စဉ်းစားကြစေလိုပါတယ် ( ၆၈ ) ( Archbishop & Qantas )

Foreign ResidentJanuary 10, 20146min29323

စဉ်းစားကြစေလိုပါတယ် ( ၆၈ )

( Archbishop & Qantas )

 

အင်း ။ အဘ ရဲ့ နယူးဇီလန်သွား Cruise တောလား လေး တင်ရက် တန်းလန်း နှင့်

စိတ်ဝင်စားစရာ သတင်းလေးတွေ တွေ့ရလို့ ကြားဖြတ် မျှဝေလိုက်ပါတယ် ။

 

ပထမ သတင်းလေးကတော့ ။

 

Archbishop of Rangoon calls for Rohingya citizenship ” ပါ ။

<http://www.dvb.no/news/archbishop-of-rangoon-calls-for-rohingya-citizenship-burma-myanma/35645>

 

ထင်ရှားတဲ့ အချက်လေးတွေကိုဘဲ ရွေးပြီး ဖေါ်ပြလိုပါတယ် ။

 

In his New Year message to the Roman Catholics of Burma,

Monsignor Charles Bo called for unity between the “different souls” of “this wonderful nation”

and pointed particularly towards the Rohingya Muslims of western Burma,

saying those born in the country should be granted citizenship.

 

( မြန်မာနိုင်ငံ က Roman Catholics ခရစ်ယာန် ဘုန်းကြီးတွေထဲမှာ ရာထူးအကြီးဆုံးလို့ ဆိုရမယ့် )

မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ( Archbishop of Rangoon ) မိုဆင်ဂါ ချားလ်စ် ဘို က ၊

နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နှစ်သက်ကြည်နူးဖွယ်ရာကောင်းသော တိုင်းပြည်မှာ ၊

မ တူညီသော ဝိညာဉ်များအကြား ညီညွတ်မှု ရှိကြရန် တိုက်တွန်းလိုက်ပြီး ၊

အထူးသဖြင့် မြန်မာပြည် အနောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်များအတွက်လည်း ၊

နိုင်ငံအတွင်းမွေးဖွားသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးသင့်ကြောင်း ၊

ထောက်ပြပြောဆိုလိုက်သည် ။

 

The archbishop further called for an end to violence against the Rohingyas,

and urged the country to instead fight against poverty and human trafficking.

 

ထို့ပြင် ဘုန်းတော်ကြီးက ရိုဟင်ဂျာ တို့အား အကြမ်းဖက် တိုက်ခိုက်နေမှု ကို ရပ်တန့်ပြီး ၊

ယင်းအစား ဆင်းရဲမွဲတေမှု ၊ လူကုန်ကုူးမှုတို့ကိုသာ တိုက်ခိုက်ကြပါရန် ၊

တောင်းဆိုတိုက်တွန်းသွားခဲ့သည် ။

 

Citing the communal violence aimed at Rohingyas and other Muslims,

he said, “Without fraternity it is impossible to build a just society and a stable and lasting peace.”

 

ယင်းနောက် ရိုဟင်ဂျာနှင့် အခြားမွတ်စလင်များအပေါ် ရည်ရွယ်အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ၊

“သဟာယစိတ်ဓာတ်မရှိဘူးဆိုရင် တည်ငြိမ်အေးချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ၊

ဘယ်လိုမှ တည်ဆောက်လို့ ရနိုင်မှာ မဟုတ်ပါဘူး”ဟု ၎င်းက သုံးသပ်ပြောဆိုသည် ။

 

Emphasizing the value of unity in diversity,

Archbishop Bo invited the Burmese government and the international community

to resolve the issues related to citizenship, according to the principle

that every person born in Myanmar should be recognized as a citizen of Burma.

 

မတူကွဲပြားမှုများဖြင့် ညီညွတ်ခြင်း၏ တန်ဖိုးကို အလေးအနက်ထားပြောကြားရင်း ၊

ဘုန်းတော်ကြီးဘိုက မြန်မာအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အား မူသဘောအရ ၊

မြန်မာပြည်၌မွေးဖွားလာသူတိုင်းကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်းနှင့် ၊

အဆိုပါကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ဖိတ်ခေါ်တိုက်တွန်းလိုက်သည် ။

 

ဒီနေရာမှာ ထူးခြားတဲ့ အချက်တစ်ချို့ ကို သတိပြုမိပါတယ် ။

 

၁ ။

ဘင်္ဂါလီ / မွတ်ဆလင် နှင့် ရခိုင် / မြန်မာ / ဗုဒ္ဓ ဘာသာ အရေးအခင်း ကို ၊

ဘေးကနေ စောင့်ကြည့်နေတဲ့ ၊ ဘာသာကြီး လေးခု ထဲ မှာပါဝင်တဲ့ ၊

အဓိက ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော် ရဲ့ သဘောထား ၊

( တနည်း ပြောရရင် မြန်မာ နိုင်ငံသား ခရစ်ယာန် ဘာသာဝင် တွေရဲ့ သဘောထား )

ကို ပထမ ဦးဆုံး တရားဝင် ပြောကြားလိုက်တာပါဘဲ ။

 

၂ ။

မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ( Archbishop of Rangoon ) မိုဆင်ဂါ ချားလ်စ် ဘို က ၊

” ရိုဟင်ဂျာ ” လို့ဘဲ တောက်လျှောက် သုံးသွားပါတယ် ။ ဘင်္ဂါလီ လို့ လုံးဝ မသုံးပါဘူး ။

 

၃ ။

” violence against the Rohingyas ” ” violence aimed at Rohingyas and other Muslims “

” ရိုဟင်ဂျာ နှင့် အခြားမွတ်စလင်များအပေါ် ရည်ရွယ်အကြမ်းဖက်မှုများ ”

လို့  တောက်လျှောက် သုံးသွားပါတယ် ။

( ပုံစံ က အဓိက အကြမ်းဖက်သူတွေဟာ ရခိုင် / မြန်မာ / ဗုဒ္ဓ ဘာသာ လို့ ဆိုလိုချင်ပုံပါဘဲ )

 

တစ်ခုတော့ ရှိတာ က ၊ ယခု မိန့်ခွန်းပြောသွားတဲ့ ဆရာတော် မိုဆင်ဂါ ချားလ်စ် ဘို ဟာ ၊

ဗုဒ္ဓ ဘာသာ ဘက်က ၊ သံဃာ့ မဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် နှင့် ၊

ရာထူးတူ မယ့် ၊ ခရစ်ယာန် ဘက်က ဂိုဏ်းချုပ် ဆရာတော် တစ်ပါးဖြစ်ပါတယ် ။

( ဆိုလိုတာ က ပေါက်ပန်းသေးတွေ ပြောနေတဲ့ လမ်းဘေးက လူတစ်ဦး မဟုတ်ပါဘူး ၊

Roman Catholic ခရစ်ယာန်ထုကြီးက လေးစားရတဲ့ ပညာတတ် ဂိုဏ်းချုပ်ဆရာတော် တစ်ပါး ပါ )

 

OK ၊ ဒီ အဖြစ်အပျက်တွေနှင့် ပါတ်သက်ပြီး ၊

အဘ အရင့်အရင်တုန်းကလည်း ၊ ကြိမ်ဖန်များစွာ အဘ ရဲ့ သဘောထားကို ပြောခဲ့ပြီး ဖြစ်လို့ ၊

ဒီ တစ်ခါမှာတော့ ၊ အဘ ဘာမှ ထူးပြီး မှတ်ချက် ထပ် မပေးလိုတော့ / ပေးစရာမလိုတော့ပါဘူး ။

 

မြန်မာ နိုင်ငံမှာ ၊ ဒုတိယ အများဆုံး ဘာသာဝင် ခရစ်ယာန် တွေရဲ့ သဘောထား / အသံ ၊

တနည်းအားဖြင့် ပြောရရင် ၊ တောင်ပေါ် တိုင်းရင်းသား တွေ ရဲ့ သဘောထား / အသံ ၊

ပထမ ဦးဆုံး ပေါ်ထွက်လာပြီ လို့ဘဲ ယူဆမိပါတယ် ။

 

 

 

ဟဲ ဟဲ ၊ ရင်ပူစေမယ့် ပထမ သတင်းလေးပြီးတော့ ၊ ရင်အေးစရာ ဒုတိယ သတင်းလေးကတော့ ။

 

CNN ရဲ့ ” And the world’s safest airline is … ” ဆောင်းပါးလေးပါ ။

<http://edition.cnn.com/2014/01/09/travel/safest-airline-2013/index.html?sr=fb010914safestairline3p>

 

Top of the ranking from AirlineRatings.com of

the safest carriers in 2013 is the Australian airline Qantas.

Awarding it a full seven stars, the website cites the airline’s fatality-free flying record

from the beginning of the jet era in the early 1950s.

 

လိုရင်းကတော့ အဘတို့ ဩစတေလျှ နိုင်ငံ ရဲ့ Qantas Airline ဟာ ၊

ကမာ္ဘပေါ်မှာ လုံခြုံမှု အရှိဆုံး Airline လို့ ရွေးချယ် သတ်မှတ်ခံရပါတယ် ။

 

ရုတ်တရက် ကြည့်ရင်တော့ အဘ ဩဇီ အတွက် ကြွား / ဂုဏ်ယူနေတယ်လို့ ထင်တော့မှာဘဲ ။

မဟုတ်ပါဘူး ၊ အဘ အဓိက ပြောလိုတာကို အောက်မှာ ဆက်ဖတ်ကြပါဦး ။

 

အမှန်က ၊ အဲဒီ ဩဇီ Qantas Airline ကို ၊ အဘ အယုံအကြည် နဲနေတာ ကြာပါပြီ ။

ထစ်ကနဲဆို Flight Cancel တွေ ခဏ ခဏ လုပ်နေတဲ့ Airline ပါ ။

သိပ်မကြာခင်လောက်ကဘဲ ၊ စင်္ကာပူ လေဆိပ်မှာ Qantas က ၊

Airbus A-380 ကြီး ဘာဖြစ်လို့ဆိုဘဲ Flight Cancel လုပ်လိုက်သေးတယ် ။

 

အဲဒီလို Flight Cancel တွေ ခဏ ခဏ လုပ်နေရ ( လုပ်နေရ ) တယ် ကြား လို့ ၊

သူ့ရဲ့ Safety Standard လုံခြုံရေး အဆင့် ကို ၊ အဘ တော်တော် အထင်အမြင် သေးမိပါတယ် ။

 

အဲဒါ ၊ ဒီနေ့ CNN သတင်းကို ဖါတ်မိတဲ့ အခါ အဘ Shock မယုံနိုင်အောင် ဖြစ်မိပါတယ် ။

အဲဒီမှာ မူရင်း သတင်း Link <http://www.airlineratings.com/index.php> ၊

ကို လိုက်ပြီး ဆက်ဖတ်ကြည့်တော့မှာ ဘဲ ။

 

” fatality-free flying record from the beginning of the jet era in the early 1950s”

လား ၊ လား ၊ ဒီ Qantas Airline က ၊ ဂျက်လေယာဉ်တွေ နှင့် စဆွဲတဲ့ ၊

၁၉၅ဝ ခုနှစ်ကနေစပြီး အခု အချိန်အထိ လူသေဆုံးမှု မရှိသေးတဲ့ တစ်ခုတည်းသော Airline ဆိုဘဲ ။

ဒါကြောင့် ကမာ္ဘ့ လုံခြုံမှု အရှိဆုံး Airline ဆု ကို ရခဲ့တာ ဆိုဘဲ ။

 

လုံခြုံရေး အပြင် တခြား Facility တွေမှာလဲ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ၊

7 stars out of 7 stars ကိုရခဲ့တဲ့ Airline ဖြစ်တာကို တွေ့ခဲ့ရတယ် ။

 

အဲဒီတော့မှဘဲ ၊ ဪ Qantas Airline ၊

ဘာ့ကြောင့် ခဏ ခဏ Flight Cancel လုပ်နေတယ် ဆိုတာ ၊ သဘောပေါက်သွားတယ် ။

သူတို့က ခရီးသည်တွေရဲ့ လုံခြုံရေး ကို ၊ လုံးဝ အထိ မခံ ပေဘူးကိုး ။

ချီးကျူး လေးစားသွားပါပြီ Qantas Airline ရေ ။

 

အ ဟဲ ဟဲ ဟဲ ။ အခုမှ အဓိက က လာမှာ ။

အဲဂလို ၊ စပ်စပ် စုစု လျှောက်ကြည့်နေရင်း နှင့် ၊ ထူးခြားတာ နောက်တစ်ခု ကို တွေ့မိပြန်ရော ။

အဲဒီ ” Qantas the safest airline ” ဆိုတဲ့ ဆောင်းပါးရဲ့ အောက်မှာတင်ဘဲ ၊

ကမာ္ဘ့ လုံခြုံမှု အရှိဆုံး Airline ၁ဝ ခု စာရင်း နှင့် ကမာ္ဘ့  လုံခြုံမှု မ ရှိဆုံး Airline ၁ဝ ခု စာရင်း ၊

တွဲလျှက် ပါလာပေသကိုး ဗျ ။

 

အဲဒီမှာ ၊ မြန်မာနိုင်ငံက Airline တစ်ခုလည်း ပါလာပါလေရောဗျာ ။

ဟဲ ဟဲ ဟဲ ၊ ရွာသူားတို့ ၊ ဘယ်ထဲမှာ ပါလာမယ်များ ထင်ကြသလဲဗျာ ။

 

ဟဲ ဟဲ ဟဲ ၊ ရွာသူားတို့ ထင်ကြတဲ့ အတိုင်းပါဘဲ ဗျာ ။

ကမာ္ဘ့  လုံခြုံမှု မ ရှိဆုံး Airline ၁ဝ ခု စာရင်း ထဲမှာ ခန့်ခန့်ကြီး ပါလာပါရောလားကွယ် ။

 

( အင်း ၊ ဒို့ဗမာတွေကလည်း မခေပေဘူးဘဲ ။

စာရင်း တစ်ခုခုမှာတော့ ပါဖြစ်အောင်တော့ ပါရှာတာဘဲ )

 

ဘယ် Airline လို့များ ထင်ကြသတုံး ပရိတ်သတ်ကြီးရေ ။

ဟဲ ဟဲ ။ ” Air Bagan ” ပါတဲ့ဗျာ ။

<http://www.airlineratings.com/news/201/qantas-the-safest-airline>

 

Ten Best Airlines

1. Qantas                                 

2. Air New Zealand           

3. Emirates                     

4. Etihad                        

5. Cathay Pacific             

6. Singapore Airlines       

7. Virgin Atlantic             

8. EVA Air                       

9. All Nippon Airways                

10. Royal Jordanian  

 

Lowest Ranked Airlines 

1. Kam Air                               

2. Scat                                       

3. Bluewing Airlines                      

4. Afghan Airways              

5. Daallo Airlines               

6. Eritrean Airlines             

7. Lion Air                        

8. Merpati Airlines             

9. Susi Air                        

10. “”” Air Bagan “””

 

( အ ဟိ ဟိ ဟိ ၊ ရွာသား တစ်ယောက်ကတော့ အဘ ကို ဆဲ / မုန်းတော့မှာဘဲ ။

အင်း ၊ ဘယ်ဂလိုလုပ်ရမလဲလေ ၊ ဒါက အချက်အလက် အမှန်အတိုင်း တင်ပြတာဘဲလေ ။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်ရပါကွယ် ။ ရေးမိတဲ့ အဘ ကို စိတ်မဆိုးပါနှင့်နော် )

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

23 comments

  • Mr. MarGa

    January 10, 2014 at 9:03 am

    ဘာသာကြီး လေးခု ရှိတဲ့အနက်က
    ပဋိပက္ခ ဖြစ်နေတဲ့အထဲမပါဘဲ
    ဘေးက စောင့်ကြည့်တဲ့ ဘာသာဝင်တွေဆီက
    တရားဝင် ထွက်လာတဲ့စကား မို့
    တစ်ခုခုတော့ ဖြစ်လာမယ်လို့ ထင်ပါကြောင်း
    စောင့်ကြည့်ရန် ဆုံးဖြတ်ထားပါကြောင်း…………. 🙂
    အဲ….ဟို airline ကတော့
    ဆိုင်ကယ်နဲ့ တိုက်မိခြင်းဟာ ဒီလိုဖြစ်စေဖိုက အဓိကအချက် ဖြစ်သွားတယ်လို့ မြင်ပါကြောင်း
    အဲ့လောက်လေး…အဲ့လောက်လေးပဲ
    မနက်စောစောမှာ ဝင်ပြောပါရစေဗျို့
    ကိုယ့်ထက်တတ်တဲ့သူတွေဝင်ဆွေးနွေးမှာကို စောင့်နေပါတယ်။

  • sorrow

    January 10, 2014 at 9:52 am

    တားတားဖက်တီးမကြီးက အဲ့လိုင်းကမဟုတ်..အဟိဟိ…

  • လူ ဟား

    January 10, 2014 at 11:35 am

    အဘဖောခင်ဗျာ…..
    ကက်သလစ် ဘုန်းတော်ကြီးဟာ မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန်အားလုံးကို ကိုယ်စားမပြုပါဘူးခင်ဗျာ… ကက်သလစ်ဟာ ခရစ်ယာန်ဂိုဏ်းဂဏ တခုသာဖြစ်ပါတယ်…. စ, လုံးမှာဆို ဖိလစ်ပင်းနိုးကက်သလစ်တွေ India ကက်သလစ်တွေဟာ သူတို့ကို သူတို့ ခရစ်ယာန်လို့တောင် မသတ်မှတ်ကြပါဘူးခင်ဗျား…. အဲဒီတော့ အဘဖော ပြောသလို သူ့ရဲ့ ရပ်တည်မှုဟာ ခရစ်ယာန်အားလုံးရဲ့ ရပ်တည်မှုနဲ့ တစ်ထပ်တည်း မဖြစ်နိုင်ကြောင်းပါခင်ဗျာ… တခြားသော ခရစ်ယာန်တွေကို မြန်မာ ဗုဒ္ဓဘာသာတွေ အမြင်စောင်းသွားမှာစိုးလို့… နဲနဲ အဓွန့်တက်လိုက်တာပါခင်ဗျာ….

    • sorrow

      January 10, 2014 at 4:20 pm

      http://en.wikipedia.org/wiki/Christianity_in_Burma
      (Baptist 3%, Roman Catholic 1%) ဆိုတော့ … နှစ်ခြင်းသာသနာပိုင်တွေဆီက အသံထွက်လာမယ်တော့မထင် ..ခပ်ကင်းကင်း လက်ရှောင်နေမယ်ထင်ပါတယ် …တောင်ပေါ် တိုင်းရင်းသား တွေ ရဲ့ သဘောထားဆိုတာကတော့ နည်းနည်းကျယ်ပြန့်သလားလို့ အဘရယ် ..ကချင်တွေအနေနဲ့ကတော့ မှတ်ချက်ပေးလိမ့်မယ်လို့မထင်ပါဘူး … ကွကိုယ်တောင် အနေကြုံ့ရတဲ့အထဲ ပါနေတယ်ဆိုတော့ …

      • kai

        January 10, 2014 at 6:00 pm

        ပြောရရင်..အင်္ဂလိပ်နှစ်ရာချီအုပ်ချုပ်လို့တောင်… မျက်လုံးပြာအဖြူအစပ်ကလေးတွေ… အင်မတန်ရှားပြီး.. ခရစ်ယန်ဖြစ်တာ.. တိုင်းပြည်လူဦးရေရဲ့.. ၅ရာခိုင်နှုန်းမကျန်ရစ်တဲ့(စူပါ့စူပါ ကွန်ဆာဗေးတစ်တို့နိုင်ငံမှာ.. ဘာကိုမျှော်ကြောက်ပြီး.. မွတ်စလင်တွေကို.. နှိမ်ချနှိပ်စက်သလဲ… တွေးကြည့်စရာပါ..။

        မဟာဗျုဟာနဲ့..ချလုပ်တတ်တဲ့.. စစ်နိုင်ငံရေးပယောဂအကြီးအကျယ်ပူးနေမှန်း.. သိပ်သိသာတယ်..။

  • KZ

    January 10, 2014 at 12:22 pm

    ဟုတ်တယ်။ ဟုတ်တယ်။
    အဲဒီ Qantas နဲ့ မှ အော်ဇီကို လာမို့ဟာ လေယာဉ်ခ စုနေတာ မပြည့်သေးလို့။ :mrgreenn:

    ဟိ။
    ဘဖောရယ်။ ကျနော် အရင် အလုပ်က လေဆိပ်ဆောက်လုပ်ရေးမှာလို့ပဲ ပြောရမှာပေါ့။
    အဲဒီတုန်းက ကျနော့ ဘော့(စ) ပြောပြမှ အဲဒီအကြောင်းသိတာ။
    ပြီးတော့……
    သူတို့ လေယာဉ်စီးရင်လည်း သမိုင်းကြောင်းကောင်းတာ ရွေးစီးသတဲ့။
    သေခြင်းတရားဆိုတာထက် နောက်ကျတာ ဘာမှ မဖြစ်ဆိုပဲ။
    😀
    သူများနိုင်ငံတွေမှာ အဖွဲအစည်းတစ်ခုက Image တစ်ခုရပြီ ဆိုရင် အဲဒီ Image က
    အလကားရတာမှ မဟုတ်ပဲ…
    ပိုက်ဆံနဲ့အာဏာနဲ့ ဝယ်ထားတာ လုထားတာမဟုတ်ပဲနဲ့….
    အရည်အသွေးရော အရည်အချင်းရော စတင်မှု, ထိန်းသိမ်းမှု တွေကြောင့် ရထားတာမျိုးဆိုတော့ ယုံကြည်ထိုက်တာပေါ့လေ။

    အပေါ်တစ်ပိုင်းကတော့ မပြောတတ်။
    😀

  • kai

    January 10, 2014 at 1:23 pm

    “နောက်မှတွက်လျှင်ထိပ်”ရောက်နေသောနိုင်ငံသည် “ရှေ့မှတွက်သောရှေ့” ရောက်လိုလျှင် ဖြစ်ခဲ့သည့်သမိုင်းများမှ သင်ခန်းစာယူကာ ထိခိုက်ခဲ့သည့်အတွေးအခေါ်တိုင်းကို ပြောင်းပြန်လှန်သင့်လှသည်ဟု နှစ်ဦးအထူး တိုက်တွန်းလိုက်ရပါကြောင်း…။

    http://myanmargazette.net/191864
    =

    မြန်မာပြည်၏လက်ရှိတည်ရာနယ်နမိတ်တွင်မွေးဖွားသူတိုင်း မြန်မာဖြစ်သင့်ပါပြီ၊ ချွင်းချက်မရှိမြန်မာနိုင်ငံသားဖြစ်သင့်သည့်အပြင် အခြားမြေခြားရေဝေးတွင်မွေးသူများကိုလည်း ထိုက်သင့်သော နိုင်ငံသားဖြစ်မှုလမ်းကြောင်းပေါ်တက်လာအောင် လုပ်သင့်လှပြီ။
    မြန်မာ့မြေတွင် လုပ်သားကောင်းများစွာလိုပါသည်။ လိုလာလိမ့်မည်။ တိုင်းပြည်ကောင်းတခုတည်ဆောက်ရာတွင် လူသားသာလျှင်လိုသည်။ မိခင်ကောင်းများလိုသည်။ ထို့အပြင် မိမိ၏ငွေကြေးကိုရင်းနှီးမြုတ်နှံကာတိုင်းပြည်ကိုဆွဲတင်ပေးမည့် လူမျိုးတရာ့တပါးတို့လည်းလိုပါသည်။ ထိုလူတို့အား အမိမြန်မာ့မြေတွင်အခြေချရပ်တည်သွားနိုင်အောင်ဆွဲဆောင်ရမည့်တာဝန်မှာ ရွေးချယ်ခံမြန်မာ့ဥပဒေပြုသူအမတ်များတွင်ရှိသည်။
    ထိုထိုလူတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်အောင် အသိသညာမြှင့်တင်ပေးရမည်တာဝန်မှာ “သိသောသူ”တိုင်းတွင်ရှိသည်။ မိမိပုဂ္ဂလိကအခွင့်အရေးနှင့် မိမိပြည်နယ်ဒေသအခွင့်တို့ကို ဥပဒေဖြင့်တိတိကျကျအကာအကွယ်ပေးရမည့် ခေတ်အချိန်ရောက်အောင်လုပ်ကြရမည့်တာဝန်မှာ မြန်မာဇာတိနွယ်တိုင်းတွင်ရှိသည်။ ထိုသို့ပြုကြပါမှ မြန်မာတို့တွင် လူသားတန်ဖိုးရှိပေလိမ့်မည်။

    http://myanmargazette.net/190674
    =
    အပေါ်က အယ်ဒီတိုရီရယ်၂ခုမှာ.. အဲဒီအတိုင်းရေးခဲ့ဖူးတယ်..အဘဖောရေ..
    ပြောလို့သာပြောနေသာ…
    ထေရဝါဒတို့တိုင်းပြည်တွေဖြစ်တဲ့…
    သီရိလင်္ကာ..။ (ကမ္ဘာ့အကြားဆုံးပြည်တွင်းစစ်နဲ့.. တမီလ်-အစိုးရ လူသတ်ပွဲ)
    ကမ္ဘောဒီယား၊လာအို..။ ( ကမ္ဘာ့လူအသတ်ဆုံးနဲ့.. အရက်စက်ဆုံး ပိုပေါ့အစိုးရ)
    မြန်မာပြည်..။ ( (ပြောမနေတော့.. )
    ယိုးဒယား ( ဘုရင့်အရှိန်အဝါ ကျလာတာနဲ့. မြင်ကြရပြီ… မြင်ကြရပြီ.. )

    Theravada (The Teachings of the Elders)

    In the Buddhist countries of southern Asia, there never arose any serious differences on the fundamentals of Buddhism. All these countries – Sri Lanka, Cambodia, Laos, Burma, Thailand, have accepted the principles of the Theravada school and any differences there might be between the various schools is restricted to minor matters.

    ဒန်တန်တန်…

    တိုင်းပြည်တခု.. နိမ့်ကျ..နိမ့်ပါး..ဆင်းရဲခြင်းသည်…
    စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်..

  • Myanma Airways များလားလို့ ထင်နေတာ… Air Bagan ကြီး ပါလာသကိုး…
    ဘာတွေနဲ့ ကြည့်ခွဲတယ်မသိ..

    တစ်ခါသား Air Mandalay က စာပို့လာတယ်… Secure ဖြစ်တဲ့ Airline တွေကို rank ခွဲထားတာ.. သူတို့ Airline က Medium level… အဲ.. စိတ်မချရတဲ့ airline ဆိုပြီးပါလာတာက GMA လို့ခေါ်တဲ့ Golden Myanmar Airlines.. ပြောရရင် GMA က airbus အသစ်ကြီးတွေနဲ့ဆွဲတာ… ဈေးကလည်း သက်သာတယ်… သူတို့လို ဘုရားတစီးရတဲ့ အခြေအနေမဟုတ်…

    တစ်ခါတစ်ခါကျတော့လည်း နားလည်ရခက်သား..

  • TNA

    January 10, 2014 at 10:11 pm

    အပေါ်က ပြသနာကတော့ဝင်မဆွေးနွေးချင်တော့ဘူးအဘရေ။ သူတို့လူကြီးတွေ သူတို့ဟာသူတို့ကြည့်လုပ် ကြပါလိမ့်မယ်။ စိတ်မညစ်ချင်တော့ဘူး။
    အောက်ကတခုကတော့ စိတ်ဝင်စားသား။ ဘယ်လိုပါရပါရ မြန်မာဟာ ကမာ္ဘ့ အဆင့် တဆယ်ထဲဝင်တယ် ဆိုတာ ဂုဏ်အကြီးကြီးယူရတော့မှာပေါ့လေ။ :mrgreen:

  • ဦးဦးပါလေရာ

    January 10, 2014 at 10:22 pm

    နိုင်ငံတစ်ခုအတွင်းမွေးဖွားရုံနဲ့တော့ နိုင်ငံသားဖြစ်သင့်သလားဆိုတာ နဲနဲသံသယဖြစ်မိတယ်

    နိုင်ငံအတွင်းမွေးဖွားတာလဲဖြစ်ရမယ် +
    လက်ရှိမှာ နိုင်ငံအတွင်းအဓိက နေထိုင်ရမယ် +
    အနာဂတ်မှာလဲနိုင်ငံအတွင်း အဓိက နေထိုင်ရမယ် +
    သူကိုယ်တိုင်ကလဲ နိုင်ငံသားဖြစ်ချင်စိတ် နိုင်ငံသားအဖြစ်ခံယူချင်စိတ် ရှိရမယ် +
    သူကိုယ်တိုင်က နိုင်ငံအပေါ်သစ္စာရှိသူဖြစ်ရမယ် +
    သူကိုယ်တိုင်က နိုင်ငံ့ဥပဒေကို လေးစားလိုက်နာရမယ် ….

    …ဆိုရင်တော့ မဆိုးပါဘူး….။
    ဘာကြောင့်လဲဆိုတော့ နိုင်ငံသားတစ်ယောက်ဖြစ်ပြီဆိုရင် နိုင်ငံ့အရေးမှာ ပါဝင် ဆောင်ရွက် မဲပေးခွင့် ရှိသွားလို့ပါပဲ..။
    တကယ်တော့ အောက်ကငါးချက်နဲ့ညီရင် နိုင်ငံအတွင်းမမွေးဖွားလဲ နိုင်ငံသားပေးသင့်တာပါပဲ..။

    မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ( Archbishop of Rangoon ) မိုဆင်ဂါ ချားလ်စ် ဘို
    ပြောသွားတာ သွေးရိုးသားရိုး ဟုတ်ရဲ့လားဆိုတာလဲ သံသယ ဝင်မိတယ်….။

    • kai

      January 11, 2014 at 12:32 am

      နိုင်ငံတစ်ခုအတွင်းမွေးဖွားရုံနဲ့တော့ နိုင်ငံသားဖြစ်သင့်သလားဆိုတာ နဲနဲသံသယဖြစ်မိတယ်

      အဲဒါဆို.. အဲဒီလူတွေ..အော်တိုမစ်တစ်..အေလီယံဂြိုလ်သားတွေအဖြစ်ခံယူရမယ်ပေါ့နော…
      =

      မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် ( Archbishop of Rangoon ) မိုဆင်ဂါ ချားလ်စ် ဘို
      ပြောသွားတာ သွေးရိုးသားရိုး ဟုတ်ရဲ့လားဆိုတာလဲ သံသယ ဝင်မိတယ်….။

      ပုပ်ရဟန်းမင်း( Pope Benedict XVI) အနားယူနှုတ်ထွက်၍ ရဟန်းမင်းနေရာကို Pope Francis လက်ခံရယူသည်။ နှစ်ပေါင်း ၅၉၈တွင် ပထမဆုံးအဖြစ်တခုဟုဆိုကြပေသည်။ ပုပ်ရဟန်းမင်းအသစ်သည် သန်းထောင်ချီသော ကက်သလစ်ဘာသာဝင်များနှင့် ကမ္ဘာ့နိုင်ငံရေးအပေါ်များစွာလွှမ်းမိုးမှုရှိလာမည်ဟု ခန့်မှန်းပါသည်။ ဘာသာရေးသည် နိုင်ငံရေးနှင့် အမြဲတစေ ဆက်သွယ်ချိတ်ဆက်နေပါသည်။
      http://myanmargazette.net/191864
      အယ်ဒီတာ့သင်ပုန်းမှာရေးထားခဲ့တာ..။
      လာဦးမယ်..လာဦးမယ်..။ :mrgreen:

      • nicolus agral

        January 12, 2014 at 8:11 pm

        သဂျီးနဲ့ အဘဖော
        ရွာထဲမှာချမ်းရင်မီးလှုံဖို့
        မီးမွှေးနေတာလားဟင်

        လာ လာ ဆွနေတယ်
        သူ့ဟာသူနေစမ်းပါစေ

  • ဦးကြောင်ကြီး

    January 11, 2014 at 12:19 pm

    လျောက်ပြောနေ… ခရစ်ယာန်ဂုဏ်းချုပ်ပြောတာ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့ဗျာ.. နိုင်ငံရေးပါပဲ။ တခုသိရမှာ နိုင်ငံတကာ ဘာသာရေးအဖွဲ့တွေဆိုတာ သိပ်ကျယ်ပြန့်တယ်၊ တခုခုအော်ရင် တခုခုဖြစ်လို့၊ မအော်ပဲငြိမ်နေရင်လည်း တခုခုရှိလို့ပဲ။ ခရစ်ယာန်၊ မူဆလင် သာသာရေးအဖွဲ့တွေရဲ့ ဖွဲ့စည်းပုံကိုယ်က နိုင်ငံတကာကွန်ယက်တွေနဲ့ နီးနီးစပ်စပ်ဖွဲ့ထားတာ။ ဗုဒ္ဓဘာသာမှာလို တနေရာစိ သီးခြားနေ၊ ဟိန္ဒူ လိုသီးသန့် ရပ်တည်နေတာ မဟုတ်ဘူး။ ပြီးတော့ ရိုမန်ကက်သလစ်လို ကမာ္ဘ့ဦးဆောင် နေရာယူထားတဲ့ ဂိုဏ်းလိုအဖွဲ့အတွက် ရခိုင်အရေးမှာ ရေငုံနှုတ်ပိတ်နေဖို့ ခက်တယ်၊ မြန်တျန့်တပြည်ထဲ ဆိုင်တာမဟုတ်ဘူး.. အရှေ့အလယ်ပိုင်းမှာ အာဖရိကမှာ မလေး၊ အင်ဒိုနီးရှားမှာ သူတို့ခရစ်ယာန်ဘာသာ ယုံကြည်ကိုးကွယ်သူ လူနည်းစုတွေရှိတယ်။ သူတို့အရေး အမြဲတမ်းလေ့လာ စောင့်ကြည့် အားပေးနေရတာ..။ မူဆလင်နဲ့ တခုမတူတာ သူတို့က ပညာပါတယ်။ ငါ့ဖို့တခုထဲ တစာစာ တောင်းမနေဘူး၊ အခြားသူတွေ အရေးပါ ဆွဲထည့်တယ်။ စာနာမှုရအောင်လုပ်တယ်။ ရခိုင်အရေးမှာ မသိသလိုနေရင် သူတို့ပိုဂရုစိုက်နေတဲ့ ဒေသတွေက ခရစ်ယာန်လူနည်းစု အရေးတွေမှာ ထောက်ပြစရာ ဖြစ်မှာပေါ့…။ ဒါဖုံးကွယ်လို့ ရတဲ့အရာမှ မဟုတ်တာ။ မြန်တျန့်ကိစ္စမှာ မဟုတ်ဘူး.. အာဖဂန်မှာဖြစ်လည်း ဗာတီကန်က အော်တာပဲ၊ တရုတ်မှာ ဖြစ်လည်းအော်တာပဲ။ အမေရိကန်က ရိုမန်ကက်သလစ် အများစုဗျာ၊ လူဦးရေ အချိုးအစားအရ နည်းပေမဲ့ ဗာတီကန်ကျောင်းတော်ကို ငွေလှူ ဒါန်းမှု ပမာဏမှာ ထိပ်ဆုံးကရှိတယ်။။ ဒီတော့ ကာဒီနယ် ဂိုဏ်ချုပ်ရာထူး ခွဲဝေမှုမှာ ယူအက်စ်ကိုတာ တနေရာရတယ်။ (အာရှတိုက်မှာ တောင်ကိုရီးယား တနိုင်ငံပဲ အဲဒီအဆင့်ရတယ် မှတ်တယ်။) ဒီတော့ ဗာတီကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီမှာ ယူအက်စ်ဩဇာ လွှမ်းတယ်၊ အရိပ်မကင်းဘူး။ အရှေ့ဥရောပတိုက် ကူမြူ နစ်စနစ် ပြိုလဲမှုမှာ ဗာတီကန်ကျောင်းတော်နဲ့ စီအိုင်အေတို့ ပေါင်းလုပ်တာ အထင်အရှားရှိတာပဲ။ ရုရှားလို တရုတ်လို အာဏာရှင်တွေ ဆက်ကျန်နေသေးလို့ ထုတ်ပြောရင် ဆက်လုပ်လို့ မရမှာဆိုးလို့ အသေးစိတ်ကို လျှို့ဝှက်ထားတာ။ တကယ် မြန်မာပြည်တွင်းက ခရစ်ယာန်တွေ သဘောထား ဘာလဲဆိုတာ တိုင်းပြည်အပြင်က ဘာသာရေးနွယ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ခရစ်ယာန်ကျောင်းတော်တွေရဲ့ ကမ်ပိန်းလှုပ်ရှားမှုတွေကို လေ့လာရင် ခန့်မှန်းလို့ရပါတယ်။ ဆော်ဒီ၊ အီရန်၊ ပါကစ္စတန်လို အထောက်အပံ့ ရထားတဲ့ ဘင်္ဂါလီ လှုပ်ရှားမှုတွေ ခေါင်းမထောင်နေတာ တိုက်ဆိုင်မှုထင်လား။ နိုင်ငံတကာ ကွန်ယက်တွေနဲ့ မချိတ်တတ် နလပိန်းတုံးကျလို့ ထင်နေလား။ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေ လူ့အခွင့်အရေးအဖွဲ့တွေက မူဆလင်မုန်းလို့ လက်ရှောင်နေတယ် ထင်လား။ ဒါနိုင်ငံရေးပါ.. နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာမရှိ လုပ်ကြံဖန်တီးမှုသာ ရှိပါတယ်။ ဦးဖော မသိခြင်ထောင် ထောင်နေရင်တော့ မသိပေါ့ဗျာ..။

    • Foreign Resident

      January 11, 2014 at 4:53 pm

      ” နိုင်ငံအတွင်းမွေးဖွားသူ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်း ”

      ဦးကြောင် ရေ ။

      ကျနော့် အမြင်ကတော့ ၊
      ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော် မိုဆင်ဂါ ချားလ်စ် ဘို မှရယ် မဟုတ်ပါဘူး ။
      ” အမြင်ကျယ်ပြီး ၊ မေတ္တာ တရားရှိတဲ့ ၊ သူတော်ကောင်း ” မှန်ရင်တော့ ၊
      ဒီ စကားမျိုးကိုဘဲ ပြောရမှာဘဲလေ ။

      ကျနော့် ရဲ့ သဘောထားကို ပြောခိုင်းရင်လဲ ၊ ဒီအတိုင်းဘဲ ပြောမှာဘဲလေ ။

      ကျနော်မှတင် မဟုတ်ပါဘူး ၊ အမေရိကန် သမ္မတ အိုဘားမား ၊
      ကျနော်တို့ ချစ်ရတဲ့ လူထုခေါင်းဆောင် အမေစု ၊
      နောင် တစ်ခေတ်ရဲ့ မျှော်လင့်ချက် ခေါင်းဆောင် မင်းကိုနိုင် ၊
      စ သဖြင့်တွေရဲ့ သဘောထားကို ပြောခိုင်းရင်လဲ ဒီအတိုင်းဘဲ ပြောကြရမှာဘဲလေ ။

      ဘာလို့ ၊ ဒီလိုဖြေရ ပြောကြ သလဲ ဆိုတော့ ၊
      ပထမ အချက် ပြောရရင် ၊ ကျနော်တို့တွေ ဟာ ၊
      ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ချစ်မြတ်နိုးပြီး ၊
      လူသား အချင်းချင်း ကိုယ်ချင်းစာနာမှု Humanity ရှိလို့ပါဘဲဗျာ ။

      အဲ နောက် အဓိကကျတဲ့ ဒုတိယ အချက် ကတော့ ၊
      ကျနော်ဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အစစ်အမှန် တစ်ဦးဖြစ်နေလို့ပါဘဲ ။
      ကျနော်တို့ ကိုးကွယ်တဲ့ ဗုဒ္ဓ မြတ်စွာက သတ္တဝါ အားလုံးကို မေတ္တာထားဘို့ သွန်သင်ခဲ့တာကိုးဗျ ။
      ကျနော်တို့ ကိုးကွယ်တဲ့ ဗုဒ္ဓ မြတ်စွာက ဘာသာခြား / ကုလား ကို နှိပ်စက်ဖို့မှ မ ဟောခဲ့ဘဲကိုးဗျ ။
      အရပ် ဆယ်မျက်နှာ မေတ္တာပို့ တဲ့ အထဲမှာလဲ ( ကုလား မပါ ) လို့ မှ မဟောခဲ့ဘဲကိုးဗျ ။

      ကျနော် နှင့် Face Book မှာ / အပြင်မှာ ခင်တဲ့ ရွာသူားတွေ ဆိုရင် သိကြပါတယ် ။
      ကျနော် ဗုဒ္ဓ ဘာသာ အရေးမှာ ဘယ်လောက် ယုံကြည် တက်ကြွတယ် ဆိုတာကို ။
      ကျနော့် တစ်သက်တာမှာလည်း ကုလား / မွတ်ဆလင် ကောင်းကြောင်း တစ်ခါမှ မပြောဖူး ပါဘူး ။
      ကိုယ့် ဗုဒ္ဓ ဘာသာ ကို တည်တံ့အောင် ကာကွယ်တဲ့ အထိ ကိုလည်း ကျနော် လက်ခံပါသေးတယ် ။

      အဲ ၊ ဒါပေမယ့် ၊ ကိုယ့် ဗုဒ္ဓ ဘာသာ အတွက် ဆိုပြီး ၊
      ဘယ် ( ဘယ် ) ဘာသာခြားအပေါ်ကို မဆို ၊ မတရား ပြုမူလာမယ် ဆိုရင်တော့ ၊
      ကျနော့် ရဲ့ ရင်ထဲမှာရှိနေတဲ့ တရားမျှတမှု ကို ချစ်တဲ့ စိတ် နှင့် ၊
      လူသား အချင်းချင်း ကိုယ်ချင်းစာနာမှု Humanity စိတ်တွေ အရ ၊
      ကျနော် အဲဒီ မတရားမှုကို မ ထုတ်ဖေါ်ပြောရဲလို့ / မပြောချင်လို့ မပြောရင်နေမယ်ဗျာ ။
      ထုတ်ပြောဖြစ်ရင်တော့ အဲဒါကို မတရားမှုလို့ ဘဲ ထုတ်ပြောမိမှာဘဲ ဗျ ။

      ( ကျနော့် အတွက်ကတော့ ၊ ဒီ ကိစ္စ က ၊ ဘာနိုင်ငံရေး အရောင်မှ မပါဘူးဗျ ။
      တရားမျှတမှု ကို ချစ်တဲ့ စိတ် နှင့် လူသား အချင်းချင်း ကိုယ်ချင်းစာစိတ် ၊ ဒါဘဲဗျ )

      • ဦးကြောင်ကြီး

        January 12, 2014 at 3:03 am

        ဦးဖောရေ..

        ယူအက်စ် ဘယ်လောက်ပဲ ပွင့်လင်းတယ်ပြောပြော နိုင်ငံရေးခေါင်းဆောင်ထဲမှာ ပထမမျိုးဆက် နိုင်ငံခြားသား ရှားမှာရှားပဲ.. အာနိုးလိုကောင်မျိုး ရှိပြန်ရင်လည်း သူတို့ ကော်ကေးရှန်း အနွယ်ဝင်ထဲကများတယ်။ အင်းမီဂရန့်တယောက်အဖို့ အသားအရောင် ဘာသာစကား ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်း အတားအဆီးတွေ အများကြီးပါပဲ။ စီးပွားရေးမှာသာ တိုးလို့ရမယ်၊ တိုင်းပြည်ပေါ်လစီရေးရာလိုမျိုးမှာ ဝင်ဖို့မလွယ်ဘူး။ စာနဲ့ပေနဲ့ မထုတ်ပြန်ထားတဲ့ မမြင်ရတဲ့ အတားအဆီးတွေ တပုံကြီးပဲ။ စစ်တပ်ကြတော့ရော.. စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ ပထမမျိုးဆက် နိုင်ငံခြားသားကနေ နိုင်ငံသားခံထားသူ မတွေ့ဖူးဘူး။ ဒုတိယ မျိုးဆက်လိုထဲမှာ စစ်ဗိုလ်ချုပ်တွေရှိပေမဲ့ ဦးရေးထောက်လို ကွပ်ကဲမှုရာထူးမျိးမှာ ရေး၊ထောက်လို လက်ရုံးတပ်ဖွဲ့တွေမှာပဲ နေရာရတယ်။ အခြား ပညာရေး ကျန်းမာရေး ဆက်သွယ်ရေးလို ဟာမျိုးတွေမှာတော့ ရှိပါမယ်။ ထောက်ပြချင်တာ တကဲ့အရေးပါတဲ့ တိုင်းပြည် ပဲ့ကိုင်ရာထူးတွေမှာ အဖြူ တွေပဲ ချုပ်ကိုင်ထားပါတယ်။ ဒါလည်း ရှင်းပါတယ် သူ့နိင်ငံသူ့လူမျိုး သူစိတ်ကြိုက်ဖန်တီးချင် သူယုံကြည်သူကိုသာ ခန့်ပါမယ်။ နိုင်ငံခြားသားကို အဝင်ခံတယ် ဆိုတာ အကြောင်းပေါင်းစုံရှိပြီး သိထားရမည့် အချက်က လူသစ်တွေဆီကနေ ရာစုနှစ်နဲ့ချီပြီး အကျိုးအမြတ် ရနေခြင်းပါ။ တဖက်ကပြောရင်တော့ သူတို့ လုပ်တတ်လို့ ခိုင်းစားနှိုက်စားခွင့် ရတာပါ။ အင်္ဂလန်လို နိုင်ငံမျုးိတောင် အဲသလို မလုပ်တတ်ဘူး။ မလုပ်တတ်တာထက် ပြန်ပေးရမှာ မတန်လို့ ယူဆလို့ဖြစ်ပါမယ်။ တိုင်းပြည်တခုခြင်းစီရဲ့ သမိုင်းကြောင်း ခံယူချက်နဲ့ သက်ဆိုင်ပါတယ်။ မြန်တျန့်ပြည်လို ကိုယ့်လူတောင် လောက်ငှအောင် မကျွေးနိုင်၊ တိုင်းရင်းသားအရေး နယ်မြေအရေး ရှုပ်ထွေးနေတဲ့ နိုင်ငံတခုမှာ အသွင်သဏ္ဍာန် ထုံးတမ်းဓလေ့ခြင်း လုံးဝ ကွဲပြားတဲ့ တသန်းနီးပါ လူအုပ်စုကြီးကို နိုင်ငံသားပြု လက်ခံပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အမေရိကန်လို ခိုင်းစားတတ်ရင်တော့ ဖြစ်ကောင်းမယ်.. ဒါတောင် ယူအက်စ်လို လူမျုးိတရာ့တပါးကို လက်ခံနိုင်စွမ်းရှိမှ ပုံစံမှန်မယ်။ ဘင်္ဂါလီတသန်းဆို တရုတ်တသန်း အိန္ဒိယတသန်း၊ ထိုင်းတသန်း စသဖြင့် လူမျုးိစုအသစ် တခုခြင်းစီရဲ့ အချိုးအစား ပုံစံမှန်အောင် တိုင်းပြည်ထဲ သွင်းပေးရမည်။ ယူအက်စ်မှာ အဲသလို လုပ်ထားလို့ တရုတ် ဆယ်သန်းရှိလည်း ဗီယက်နမ် ငါးသန်း ဖိလစ်ပိုင် ငါးသန်း ကိုရီးယား ငါးသန်း ကုလား ငါးသန်း ဆိုတော့ အေးရှန်းလူမျိုးစုထဲမှာကို သူ့ဟာသူ ဝပ်သွားတယ်။ တတိုင်းတပြည်လုံးအနေနဲ့ဆို ပြောမနေနဲ့တော့.. လှုပ်ကို မလှုပ်နိုင်ဘူး။ သိပ်အဝင်ခံလို့ အဖြူ ရာခိုင်နှုန်းကို ကျော်တော့မည့် စပန်းနစ်ရှ်တွေကြောင် ယူအက်စ် ဥပဒေပြု အမတ်တွေ ခေါင်းကိုင်နေပြီ။ ဒါတောင် သူတို့က ဘေးအိမ်နီးခြင်းနိုင်ငံက လူတွေနော်။ ကိုးကွယ်ယုံကြည်မှုမှာလည်း နီးစပ်တူညီတယ်။ ပြန်ချုပ်ရရင် လူဝင်မှုအရေးဆိုတာ စေတနာ မေတ္တာတရားတွေ မဟုတ်ဘူး။ နိုင်ငံရေး ဖြစ်ပါတယ်။ ဘာသာရေး အရတော့ ဗြဟ္မစိုရ်တရား လေးပါးမှမဟုတ် ဖန်ဆင်းရှင် ယုံကြည်သူ ခရစ်ယာန်၊ မူဆလင် ဘုန်းကြီးများလည်း အများရှေ့ ပြောတဲ့အခါ ဘုရားသခင် ဖန်ဆင်းထားတဲ့ ဤမြေကြီးမှာ နယ်နမိတ် စည်းသတ်မှတ်ချက်တွေ မလိုလို့ ပြောကြမှာပဲ။ ဒါပေမဲ့ သူတို့နိုင်ငံရေး လောကထဲဝင်ရင် လေသံပြောင်းပေးရရော…။ ဘာသာရေး နိုင်ငံရေး လူ့စည်း ဘီလူးစည်း တားထားဖို့ လိုပါတယ်။ အရေးကြီးတာ ကိုယ်ပြောနေတဲ့ အကြောင်းအရာသည် ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ ကျန်တာကတော့ သိသိနဲ့ပြောပြော မသိခြင်ထောင်ထောင်ပြောပြော နိုင်ငံရေးဖြစ်ပါတယ်။

        • kai

          January 12, 2014 at 11:51 am

          အောက်မှာ.. ယူအက်စ်မြေမှာမမွေးတဲ့.. လွှတ်တော်အမတ်..ကွန်ဂရက်စ်မန်င်း.. နိုင်ငံရေးသမား လက်ရှိတွေစာရင်းပါ..။
          ၂၀၀၈ က..အိုဘားမားနဲ့အပြိုင်အရွေးခံတဲ့.. မြန်မာနိုင်ငံလာဖူးတဲ့.. မက်ခ်ကိန်းက.. ပနားမားမှာမွေးသူဖြစ်ပါကြောင်း..။

          ပထမမျိုးဆက်ဆိုရင်တော့.. အိုဘားမားရဲ့အဖေက.. ကင်ညာနိုင်ငံသားဖြစ်ပြီး..ဘယ်သောအခါမှ အမေရိကန်မဖြစ်ခဲ့သူပါနော..။
          အဖေအမေတဦးဦးက.. နိုင်ငံခြားသားဖြစ်နေသူတွေဆိုရင်.. လက်ရှိနိုင်ငံရေးသမားထဲ..ရိုက်သတ်လို့တောင်ကုန်မယ်မထင်..။
          စစ်ရေးထဲမှာတောင်.. ကြယ်၄လုံးဗိုလ်ချုပ်ကြီးတွေထဲ အများကြီးပါ..။
          =
          http://en.wikipedia.org/wiki/List_of_foreign-born_United_States_politicians
          List of foreign-born United States politicians
          Mayors
          Mayor Place of Birth Positions Held
          Jimmy Delshad Iran Iran Mayor of Beverly Hills
          Members of Congress
          Member of Congress Place of Birth Positions Held
          Michael Bennet Flag of India.svg India U.S. Senator from Colorado
          Ted Cruz Flag of Canada.svg Canada U.S. Senator from Texas
          Mazie Hirono Flag of Japan.svg Japan U.S. Senator from Hawaii
          Ron Barber Flag of the United Kingdom.svg United Kingdom U.S Representative from Arizona
          Diana DeGette Flag of Japan.svg Japan U.S Representative from Colorado
          Geoff Davis Flag of Canada.svg Canada U.S Representative from Kentucky
          Jim Himes Flag of Peru (state).svg Peru U.S Representative from Connecticut
          Ileana Ros-Lehtinen Flag of Cuba.svg Cuba U.S. Representative from Florida
          Albio Sires Flag of Cuba.svg Cuba U.S. Representative from New Jersey
          Chris Van Hollen Flag of Pakistan.svg Pakistan U.S. Representative from Maryland
          Sean Patrick Maloney Flag of Canada.svg Canada U.S Representative from New York
          Others
          Name Place of Birth Positions Held
          Seamus McCaffery Flag of the United Kingdom.svg United Kingdom Supreme Court of Pennsylvania Justice
          Marian P. Opala Flag of Poland.svg Poland Oklahoma Supreme Court Justice
          Evelyn Lundberg Stratton Flag of Thailand.svg Thailand Ohio Supreme Court Justice
          =

        • ဦးကြောင်ကြီး

          January 12, 2014 at 1:32 pm

          ဟတ်လား သဂျီးဇုတ်.. အဲလိုဆို လူဖြူ မဟုတ်ဘဲ တိုင်းတပါးက ပြောင်းလာသူထဲက၊ အင်္ဂလိပ်စကားကို မိခင်ဘာသာလို မပြောသူထဲက၊ ဘာသာခြားထဲက ယူအက်စ် ပေါ်လစီရေးရာမှာ ထဲထဲဝင်ဝင် ကိုင်လှုပ်နိုင်သူ ဘယ်နှစ်ယောက်ရှိသလဲ ရွေးထုတ်ပြစမ်းပါဗျာ။ ကွန်ဂရက်အမတ်လောက်နဲ့ ဘာမှာလုပ်မရဘူး။ အိုင်းစတိုင်းကို ယူအက်စ်က တခမ်းတနား လက်ခံတာ အနုမြူ ဗုံးနည်းပညာ လိုချင်လို့၊ ဗုံးချဖို့မချဖို့ ဘယ်မှာသုံးဖို့ဆိုတဲ့ ပေါ်လစီရေးရာတွေမှာ အဝင်မခံဘူး။ ဂျွန်မက်ကိန်း မွေးတဲ့ပနားမားဆိုတာ အမေရိကန်ရဲ့ ခြံဝန်းထဲက တိုင်းပြည်လေး၊ သိပ်နီးစပ်တယ်။ အဲဒီလို အနီးအနားက တိုင်းပြည်တွေမှာ စစ်တပ်တောင် မထားဘူး။ အစောင့်တပ် ပုံစံပဲရှိတယ်။ နယ်စပ်လုံခြုံရေးတွေကို ယူအက်စ်စစ်တပ်က တာဝန်ယူပေးတယ်။ ဘဏ္ဍာရေး အဖွဲ့အစည်းတွေမှာလည်း လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိပေမဲ့ သူတို့ကို ချုပ်ကိုင်စောင့်ကြည့်တဲ့ ကော်မတီတွေမှာ လူမျ ိုးခြား မပါဘူး၊ ပညာရှင်လို အကြံပေးလို နေရာမျိုးတွေပဲ ပေးတယ်။

        • Foreign Resident

          January 13, 2014 at 3:55 am

          kai says:
          ” ပထမမျိုးဆက်ဆိုရင်တော့..
          အိုဘားမားရဲ့အဖေက.. ကင်ညာနိုင်ငံသားဖြစ်ပြီး..
          ဘယ်သောအခါမှ အမေရိကန်မဖြစ်ခဲ့သူပါနော..။ ”

          သူကြီး ပြောသွားတဲ့ အထဲက ၊
          ” အိုဘားမား ” တစ်ယောက်နှင့်တင် ၊
          လုံလောက်နေပါပြီကွယ် ။

          နိုင်ငံခြားသား တစ်ယောက်ရဲ့ သား က ၊
          US ရဲ့ အဓိက အုပ်ချုပ်သူ နှင့် Policy Maker ၊
          ဖြစ်နေတာဘဲဟာ ။

          ဦးကြောင် ရေ ။

          ကျနော်က နယ်ခြားက ခိုးဝင်တဲ့သူတွေကို ၊
          တင်းတင်းကျပ်ကျပ် ကာကွယ်တာကို လက်ခံပါတယ် ။
          လိုအပ်ရင် ပစ်ခတ်ပြီး တားဆီး အုန်း ။ O K ပါ ။

          ဒါပေမယ့် ၊ အခုဖြစ်နေတဲ့ ပြဿနာက ၊
          ဘိုးဘွားတွေ လက်ထက်ကတည်းက ၊
          နေလာခဲ့တဲ့ ၊ ဒီမြေမှာဘဲ မွေး ပြီး ၊
          ဒီမြေမှာဘဲ ကြီးခဲ့တဲ့ ၊ ဘင်္ဂါလီလေးတွေ ခမျ ။

          ရှင်းရှင်း ပြောမယ်ဗျာ ၊
          ဘိုးဘွားတွေ လက်ထက်ကတည်းက ၊
          နေလာခဲ့တဲ့ သူတွေကိုမှ နိုင်ငံသား မပေးရင် ၊
          ဒါ မတရားမှု ဘဲ ။ လူ စိတ် မရှိတာဘဲ ။

        • ဦးကြောင်ကြီး

          January 13, 2014 at 1:15 pm

          အိုးဘားမား အမေက လူဖြူ အစစ် လေဗျာ။ နယ်စပ်က ဘင်္ဂါလီတသန်းက ဘယ်မြန်မာမနဲ့ စပ်ထား၊ ပါက်ထားလို့တုံး။ မြန်မာမွတ်ဆလင်ဆိုပြီး မြန်မာမကိုယူပြီး ပေါက်လာတဲ့ မွတ်ဆလင်တွေ လက်ညှိုးထိုးမလွဲပါဗျာ။ သူတို့ကို နှင်ထုတ်ရမယ်၊ နိုင်ငံသား မပေးရလို့ မပြောမိပါဘူး။ အဲဒီဟာကွက်ကို အသုံးချလွန်းလို့လဲ င်္ဘဂါလီဆို မလေးရှားမှာ ခေါင်းစားနေရတယ်။ မလေးမတွေယူပြီး နိုင်ငံသားပြောင်းခံကြလွန်းလို့။ အဲဒါ မွတ်ဆလင်နိုင်ငံ အခြင်းခြင်းနော်.. အဓိကပွိုင့်က အဲဒီလူအုပ်စုကြီးကို လက်ခံလိုက်ရင် တိုင်းပြည်ထဲမှာ တိုင်းပြည်လေးတခုပေါ်လာမယ်။ ဗမာနဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေလို မဟုတ်တဲ့ သွင်ပြင်လက္ခဏာခြင်း လုံးဝကွဲပြားတဲ့ အုပ်စုကြီးဗျ။ တိုင်းပြည်ကွဲတာ တိုင်းရင်းသားထက် သူတို့ကနေ စမှာ.. လက်ခံလိုက်ရင်။ ဦးဖော သိပ်ကိုယ်ချင်းစာရင် ဩဇီကနေ သူတို့ ဒုက္ခသည်စခန်းတွေကို လှမ်းထောက်ပံ့ပါဗျာ..။ သာဓုခေါ်ပါမယ်။ ကျနော်လည်း ပန်းသေးတရုတ်မလေး တယောက်ကို ကယ်တင်ဖို့ လုပ်နေတယ်။ အောင်မြင်ရင် အကြောင်းကြားပါမယ်…။ ငါကွ..။

  • ကထူးဆန်း

    January 12, 2014 at 8:43 pm

    နဲနဲတော့ အံဩမိတယ် .. Qantas ကို world’s safest airline ပေးလိုက်တာ .. မရိုးဘူးထင်ပါသည် ။
    ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း Qantas ပြဿနာ တက်တာတွေ ..အရေးပေါ်ပြန်ဆင်းခဲ့ရတာ .. တံခါးကြီးပြုတ်ထွက်တာတွေ အများကြီး ဖတ်ခဲ့ရပြီး စီးသူ ကျဆင်းခဲ့တယ် ဆိုတာ ဖတ်ထား သိထားရာကနေ ရုတ်တရက် ၁၉၅၁ ကစလို့ သေသူမရှိလို့ ဆိုပြီးပေးတာ ရိုးရိုးသားသားပေးတယ် တော့ မထင် … မထင် …
    Qantas ရဲ့ safety နဲ့ ပါတ်သက်ပြီး မေးခွန်းတွေ ထုတ်ခံနေရပါတယ် ဆိုတာ ကနေ ပြောင်းပြန် ကြီးဖြစ်နေ တော့ …. မယုံ … မယုံ …
    ဘယ်လောက် သုံးပြီး image ပြန်ဆယ်ပြီလဲ မသိ ။

    • Foreign Resident

      January 13, 2014 at 4:11 am

      ကထူးဆန်း says:
      ” နဲနဲတော့ အံဩမိတယ် ”

      ကျနော်လဲ နဲနဲ အံ့ဩမိပါတယ် ။

      သို့ပေမယ့် ၊ ဒီလို နိုင်ငံတကာ ဂုဏ်သရေရှိ အဖွဲ့တွေရဲ့ ၊
      အကဲဖြတ် စည်းမျဉ်းတွေက ( အများအားဖြင့်ပေါ့ ) ၊

      ၁ ။ ပွင့်လင်း မြင်သာ အစစ်ခံနိုင်ခြင်း ။
      ၂ ။ ဟိုး ယခင်ထဲက စည်းမျဉ်းတွေကို ပြဌာန်းထားခြင်း ။
      ၃ ။ စည်းမျဉ်းတွေကို လိုတမျိုး မလိုတမျိုး မပြောင်းတတ်ခြင်း ။

      စတာတွေကြောင့် ၊
      ဒီ Result ကြီး မှားတယ် / ဘက်လိုက်တယ် လို့တော့ ၊
      ကျနော်မျိုးကြီး မ စွတ်စွဲရဲ / မ ထင်ရဲ ပါ ခမျ ။

      နို့ ၊ တလွဲတွေ ထင်သလို လျှောက်တင်မယ် ဆိုရင်လည်း ၊

      ၁ ။ တခြား လေကြောင်း လိုင်းတွေက ဘယ်ငြိမ်ခံပါ့မလဲ ဗျာ ။
      ၂ ။ CNN ကလည်း ဖွတ်ကျား Result တွေ ဘယ် လက်ခံပါ့မလဲ ။

      နောက်ဆုံး ပြောရမယ် ဆိုရင်တော့ ၊
      Qantas ကလည်း တကယ့် အဓိက အကျဆုံး အချက်ဖြစ်တဲ့ ၊
      ” လူ မသေဘူးခြင်း ” ဆိုတဲ့ အချက်ကို အပိုင် ကိုင်ထားပေသကိုး ။

      ( ကထူးဆန်း ရဲ့ သူတို့ဆီမှာက လူတစ်ယောက် ရဲ့ အသက် ကို ၊
      အရမ်း အရမ်း အရမ်း အရမ်း အရမ်း ကို တန်ဖိုးထားသဗျ )

  • ကထူးဆန်း

    January 12, 2014 at 9:27 pm

    ဘဖော ပြောတာ နဲ့စိတ်ဝင်စားလို့ လိုက်ကြည့်မိတော့ မြန်မာပြည်က air line တွေ က သူတို့ အမှတ်ပေးတဲ့ IOSA certificate နဲ့ ICAO country Audit မလုပ်ထားပါဘူး ။ ဒါကြောင့်မို့ အမှတ်က အလိုလို ကျပြီးသားဖြစ်သွားပါတယ် ။ ဒါ့ အပြင် Air bagan က ၂၀၁၂ မှာ လူသေခဲ့လို့ အမှတ် တစ်မှတ် ထပ်ကျသွားလို့ အဲ့ဒီ့ lowest rank ထဲ တန်းရောက်ကုန်တာပါ ။

    What is IOSA Certification? The IATA* Operational Safety Audit (IOSA) certification audit is an internationally recognised and accepted evaluation system designed to assess the operational management and control systems of an airline. IOSA uses internationally recognised audit principles and is designed to conduct audits in a standardised and consistent manner. Airlines are re evaluated every two years. Registering for IOSA certification and auditing is not mandatory therefore an airline that does not have IOSA certification may have either failed the IOSA audit or alternatively chosen not to participate. *IATA (International Air Transport Association)

    What is ICAO and what are the 8 parameters? The International Civil Aviation Organization (ICAO) was created to promote the safe and orderly development of international civil aviation throughout the world. It sets standards and regulations necessary for aviation safety, security, efficiency and regularity, as well as for aviation environmental protection. The 8 ICAO audit parameters that pertain to safety are; Legislation, Organzation, Licensing, Operations, Airworthiness, Accident Investigation, Air Navigation Service and Aerodromes. For more information on a particular country visit http://www.icao.int/safety/Pages/USOAP-Results.aspx.

    Air Mandalay က သေထားတာ မရှိတော့ ၃ မှတ် ။ Golden Myanmar Airline ကလည်း ၃ မှတ် ။
    ့Yangon airways လည်း ၃ မှတ် ။
    Myanmar Airways International ကတော့ IOSA ရှိတော့ အမှတ် ၅ မှတ် ရသွားပါတယ် ။
    Air KBZ တော့ တွေ့ တောင် မတွေ့ဘူး ..

  • မောင်မိုဘိုင်(သလ္လာဝတီ)

    January 19, 2014 at 4:05 am

    နိုင်ငံ့ရေးရာတွေနဲ့ ပတ်သတ်ပြီး အငြင်းပွား အဲ့မှားလို့
    ဆွေးနွေးထားကြတာတွေဖတ်ပြီး ဗဟုသုတ ယူထားလိုက်ပါကြောင်းးး

Leave a Reply