မန္တ​လေး ​ဂေဇက်​ လျှို့ဝှက်​မှတ်​တမ်​း​ပျောက်​ဆုံးမှုှု (စ/ဆုံး)

ရာမညJanuary 10, 20141min26917

မိုးကုန်​စ ​..နေသာ​သော​နေ့တစ်​​နေ့၌……

ကျွန်​ုပ်​သည်​ မှုခင်​းမှတ်​တမ်​းများကိုဖတ်​ရှုခြင်​းမှ ငြီး​ငွေ့လာသဖြင်​့ ယ​မန်​​နေ့က ထုတ်​​ဝေ​သော နံမည်​ကြီးဂျာနယ်​တစ်​​စောင်​အား

လှနိ​လှော ဖတ်​ရှု​နေမ​ိလေသည်​ ။

တစ်​​နေရာသို့​ရောက်​​လေ​သော်​ ​အောက်​​ဖော်​ပြပါထူးဆန်​း​သော ​ကြော်​ငြာအား

​တွေ့ရှိသဖြင်​့ အကြိမ်​ကြိမ်​ ဖတ်​​နေမိ​လေ၏။ ​ကြော်​ငြာမှာ …….

 

….. နှစ်​လွှာ​ပေါင်​းလို့ တစ်​ရွက်​ဖြစ်​ ​သော၊

လျှပ်​စစ်​ သံလိုက်​စက်​ကွင်​းတို့သည်​ ရ​ကောက်​နာရီ တစ်​ဝက်​ခန်​့တွင်​ ဆယ်​့တစ်​မီးငြိမ်​း​သော​နေ့၌​ ဆုံကြမည်​ ……

 

အကြိမ်​ဖန်​များစွာ ဖတ်​ရှုစဉ်​းစားပါ​သော်​လည်​း ကျွန်​ုပ်​၏ ညံ့ဖျင်​းလှ​သော ဦး​နှောက်အတွင်​း၌ အ​ဖြေထွက်​မလာသဖြင်​့ အတ္တကိလမထ အနုယောဂ ကိုပွါးများခြင်​းမှ​ကင်​း​စေ​သောငှါ ထိုဂျာနယ်​အား အပြီးအပိုင်​ပိတ်​သိမ်​းလိုက်​ရ​လေ​တော့သည်​ ။

သို့​သော်​… ထို ထူးဆန်​း​သော​ကြော်​ငြာသည်​ကား ကျွန်ု​ပ်​၏မှတ်​ညဏ်​ထဲတွင်​ ထုတ်​မရသည်​ဖြစ်​၍ မကြာခဏသတိယ​နေ​လေ​တော့သည်​ ။

ငယ်​စဉ်​ကာလက ဖတ်​ခဲ့ဖူး​သောဝတ္ထုများတွင်​ပါရှိ​သော လူဆိုးဂိုဏ်​းများ အခြင်​းခြင်​း အချက်​ပြ​သော ​ကြော်​ငြာ​ပေ​လော ဟု ​တွေး​မိ​နေ​သေးပြန်​၏ ။

မည်​သို့ပင်​ဖြစ်​​စေကာမူ ကျွန်​ုပ်​မှာ စိတ်​ထဲတွင်​ ခိုးလိုးခုလုဖြစ်​လျက်​ သုံးရက်​တာမျှ သည်​းခံ​အောင်​့အီးထားခဲ့​လေသည်​ ။ သုံးရက်​​မြောက်​​သော​နေ့တွင်​မူ မည်​သို့မျှ မခံစားနိုင်​​တော့သည်​ဖြစ်​သဖြင်​့ မိတ်​​ဆွေကြီးကိုမြင်​့​ကျော်​အား ဖွင်​့​ပြော၍​မေးမြန်​းတိုင်​ပင်​ရန်​ ချိန်​းဆိုလိုက်​ရ​လေ​တော့သည်​ ။

ကျွန်​ုပ်​တို့ အမြဲတမ်​း ထိုင်​​နေကြ​ဖြစ်​​သော လှည်​းတန်​းအိုင်​တီလက်​ဖက်​ရည်​ဆိုင်​သို့​ရောက်​​လေ​သော်​ လက်​ဖက်​ရည်​နှင်​့မုန်​့များမှာယူပြီး… ကိုမြင်​့​ကျော်​မှ..

 

“ ဆိုပါဦး အိုင်​အိုရဲ့… ဘာ​တွေများ ထူးခြားလို့လဲဗျ ”

 

“ ထူးပါ​သော်​​ကော ..ကိုမြင်​့​ကျော်​ရယ်​… ဒီ​ကြော်​ငြာဟာပုံမှန်​မဟုတ်​ဖူးဆိုတာ​တော့သိ​ပေမယ်​့ ဘာကိုဆိုလိုပြီး ဘယ်​သူ​တွေက ဘာ​ကြောင်​့ ​ထည်​့သလဲကို ​တွေးမရလို့ဗျို့ .. ဒါနဲ့ပဲ ခင်​ဗျားကို ဒုက္ခပေးရ တာဘဲဗျာ..”​

ဟု ​ပြောရင်​း … ကျွန်ု​ပ်​မှ ၄င်​း​ကြော်​ငြာပါ​သောဂျာနယ် ကိုပြလိုက်​​လေသည်​ ။

ကိုမြင်​့​ကျော်​မှာ အဆိုပါ​ကြော်​ငြာအား တစ်​ချက်​မျှ ဖတ်​ကြည်​့ပြီးလျှင်​ ကျွန်ု​ပ်​ထံသို့ပြန်​​ပေးရင်​း…

 

“ အိုင်​အို…. မန်​းတ​လေး ​ဂေဇက်​ လျှို့ဝှက်​အသင်​း ဆိုတာကြားဖူးသလား”

” မကြားဖူးဘူး ကိုမြင်​့​ကျော်​… ဘယ်​လိုပတ်​သက်​လို့လဲ ​ဗျ”..

 

ကိုမြင်​့​ကျော်​မှာ လက်​ဖက်​ရည်​တစ်​ငုံ​သောက်​၍ စီးကရက်​အားတစ်​ချက်​မျှ ဖွာရှိုုက်​ပြီး​နောက်​…..

 

” ဒီလိုဗျ … အိုင်​အိုမသိ​သေးဘူးဆိုရင်​ နဲနဲ​တော့​ပြောရ​သေးတာ​ပေါ့… ဒီအသင်​းကို ဘယ်​သူကဘယ်​လိုရည်​ရွယ်​ချက်​နဲ့တည်​​ထောင်​တယ်​ဆိုတာ အတိအကျမ​ပြောနိုင်​​ပေမယ်​့ အခုထိ​တော့ လျှို့ဝှက်​​နေထိုင်​လှုပ်​ရှားတာကလွဲပြီး ဘာမှ​တော့ မသင်္ကာ စရာမ​တွေ့​သေးဘူဗျ။

သူတို့ကိ ိုဦး​ဆောင်​ တဲ့သူက​တော့ အ​မေရိကားမှာ​နေပြီး Kai (ခိုင်​) လို့နာမည်​ခံထားတယ်​။ ​ယောက်​ကျားအသွင်​ယူ ထား​ပေမယ့် ကျား/မ မကွဲပြား​ပါဘူး ။ အသင်​းဝင်​​တွေဟာ နိုင်​ငံအသီးသီးမှာ အလွှှာ​ပေါင်​းစုံက​နေပါဝင်​​နေတယ်​ ။ အချင်​းချင်​းလည်​း လျှို့ဝှက်​နာမည်​မှတပါး မ​တွေ့ဘူး မသိဖူးကြဘူးဗျ ။ ထိတ်​ပိုင်​း ​ကိုယ်​စားလှယ်​တချို့ပဲ ဘဝမှန်​ကိုသိရှိပြီး အချင်​းချင်​းမြင်​ဘူး​တွေ့ဘူးကြတယ်​ ။ အများအားဖြင်​့ ပရဟိတလုပ်​ငန်​း​တွေကို တခြားအဖွဲ့အစည်​းနံမည်​ခံပြီးလုပ်​တတ်​ကြတယ်​။ ဆို​တော့ …..

အိုင်​အို​တွေ့တဲ့​ကြော်​ငြာဟာ သူတို့​ခေါင်​း​ဆောင်​အချင်​းချင်​း​တွေ့ဆုံဖို့ ချိန်​းဆိုတာဘဲဖြစ်​လိမ်​့မယ်​ဗျ ” …

ဟု ရှည်​လျားစွာ ရှင်​းပြ​လေ၏ ။

 

“ဒါဆိုလည်​း ပြီးတာပါဘဲဗျာ… နို့..​နေပါဦး .. ခင်​ဗျားသူတို့ချိန်​းတဲ့စာ ​ဖော်​နိုင်​လားဗျ .. ”

 

” အတိအကျမဟုတ်​​ပေမယ်​့ ကျုပ်​နည်​းကျုပ်​ဟန်​နဲ့ ခန်​့မှန်​းနိုင်​ပါတယ်​အိုင်​အို…. ဒီလိုစဉ်​းစားကြည်​့ဗျာ .. ​နေ့ရက်​ နာရီကို အရင်​စဉ်​းစားရင်​ … ရ​ကောက်​နာရီတစ်​ဝက်​လို့ဆိုထား​တော့ .. မြန်​မာအက္ခရာမှာ ရ​ကောက်​နဲ့တူတာ ခွန်​နှစ်​မဟုတ်​လား ..၊ ဆို​တော့ ခွန်​နှစ်​နာရီခွဲ​ပေါ့ဗျာ..ပြီ​တော့ .. ဆယ့်​တစ်​မီးငြိမ်​း​သော​နေ့ဆို​တော့

၁၁ ရက်​​နေ့​တော့မဖြစ်​နိုင်​ဘူး ။၁၁ ရက်​​နေ့က​ကျော်​သွါးပြီ ။ ​ပေါင်​းခြင်​း ၁၁ ရတဲ့ ၂၉ ရက်​​နေ့ပဲ ဖြစ်​လိမ်​့မယ်​..။ နှစ်​လွှာ​ပေါင်​းမှတစ်​ရွက်​ဆို​တော့ ..စွယ်​​တော်​ရွက်​​ပေါ့ဗျာ.. လျှပ်​စီးပတ်​လမ်​းလို့ လဲဆိုထားပြန်​​တော့..

အင်​း… မဟုတ်​မှလွဲ​ရောဗျာ ..ဟို ဆင်​​ရေတွင်​းမှတ်​တိုင်​နားက စွယ်​​တော်​ရွက်​လျှပ်​စစ်​ကျွမ်​းကျင်​သင်​တန်​းများလား မဆိုနိုင်​ဘူး ..”

 

 

ကျွန်ု​ပ်​မှာ ကိုမြင်​့​ကျော်​စဉ်​းစားအ​ဖြေထုတ်​သွားပုံကို တအံ့တဩ​ငေးကြည်​့ရင်​း အားကျစိတ်​များပင်​ ဖြစ်​မိ​နေ​သေးသည်​ ။

 

 

 

 

 

ထို့​နောက်​…

 

 

 

 

 

ကျွန်ု​ပ်​တို့နှစ်​ဦးသား ​ရောက်​တတ်​ရာရာများ​ပြောဆိုပြီးလျှင်​ အသီးသီး လမ်​းခွဲ၍ ပြန်​လာခဲ့ကြ​လေ​တော့သည်​ ။

 

==================================================

 

အထက်​ပါကိစ္စများ ဖြစ်​ပွါးပြီး​နောက်​ .တစ်​ပတ်​ခန်​့မျှကြာ​သော်​ ………

 

” ဆရာ ….. အပြင်​မှာ ဆရာ့ကို​တွေ့ချင်​လို့တဲ့… ဝင်​ခွင်​့​တောင်​း​နေတယ်​ ဆရာ ”

 

” ဘယ်​သူ တဲ့လဲ ​မောင်​တိုး ”

 

“ပဒုမ္မာ ..တဲ့ … ကိစ္စက​တော့ ဆရာနဲ့​တွေ့မှ​ပြောမယ်​တဲ့ ..”

 

ကျွန်ု​ပ်​မှာ အသိအငြိမ်​့မင်​းသမီးများထဲမှ ပဒုမ္မာ ဆိုသူရှိမရှိ အလျင်​အမြန်​ပင်​စဉ်​းစားရ​လေ​တော့သည်​ ။

ကျွန်ု​ပ်​ ​တွေး၍ မဆုံးမှီပင်​ တိုးညှင်​းညင်​သာ​သော ​ခြေသံတို့ကိုကြားရပြီး​နောက်​ ….

 

” ကျွန်​မ ဝင်​ခဲ့ပါရ​စေရှင်​”… ဟု တည်​ငြိမ်​​အေးချမ်​းသည်​့ အမျိုးသမီးတစ်​ဦး၏ အသံကို ဦးစွာ ကြားလိုက်​ရ​လေ​တော့သည်​ ။

 

ဝင်​​ရောက်​လာသူမှာ အသက်​​လေးဆယ်​​ကျော်​အရွယ်​ ခန်​့ခန်​့​ချော​ချော အမျိုးသမီးတစ်​ဦးဖြစ်​ပြီး ကျွန်ု​ပ်​၏ ​ရှေ့တူရူတွင်​ ညင်​သာစွာဝင်​ထိုက်​လိုက်​​ပြီး​နောက်​ …

 

” ကျမ ပဒုမ္မာပါရှင်​… အကူအညီတစ်​ခု​တောင်​းချင်​လို့ပါ … ”

 

“ဟုတ်​ကဲ့… ကျ​နော်​ အိုင်​အိုတင်​​အောင်​မိုးပါ.. ”

 

အမျိုးသမီးမှာ ကျွန်ု​ပ်​အား စူးရှစွာတစ်​ချက်​မျှအကဲခတ်​ပြီး​နောက်​ လွန်​စွာမှအသံဩဇာပြည်​့ဝပြီးလျှင်​ တည်​ငြ်ိမ်​လှ​သောဟန်​ဖြင်​့ ​အောက်​ပါအတိုင်​း​ပြော​လေ​တော့သည်​ ။

 

” ဒီလိုပါရှင်​ … ကျမ​တို့အ​ကြောင်​းကိုအရင်​ဆုံး​ပြောပြရမယ်​ဆိုရင်​ ၊ …

ကျမက မန္တ​လေး ဂဇက်​လို့အမည်​ရတဲ့ လျှို့ဝှက်​အသင်​းက အမှု​ဆောင်​တစ်​​ယောက်​ပါ ။ ကျမတို့ အသင်​းဟာ အမှု​ဆောင်​တစ်​ချို့ကလွဲပြီး တစ်​​ယောက်​နဲ့တစ်​​ယောက်​အပြင်​မှာသိကျွမ်​းခြင်း​မရှိပါဘူး ..

ရည်​ရွယ်​ချက်​က​တော့ ကမ္ဘာအရပ်​ရပ်​ကလူ​တွေသိကျွမ်​းရင်​းနှီးပြီး

လူမှု​ရေးလုပ်​ငန်​း​တွေ လုပ်​ကိုင်​ကြဖို့ပါပဲ.. . ဒါ​ပေမယ်​့ ဟို.. လွန်​ခဲ့တဲ့ရက်​ပိုင်​းကပဲ ကျမတို့ရဲ့ လျှို့ဝှက်​မှတ်​တမ်​းကြီးဟာ ​ပျောက်​ဆုံးသွားခဲ့ပါတယ်​

အဲ့ မှတ်​တမ်​းထဲမှာ အသင်း​ဝင်​အသီးသီးရဲ့ ကိုယ်​​ရေးရာဇဝင်​နဲ့ ဆက်​သွယ်​ဖို့လိပ်​စာ​တွေပါသွားတာ​ကြောင်​့

အလွန်​ပဲ အခက်​​တွေ့ရပါတယ်​ရှင်​ ။ ဒါ​ကြောင်​့ အိုင်​အိုတို့ကို လာပြီးအကူအညီ​တောင်​းရတာပါ …” ..

 

ဟုရှည်​လျားစွာ​ပြောရင်​း သက်​ပြင်​းတစ်​ချက်​ ရှိုက်​လို​က်​​လေ၏ ။

ကျွန်​ုပ်​လည်​း တခါတုန်​းက မိတ်​​ဆွေကြီးကိုမြင်​့​ကျော်​​ပြောပြဖူး​လေ​သော ထို မန္တ​လေး ဂဇက်​အ​ကြောင်​းကိုသိထားဖူးပြီဖြစ်​ရာ ..

 

” မန္တ​လေး ဂဇက်​ဆိုတာသိပါတယ်​ အစ်​​မကြီး..၊ အဖွဲ​ခေါင်​း​ဆောင်​ဟာ အ​မေရိကားမှာ​နေတယ်​ဆိုတာရယ်​ ၊ kai ဆိုပြီးနာမည်​ဝှက်​သုံးထားတယ်​ဆိုတာရယ်​ ၊ နိုင်​ငံအသီးသီးမှာ ​အေးဂျင်​့​တွေရှိ​နေတယ်​ဆိုတာရယ်​…….. ”

“ဟိုး..ဟိုး.. ​တော်​ပါ​တော့ရှင်​ .. ဒါ​ကြောင်​့လည်​း ရှင်​့ဆီကိုသွားဖို့ မစ္စတာကြိုက်​မီးက လမ်​းညွှန်​လိုက်​တာ​ပေပဲ.. ​တော်​ပါ​ပေတယ်​ရှင်​ …ကျမတို့​လူ​ရွေးမှန်​သွားပါပြီ… ဒီမှတ်​တမ်​းစာအုပ်​ပြန်​ရဖို့ကိုပဲ အမှုအပ်​ပါရ​စေ​တော့အိုင်​အိုကြီးရယ်​ ..”

 

“ဒီလိုရှိတယ်​အစ်​မကြီးရဲ့.. အစ်​မကြီးရဲ့စာအုပ်​ဟာအစ်​မကြီးတို့အတွက်​ အသက်​​လောက်​အ​ရေးကြီးမှာဖြစ်​​ပေမယ်​့ ကျွန်​​တော်​တို့

ရဲလုပ်​ငန်​းအ​နေနဲ့အမှုဖွင်​့ဖို့ခက်​ပါတယ်​ … တရားဝင်​အမှုဖွင်​့ပြီးလက်​ခံထား​သော်​လည်​း ဦးစား​ပေး​ဆောင်​ရွက်​ဖို့ မဖြစ်​နိုင်​ပါဘူး..ဒါ​ကြောင်​့…

ကျွန်​​တော်​့မိတ်​​ဆွေ ကိုမြင်​့​ကျော်​ကိုပဲ တရားမဝင်​အလွတ်​သ​ဘောစုံစမ်​းခိုင်​းမှ​တော်​​ပေလိမ်​့မယ်​ဗျ .”

 

“ဒါက​တော့.. အိုင်​အိုတို့ ​ကောင်​းသလိုသာကြည်​့စီစဉ်​ပါရှင်​.. ဒီအမှုအတွက်​ကုန်​ကျစားရိတ်​ကိုလည်​း ကျမအ​နေနဲ့ ကျခံ​ပေးပါ့မယ်​။ ပြီး​တော့ ကျမတို့ရဲ့​ အဖွဲ့ခွဲမှူးဖြစ်​တဲ့

မစ္စတာကြိုက်​မီးနဲ့လည်​း ​တွေ့ဆုံပြီး အချက်​အလက်​အပြည်​့အစုံကို​ သူ့ဆီက​မေးမြန်​းနိုင်​ပါတယ်​ ”

 

“​ကောင်​းသားပဲဗျ .. ဒါနဲ့ဘယ်​မှာ ​တွေ့ရမှာလည်​းခင်​ဗျာ ”

 

” ဒါဆိုရင်​… တံတာဖြူကန်​လမ်​းထဲကပန်​းချယ်​ရီဘီယာဆိုင်​မှာ မနက်​ဖန်​ည ရ နာရီ​စောင်​့​နေပါ .. သူလာပါလိမ်​့မယ်​.. ”

” ​ကောင်​းပါပြီဗျာ ”

 

“ကျမကို ပြန်​ခွင်​့ပြုပါဦးရှင်​.. ကျန်​တာ​တွေကို​တော့ မစ္စတာကြိုက်​မီးနဲ့ပဲဆက်​​ပြောကြပါ​တော့ ”

 

ပုစာ္ဆ ဆန်​​သောပဒုမ္မာဆိုသည်​့အမျိုးသမီးပြန်​သွားပြီး​နောက်​ ကျွန်​ုပ်​မှာ လွန်​စွာစိတ်​ရှုပ်​​ထွေးလျက်​ကျန်​ခဲ့ရ​လေသည်​ ။

ဘာမှန်​းမသိ​သော အဖွဲ့အစည်​းတစ်​ခု၏ ဘာမှန်​းမသိ​သောစာအုပ်​တစ်​အုပ်​အား

ဘုမသိ ဘမသိစုံစမ်​းရမည်​့အ​ရေး စိတ်​မသက်​မသာရှိ​​နေ​လေ၏ ။ ထို့စဉ်​….

 

” ဟိုင်​း…. အိုင်​အိုကြီး .. မ​တွေ့ရတာ​တောင်​ကြာ​ပေါ့ဗျာ ”

ရုတ်​တရက်​ နုတ်​ဆက်​သံနှင်​့အတူ ကျွန်ု​ပ်​​မျှော်​လင်​့​နေ​သော မိတ်​​ဆွေကြီးကိုမြင်​့​ကျော်ကို​တွေ့လိုက်​ရ​လေ၏ ။ ခုံတစ်​ခုကိုဆွဲယူပြီးထိုင်​်​ရင်​း … အခန်​းပတ်​လည်​အား မျက်​စိကစား၍​နေသည်​ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

“ဘာ​တွေထူးခြား​နေလို့လည်​း ကိုမြင်​့​ကျော်​ရဲ့ ” ဟု​မေးရင်​း ပြုံးပြနုှတ်​ဆက်​ရ​လေသည်​ ။

 

” ​ေဩာ်​..တခြားမဟုတ်​ပါဘူးအိုင်​အိုရယ်​ … မကြာ​သေးခင်​က ဒီအခန်​းထဲကိုလာသွားတဲ့ အသားဖြူဖြူ ချမ်​းချမ်​းသာသာ အရပ်​မပုမမြင်​့ ၊

အသက်​​လေးဆယ်​​ကျော်​အမျိူးသမီးတစ်​​ယောက်​ရဲ့

အမှု​လေးကိုစိတ်​ဝင်​စားမိလို့ပါဗျာ ..ဟဲဟဲ ..”

 

” ခင်​ဗျားနဲ့ဘယ်​မှာ​တွေ့လိုက်​တာခဲဗျ… ကျုပ်​အခုပဲ ခင်​ဗျားဆီဖုန်​းဆက်​မယ်​လုပ်​​နေတာ ”

 

” မ​တွေ့ပါဘူးအိုင်​အိုရယ်​.. အချက်​အလက်​​လေး​တွေ​ပေါ်​ကောက်​ချက်​ဆွဲကြည်​့တာပါ ”

“ဒါဆိ်​ုလည်​း ရှင်​းပါဦးဗျာ… ခင်​​ဗျား​ပြောတာအမှန်​ဘဲဗျ ”

 

” ဒီလိုပါအိုင်​အိုရယ်​.. ရုံးအ​ရှေ့မှာမြင်​ခဲ့ရတဲ့ ၂သိန်​းခွဲတန်​ စူပါဘရစ်​စတုန်​းတာယာဘီးအရာရယ်​ ၊ အခန်​းထဲကိုဝင်​ဝင်​ခြင်​းရလိုက်​တဲ့ အမျိုးသမီးသုံးအ​ကောင်​းစားပြင်​သစ်​​ရေ​မွှေးအနံ့ရယ်​ ၊ အိုင်​အိုရဲ့စာပွဲ​အောက်​​ခြေနားမှကျကျန်​ခဲ့တဲ့ ​မောင်​့ဘလက်​ ​ဘောပင်​ရယ်​က အသားဖြူဖြူထက်​ထက်​မြက်​မြက်​ မျက်​မှန်​တပ်​ထားပြီး တခါတရံ careless ဖြစ်​တတ်​တဲ့ အမျိုးသမီးဖြစ်​​ကြောင်​း မှန်​းမိတာ​ပေါ့ဗျာ ‘

 

“ခင်​းဗျားဟာက ချမ်​းသာတဲ့အမျိုးသမီးဖြစ်​​နေတာကို​တော့ဟုတ်​ပါပြီ .. ဒါ​ပေသိ ဘယ်​ကဘယ်​လို careless ​တွေ​ရော အသားဖြူးတာ​ရော အသက်​​တွေ​ရော အရပ်​အ​မောင်​း​ရောဘယ်​လိုခန်​့မှန်​းတာလဲဗျ .”

 

“ဒါက​တော့ဗျာ .. ​ယေဘူယအမှန်​တရားနဲ့ဖြစ်​့​လေ့ရှိတာကို​ပေါင်​းစပ်​ပြီးစဉ်​းစာတာပါ ။ အသက်​ငယ်​တဲ့အမျိုးသမီး​တွေအများစုက ​ဘောပင်​ကိုင်​ရင်​ လှတာ​လေးများ​ရွေးကိုင်​ကြတာဗျ ၊ အခုလို ​မောင်​့ဘလက်​ အနက်​​ရောင်​ကိုကိုင်​တဲ့သူဟာဖြင်​့ အသားဖြူမယ်​့သူ့လက်​ထဲမှာ လိုက်​ဖက်​​အောင်​​ရွေးကိုင်​တယ်​လို့ ​ကောက်​ချက်​ဆွဲမိတာပါ ။ အရပ်​က​တော့ဗျာ .. ကိုရီးယာပါ​ကေးခင်​းထားတဲ့ အိုင်​အို့ရုံးခန်​းမှာ သူ့​ခြေရာက အထင်​းသာ​တွေ့ရပါတယ်​ …”

 

“ဒါဆို မျက်​မှန်​တပ်​တယ်​ဆိုတာက​ရောဗျာ ‘

 

” အင်​း… သူ့ကားက ဘာကားမှန်​းမသိလိုက်​​ပေမယ်​ ့ အ​ကောင်​းစား​မော်​ဒယ်​မြင်​့ကားဆို​တော့ အဲယားကွန်​းကစိမ်​့​နေ​အောင်​​ပေးတာ​လေဗျာ ၊

ရုတ်​တရက်​ အ​အေးခန်​းက​နေ အပူထဲ​ရောက်​​တော့ မျက်​မှန်​ကမှုန်​သွားတာ​ပေါ့ ..အဲ့မှာ ပဲ အိုင်​အို့ရုံးခန်​းထဲမှာစကား​ပြောရင်​း မျက်​မှန်​ကို

သုပ်​ဖို့ ပိုက်​ဆံအိပ်​ထဲက တာဝါ ကိုအထုတ်​မှာ

​မောင်​့ဘလက်​ ​ဘောပင်​ကကျကျန်​ခဲ့လိမ်​့မယ်​ဗျို့ .. ဒါ​ကြောင်​့ ဒီလိုတန်​ဘိုးအလွန်​ကြီးတဲ့​ဘောပင်​ကိုကျခဲ့တာမသိရိုးမှန်​ရင်​ တခါတ​လေ careless ဖြစ်​တတ်​တယ်​လို့

ကျုပ်​က ယူဆရတာပါဗျာ ” ..

 

ကျွန်​ုပ်​မှာ ကိုမြင်​့​ကျော်​ရှင်​းပြ​နေသည်​ကိုကြည်​့၍ ပါးစပ်​အ​ဟောင်​းသားဖြင်​့ အံ့ဩ​နေမိ​လေ​တော့သည်​ ။

ထို့​နောက်​.. ထိုအမျိုးသမီးအကူအညီ​တောင်​းသည်​ကို​ပြောပြလိုက်​​လေရာ ….

 

” ​ကောင်​းပါတယ်​ .. ပ​ဟေဠိ အ​ဖြေညှိရတာ​ပေါ့ … ဒါနဲ့ သူတို့အဖွဲ့ရဲ့လက်​တံကအ​တော်​​လေး​တော့ရှည်​တယ်​အိုင်​အို​ရေ ။ သူတို့​အေးဂျင်​့​တွေက ​နေရာနှံ ့ပဲဆိုပါ​တော့ ..”

 

” ခင်​ဗျား ​လေ့လာထားပြီးပြီလား ကိုမြင်​့​ကျော်​ရဲ့ ..”

 

” ဘယ်​လို​ပြောမလဲ..ကျုပ်​စိတ်​ဝင်​စားလို့​လေ့လာ​နေတာကြာ​ပေါ့ဗျာ .. နယူး​ယောက်​မှာ ​ကြောင်​ကြီး ၊ ယူ​ကေမှာ အရီးလတ်​ တဲ့ ၊ သ​င်္ဘောတစ်​စီးနဲ့ ကမ်​ဘာပတ်​​နေသူက အဘ​ဖော ၊ယိူးဒယားမှာ မိုက်​ကယ်​​ဂျော်​နီ​အောင်​ပု ၊ ဂျပန်​မှာ လက်​မရွံ့အင်​ဇာဂီ ၊ ​ဟောင်​​ကောင်​မှာ ဦး​ကျောက်​ခဲ ၊တရုတ်​ပြည်​မှာ ကိုရင်​​မောင်​ ၊အ​ရှေ့အလယ်​ပိုင်​းမှာ ရှုံးလူ (ခ) ဖြူစိုင်းလူ ၊ စင်္ကာပူ မှာ ​ကေဇီ ၊ အီရန်​မှာ ဆလိုင်​းတင်​​မောင်​ ၊ ​ဆော်​ဒီမှာ ​အေးဝတီကြီး .. ​ပြောရရင်​အများကြီးပဲဗျ ..

​ကောင်​းပြီ​လေ .. မနက်​ဖန်​ည သူတို့လူ ဦးကြိုက်​မီးဆိုတဲ့ တရုတ်​ကြီးနဲ့​တွေ့ကြတာ​ပေါ့ .. ကဲ ကျုပ်​ပြန်​ဦးမယ်​ ”

 

===========================================

 

ပန်​းချယ်​ရီ ဘီယာဆိုင်​တွင်​ ကျွန်​ုပ်​တို့နှစ်​ဦးသား စား​သောက်​​နေရင်​း မစ္စတာကြိုက်​မီးဆိုသူအား​မျှော်​​နေမိသည်​ ။

ထိုစဉ်​…………

ကျွန်​ုပ်​တို့ စာပွဲဝိုင်​းသို့ အသာညိုညို ​ထောင်​​ထောင်​​မောင်​း​မောင်​း လူကြီးတစ်​ဦး​ရောက်​ရှိလာရာ

မင်​းသားကြီးဦး​ကျော်​​ဟိန်​းများလူထွက်​လာ​လေ​ရော့ဟု အံ့ဩခဲ့ရ​သေးသည်​ ။ ထိုလူကြီးမှ ခုံတစ်​လုံးတွင်​ထိုင်​ရင်​း..

 

” ကျုပ်​နာမည်​ ကြိုက်​မီး ပါ ”

 

ကိုမြင်​့​ကျော်​မှာအထူးတလယ်​မအံ့ဩ​သော်​လည်​း ကျွန်​ုပ်​မှာ အံ့ဩလွန်​း၍ ရုတ်​ချည်​းစကားမပြန်​နိုင်​ခဲ့​ပေ ။

နာမည်​နှင်​့ လူနှင်​့လွန်​စွာမှ မလိုက်​ဖက်​​လေ​သော ထိုလူကြီးအားကြည်​့ရင်​း စိတ်​ထဲတွင်​ ​မေးခွန်​းအမျိုးမျိုးထုတ်​​နေမိ​သေးသည်​ ။

 

ထို့​နောက်​ .. ကိုမြင်​့​ကျော်​နှင်​့အချီအချ ​မေးမြန်​း​ပြောဆိုကြရင်​း ည ၁ဝ နာရီခန်​့တွင်​ ကျွန်​ုပ်​တို့လူခြင်​းခွဲခဲ့ကြပါ​တော့သည်​ ။

(ကိုမြင်​့​ကျော်​နှင်​့​ပြော​သောစကားတို့မှာ အသင်​းအဖွဲ့တစ်​ခု၏ လျှို့ဝှက်​အပ်​​သောအ​ကြောင်​းအရာများဖြစ်​​နေသဖြင်​့

အ​သေးစိတ်​မ​ဖော်​ပြ​တော့ပါ)

 

 

 

 

 

 

 

 

 

 

 

 

 

ထိုညမှစ၍ မိတ်​​ဆွေကြီးကိုမြင်​့​ကျော်​မှာ ကျွန်​ုပ်​နှင်​့လမ်​းခွဲသွားပြီး​နောက်​ လျှို့ဝှက်​မှတ်​တမ်​းကြီး၏သတင်​းကို

အပြင်​းအထန်​စုံစမ်​း​နေ​လေ​တော့သည်​ ။

ကျွန်​ုပ်​မှာလည်​း အထက်​ကခိုင်​း​စေ​သောအလုပ်​များကို မနိုင်​မနင်​း​ဆောင်​ရွက်​ရင်​း ကိုမြင်​့​ကျော်​အား​မေ့​လျော့​နေမိပြန်​​သေးသည်​ ။

 

===========================================

 

၂၀၁၄ ဇန်​နဝါရီ ၈ ရက်​ ။

 

ရုံးခန်​းထဲတွင်​ထိုင်​ရင်​း လွတ်​ငြိမ်​းချမ်​းသာခွင်​့ဖြင်​့လွတ်​လာ​သော ရာဇဝင်​လူဆိုးများစာရင်​းကိုပြုစု​နေခိုက်​ ..

တယ်​လီဖုန်​းသံမြည်​သဖြင်​့ကိုင်​လိုက်​ရာ မိတ်​​ဆွေကြီးကိုမြင်​့​ကျော်​ဖြစ်​​နေ​တော့သည်​။

 

” မင်္ဂလာပါ အိုင်​အိုကြီး​ရေ… ဟို မစ္စတာကြိုက်​မီး​ပြောတဲ့ မှတ်​တမ်​းစာအုပ်​ကိစ္စပြီး​တော့မယ်​ဗျ ”

 

” ဟာ.. ကျုပ်​​တောင်​​မေ့​နေတာဗျာ.. ဘယ်​လိုလဲ တရားခံကိုသိပြီလားဗျ ”

 

” ဘယ်​သူဆိုတာ ​သေခြာသ​လောက်​သိ​နေပါပြီ အိုင်​အိုကြီး​ရယ်​ .. သူတို့အသင်​းလည်​း ၁၂ရက်​​နေ့မှာ ကန်​​တော်​ကြီး​မျှော်​စင်​ကျွန်​းမှာ ​တွေ့ဆုံကြလိန်​့မယ်​ဗျ ။ အဲ့ မှာပဲ တခါတည်​းကိစ္စအပြီးရှင်​းလိုက်​မယ်​​လေ .. .. အဲ..အိုင်​အိုစိတ်​ဝင်​စားရင်​လည်​း ​မျှော်​စင်​ကျွန်​း P3 စား​သောက်​ဆိုင်​ကို မနက်​၈ နာရီအ​ရောက်​လာခဲ့​ပေါ့ဗျာ ။

ကျုပ်​က​ို​တော့မရှာနဲ့ဗျို့ ၊ သူတို့လိုပဲ မျက်​နှာဖုံးစွပ်​ထားမှာ …”

 

” ဘယ်​့နှယ်​​ပြောပါလိမ်​့ကိုမြင်​့​ကျော်​ရယ်​ … စိတ်​ဝင်​စားလွန်​းလို့ အိပ်​လို့​တောင်​​ပျော်​မှာမဟုတ်​ဘူး… ကျုပ်​က​တော့ အသင်​းဝင်​မဟုတ်​လို့ လာလို့ဖြစ်​မှာမထင်​ဘူးဗျာ ..သတင်​းပဲ​စောင်​့​နေပါ့မယ်​ ”

 

” အင်​း.. ကျုပ်​ကို​တော့ မစ္စတာကြိုက်​မီးက အသင်​းဝင်​အဖြစ်​ သွင်​း​ပေးထားလို့ အဲ့ပွဲသွားလို့ရတာ​လေဗျာ ။ ကျုပ်​ကိစ္စပြီး ပြီးချင်​း ဖုန်​းဆက်​လိုက်​ပါ့မယ်​ ။ စာအုပ်​ကိုလည်​း အမကြီးပဒုမ္မာထံကို ​သေ​သေချာချာအပ်​လိုက်​ပါ့မယ်​ဗျာ .. ဂွတ်​ဘိုင်​ …”

 

ဤသို့ဖြင်​့ ကျွနုု်​ပ်​မှာ ဇန်​နဝါရီ ၁၂ ရက်​​နေ့၌ ​မျှော်​စင်​ကျွန်​း p3 စား​သောက်​ဆိုင်​တွင်​ မည်​သို့ မည်​ပုံ ဖြစ်​ပျက်​မည်​ဟု ​စောင်​့စား​မျှော်​လင်​့​နေရသည်​ကို စိတ်​မရှည်​နိုင်​​အောင်​ဖြစ်​မိ​နေ​လေ​တော့သည်​ ။

 

 

 

ကြိုးစားပါဦးမည်​

ရာမည

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

17 comments

  • Myo Thant

    January 10, 2014 at 4:17 pm

    သားသား မယူထားဘူးနော် ဦးဦးစုံထောက်ကြီး 🙂

  • kai

    January 10, 2014 at 4:25 pm

    အိုင်ဆေးကိုမြင့်ကျော်…
    ဖွင့်တာကို ပိတ်ဖို့ပြောချင်တယ်။

    အိပ်မက်ကခွင့်လွှတ်မှာမဟုတ်ဖူး..။
    အကောင်းတွေကို ဖျက်မက်ရလိ်မ့်မယ်။ :kwi:

  • မဟာရာဇာ အံစာတုံး

    January 10, 2014 at 4:35 pm

    ဒုတ် .. ဒုတ် .. ဒုန်းးး
    (ရင်ခုန်သံ)
    အဲ့ဒီနေ့ကျ တီဒုံကို မျက်ခြေမပြတ် စောင့်ကျိနေမှ ..
    သူ့ဆီ စာအုပ်အပ်တာနဲ့ သွားလုပီး ဖတ်ပလိုက်မယ် .. ငိငိငိ
    :mrgreen:

  • Mr. MarGa

    January 10, 2014 at 4:43 pm

    ဟီးးး ဒီတစ်ခါ အခန်းဆက်က အဆက်အတော်ပြတ်သွားတာကလား အိုင်ပီ ရဲ့
    အဲ့ဒါကြောင့်လဲ အစအဆုံး ဇာတ်ကြောင်းပြန်လှန်ရသကိုး
    ကိုမြင့်ကျော်ကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ မှာထားလိုက်ပါမယ်ဗျာ။
    ….
    နတ်ပြည်က စောင့်ကြည့်နေတဲ့
    မစ္စတာ မာဃ :mrgreenn:

  • တိမ်တမန်

    January 10, 2014 at 6:51 pm

    အယ်
    ဒါရှို
    တွေ ့ဆုံပွဲပြီးရင် . . .
    ဆက်ရေးဦးမှာလားဟင်

  • padonmar

    January 10, 2014 at 9:34 pm

    တဟိဟိနဲ့ ပါးစပ်တောင် စေ့မရတော့ဘူး။
    ဒါပဲနော်၊ဂဇက်မှတ်တမ်းစာအုပ်ကို အသားဖြူဖြူ ချမ်​းချမ်​းသာသာ အရပ်​မပုမမြင်​့ ၊အသက်​​လေးဆယ်​​ကျော် အမျိုးသမီးလက်ထဲ ရောက်အောင် လာအပ်ရမယ်။

  • TNA

    January 10, 2014 at 10:33 pm

    ပထမပိုင်းကမေ့တောင်နေပြီ။ အခုအစကပြန်ရေးတော့မှ မှတ်မိတော့တယ်။ အဲနေ့ကျရင်တော့ အသားဖြူဖြူ ချမ်​းချမ်​းသာသာ အရပ်​မပုမမြင်​့ ၊အသက်​​လေးဆယ်​​ကျော် အမျိုးသမီးနဲ့အတင်းကပ်ထိုင်နေမှဖြစ်တော့မယ် 😀

  • ရွှေတိုက်စိုး

    January 11, 2014 at 9:13 am

    အမငီး ကြိုက်မီးကို တရုတ်ကြီးဆိုပါလား….
    အဲဒီ စာအုပ်က သေချာတယ် ကြိုက်မီးနဲ. ဘောလချက် ညီနောင် ပေါင်းကြံတာနေမှာ..ဟိဟိ…

    အမယ် ရုံးပြာတာလေး နံမယ်က မောင်တိုး ဆိုပါလား.. ဟေဟေဟေဟေး

  • kyeemite

    January 11, 2014 at 11:26 am

    အရေးအသားကိုတော့ကြိုက်သဗျာ…နောက်..မြန်မာ့ဂဇက်မြို့သူမျို့သားများတွေ့ဆုံပွဲကို
    ကြော်ငြာပေးသလိုမို့ ကျေးဇးတင်ပါတယ်အိုင်အိုကြီးရယ်…ပွဲကိုလာဖြစ်အောင်လာဖို့လည်းဖိတ်ပါတယ်
    ဆုံကြအုံးမယ်လေ…ပျော်ပျော်ပါးပါးပေါ့ 😀
    အော်အော်..မေ့တော့မလို့…အာတီဒုံရဲ့​မောင်​့ဘလက်​ ​ဘောပင်​လေးလည်းပြန်ပေးလိုက်အုံးနော :-DD

  • အာတီဒုံကို မျက်​​ခြေမပျက်​ ​စောင်​့ကြည်​့ခဲ့တယ်​.. ကိုမြင်​့​ကျော်​ ဘယ်​အချိန်​လာလိုက်​လဲဟင်​…

    • surmi

      January 13, 2014 at 10:13 am

      သဂျား ဆိုးလား..
      အဲဒီလူတစ်​​ယောက်​​တော့ စာအုပ်​တစ်​အုပ်​ကိုင်​ပြီး
      လက်​မှတ်​လိုက်​ထိုးခိုင်​း​နေ​လေရဲ့..
      ဆိုင်​မဆိုင်​​တော့မသိ 🙂

  • Ma Ma

    January 12, 2014 at 5:54 pm

    လျှို့ဝှက်ကြော်ငြာကိုဖတ်ပြီး အမှုမှန်ပေါ်ပေါက်အောင် ဖော်နိုင်လို့လည်း စုံထောက်ကျော်ရာမညလို့ နာမည်ကြီးတာပေ့ါ။ စုံထောက်ကျော်ကြီးကို ကြောက်လို့ ယူထားတဲ့သူက အပေါ်ဆုံးမှ ဖြောင့်ချက်ပေးသွားပြီ။
    😀

  • padonmar

    January 12, 2014 at 11:53 pm

    Mont Blanc ဖောင်တိန် ပြန်မပေးသွားဘူး။ဟင့် ဟင့်…
    Careless ဖြစ်မိတာ ကိုယ့်အပြစ်ပါ။

  • Swal Taw Ywet

    January 13, 2014 at 1:26 pm

    နောက်ဆုံး အခြေအနေအား တင်ပြပေးထားပါကြောင်း။
    ့http://myanmargazette.net/192387
    ၌ ဆက်လက်ရှုစားကြပါကုန်။
    With respect,
    Swal Taw Ywet.

  • padonmar

    January 2, 2015 at 9:19 pm

    ကစွယ်တော်က တူးဆွ ဖော်ထုတ်ပေးရန် တာဝန်ပေးပါသဖြင့်
    တူးဆွသွားပါကြောင်း။

  • မြစပဲရိုး

    January 3, 2015 at 3:39 pm

    အခုမှ ဇာတ်ရည်လည်တော့ တယ်။
    ဒီနှစ်မှာ ပိုလို့ ပိုလို့ ပိုလို့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အကြောင်းရှိနေတယ်။
    စုံစမ်း ဖို့ သင့်တယ် နော။
    Hate it or Love it.
    အဲဒီ စကား နဲ့ နွယ်သူ ရွာ ပြန်ရောက်နေသလားဘဲ။
    သေချာတာကတော့ အခုမှာ Love it က ပိုများ နေတော့မှာ။
    သိလား။
    ကျွန်မပြောနေတာ။ :))

Leave a Reply