သစ္စာထူးတဲ့မေတ္တာရူးကို ချစ်ပါဘူးတဲ့လား မေရယ်

alinsettJanuary 10, 20142min16012

 

22

 

 

သစ္စာထူးတဲ့ မေတ္တာရူးကို. . ..ချစ်ပါဘူး တဲ့လား. . .မေရယ်. . . .

_____________________________

 

နှစ်လွှာ ပေါင်းချင်တယ်. . .

တစ်ရွက်နှစ်ဘဝဖြစ်ရတာ . . .

စည်းစည်းလုံးလုံး ရှိလို့ပါ. . . . . .

 

 

မပွင့်ဘူးဆိုလည်း. . .

ရနံ ့တောင် မပေးနဲ့ . . .

မရူးချင်ဘူးလေ. . . . . . . .

 

 

အခုတော့. . . .

မလာဘူးဆိုတာ သေချာပါလျက်နဲ့ . . .

ခြေသံတွေပေးလို ့. . . .

မျှော်လင့်စေခဲ့သူ. . . . . .

 

 

အခု . . .အခုတော့လေ. . .

အတွင်းမှာ . . . အတွင်းတောင်မရှိတဲ့သစ်သီးလို

အကွဲကွဲအစိပ်အစိပ်. . .

ချိမ့်ချိမ့်သဲ လွဲခဲ့ရသူ . . .

 

 

မလွမ်းချင်ဘူး. . မလွမ်းချင်ဘူး လို ့

အော်ဟစ်ညည်းတွားရင်း. . .

ခါးသီးလာတဲ့ကံကြမ္မာထဲမှာ. . . .

သွေးရူးသွေးတန်း မှန်းမျှော်မိတာက. . . .

သူ. . .ပြန်လာမယ်ဆိုတဲ့ လမ်းကလေး. . .

. . . . . . . . .

. . . . . . . . .

 

 

 

အလင်းဆက်(Gazette)

25 / 12 / 2013 /

 

12 comments

  • TNA

    January 10, 2014 at 10:25 pm

    ပုံလေးကချစ်စရာလေး လှလိုက်တာ ကဗျာလေးလဲဖတ်ရှု့ခံစား ရင်း သူပြန်လာပါစေလို့ဆုတောင်းပေး ပါတယ်အေ။ :kwi:

    • တိမ်တမန်

      January 11, 2014 at 7:33 am

      ပုံလေးကို မလုပ်တတ်မကိုင်တတ်နဲ့ လုပ်လိုက်ရတယ် တီသဲရေ
      အားပေးတဲ့အတွက်ကျေးဇူးနော့

      😆

  • kai

    January 11, 2014 at 4:11 am

    သူပျံလာပါစေကွယ် အတောင်လေးနဲ့

    • တိမ်တမန်

      January 11, 2014 at 7:35 am

      တကယ်တော့
      သူ ့ဆီကိုယ်က ပျံဝဲသွားလိုက်ပြီးမေးလိုက်ချင်တာ
      နင်ငါ့ကို ဘာလို့ မျှော်လင့်ချက်တွေပေးခဲ့သလဲ
      ဘာလို့အခုလို သစ်စိမ်းချိုး ချိုးသွားသလဲကွယ် လို ့

      ခက်တာက
      ကျွန်တော့်မှာ
      စူပါမန်းလို အအတောင်ပံ မရှိ

      :kwi:

  • ဖြူစိုင်း လူ

    January 11, 2014 at 11:36 am

    သစ္စာတွေထူးစေဦးတော့
    ဘယ်လို့ (ဘယ်လိုမှကို)

    မေတ္တာတွေရူးနေတဲ့
    အချစ်ဦးပါ (အချစ်ဦးရယ်လို့)

    ထပ်ထပ်ကာဟစ်ဆိုနေတဲ့
    ဒင်းလို သေနာကျကိုလဲ ချစ်နိုင်ပေဘု။

    တော်ဆိုမှတော်
    နောင်ဆိုတော့ ယောင်လို့တောင် ဆုံလိုတော့ပေဘူး

    သူ့ကိုယ်သူ စိတ်ရူးတွေ ခြင်ထောင်ထောင်လို့
    ညသန်းကောင် အိမ်မက်ကထယောင်နေသူမို့

    ဒညင်းခွက်ရေ
    ရှင်တော့ နေရစ်လေဦး။ ။

    (သများအငှား ခံစားတွေးတော ဖဲ့လိုက်မိပါကြောင်း)

  • ကပ္ပိယ သာဒင်​

    January 11, 2014 at 12:26 pm

    တပွင်​့ပန်​ဆိုတာက
    ​ရှေး​ခေတ်​မှာကျန်​ခဲ့ပါပြီ
    ဂျင်​းစိမ်​းနဲ့ မိတ်​သလင်​လို
    သူကြင်​မှ ကိုယ်​ကြင်​မှာ​ပေါ့
    မချစ်​ရမ​နေနိုင်​ရင်​​တော့
    တိန်​တမံ​ရေ..
    ခံ လိုုက်​​တော့ ဒီတသက်​ ။

    • Alinsett@Maung Thura

      March 25, 2015 at 4:12 pm

      ဟင့်အင်း…အခုနောက်တစ်ယောက်ကို ကြံနေပြီ။

      ဟီဟိ

      :k:

  • myat pearl phyu

    January 30, 2014 at 6:52 pm

    မပွင့်ဘူးဆိုလည်း. . .

    ရနံ ့တောင် မပေးနဲ့ . . .

    မရူးချင်ဘူးလေ. . . . .

    (အစထဲက ရူးနေပီးသားမို့ ပါ …း-) စတာပါညော်…)

    အိမ်ပြန်ချိန်ကိုတောင် မသိတဲ့သူ
    ပြန်လာမယ်ဆိုတာ မသိတဲ့သူ
    ဒီကစောင့်နေသူ
    ဒီကစောင့်နေသူ

  • naywoon ni

    March 26, 2015 at 12:27 am

    ချစ်​သု​ဝေဖြစ်​လိုက်​ ​ဖွေး​ဖွေး ဖြစ်​လိုက်​နဲ့ မျက်​နှာများလို့ ပျံမလာ​ဒေါ့ဘူးတဲ့ 🙂

    • Alinsett@Maung Thura

      March 26, 2015 at 1:04 pm

      မျက်နှာ မများပါဘူး…
      တစ်မျက်နှာပြီးမှ….တစ်မျက်နှာပါ…

      :k:

Leave a Reply