစ္ဆေတွေ ကုန်းထပြီး ကပြနေသလိုပဲ. . . .

 

သရဲဖမ်းဖို့လာတဲ့ ရွာသူားတွေအားလုံးး

ကြက်သီးတွေ ဖျန်းခနဲ ထ ကုန်ကြတယ် ။

တစ်ယောက်ကို တစ်ယောက်ပိုနီးအောင် ကပ်သွားကြတယ် ။

 

အခြေအနေက . . . . သရဲကြီးဘက်ကိုလည်း လျှော့တွက်လို့မရသလိုပဲ. . . .

 

အဲဒီ အခြေအနေကို စပြီး ပွဲပြတ်စေသူက…

ရွာ့ကာလသားတွေထဲမှာ ဗလအတောင့်ဆုံးဖြစ်တဲ့ ကိုကြောင်ဝတုတ်. . . .

 

” ကဲ . . . အားလုံး ရှေ ့တက်ကြ. . . .

ညောင်ပင်နား နီးတာနဲ့ သရဲကို ထွက်ခဲ့စမ်းလို ့ ဝိုင်းအော်ကြ . . .

မထွက်ရင် . . . . ဟောဒီညောင်ပင်ကြီးကို ခုတ်ထစ်ပြီး မီးရှို့ပစ်မယ် လို ့ အော်ကြဟေ့”

 

အားလုံးသွေးဆူသွားကြတယ်. . . .

 

ဟုတ်တယ် ။

ဒီသရဲကို အပြတ်ရှင်းဖို့ လိုတယ် ။

 

ဟေ့ သရဲဇုတ် . . .

ထွက်ခဲ့စမ်းး မထွက်လာရင် နင်နေတဲ့သစ်ပင်ကို ခုတ်ပြီး မီးရှို့မဟေ့. . .

 

ဟဲ့ သရော်ဒကဲ . . .ထွက်ဂဲ့ဇမ်း. . .

နင် ငါတို့လက်ချက်နဲ့ ထွက်စေရမယ်ဟဲ့ . .

အသက် . . . အသက် . .

 

 

တစ်ယောက်တစ်ပေါက် ဝိုင်းအော်ကြတာ..

 

ရွာသူားတွေရဲ ့ အသံတွေ ဟိန်းထွက်နေတယ်. . . .

ဆူညံနေတယ် ။ အော်ဟစ်နေကြတာကိုး ။

နားညီးတတ်တဲ့သရဲဆို နားညီးပြီး ထွက်ပြေးသွားလောက်တယ် ။

 

အဲဒီအချိန်မှာပဲ. . . . . .

ညောင်ပင်ကြီးက ပက်ပက်စက်စက် ရမ်းခါသွားတယ်. . . .

 

သစ်ရွက်လှုပ်သံတဝေါဝေါကြီးကြောင့် . . .

ရွာသူားအားလုံး အော်နေတာတွေ ရပ်သွားတယ်. . .

 

လာပြီနေမယ်. . . .

သရဲကြီး ထွက်လာတာဖြစ်မယ် ဆိုပြီးးး

အသက်ရှူဖို့တောင် မေ့ကုန်ကြတယ်။

 

အားလုံးက ရင်တထိတ်ထိတ်နဲ့ ညောင်ပင်ကြီးကိုပဲ မျက်တောင်မခတ် စူးစိုက်ကြည့်နေကြတယ်. . . . .

 

ရုတ်တရက် . . . .ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်ပြီး ကြယ်ရောင်အောက်မှာ သူတို့တွေ တုတ်တုတ်တောင် မလှုပ်မိကြဘူးးး

 

ကိုယ့်အသက်ရှူသံကိုတောင် ကိုယ်ပြန်ကြားနေရချိန်. . . . . .

 

အဲဒီအချိန်မှာပဲ. . . . . .

 

ရုတ်တရက်. . . . . .

 

. . . . . . .

 

. . . . . . .

. . . . . . .

. . . . . . .

. . . . . . .

 

 

.

.

.

.

.

.

.

.

.

.

.

.

.

 

 

 

 

စာအရမ်းများသွားသောကြောင့် နှစ်ပိုင်းခွဲတင်ခွင့်ပြုပါ လို ့. . . . .

 

ဇာတ်သိမ်းပိုင်းအား မကြာမီ တင်ပြပါမည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

22 comments

  • MAUNG

    January 13, 2014 at 9:27 am

    ဟယ် တော်တကန်း လော်တကန်း ကြီးလုပ်ပြန်ပြီ 😀

  • surmi

    January 13, 2014 at 9:37 am

    ဗန်​ဓုလ​သွေးကိုမှ ​ရှေ့မှာထားရတယ်​လို့…..
    ဒုက္ခ … ဒုက္ခ

  • KZ

    January 13, 2014 at 12:48 pm

    ဟယ်။
    တဂျီးကို နာလည်း မမြင်ဖူးဘူးးးး

    😀

  • ဦးကြောင်ကြီး

    January 13, 2014 at 1:24 pm

    ဧကန္နတော့ ဧကန္နပဲ.. မဟုတ်မှလွဲရော.. …. နောက်တပိုင်းမှ ဘာဆိုတာ ပြောမယ်ဗျာ…။ ခုတော့ ခင်ဗျားလိုပဲ.. မျှော်…

  • Paing Lay

    January 13, 2014 at 4:24 pm

    ဟာဂျာ……..ကောင်းခန်းတောင်ရောက်နေပြီ :mrgreen:

  • Ma Ma

    January 13, 2014 at 4:44 pm

    အမှန်က ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်ပြီမို့ သရဲဖမ်းပြီး သဂျီးကို ရောင်းစားတဲ့ မီလီယံ ဘစ်ဇနက်လုပ်မလို့ ရွာသူားတွေ စုပေါင်းအင်အားပြနေတာ။ 🙂
    တိမ်တမန်ရဲ့ အတွေးအရေးတွေ သွက်သွက်လာတယ်။
    ခက်တာက တန်းလန်းထားတတ်တဲ့အကျင့်…
    အဲ … ဗီဇ…
    အာ မှားလို့ …..
    စာဖတ်သူကို စွဲဆောင်နိုင်စွမ်းအားကောင်းလှပါပေတယ်။ :mrgreen:

    • တိမ်တမန်

      January 13, 2014 at 6:27 pm

      အဟိ

      ဒီပိုစ့်ကို ၂ရ လောက်မှ တင်မယ်ဆိုပြီးး ဒိတ်ပြင်မို့ဟာ
      အင်တာနက်နဲ့အဆက်ပြတ်သွားလို ့ မူလတင်ထားတဲ့ ရှယ်ဂျူးက
      ဖလွတ်ခနဲ တက်သွားတာ
      လိုက်ဆွဲလို့ မမှီလိုက်ဘူး။

      နောက်တစ်ပိုင်းမှာ အဆုံးသတ်ထိတင်ပါ့မယ်။

      လောလောဆယ်တော့ ပြေးဟယ်လွှားဟယ်နဲ့ ဆက်ရေးဖို့ အချိန်မရသေးး

      နောက်အပါတ်ထဲမတော့ တင်ပြနိုင် လိမ့် မယ်ထင်ပါရဲ့

      :kwi:

  • padonmar

    January 13, 2014 at 9:13 pm

    ဟယ်….
    သရဲကြီးကို မြင်ရတော့မလားလို့ လူဇိုး..
    ဒေါ်ဖွာေးမနဲ့ ညားပါစေတော်။
    (မားဂီကိုယ်စားပြောတာပါအေ)

    • တိမ်တမန်

      January 14, 2014 at 2:00 pm

      အမှန်က
      သရဲကြီး မဟုတ်

      ဘာကြီးလဲဆိုတော့. . . .

      မျှော်

      🙂

  • manawphyulay

    January 14, 2014 at 9:58 am

    မြင်ရမယ် ကြံနေသေး
    ဘယ်လိုဖစ်တွားပါလိမ့်

  • Novy

    January 14, 2014 at 12:17 pm

    သရဲမိရင် အကြောင်းကြားလိုက်နော်
    အခုတော့…….

  • TNA

    January 14, 2014 at 1:20 pm

    ဟယ်တန်းလန်းကြီးလုပ်ပြန်ဘီ တကတဲတော်

    • တိမ်တမန်

      January 14, 2014 at 6:26 pm

      အမြန်ဆုံး ဆက် နိုင်အောင် ကြိုးစားပါ့မယ်တီတီ

      😆

  • ဦးကျောက်ခဲ

    January 14, 2014 at 2:10 pm

    သရဲမဖမ်းနဲ့ ပင်ပန်းတယ်…
    ထော်လော်ကန့်လန့် တဂျီးမားရ်ခိုင်ကို…
    ကကြောင်ဂျီးတို့ မားဖြိုးတို့ ဂျော်လကီဘုတို့ လက်ကိုအပ်လိုက်ပါ…
    ရွာမက မြို့မကျ ဂဇက် စည်ပင်သွားမည် ဖြစ်ပါဂျောင်းးးးး….
    😀

    • တိမ်တမန်

      January 14, 2014 at 6:21 pm

      အအဟိ

      လေးကျောက်စ်ပြောတာ ဟုတ်တယ်
      ဇာတ်လမ်း ပြောင်းမှနဲ့တူတယ်

      😆

  • Crystalline

    January 14, 2014 at 3:25 pm

    ရွာထဲသရဲခြောက်လားဘာလားမသိဘူး.. နာတို့က ရွာပြင်မှာ ကင်းပုန်းဝပ်စောင့်နေတာနော်.. ဟင်း.. ဟင်း .. 🙂 အပ်ကျတာကအစသိတယ်.. :mrgreenn:

  • ဦး ဂျစ်

    January 14, 2014 at 6:00 pm

    တိန် —

    သူရဲ နှစ်ပိုင်းတပိုင်း နဲ့ တူတယ် —

  • ညည်းဟာကအေ ဆန့်တငင်ငင်ကြီးနဲ့
    ဒါနဲ့ တဂျီးကိုတော့ မြင်ဖူးသွားသလိုလိုအရှိသားအေ့
    😀

    • တိမ်တမန်

      January 15, 2014 at 4:33 am

      အင်းး

      သဂျီးကတော့ ရုပ်ဆိုးမယ်ထင်တယ်နော့
      :kwi:

      နောက်တာပါ။
      🙂

Leave a Reply