မင်္ဂလာနှစ်သစ်မှာ ရွာသူား အပေါင်းတို့ရှင်….

လစဉ်လတိုင်း ပညာရေးပရဟိတအလှူငွေတွေကို ဒါဇင်ပလပ်စ်ဆိုတဲ့ နာမည်နဲ့ ကျွန်မတို့ မန်းဂဇက်ရွာသူားများအဖွဲ့က ဦးစီးဦးဆောင်ပြုပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သီလရှင်စာသင်ကျောင်းတွေကို သွားရောက်လှူဒါန်းနေခဲ့တာ အခုဆိုရင် ၁၈ကြိမ်တိုင်ခဲ့ပါပြီ။

ဒီတခေါက်မှာတော့ လှူခဲ့သမျှကျောင်းတွေထဲက အချို့တဲ့ဆုံးလို့ ယူဆရတဲ့ ဒေါ်ဖွားသီလရှင်စာသင်ကျောင်းကို ဒုတိယအကြိမ်သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

အလှူရှင်အသစ်တွေကို ဖိတ်ခေါ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့လေ :)

ကျောင်းရဲ့တည်နေရာက ဒဂုံမြို့သစ်တောင်ပိုင်း ရှမ်းတဲကြီးရပ်ကွက်ပါ။

ကျောင်းထိုင်ဆရာလေးကို တော့ ဒီဖုန်းနံပတ်အတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်…၀၉ ၄၂၀ ၁၁၄၄ ၈၁

ဂုဏ်ပြုမှတ်တမ်း

ဂုဏ်ပြုမှတ်တမ်း

စာသင်ဆောင်/ဘုရားခန်း/ဆရာလေးရဲ့ကျောင်းသင်္ခန်း

စာသင်ဆောင်/ဘုရားခန်း/ဆရာလေးရဲ့ကျောင်းသင်္ခန်း

လယ်ကွင်းထဲကစာသင်ကျောင်း

လယ်ကွင်းထဲကစာသင်ကျောင်း

ကျောင်းဝန်းထဲလာဆော့တဲ့ခလေးလေး

ကျောင်းဝန်းထဲလာဆော့တဲ့ခလေးလေး

ဒါဇင်ပလပ်စ်အဖွဲ့သားများ :P

ဒါဇင်ပလပ်စ်အဖွဲ့သားများ :P

အလှူငွေကျပ် ၄သိန်းတသောင်း၂ထောင်တိတိ

အလှူငွေကျပ် ၄သိန်းတသောင်း၂ထောင်တိတိ

မြန်မာဂဇက် ရွာသူားအပေါင်း နှစ်သစ်မှာ တောင်းတအပ်တဲ့အလိုဆန္ဒတွေ တလုံးတ၀ထဲပြည့်စုံကျပါစေဗျာ :)

About Shwe Ei

Shwe Ei has written 44 post in this Website..