64bit ဟုခေါ်သော…

ကြောင်ဝတုတ်January 10, 20145min110421

ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကို ရိုးရိုးလေး 64bit လို့နာမည်ပေးလိုက်ပါတယ်…

အလွယ်ဆုံးပြောရရင် ကျွန်တော်ပြောချင်နေတဲ့အကြောင်းအရာဟာ 64bit အကြောင်းအရာပါပဲ…

ဒါဆိုရင် 64bit ဆိုတာ ဘာလဲသိချင်ကြလိမ့်မပေ့ါ….

ဒီလိုပါဗျာ… 64bit ဆိုတာ 64bit ပါပဲ…

ဒါပေမယ့် 64bit မရောက်ခင်မှာ… 64bit မဖြစ်ခင်မှာ ကျွန်တော်တို့က 32bit နဲ့အကြာကြီးဖြတ်သန်းခဲ့ရတယ်ခင်ဗျာ…

ခင်ဗျားတို့ သတိထားမိချင်သတိထားမိမယ်… သတိမထားမိရင်သတိမထားမိဘူး…

ကျွန်တော်တို့တတွေ 32bit နဲ့ နှစ်ပေါင်းများစွာလက်တွဲခဲ့ဖူးကြပါတယ်…

64bit

 

 

 

 

 

 

 

 

 

 

ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း ကျွန်ပျူတာသုံးခဲ့ကြတယ်…

အဲဒီကွန်ပျူတာတွေဟာ 64bit လား 32bit လားဆိုတာ သိသူတွေသိကြမယ်… မသိသူတွေမသိကြဘူး…

ဒီနေရာမှာ နည်းပညာစကားကို လွယ်လွယ်ရှင်းရှင်းနားလည်အောင်ပြောရရင်…

ကွန်ပျူတာ Processor က စတင်တွက်ချက်လိုက်ရာကနေ အဆုံးလုပ်ငန်းစဉ်ပြီးဆုံးတဲ့အထိ ကိုင်တွယ်တွက်ချက်နိုင်တဲ့

Data ပမာဏကိုဆိုတာပါ…

အဲဒီတော့ အပြင်ပန်းအမြင်မှာ… 64bit ဟာ 32bit ထက် (၂)ဆပိုတွက်ပေးနိုင်မယ်လို့ ထင်ကောင်းထင်လိမ့်မယ်…

ဒါပေမယ့် မှားပါတယ်…

သီအိုရီအရပြောရမယ်ဆိုရင်…

32bit Processor တစ်လုံးဟာ အများဆုံးတွက်ချက်နိုင်မှုပမာဏ 4GB အထိရှိပြီးတော့

64bit Processor တစ်လုံးရဲ့ အများဆုံးတွက်ချက်နိုင်မှုက 16 Exabyte ဖြစ်လာပါတယ်…

အဲဒီတော့ Gigabyte နဲ့ Exabyte ဘယ်လောက်ကွာခြားလဲဆိုတာသိချင်ရင်… အောက်ကဇယားလေးကိုကြည့်ကြည့်ပါ…

prefixestableel3

 

 

 

 

 

 

 

 

 

 

လွယ်လွယ်နားလည်အောင်ပြောရရင်ဖြင့်…

16 Billion Gigabyte ပါတဲ့…

အဲဒီမှာတော့

လက်တွေကွန်ပျူတာအခြေခံအရပြောကြရအောင်…

အရင်ဆုံး ကျွန်တော်တို့က ကွန်ပျူတာကိုအလုပ်တစ်ခုခိုင်းစေလိုက်တဲ့အချိန်မှာ…

တွက်ချက်မှုကို Processor ကနေပြုလုပ်ပါတယ်…

ကြားထဲမှာ… Memory ကနေပြီးတော့ တွက်ချက်မှုအတွက်ကြားခံအဖြစ်ရှိနေပြီးတော့ Processor ကို Data တွေလွှဲပြောင်းပေးပါတယ်…

Input —-> Memory —–>CPU (Processor) —-> Output

ဒီလိုမျိုးအဆင့်ဆင့်သွားပါတယ်…

အဲဒီတော့ Processor 32bit ဖြစ်နေတဲ့အချိန်မှာ အများဆုံးတွက်ချက်နိုင်မှုက 4GB ဖြစ်တဲ့အတွက်…

Memory ဟာ 4GB အများဆုံးအသုံးပြုနိုင်တဲ့ပမာဏဖြစ်ပါတယ်…

အဲဒီတော့ 32bit ကွန်ပျူတာတွေ 32bit Operating System တွေကို 4GB ထက်ပိုတဲ့ Memory နဲ့သုံးရင်…

အပြည့်အဝအသုံးမချနိုင်တဲ့ပြသနာဖြစ်လာပါတယ်…

အဲဒီလိုပဲ… နောက်တစ်နေရာမှာဖြစ်လာတဲ့ပြသနာက အချို့သောကွန်ပျူတာအသုံးပြုသူတွေဟာ…

4GB Memory နဲ့ 32bit တွက်ချက်မှုကို မလုံလောက်တဲ့အခါမှာ သူတို့အတွက် ပြသနာဖြစ်လာရပါတော့တယ်…

အဲဒီတော့ 64bit Computing ဘက်ကို ခြေဦးလှည့်ရပါတော့တယ်….

ကမ္ဘာ့ပထမဆုံး 64bit Personal Computer ကိုပြောရမယ်ဆိုရင်တော့…

G5-2

 

 

 

 

 

 

 

 

အားတော့နာပါတယ်… Acer မဟုတ်ပါဘူး… DELL မဟုတ်ပါဘူး… အဲဒီလို… Samsung လဲမဟုတ်ပါဘူး…

သူကတော့ ၂၀၀၃ ခုနှစ်မှာ စတင်ထုတ်လုပ်ရောင်းချခဲ့တဲ့ Apple ရဲ့ Power Mac G5 ပါ…

ပန်းသီးအတွက် Processor ထုတ်လုပ်သူကတော့ နာမည်ကျော် IBM ဖြစ်ပြီး…

cpu-wars-athlon-64-powerpc-640x353

 

 

 

 

 

 

 

 

 

အသုံးပြုထားတဲ့ Processor အမျိုးအစားကတော့ PowerPC 970 ပါ…

အဲဒီအချိန်မှာ Memory 8GB အထိ Support လုပ်နိုင်တဲ့ တစ်ခုတည်းသော Desktop Computer ဖြစ်ပါသတဲ့…

နောက်ပိုင်းမှာ AMD ကနေပြီးတော့ 64bit Athlon Processor တွေလိုက်ထုတ်တော့မှ…

PC လောကမှာ 64bit ကို စတင်ရင်းနီးလာပြီး…

၂၀၀၅ခုနှစ်ကျမှ Intel ရဲ့ Pentium D processor ရောက်တော့မှ PC တွေပေါ်မှာ 64bit တွေသုံးလို့ရသလို…

220px-Intel_Pentium_D_Logo

 

 

 

 

 

 

၂၀၀၅ခုနှစ် ဧပြီလမှာပဲ Microsoft ကနေ Windows XP 64bit Edition ကိုစတင်ထုတ်လုပ်ရောင်းချပါတယ်…

WinXP64

 

 

 

 

 

 

 

ဒီမြင်ကွင်းလေးကို မြင်ဖူးကြ မှတ်မိလိမ့်မယ်ထင်ပါတယ်…

WindowsXP 64bit ကို ကျွန်တော်တို့ တော်တော်များများ မသုံးခဲ့လိုက်ရပါဘူး…

နောက်ပိုင်းမှစလို့ Windows Vista, Windows 7, Windows 8, Windows 8.1 တို့ပေါ်လာတဲ့အချိန်မှာတော့

Microsoft ကြီးက 32bit နဲ့ 64bit ဆိုပြီးခွဲထုတ်လာတာကို သိကြမှာပါ…

လောလောဆယ် Windows 64bit လက်ခံနိုင်တဲ့အများဆုံးပမာဏက သီအိုရီအရ 16EB ဖြစ်ပေမယ့် တကယ်တမ်းမှာတော့

192GB အထိပဲလက်ခံနိုင်ပါသေးတယ်တဲ့…

အဲဒီလိုပဲ… လက်တွေ့အသုံးချနေကြတဲ့သူတွေကြားထဲမှာတော့ Memory ကို 8GB (သို့) 16GB လောက်သာထည့်သုံးနေကြတာကို

တွေ့ကြရမှာပါ… ဒါတောင် လူတိုင်းမဟုတ်သေးဘူးနော်… သာမာန်လုပ်ငန်းအတွက်လောက်ကတော့ 4GB Memory လောက်နဲ့

အဆင်ပြေနေဆဲပါ…

နောက်ဆုံးထုတ်ထားတဲ့ Apple ရဲ့ Mac Pro မှာတောင် Memory 16GB နဲ့ပဲ ကြော်ငြာထားပါသေးတယ်…

 

၂၀၁၃ခုနှစ် စက်တင်ဘာလမှာတော့ Apple က သူ့ရဲ့ iPhone မျိုးဆက်အသစ်ကို မိတ်ဆက်တဲ့နေရာမှာ…

မိုဘိုင်းလောကအတွက် ပထမဆုံးသော 64bit Mobile ဖြစ်တဲ့ iPhone 5S ကို ချပြခဲ့ပါတယ်…

အပြင်ပန်းအမြင်မှာတော့ iPhone 5 နဲ့ iPhone 5S ဟာ ဘာမှခြားနားမှုမရှိဘူးလို့ ပြောဆိုကြတဲ့သူတွေအတွက်…

iPhone 5S ဟာ လွန်စွာမှခြားနားသလို… Mobile Computing အတွက် အတော်ကြီးမားတဲ့ တော်လှန်ရေးတစ်ခုဖြစ်ပါတယ်…

iPhone 5S
iPhone 5S

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

iPhone 5S နည်းတူ… iPad Air နဲ့ iPad Mini with Ratina Display (iPad Mini2) တို့ဟာ 64bit Mobile ဖြစ်ခဲ့ပါပြီ…

iPad Air & iPad Mini Ratina Display
iPad Air & iPad Mini Ratina Display

 

 

 

 

 

 

 

 

 

ဒါဟာ Mobile Device တွေမှာ Memory 4GB ထက်ပိုသုံးလာနိုင်မှာဖြစ်သလို…

Laptop တွေထက် သယ်ယူသွားလာရလွယ်ကူတဲ့ Tablet တွေ ဖြစ်လာတော့မှာပါ….

ဒါကြောင့် Apple ရဲ့ 64bit တော်လှန်ရေးဟာ ကွန်ပျူတာလောကတင်မကဘူး…. Mobile လောကအထိပါ…

ခြေဆန့်ခဲ့ပါတယ်…

အခုအချိန်မှာ Apple အနေနဲ့ သူ့ရဲ့ Mobile OS ဖြစ်တဲ့ iOS 7 ကို 64bit အတွက်ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်…

ဒါတွေကို ကြည့်ခြင်းအားဖြင့် နောက်မကြာတော့သောနှစ်တွေမှာ Mobile Device တွေဟာ Performance အရမ်းလိုတဲ့

Application တွေကလွဲရင် သာမာန်နေ့စဉ်သုံးစွဲနေတဲ့ Application တွေအားလုံးကို အသုံးပြုခွင့်ပေးနိုင်မယ်လို့ ခန့်မှန်းမိပါတယ်…

Personal Computer (Desktop, Laptop)တွေ အသုံးပြုမှုလျော့ကျတော့မယ်လို့ ခန့်မှန်းရပါတယ်…

Apple ကတော့ သူ့ရဲ့ 64bit Chip ဖြစ်တဲ့ A7 Chip ကို ရောင်းချခဲ့ပြီးပါပြီ…

Apple's A7
Apple’s A7

 

 

 

 

 

 

 

 

 

အဲဒီတော့ 64bit ကိုဦးတည်မယ်ဆိုရင် Chip ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ Chip Architecture ကိုမဖြစ်မနေပြောင်းရမှာပါ…

အဲဒီလိုပဲ… Operation System ကိုလဲ 64bit Support လုပ်ဖို့ ပြုပြင်ရပါဦးမယ်…

ARM Processor တို့ Qualcomm တို့ရဲ့ Snapdragon တို့ကတော့ 64bit ထုတ်လုပ်မယ်လို့ အသံကုန်ဟစ်နေကြပါပြီ…

အဲဒီလိုပဲ… Android Kitkat ကလဲ 64bit ဖြစ်အောင် အထောက်အပံ့ပြုမယ်လို့ဆိုပါတယ်…

အဲဒီလိုပဲ Application ရေးသူတွေကလဲ Code တွေအစအဆုံးပြန်လည်ပြုပြင်ရမှာပါ…

Application နေရာယူမှုတွေပိုများလာပါမယ်… နည်းပညာရှုပ်ထွေးမှုတွေ အများကြီးရှိပါတယ်…

အဲဒီလိုပဲ ဘက်ထရီပိုသုံးတဲ့အနေအထားရောက်လာပါမယ်…

ဒါတွေအားလုံးလိုလိုကိုတော့ Apple က ဖြတ်သန်းခဲ့ပါပြီ… အောင်မြင်စွာဖြတ်ကျော်ခဲ့ပါပြီ…

အဲဒီလိုပဲ လောလောဆယ်အသံတိတ်နေတဲ့ Samsung ကတော့ဖြင့် ထုံးစံအတိုင်း…

သူ့ရဲ့ Mobile Device တွေမှာ 64bit နည်းပညာကို အတည်ပြုထုတ်လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…

 

ဘယ်လိုပဲပြောပြော…

Mobile Device တွေထဲမှာ ပထမဆုံး 64bit တော်လှန်ရေးလုပ်ခဲ့တဲ့ Steve Jobs မရှိတော့တဲ့ Apple ရဲ့အစွမ်းကိုဖြင့်…

သွားလေသူ Steve Jobs ကျေနပ်မယ်လို့ ထင်ပါတယ်…

တကယ်တော့ Apple ဟာ စွန့်ဦးတီထွင်သူဆိုတာ လုံးဝငြင်းမရတဲ့အချက်ပါပဲခင်ဗျား…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

 

21 comments

  • မင်း ခန့် ကျော်

    January 10, 2014 at 3:40 pm

    ကောင်းလိုက်တာဗျာ

  • kai

    January 10, 2014 at 4:37 pm

    ကျုပ်ကတော့.. ၆၄ဘစ်ကို.. ယူနစ်စ်အိုအက်စ်တွေနဲ့ စသုံးဖူးတာကြာလှပေါ့..
    လင်းနပ်စ်တွေလည်း.. ၆၄တွေများပါ့..။ များဆို..အကုန်လိုလို ၆၄။

    ဆိုတော့..
    ပန်းသီးဟာ.. ကမ္ဘာလူနေမှုကိုပြောင်းစေအောင်.. မားကကက်တင်းတော်သူ.. လို့တော့ သေချာပေါက်..အသိအမှတ်ပြုပါ၏။ :mrgreen:

    • ကြောင်ဝတုတ်

      January 10, 2014 at 4:56 pm

      သူကြီးရေ…
      Linux ကိုထားပါ… Unix ကိုတော့ဖြင့် Network သမားမို့ မကောင်းမပြောရဲ…
      မတွန်းလှန်ရဲပေါ့…
      နောက်ပြီးတော့ ပန်းသီးရဲ့ အဖေက Unix ဆိုတာ မေ့ထားလို့မရစကောင်းပေါ့ဗျာ…

      ခင်မင်လျက်-
      ဖက်ဖက်ကက်

  • မဟာရာဇာ အံစာတုံး

    January 10, 2014 at 4:43 pm

    အာကိုဂျီး ပေါမှ
    ၆၄ ဘစ် အကြောင်း ပိုသိသွားတယ် …
    တကယ်ပြောတာ ….
    ပီးတော့ .. အက်ပဲလ် ကိုတော့ဖြင့် တစ်ခါမှ မသုံးဖူးသေးဘူး ..
    အိုက်ဒီတစ်ချက်ကတော့ ညံ့ချက် တစ်ခုပဲ …

  • Mr. MarGa

    January 10, 2014 at 5:58 pm

    လောလောဆယ် ဝင်မန့်တာ
    နောက်အပတ်မှာ ထပ်လာပြီး ဆွေးနွေးမယ်ဗျို့

  • Mr. MarGa

    January 10, 2014 at 6:23 pm

    ကဲပါလေ…ဖတ်ချိန်ရှိနေတုန်းလေး
    ကဖက်ကတ် ရေ့
    အင်း….. အဲ့ဒီပန်းသီးကိုတော့ ထပ် လေးစားမိပါရဲ့
    64 bit ကို မိုဘိုင်းဘက်ကိုပါ ဆွဲခေါ်လာပြီကိုး
    PC ဘက်မှာတုန်းက အဓိက ပြိုင်ရတာက microsoft နဲ့ ဆိုတော့ ကွာဟချက် အတော်များသွားတယ်။
    အခု မိုဘိုင်းဘက်မှာတော့ စက်ရုပ်နဲ့ ပြိုင်ရမှာနော့
    ဒါပေမင့် လောလောဆယ် အထိတော့
    ပန်းသီးက ရှေ့ကလမ်းဖောက်လိုက် ကျန်တာတွေက နောက်ကလိုက် နဲ့ ဟုတ်တော့ဟုတ်နေတာပဲ။
    ကျနော်တို့တွေ 64bit mobile လောကထဲမှာ ကျင်လည်ရဦးမပေါ့
    ပန်းသီးရဲ့ 64bit PC ကိုတော့ သိပ်မသိလို့မပြောတော့ပါဘု
    အဲ… windows ရဲ့ 64bit ဗားရှင်းကတော့ သာမန်အသုံးပြုသူတွေထဲ သိပ် ပေါ်ပြူလာမဖြစ်လိုက်ဘူးပြောရမယ်။
    သို့သော် သို့သော်ပေါ့လေ
    64bit များ တစ်ခေတ်ဆန်းလာပြီဆိုတော့
    အဓိက သုံးနေတဲ့ backend server ကြီးတွေကလွဲရင်
    ကျန်တာတွေအားလုံးများ mobile ဘက်ကိုရောက်သွားလေမလား…..
    အဟေးဟေးးး
    တွေးတော့ တွေးကြည့်ချင်စရာ ဗျ 🙂

  • တိမ်တမန်

    January 10, 2014 at 6:57 pm

    ဗဟုသုတ ရတယ်ဗျာ

    စောင့်မျှော်လေ့လာလျက်ပါနော်

    ခင်မင်လျက်
    ဆက်ဆက်

  • TNA

    January 10, 2014 at 10:19 pm

    🙄
    🙄
    🙄
    ဘာမှနာမလည်လို့ ဖတ်သားမှတ်ရှု့သွားပါတယ်။ ဗဟုသုတရလို့ကျေးဇူးပါ။

  • ရွှေတိုက်စိုး

    January 11, 2014 at 9:19 am

    ငါထင်တော့ထင်သား…. ဒင် ပန်းသီးအကြောင်းပြောတော့မယ်ဆိုတာ..
    အစကတော့ ကွန်ပျူတာ ကိုသိသလိုတတ်သလိုနဲ. ကောင်းမိကောင်းလျှက်ပြောလာပြီးမှ..
    ဘယ့်နှယ့် ပန်းသီးရောက်သွားပါလိမ့်..

    ဒို.ကတော့ ၆၄ဘစ် တွေ ၃၂ဘစ်တွေ စိတ်မဝင်စားဘူး.. များဒို.က မိရိုးဖလာ XP ပဲ သုံးဒယ်………….ခွိ

  • ဝင်းဒိုးမှဝင်းဒိုးပါ (y) (အမှန်က ပန်းသီးနားမကပ်နိုင်သဖြင့်)
    64bit ကို Asus PC. memory 4gb (window8)စပေါ်မှ စသုံးခဲ့တာပါ။32,64 ၂မျိုးလုံးတင်တယ်။
    ဘာပဲပြောပြော window8 ကိုတော့ သုံးခဲ့သမျှဗားရှင်းတွေထဲအကြိုက်ဆုံးလို့ ထပ်တလဲလဲပြောချင်တယ်။
    8.1 လည်း တင်ကြည့်ဖို့လုပ်နေတယ်။
    ပန်းသီးကလည်း ပန်းသီးလောက်ကောင်းသလို၊ဇီးသီးကလည်း ဇီးသီးလောက်ကောင်းတယ်။
    😀

    • Ma Ma

      January 14, 2014 at 6:08 pm

      ဇီးသီးကလည်း ဇီးသီးလောက်ကောင်းတယ် …. ဆိုတာကို ထောက်ခံပါတယ်။
      🙂

    • Foreign Resident

      January 15, 2014 at 6:58 am

      •*¨နန်းတော်ရာသူ •*¨ says:
      ” ဝင်းဒိုးမှဝင်းဒိုးပါ ( အမှန်က ပန်းသီးနားမကပ်နိုင်သဖြင့် ) ”

      ပန်းသီး နား ကိုတော့ကပ်နိုင်ပါတယ် ။ ဒါပေမယ့် ၊

      ၁ ။ Games က အစ Application အများစု က ဝင်းဒိုး ဖြစ်နေတာရယ် ၊
      ၂ ။ ကိုယ်ကလည်း ဝင်းဒိုး ကိုဘဲ သုံးနေကျ Used to ဖြစ်နေတာရယ် ၊
      ၃ ။ ကိုယ်နှင့် File Share ရမယ့် လူ / လုပ်ငန်း အားလုံးက ဝင်းဒိုး ဖြစ်နေတော့ ၊

      ပန်းသီး ကို မချစ် ရဲ သေး ဘူးကွယ် ။

      ” ဘာပဲပြောပြော window 8 ကိုတော့ သုံးခဲ့သမျှဗားရှင်းတွေထဲ
      အကြိုက်ဆုံးလို့ ထပ်တလဲလဲပြောချင်တယ် ”

      window 8 က တကယ်ကောင်းလား ၊ ဟုတ်လား ။
      အဘ တို့ Conservative အဖိုးကြီးတွေကတော့ ၊
      window 8 ကို မပြောင်းရဲသေးလို့ ၊ window 7 ပဲရှိသေးတယ် ။

      window 9 ကျမှ Lap Top အသစ်ပါ တစ်ခါတည်း အသစ်ဝယ်ပြီး ၊
      ပြောင်းမယ်လို့ စဉ်းစားတာဘဲ ။

      • window ကိုပဲကြိုက်တယ်ဆိုရင်တော့ window8 ကိုတင်လိုက်ပါအဘရေ။
        တင်ရတာလွယ်ကူမြန်ဆန်သလို၊ဝင်းဒိုးအတက်အကျ အများကြီးမြန်တာတစ်ခုနဲ့တင်
        အဘအတွက်အချိန်ကုန်သက်သာပြီး ကျေနပ်မှုရစေမှာပါ။
        (မှတ်ချက်-ဘီလ်ဂိတ်နဲ့ဘာဆိုဘာမှမတော်ပါ)
        😀

  • padonmar

    January 12, 2014 at 1:04 am

    ပန်းသီးဆိုတော့ အရီးလတ်ကို သတိရမိတာပါပဲ။
    ကျန်တာတော့ ဗဟုသုတတွေ ရလိုက်လို့ ကျေးဇူးတင်ပါတယ်ဆိုတာကလွဲရင် ဝင်မဆွေးနွေးတတ်ပါဘူး။

  • kyeemite

    January 14, 2014 at 11:17 am

    🙄
    🙄
    🙄
    တားတားလည်းပြောတတ်တော့ဘူး…ဗဟုသုတအဖြစ်ဖတ်သွားပါသီ 😀

  • ကြောင်ဝတုတ်

    January 15, 2014 at 2:31 pm

    ကျွန်တော်ရေးတဲ့စာကို နားလည်လည်… မလည်လည်ဖတ်သွားကြတဲ့ သူငယ်ချင်းများအားလုံးကို
    ကျေးဇူးတင်ပါတယ်…
    ဒီစာကိုရေးရကျိုးနပ်ပါပြီ…
    ဘာဖြစ်လို့လဲဆိုတော့ 64bit ဆိုတာ User ကိုယ်တိုင်သိချင်မှသိနိုင်သလို…
    တချို့တချို့သော Technician တွေဆိုရင်လဲ 64bit ဆိုတာသာသိတာပါ… တိတိပပသိတတ်တာမျိုးမဟုတ်ပါဘူး…
    ထပ်ပြောရရင်… မသိလဲဘာမှအကျိုးမထူး…
    အလွယ်လမ်းလိုက်ချင်ရင် Memory အပြည့်အဝအသုံးချချင်ရင် 64bit သုံး မဟုတ်ရင် 32bit မှာပဲနေ…

    ဒါပေမယ့် တကယ်ထဲထဲဝင်ဝင်သိချင်… စိတ်ဝင်စားတတ်တဲ့လူတွေကျတော့
    32bit ကနေ 64bit ဖြစ်သွားတဲ့အတွက်… နည်းပညာပြောင်းလဲမှု… ဘယ်လောက်ကြီးသလဲ…
    ဒီတော်လှန်ရေးဘယ်လောက်တာသွားလဲဆိုတာ သိစေချင်လို့ ဒီစာကိုရေးမိပါတယ်…
    iPhone 5S က iPhone 5 နဲ့ Finger Print Sensor တစ်ခုထဲပဲကွာသွားတာပါလို့…
    ပြောနေကြတဲ့သူတွေတစ်ပုံကြီးပါ…
    အပြင်ပန်းမှာလဲ… ဒီအတိုင်းပါပဲ…
    ဒါပေမယ့်… 32bit Mobile OS ကနေ 64bit Mobile ဖြစ်သွားတဲ့ အကျိုးဆက်က…
    ခန့်မှန်းလို့မရတဲ့ အကျိုးဆက်ကို သယ်ဆောင်သွားနိုင်ပါတယ်…

    အပေါ်က သူကြီးပြောခဲ့တာပြန်ကောက်ရင်…
    Linux တို့ Unix Server တွေမှာ 64bit သုံးတယ်ဆိုတာကို လူပိန်းစဉ်းစားနည်းနဲ့စဉ်းစားရအောင်…
    လူအယောက် (၂၀၀)လောက်သုံးမယ့် Server တစ်လုံးကို Memory 4GB နဲ့လုံလောက်မတဲ့လား…
    မလုံလောက်ပါဘူး… အဲဒီအတွက် သူတို့တွေအားလုံး 64bit ဖြစ်ပြီးသားပါ…
    ဒါပေမယ့် ပန်းသီးက သူ့ပရိတ်သတ်လိုအင်ကို သိတယ်ဆိုရမပေါ့…
    ပန်းသီးကို Professional သုံးသူတွေဟာ Graphic Design တို့ Movie Editing တို့မှာသုံးပါတယ်…
    အဲဒီအတွက် Memory Amount များများလိုအပ်တဲ့အလုပ်တွေအတွက်…
    ပန်းသီးက သာမာန်ကွန်ပျူတာကို 64bit လမ်းကြောင်းပေါ်ဆွဲတင်ခဲ့တာပါ…
    သူကြီးစကားလေးအတိုင်း ဆက်ပြောရရင်…
    ကမ္ဘာ့လူနေမှုကို ပြောင်းခဲ့တာပါ…

    ဒါပေမယ့် Mobile OS ကို ဘာလို့ 64bit လုပ်သလဲဆိုတဲ့အကြောင်းပြောရမယ်ဆိုရင်တော့…
    သကြားရဲ့အမြင်လေးကို ပြန်ကိုးကားရတော့မှာဖြစ်ပါတယ်….
    Technical အရ ပြောရင် ရှုပ်သွားမှာစိုးလို့ လွယ်လွယ်မြင်မြင်ပြောပါ့မယ်…
    Technical အရသိချင်ရင်တော့ နောက်တစ်ခု ထပ်မန့်မယ်ပေါ့ဗျာ…

    ဒီလိုပါ…
    အခု Android က အော်ဟစ်နေတဲ့ Multitasking အကြောင်းဆိုကြပါစို့…
    ပန်းသီးရဲ့ Multitasking က အစစ်မဟုတ်ဘူးလို့ ပြောကြပါတယ်… ဟုတ်ပါတယ်… အစစ်မဟုတ်ပါဘူး…
    Multitasking အစစ်ဆိုတာ ဥပမာ… jpg File တစ်ခုကို တစ်ဖက်က Picture viewer ထဲကနေ တစ်ဖက် Photoshop ထဲ Drag & Drop ဆွဲထည့်လို့ရတာမျိုးကို Multitasking လို့ခေါ်ပါတယ်…
    User တွေဟာ နေ့တိုင်းနီးပါး အဲဒီ Function ကိုသုံးနေပေမယ့်လဲ ဒါဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ
    မသိကြပါဘူး…
    Mobile မှာ အဲ့လိုလုပ်လို့မရပါဘူး…
    ဘာဖြစ်လို့မရသလဲဆိုတော့ Mobile Processor က အဲဒီလောက်မတွက်ချက်နိုင်လို့ပါ…
    အဲဒီတော့ Mobile တွေပေါ်မှာ Application တစ်ခုကနေ တစ်ခုကူးပြောင်းရင်…
    Application တစ်ခုကို ခဏ Pause လုပ်ထားပြီး နောက်တစ်ခု Run လုပ်ပါတယ်…
    (၂)ခု တစ်ပြိုင်ထဲ လုပ်လို့မရပါဘူး…
    အဲဒီတော့ Android တွေက အော်ပါတယ်… Samsung Galaxy တွေမှာ Multitasking ရပါတယ်တဲ့…
    ရုပ်ရှင်ကြည့်တုန်း အင်တာနက်သုံးလို့ရပါတယ်တဲ့…
    ဒါပေမယ့် ကွန်ပျူတာမှာလိုလုပ်လို့မရပါဘူး…

    အဲဒီတော့ အဖြေကရှင်းပါတယ်…
    ကျွန်ပျူတာလိုလုပ်လို့မရရင်… ကွန်ပျူတာနေရာမှာအစားထိုးဖို့မဖြစ်နိုင်ပါဘူး…
    အရင်ဆုံး မိုဘိုင်းကို ကွန်ပျူတာလိုဖြစ်အောင် အရင်လုပ်ဖို့က Memory ဒီထက်ပိုသုံးနိုင်ဖို့လိုတယ်…
    Processor တွေ ဒီထက်ပိုမြန်လာဖို့လိုပါတယ်…
    IBM က ပြောဖူးပါတယ်… Mobile Device တွေအတွက် Dual Core တွေ Quad Core တွေဟာ
    ဖြေရှင်းနည်းမဟုတ်ပါဘူးတဲ့…
    မှန်ပါတယ်… ပန်းသီးဟာ Dual Core ထက်မပါတဲ့ Processor နဲ့ အမြန်ဆုံးဖုန်းတစ်လုံးထုတ်ပြခဲ့တယ်…
    ဒါက 64bit iPhone 5S ပါ…
    ထပ်ပြောရရင် ဒါဟာအဖြေပါ….

    ဒီမှာ လမ်းကြုံလို့ပြောချင်တာလေး ပြောပါဦးမယ်…
    တစ်ယောက်သောစာရေးသူတစ်ယောက်ကပြောထားဖူးသေးတယ်ဗျ…
    iPhone 5S ရဲ့ Processor ကို Samsung က ထုတ်ပေးတာပါတဲ့… မှန်ပါတယ်…
    Samsung ရဲ့ Chip စက်ရုံကနေထုတ်ပေးတာပါ…
    ဒါပေမယ့် ရော့… ဒီဒီဇိုင်းအတိုင်းထုတ်ဆိုပြီး ပန်းသီးက ထုတ်ခိုင်းတာပါ…
    Samsung က ရော့ ပန်းသီး ငါထုတ်ထားတဲ့ ဒီ 64bit Processor ကို သုံးစမ်းလို့ ခိုင်းတာမဟုတ်ပါဘူး…
    သေချာစဉ်းစားကြည့်နော…
    နောက်တစ်ခု အဲဒီစာရေးသူကပဲပြောသေးတယ်…
    iPhone ရဲ့ A7 Processor က i3 နဲ့ ညီလား… i7 နဲ့ ညီလားဆိုပြီး ပန်းသီးမပြောရဲပါဘူးတဲ့…
    သနားစရာကောင်းတာက Mobile Processor နဲ့ Computer Processor Architecture မတူတာကို
    စာရေးသူလေး သိရှာပုံမရဘူး… သနားမိပါတယ်…

    ဒီနေရာမှာ အဘဖောရဲ့စိုးရိမ်စိတ်လေးနဲ့ ကိုရဲစည်နဲ့ မောင်ဂီတို့ရဲ့ ပျက်ပြယ်သွားတဲ့စိတ်ကူးယဉ်အိပ်မက်လေး
    အကြောင်းကို ဆက်ပါ့မယ်….
    နန်းတော်ရာသူရေ… နားဆက်ထောင်ပါနော…

    ရွာထဲမှာ စက်ရုပ်နဲ့ ပန်းသီးပရိတ်သတ်တွေကြားထဲမှာ ပထမဆုံး Windows Phone သုံးခဲ့တဲ့သူက
    ကျွန်တော်တို့ရဲ့ ခင်ခက်ခက်ခေါ (ကိုရဲစည်ပါ…)
    အဲ့အချိန်တုန်းက စိတ်ကူးယဉ်ခဲ့ပါတယ်…
    သုံးတဲ့ ကွန်ပျူတာကလဲ Windows, Microsoft ရဲ့ Surface Tablet လေးနဲ့ Nokia ရဲ့ Windows Phone လေးနဲ့ဆိုရင်… OS Platform တူနေတာမို့ ဘာညာပေါ့ဗျာ… ဟဲဟဲ…
    Nokia က ဖုန်းထုတ်နေလား… ကင်မရာထုတ်နေလားတော့မသိ…
    ဈေးကွက် ၃% ထက်မတက်… Microsoft Surface 2 ထွက်လာခဲ့ပြီး…
    မှန်းချက်နဲ့ နှမ်းထွက်ကမကိုက်…
    Windows 8.1 သာဖြစ်လာတယ်… Windows 7 ကို ကန့်လန့်ကာကာပြီး Windows 8 ဆိုရောင်းစားတာ…
    စိတ်ဝင်စားစရာမကောင်း…
    ဘီလ်ဂိတ်ကြီးကိုယ်တိုင် Windows ဟာ Mobile ကိုကူးသွားတာ မှားယွင်းတဲ့ဆုံးဖြတ်ချက်လို့…
    ပြောခဲ့ဖူးသဗျ… ရှာဖတ်ကြည့်ကြပါ…
    အိုက်ဒါဆို Windows 8 ဟာအကောင်းဆုံးဆိုတဲ့ အဆိုကို ကျွန်တော်ငြင်းပါတယ်ခင်ဗျာ…

    ကဲ… ပြန်ကြည့်ကြရအောင်…
    သကြားရဲ့အတွေးလေးအတိုင်း…
    Server တွေကလွဲလို့ ကျန်တဲ့အရာတွေအားလုံး Mobile ဘက်ကိုပြောင်းသွားခဲ့ရင်…
    အရင်ဆုံးစဉ်းစားမိကြမှာ Microsoft Surface လား… Samsung Galaxy လား…
    အခုချိန်အထိ ပြိုင်ဘက်မရှိ ဗိုလ်စွဲထားတဲ့ Tablet ဖြစ်တဲ့ iPad လား….

    ၁၉၈ဝ ပြည့်လွန်နှစ်တွေတုန်းက ပန်းသီးကို ဝင်းဒိုးက ဆော့ဖ်ဝဲပိုများမှုနဲ့ အနိုင်ပိုင်းခဲ့တာကို မှတ်မိသေးပါသလား…
    အခု Android နဲ့ Windows Mobile Store တို့ဟာ iTune Store ကို ယှဉ်လို့ရပြီလား…

    တကယ်လို့များ… 64bit လဲအရင်ဆုံးဖြစ်…
    အဲဒီလို ကိုရဲစည်တို့ မောင်ဂီတို့ စိတ်ကူးယဉ်ထားတဲ့ Mircosoft ကမ္ဘာက ပန်းသီးကမ္ဘာရောဖြစ်မသွားနိုင်ဘူးတဲ့လားခင်ဗျာ…

    ဂျီးတော်ဆွိရေ…
    ဒီစာကို သေချာဖတ်ပါ…
    ပြီးရင် iPhone 5S က iPhone 5 နဲ့ ဘာမှမကွာဘူးလို့ အပြောခံရရင်…
    တိတိပပချေပပါလေ…

    ဝင်ရောက်အားပေးသွားကြသောသူများအားလုံးကို ကျေးဇူးတင်လျက်-
    ကြောင်ဝတုတ်

    • အဘရဟူဒီ

      January 15, 2014 at 11:01 pm

      မန့်ထားတာရှီလို့ ဘယ်သူများမှတ်တယ်. မာမီသော်ကိုးး
      မားတို့ကတော့ လေ ခုချိန်မယ်. မော်ဒယ်နဲ့ အုံးမွေးလုံးကားပဲစိတ်ဝင်စားတော့တယ်
      ငိငိ

    • “”အိုက်ဒါဆို Windows 8 ဟာအကောင်းဆုံးဆိုတဲ့ အဆိုကို ကျွန်တော်ငြင်းပါတယ်ခင်ဗျာ…””

      အောင်မလေးဗျာ 🙄
      window8 ကအကောင်းဆုံးပါလို့မပြောရဲပေါင်
      အကြိုက်ဆုံးဟုသာဆိုလိုရင်းဖြစ်ရပါတယ်။
      အစမှာတည်းက “ပန်းသီးနားမကပ်နိုင်သဖြင့်” လို့စကားခံပြီးသားရယ်ပါ။
      ဟိုဟာကအကောင်းဆုံး၊ဒီဟာကပိုကောင်းတယ်လို့ပြောနိုင်စွမ်းရှိသူဆိုတာ အမျိုးစုံအောင်သုံးဖူးထားမှပြောအားရှိမှာပါ။
      ဖုန်းနဲ့တက်ဘလက်တွေမှာဆို စက်ရုပ်၊ကွန်ပျူတာနဲ့လက်ပ်တော့ပ်မှာ ဝင်းဒိုး ကလွဲပြီးကျန်တဲ့ဘာအိုအက်စ်ကိုမှ မသုံးဖူးပါ။
      ဂျာဗားခေတ်ကတော့ဂျာဗားပေါ့နော်
      😀
      (ဒီပို့စ်ကိုတော့ စဖတ်တဲ့နေ့တည်းက အိုပါးက save လုပ်ပေးပါဆိုလို့ pdf save ထားနိုင်လို့ကျေးဇူးတင်ပါတယ်ကဖက်ကတ်)

  • kai

    January 16, 2014 at 3:17 pm

    ပြောချင်တာပြောဟေ့..
    ငတို့ကတော့… ပန်းသီးဆို ရေခဲသေတ္တာထဲတောင်မထည့်ဘူး..
    ကိုက်စားပလိုက်တယ်.. ကွိ..။ :mrgreen:

Leave a Reply