ဂေါက်တယ်လို့မှတ်မှာလား(၄)-ဂေါက်တဲ့ဖက်မှာ အော်ပီကျယ်ရှိတယ်

padonmarJanuary 12, 20144min24715

အစတုံးက ဂေါက်ကလပ်မှာ ကိုယ်တယောက်တည်းရယ်။မိတ်ဆွေတွေက ဟားကြတော့ ရွာထဲမှာ ဂေါက်(၁)ကို ရင်ဖွင့်မိတာပေါ့။ကိုယ့်ကို အားပေးသူတွေလည်းရှိ၊ကိုယ့်လို ဂေါက်သူတွေလည်းရှိတော့ နည်းနည်း အားတက်ပြီး အသံလေးကျယ်လာတယ်။
ဂေါက်(၂)ကျတော့ ဂေါက်ဖော်ဂေါက်ဖက် ဦးမိုက်နဲ့ ဦးပါအပြင် ဆောရိုးလေးရဲ့ အဖေနဲ့ အမေပါ ကလပ်ဝင်ဖြစ်လာပြီ။
ဂေါက်(၃) လည်းရောက်ရော ဂေါက်ဒူဝါနဲ့ ဂေါက်စိုင်းလူပါ စည်းရုံးလို့ရသွားရော။
ဒီလောက်နဲ့တော့ ကိုယ့်ကို ဂေါက်တယ်လို့ ပြောတဲ့သူတွေကို မချေဖျက်နိုင်သေးဘူး။
ဟော အခုတော့ ဂေါက်တဲ့ဖက်မှာ နိုင်ငံကျော် အော်ပီကျယ်ရှိတယ်လို့ ခပ်ကြွားကြွားလေး ရင်ကော့ပြီးပြောလို့ရပြီ။
ဆရာအော်ပီကျယ်ရဲ့ သဘာဝပတ်ဝန်းကျင် ကာတွန်းပြက္ခဒိန်လေး ဆရာမဆီက လက်ဆောင်ရပြီးကတည်းက သဘောကျလွန်းလို့ မိတ်ဆွေတွေ တပည့်တွေ လှည့်ပတ်ပြလိုက်သေးတယ်။
အခု ရွာထဲကလူတွေ ကြွားခံရမယ့် အလှည့်ပါ။
သည်းခံခွင့်လွှတ်ကြည့်ကြပါ။

ဂေါက်(၁)က ကိုယ့်ကို ဂေါက်တယ်လို့ ပြောတဲ့ သူငယ်ချင်းကို အော်ပီကျယ်နဲ့ ကိုင်ပေါက်လိုက်မယ်။ဟဲဟဲ
ဂေါက်(၁)က ကိုယ့်ကို ဂေါက်တယ်လို့ ပြောတဲ့ သူငယ်ချင်းကို အော်ပီကျယ်နဲ့ ကိုင်ပေါက်လိုက်မယ်။ဟဲဟဲ
ဒီလိုသုံးတာကြာပေါ့၊
ဒီလိုသုံးတာကြာပေါ့၊

 

 

ဂျူးကတော့ ဇီဇာကြောင်ခြင်းအနုပညာတဲ့။
ဂျူးကတော့ ဇီဇာကြောင်ခြင်းအနုပညာတဲ့။
ကပ်စေးနည်းတဲ့ ဘွားတော်လို့ ပြောခံရတယ်
ကပ်စေးနည်းတဲ့ ဘွားတော်လို့ ပြောခံရတယ်
ဒါလေးတွေ့လို့ ဆက်ရန်မေ့နေတဲ့ ဂေါက်(၁)ကို ပြန်သတိရမိတာ။
ဒါလေးတွေ့လို့ ဆက်ရန်မေ့နေတဲ့ ဂေါက်(၁)ကို ပြန်သတိရမိတာ။
နားမုဒိန်းကျင့်ခံရတဲ့ ဂီ့အတွက်
နားမုဒိန်းကျင့်ခံရတဲ့ ဂီ့အတွက်
ကံကောင်းလို့ မသေတဲ့ တညက မွသဲတွက်
ကံကောင်းလို့ မသေတဲ့ တညက မွသဲတွက်
ဒါလေးက ဖက်ဖက်ကက်အတွက်
ဒါလေးက ဖက်ဖက်ကက်အတွက်
တဖက်လွတ်စက္ကူသုံးတာကို အပြစ်တင်တဲ့ သူငယ်ချင်းသို့
တဖက်လွတ်စက္ကူသုံးတာကို အပြစ်တင်တဲ့ သူငယ်ချင်းသို့
ရှက်တတ်ကြပါစေ။
ရှက်တတ်ကြပါစေ။
ကိုယ့်တာကိုယ်လုံကြဖို့
ကိုယ့်တာကိုယ်လုံကြဖို့
သွားလေရာ ပလပ်စတစ်တူဆောင်သွားတယ်ဆိုတဲ့ ကိုအောင်အတွက်
သွားလေရာ ပလပ်စတစ်တူဆောင်သွားတယ်ဆိုတဲ့ ကိုအောင်အတွက်
ရေကို ငွေလိုသုံးပါ။
ရေကို ငွေလိုသုံးပါ။
ဘူဖေးစားလည်း သတိရပါနော်၊ကိုပေါက်၊မမနဲ့Green Rose တွက်
ဘူဖေးစားလည်း သတိရပါနော်၊ကိုပေါက်၊မမနဲ့Green Rose တွက်

 

 

 

ဆရာအော်ပီကျယ်ရဲ့ ပြက္ခဒိန်ထဲကပါ
ဆရာအော်ပီကျယ်ရဲ့ ပြက္ခဒိန်ထဲကပါ

ဆရာအော်ပီကျယ်ရဲ့ status ကမလာပါတယ်။

၂၀၁၄ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာတွန်းပြက္ခဒိန်ထုတ်ဖို့ သူငယ်ချင်းအောင်ဌေးမင်းနဲ့အတူ စာတွေရေး၊ ကာတွန်းပုံတွေဆွဲနဲ့ ၂လကျော် ကြိုးပမ်းအားထုတ်ခဲ့ရတယ်။

၁။ ရောင်စုံ (၄ရောင်) လစဉ်ပြက္ခဒိန်ကို AGD Bank အတွက် လုပ်ပေးတယ်။ သူတို့ကတော့ လက်ဆောင်ပေးမှာ။
၂။ နိုင်ငံခြားကဝယ်စုထားတဲ့ Daily Cartoon Calendar တွေကိုအားကျလို့
နေ့စဉ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြက္ခဒိန်ကို ထုတ်တယ်။ အဲဒါက တစ်ရောင်ပဲ။ (၃၀၀ဝကျပ်)
၃။ အဲဒီကာတွန်းတွေကိုပဲ 365အိတ်ဆောင်မှတ်စုစာအုပ်လေး လုပ်တယ်။ ၂ရောင် (၂၅၀ဝကျပ်)

ထုတ်လုပ်ရေးပိုင်းမှာ နည်းနည်းကြန့်ကြာသွားလို့ ထွက်ရက် နောက်ကျတယ်။ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးအတွက်တော့ နောက်မကျသေးဘူးလို့ ယုံတယ်။

(ကျွန်တော့်သမီးကြီး ဖုန်း 0973235540, 0931113129 ဆီကို ဆက်သွယ်မှာယူနိုင်ပါတယ်။)

 

 

 

 

 

 

 

 

15 comments

  • ဦးကြောင်ကြီး

    January 12, 2014 at 3:35 am

    ဆရာအော်ပီကျယ့်သမီးက အပျ ို လား.. အမ်တီဒုံ။ သမီးကြီးဆိုတော့ သမီးငယ်လည်း ရှိဦးမှာပေါ့ 😳

  • weiwei

    January 12, 2014 at 2:32 pm

    ကျွန်မလဲ ဂေါက်ချင်ချင် ဖြစ်နေပြီ .. ပါတ်ဝန်းကျင်ကလူတွေကတော့ အပျိုကြီးပီသလာပြီး ဇီဇာကြောင်လာတယ်လို့ သတ်မှတ်နေကြပြီ ..
    ဒါပေမယ့် အဖော်တွေအများကြီးရှိတယ်ဆိုတော့ ဂေါက်ပစ်လိုက်တော့မယ် …

  • သမီးလည်​း​ဂေါက်​တယ်​ အာတီ… အာတီ့ပို့စ်​​တွေပြန်​လှန်​ပြီး သာမီး​ဂေါက်​ပုံ​တွေကို.မန်​့ပါဦးမယ်​… 🙂

  • TNA

    January 12, 2014 at 5:27 pm

    ကာတွန်းလေးတွေထိမိုလိုက်တာအန်တီဒုံရေ။ အခုခေတ်ကတော့ များများဂေါက်ပေးဖို့လိုတယ်ထင်တယ်။ 😀

  • Ma Ma

    January 12, 2014 at 6:41 pm

    သောက်ဖို့ရေချိုရဖို့အတွက် တန်းစီနေတဲ့ ကမာ္ဘပေါ်က အချို့အချို့သော လူတွေကို ညှာတာထောက်ထားသောအားဖြင့် သောက်ရေကို ကုန်နိုင်သလောက်ပဲခပ်ဖို့ သောက်ဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ စည်းရုံးလှုံ့ဆော်လို့ မရကတည်းက ကိုယ်တိုင်ဂေါက်ခြင်းမှလွဲလို့ အခြားသူများကို ဂေါက်ဖို့ မတိုက်တွန်းတော့တာ ကြာပါပြီကောလားးးးးး 🙁

  • padonmar

    January 12, 2014 at 7:50 pm

    ဂေါက်ဖော်ဂေါက်ဖက်တို့
    ဆရာအော်ပီကျယ်ရဲ့ သဘာဝ ကာတွန်းပြက္ခဒိန်လေးကို ကြုံကြိုက်ရင် အားပေးလိုက်ကြစေလိုပါတယ်။ကိုယ့်တွက် ကိုယ့်ပတ်ဝန်းကျင်က သူတွေအတွက် အသိတရား အများကြီးရစေမှာပါ။
    ဒီပို့စ်လေးတင်ချင်လို့ ရှေ့က ဂေါက်(၁)ကို ပြန်လှန် ဂေါက်(၂)နဲ့ (၃)ကို တက်သုတ်ရိုက်ရေးပြီး ခင်းကျင်းလာရတာ မောသွားတာပဲ။
    အောက်ကနည်းများ သုံးမိသလားလို့။တော်တော် ပင်ပန်းတဲ့နည်း။

    ရေကူးညာတင်ပြောနည်း
    မြစ်ကူးရာတွင် မြစ်ညာကတင်ပြီး ကူးမှ ရေစီးအတိုင်းလိုက်၍ အလိုက်သင့်လိုရာ ဆိပ်ကမ်းရောက်မည်ဖြစ်၏ ၊
    စကားပြောဆိုရာတွင်လည်း လိုရင်းရောက်အောင် ကြိုတင်ပြင်ဆင်ပြီး ပြောထားခြင်းကို ဆိုလိုသည် ။

  • ကြောင်ဝတုတ်

    January 13, 2014 at 9:17 am

    ကျွန်တော် အဲ့ပြက္ခဒိန်လေးသွားဝယ်လိုက်ပါဦးမယ်…
    အလွန်သဘောကျမိပါတယ်ဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • kyeemite

    January 13, 2014 at 9:46 am

    ဆရာအော်ပီကျယ်ကိုလည်းလေးစားပါတယ်…
    ဂေါက်နေတဲ့ အာတီဒုံကိုလည်းလေးစားပါတယ်
    😀

  • surmi

    January 13, 2014 at 9:55 am

    တစ်ယောက်​ထဲသာဆို ဂေါက်နည်းပေါင်းစုံနဲ့ ဂေါက်ပလိုက်မယ်
    အခုတော့ တချို့​သော​ဂေါက်​နည်​း​တွေကို​ဂေါက်​မရ​သေးဘူး ။

  • KZ

    January 13, 2014 at 1:52 pm

    အဲကွန်း ပန်ကာ အစား ယပ်တောင်သုံးပါတို့ ဘာတို့ မပါပါ့ လားးးးး(မီးမလာတာနဲ့ အတော်ပဲ)

    နောက်တာပါ တီဒုံရေ။
    နယ်မှာနေတုန်းက ဆို ရေချိုးတဲ့နေရာကနေ မြောင်းလေးဖောက်ပြီး စိုက်ထားတဲ့ အပင်တွေဆီကို သွယ်ထားတာမျိုးးး
    ပိုတဲ့ ထမင်းတို့ အသီးအရွက်တို့ ဆို ဝက်စာအိုးထဲထည့်လိုက်တာမျိုးးး လေးတွေလည်း မြင်ဖူးတယ်။
    ဒါကကျ ကဘာ့ ပတ်ဝန်းကျင်နဲ့ ချီတဲ့ အသိကြောင့်မဟုတ်ပဲ မိရိုးဖလာ အလေ့အကျင့်ကောင်းလေးတွေလည်းရှိပါရဲ့။
    🙂
    သောက်ရေဆို ကုန်နိုင်သလောက်ပဲ ခပ်သောက်ပါဆိုတာမျိုးးး
    ကျွတ်ကျွတ်အိပ်လေးတွေဆိုခေါက်သိမ်းတတ်တာမျိုးးးး
    ဗလာစာအုပ်က ပိုတဲ့စာရွက်တွေပေါင်းပြီး စာအုပ် အသစ်ချုပ်တာမျိုးးး
    re-chargable ဘက်ထရီပဲ သုံးတာမျိုး းး
    ထင်းရှုဆီ အစား လိမ်မော်ခွံခြောက်နဲ့ မီးမွှေးတာမျိုးတို့ ဘာတို့ပေါ့နော်။
    အိမ်မှာ လူတိုင်း တစ်ပိုင်တစ်နိုင်လုပ်နိုင်ကြရင် အကောင်းဆုံးပေါ့။
    ရှိသေးတယ်။
    ကြက်ဥခွံ ဆို သစ်ခွပင်ခြေရင်း ပုံတာတို့။
    ပြာဆို အိုးတိုက်ဖို့ စစ်ထားတာတို့။
    အုန်းသီးခွံနဲ့ ကြမ်းတိုက်တာတို့
    ရေနံဆီနဲ့ကြိုပြီး သစ်သားကြမ်းပြင်ကို တိုက်ဖို့ဖယောင်းချေးတွေ စုထားတာတို့။
    ငယ်တုန်းက အတော်ချွေတာခဲ့ရတာ။ စစ်စီခဲ့ရတာ တီဒုံရေ။
    ရပ်တော့မယ်။
    😀
    ဟိဟိ
    ဒစ်စပိုဇေးဘယ် အစ်ရှူးကနေ ချွေတာရေးဘက်ရောက်သွားမစိုးလို့။

    • padonmar

      January 15, 2014 at 11:25 pm

      အဲသဟာတွေ အကုန်လုပ်ခဲ့ရတာပေါ့ ဆွိရယ်။
      ဒီပြက္ခဒိန်ထဲလည်း ဆင်ဆင်တွေပါပါတယ်။

  • Mr. MarGa

    January 13, 2014 at 2:13 pm

    ဒေါ်လေးရေ့
    ဖတ်မိတာ နောက်ကျတယ်လို့ပဲပြောရမလား
    ကြိုဖတ်မိရင် ရှာဖွေပြီးတော့ တောင် ဝယ်ဖြစ်လောက်တယ်ဗျ။
    လောလောဆယ်တော့ မန်းလေးမှာ ရှာဖွေကြည့်လိုက်ပါဦးမယ် လို့

  • Paing Lay

    January 13, 2014 at 4:46 pm

    ဂေါက်ရုံတင်မကလို့ သွက်သွက်ခါ ရှုးသွားပါစေဗျာ ပက်ပက်စက်စက် ထောက်ခံတယ်ဂျို့ :mrgreen:

  • တိမ်တမန်

    January 16, 2014 at 6:30 pm

    ဆရာအော်ပီကျယ် ရဲ ့ဖန်တီးမှုတွေကို…ချစ်တယ်.. ။

  • ဝင့်ပြုံးမြင့်

    January 17, 2014 at 12:19 am

    ခြင်ဆေးခွေတစ်ခွေက စီးကရက် ၅၁ လိပ်နဲ့ညီမျှတဲ့ အဆိပ်ကိုထုတ်တယ်လို့ ဖတ်ထားဖူးတာ။
    ဒါလည်း မရှောင်နိုင်ပါဘူး တီဒုံရေ။ ရေရှည်ကိစ္စကို မစဉ်းစားအားဘူး။ လောလောဆယ် ခြင်ကိုက်လွန်းလို့ သွေးလွန် တုပ်ကွေးဖြစ်မှာ ကြောက်ရလို့ သုံးနေရတာပဲ။ သိန်းရာချီပြီး အိမ်ကို ပြင်မှ မဆောက်နိုင်တာကိုး။ ကိုယ့်လိုလူတွေက အများစုပါ။ သိသိနဲ့ပဲ သုံးနေရတာပါ။ အနီးကပ်ရန်သူက ပိုကြောက်ရတာကိုး။

    ပြီးတော့ တစ်ခါသုံးခွက်တွေက အခုခေတ်မှာ ရောဂါဘယ ထူပြောလာလို့ သုံးတာလားမသိဘူး။ ဘာပဲပြောပြော ဒီခေတ်ကြီးက အပေါ်ယံတွေ များလွန်းတယ်။ ပါကင် ခေတ်လို့တောင် ပြောရဦးမယ်။ သကြားလုံးလေး စားရတာကအစ ပင်ပန်းတယ်။ အရင်လို စက္ကူလေးနဲ့ လိပ်ထားတာ မဟုတ်တော့ဘူး။ ခက်ခက်ခဲခဲ အိတ်လေးကိုဖောက်ပြီး စားရတယ်။ မန်ကျည်းတော်ဖီလေး စားရတာလည်း အရင်လိုမဟုတ်ဘူး။ ပါကင်အထပ်ထပ်ကို ဖြေပြီးမှ စားရတယ်။ ကျွတ်ကျွတ်အိတ်တွေ၊ မုန့်ထည့်တဲ့ပါကင်တွေ၊ ခေါက်ဆွဲကြော်တို့ ဘာတို့ထည့်တဲ့ ဖော့ဘူးတွေ၊ တစ်ခါသုံးတူတွေ၊ အင်မတန်ကို အပိုဆာဒါးတွေ၊ အပရိကတွေများလွန်း၊ မလိုအပ်ဘဲ ဇီဇာချဲ့လွန်းတဲ့ ပါကင်ခေတ်ပါ တီဒုံရေ။
    သန့်အောင်ပြန့်အောင် လုပ်လိုက်ကြတာ။ အသုဘရှိလို့ ဘာရောဂါနဲ့ဆုံးတာလဲ စုံစမ်းလိုက်တော့ ကင်ဆာချည်းပဲ။

Leave a Reply