သန်းခေါင်ယံ အတွေးစ

Mr. MarGaJanuary 10, 20141min25122

မိသားစု တစ်ခု ဆိုတာ
သူစိမ်းနှစ်ယောက်ကနေ အစပြုတာ။
မိသားစု တစ်ခုဖြစ်ဖို့
သာယာတဲ့မိသားစုဘဝတစ်ခုကို တည်ဆောက်ဖို့အတွက်
နားလည်မှုတွေ၊ ဂရုစိုက်မှုတွေ၊ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ အချိန်တွေကို အခြေခံအုတ်မြစ်အဖြစ် သုံးခဲ့ရတယ်။
ကွန်ဆာဗေးတစ်လို့ပဲပြောပြော လစ်ဘရယ်ပဲ ဖြစ်ဖြစ်
မိသားစု ဆိုတဲ့ အသိုက်အမြုံလေးတစ်ခုဖြစ်ဖို့အတွက်တော့ ထိုက်တန်တဲ့ တန်ဖိုးထားမှု၊ နားလည်မှုတွေ ပေးရတာပဲ။
မတူညီတဲ့ဘဝနှစ်ခုကို တသားတည်းဖြစ်အောင် ပေါင်းစည်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာကိုး
အိမ်ထောင်တစ်ခု ခိုင်မြဲဖို့၊ သာယာဖို့မှာ
အချစ်ထက် ယုံကြည်မှု၊ နားလည်မှုတွေဟာ ပိုအဓိကကျလိမ့်မယ်။
အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ
ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက် နိုင်တယ် ဆိုနိုင်ပေမင့်
ဟင်းတစ်ခွက်ဖြစ်ဖို့ ဆားကအဓိကနေရာမှာ မပါဘူး။
သံယောဇဉ် ဆိုတာကတော့
အရေးကြုံလာရင် ချစ်ခြင်းမေတ္တာထက် ပို အသုံးဝင်ပါတယ်လေ။
အဲ…..ပိုပြီးတော့လည်း တည်မြဲလိမ့်မယ်။

ဦးမာဃ၏ ဟိုတစ်စ ဒီတစ်စ မှတ်စုများ မှ

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

22 comments

  • KZ

    January 10, 2014 at 9:48 am

    အို။
    ဒါတွေက အဲလို သီဝရီတွေနဲ့လည်း တရားသေပြောလို့မရတဲ့ အရာတွေ ကလေးရဲ့။
    အိမ်ထောင်ရေး တို့ မိသားစု ရေးတို့ ဆိုတာ ကြုံလာတဲ့ အခက်အခဲနဲ့
    ဖြစ်လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး အကောင်းဆုံး အဆင်အပြေဆုံး ဘာဖြစ်နိုင်မလည်းဆိုတာ တွေးပြီး မှ အကောင်အထည်ဖော်ရတာ တည်ဆောက်ရတာ။
    အချစ်ရယ် သံယောဇဉ်ရယ်မှလည်းမဟုတ်၊ ယုံကြည်မှုတို့ နားလည်မှုတို့ ဆိုတဲ့ ဟာတွေလည်း ဘယ် အရာမှ မမြဲဘူး ဆိုတာ မှတ်ထားကွဲ့။
    အဲတော့ ကြုံသလို ရင်ဆိုင်ကြတာ အကောင်းဆုံးးးး

    😀

    ဒါတွေ တဂျား နားမလည်ပါဘူးးး ချာတိတ်က ငယ်ပါသေးတယ်။
    သွားသွားးးး ကစားစရာ အသစ်တွေနဲ့ သွားကစားနေ။ :mrgreenn:

    ~~~~
    ခွိခွိ။ စိတ်အဆိုးနဲ့ နောက်တာ။

    :mrgreen:

    • Mr. MarGa

      January 10, 2014 at 10:47 am

      အဟဲ…
      ဒီကိစ္စတွေက သီဝရီနဲ့တရားသေပြောလို့မရတာမှန်း သိလို့
      ကိုယ့် ကိုယ်ပိုင် အတွေးအခေါ်၊ ယုံကြည်ချက်ကို ချပြထားတာပေါ့.
      နောက်ထပ် ကိုယ်ပိုင်သီဝရီတစ်ခု ရှိသေးတယ်

      ဘာပဲလုပ်လုပ် ဖြစ်ချင်တာ၊ ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ချင့်ချိန်လုပ်ပါ။

      🙂

  • မဟာရာဇာ အံစာတုံး

    January 10, 2014 at 4:59 pm

    ဒီမှာ ငါ့ညီ …
    တရား ဆိုတာ စာဖတ်ရုံနဲ့ မပေါက်နိုင်ဘူးကွ ..
    စာသိပဲ ရှိမယ် …

    တကယ့် တကယ် လက်တွေ့ ကျင့်ကြံမှသာ ပေါက်နိုင်တာမျိုးကလား …

    ဒီတော့ ….

    • Mr. MarGa

      January 10, 2014 at 5:58 pm

      အင်း…..သိပ်ကြသဟ
      ပညတ်ကိုမကြည့်နဲ့ ပရမတ်ကိုမြင်အောင်ကြည့်
      ငိငိ

  • sorrow

    January 10, 2014 at 5:18 pm

    ဒီမှာ ငါ့ညီ ..ရည်းစား ရအောင်အရင်လုပ် …အာဟိ ( ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ …မကျေနပ်ရင်လေဖြတ် )

    • Mr. MarGa

      January 10, 2014 at 6:04 pm

      – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

      ဒဂျီးး သတ်မှတ်ထားတာနော့
      ငွင်းငွင်း

  • kai

    January 10, 2014 at 6:16 pm

    “အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး”ဤသုံးချက် မပိုင်လျှင် နောင်ပြင်နိုင်ခက်သည့် အမျိုး
    ဆိုတာကြီးက.. မြန်မာ့လူဘောင်ကိုတော်တော်ဒုက္ခပေးတယ်ထင်မိတယ်..

    ဆိုတော့…
    အဆင်ပြေရင်တူတူနေ..။ တူတူနေချိန်.. လူသားဆန်စွာ အပြန်အလှန်စည်းကမ်းထား..။ သဘောတူညီချက်ကို မချိုးမဖေါက်လိုက်နာ..။
    ညှိမရ.. အဆင်မပြေဖြစ်ရင်လမ်းခွဲ..။

    အကုန်ဖျက်လို့.. ပြင်လို့.. ထပ်လုပ်လို့.. အမှားပြင်လို့.. အသစ်စလို့.. အဆုံးသတ်လို့ရတယ်..
    ရသင့်တယ်..။
    လူတယောက် အသက်၁ထောင်မရှည်…။
    သာမန်အားဖြင့် ကိုယ့်အစွမ်းအစနဲ့.. လုပ်နိုင်ကိုင်နိုင်တာက.. အနှစ်၃-၄ဆယ်လောက်ရှိတာ..။
    အဲဒီအထဲ.. သဘောရှိ… ကလောဟိ..။ ပါတနာနဲ့..ဂိုးနိုင်၏..။

    • Mr. MarGa

      January 10, 2014 at 6:49 pm

      ဟဲဟဲ..သဂျီးရေ

      အကုန်ဖျက်လို့.. ပြင်လို့.. ထပ်လုပ်လို့.. အမှားပြင်လို့.. အသစ်စလို့.. အဆုံးသတ်လို့ရတယ်..
      ရသင့်တယ်..။

      မှန်ပေစွ…. ရသင့်သပေါ့
      သို့သော်……သို့သော်ပေါ့လေ

      အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး
      ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန် ခက်မည့်အမျိုး

      တဲ့။
      ဆိုတော့
      ထပ်လုပ်၊ အမှားပြင်၊ အသစ်စ၊ အဆုံးသတ် အကုန်ရတယ်။
      သို့သော် အရွယ်က ဒီအတိုင်းမှ မနေတာ
      ပြိီးတော့ သာယာတဲ့ မိသားစုတစ်ခုဟာ နေ့ချင်းညချင်း ဖြစ်တည်လာတာ မဟုတ်ဘူးလေဗျာ
      အဲ့ဒါလေးးး အဲ့ဒါလေးးးး
      နေဝင်ချိန်မှ ဘဝကိုပြန်စတာနဲ့ ငယ်ကတည်းက ဘဝကို စခဲ့တာ
      ကွာတော့ ကွာတာပေါ့နော…………..

  • တိမ်တမန်

    January 10, 2014 at 6:55 pm

    ကျနော်လည်း
    အချစ်ထက် သံယောဇဉ်ကို ပို ယုံကြည်နေတယ်

    • Mr. MarGa

      January 13, 2014 at 6:26 pm

      အချစ်နဲ့ သံယောဇဉ်
      ကွာတော့ ကွာတယ်
      ဒါမင့် ကြားမှာ ခြားတာလေးက ပါးပါးလေးရယ်
      ဟိုဘက်ဒီဘက် ခုန်ကူးနေပါလား ဟင် 🙂

  • Paing Lay

    January 10, 2014 at 9:33 pm

    သံယောဇဉ်xxxxxxxသံယောဇဉ်xxxxxxxလူကို အရှုးတစ်ပိုင်းဖြစ်စေတယ်xxxxxxxxxသံယောဇဉ် သံယောဇဉ်xxxxxxxxxနေမြင့်လို့ အရှုးရင့်ခဲ့တယ်xxxxxxxဒီသံယောဇဉ်xxxxxxxxသံယောဇဉ် :mrgreen:

    • Mr. MarGa

      January 13, 2014 at 6:29 pm

      သံယောဇဉ် ငြိတွယ်မိပေါ့ ကွယ်………. 🙂

  • TNA

    January 10, 2014 at 10:12 pm

    အေးပေါ့အေ့ ညီးကအိုးဆားဗစ်ဆိုတော့ ငါတို့လို ဆားဗစ်နုနုလေးတွေ ဗဟုတ်သုတ်တရသပေါ့အေရယ်။ :mrgreen: မှတ်သားနာယူလိုက်နာကျင့်သုံးပါမည့်အကြောင်း 😀

    • Mr. MarGa

      January 13, 2014 at 6:53 pm

      ဟုတ်ပ
      ဆယ့်တစ်နှစ်ပဲရှိသေးတာဆိုတော့ ဆားဗစ်နုသေးတာကိုး :mrgreenn:
      လက်တွေ့ ကျမကျ ပြန်လည်သိချင်ပါကြောင်း :mrgreenn:

  • kyeemite

    January 11, 2014 at 11:50 am

    ဘယ်အရာမှမမြဲတဲ့လောကကြီးမှာ..အချစ်ဆိုတာကောမြဲသတဲ့လား ခိခိ:-D

    • Mr. MarGa

      January 13, 2014 at 7:07 pm

      အင်
      ဘယ်အရာမှ မမြဲပါဘူး ဆိုနေမှတော့
      အချစ်လဲ ဘယ်မြဲမလဲဗျာ
      ဦးဦးကြိုက်မီးနော်
      သိသားနဲ့…. လူဇိုးး

  • Myo Thant

    January 11, 2014 at 3:41 pm

    အိုးဆားဗစ်ကြီးရဲ့ စကားတွေကို
    လွန်ခဲ့တဲ့ ရ နှစ်လောက်က
    ကြားခွင့်ရခဲ့ရင် အကောင်းသားကွယ် ၊ 🙂

    အင်း . . . လေ ၊ အခုတော့လည်း နေသားကျပါပြီ ။

    • Mr. MarGa

      January 13, 2014 at 7:09 pm

      အချိန်မတန်သေးလို့ လို့သာ မှတ်ပါဗျာ 🙂

  • တို့တွေကတော့ ဆား၊အချိုမှုန့်၊ငံပြာရည်၊ဆနွင်းမှုန့်၊ငြုပ်သီးမှုန့်၊ကြက်နီ/ဖြူ၊ဂျင်း
    (ဘာကျန်သေးလဲ) 🙄 အကုန်ပါတယ်
    😀

    • Mr. MarGa

      January 13, 2014 at 7:16 pm

      အချိုမှုန့်တွေ သိပ်သုံးမနေနဲ့ဦးဗျ
      တန်ဆေး လွန်ဘေး တဲ့ :mrgreenn:

  • myat pearl phyu

    January 29, 2014 at 3:22 pm

    အချစ် ချစ်ခိုက်သာလျှင် ချစ် ၏ ၊ မချစ် လျှင် ပစ် ၏ ။

    ခေတ္တမျှ ကောင်းကင်တွင် ပေါ်သော တိမ်ရုပ်ပမာ…။ (ပီမိုးနင်း)

    သံယောဇဉ်ဆိုတာ မွေးရင်းရလာတဲ့အနာ တွေးရင်းလှလာတဲ့ကဗျာပဲ။ (ကောင်းကင်ကို)

    တစ်မိသား နဲ့ တစ်မိသား ပေါင်းဖက်လို့ စုလာတဲ့ မိသားစုလေး ဥမကွဲ သိုက်မပျက်အောင် ဝိုင်းဝန်းကူညီ စောင့်ရှောက် ထိန်းသိမ်း ကာကွယ်ကြပါစို့ … (MPP 😉

    • Mr. MarGa

      January 29, 2014 at 3:33 pm

      အင်း……. တစ်ခု ရှိသေးသဗျ
      လင်နဲ့မယား လျှာနဲ့သွား တဲ့
      အဲ့ကြား ဝင်မိရင်လဲ မချောင်ဘူးနော့ 🙂

Leave a Reply