အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၅ ( Bay of Islands ) ။

Foreign ResidentJanuary 13, 201414min1417

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၅ ( Bay of Islands ) ။

5 နယူးဇီလန် နိုင်ငံ Bay of Islands ရဲ့ လမ်းဘေး မြင်ကွင်းတွေ ။

5 နယူးဇီလန် နိုင်ငံ Bay of Islands ရဲ့ လမ်းဘေး မြင်ကွင်းတွေ ။
5 နယူးဇီလန် နိုင်ငံ Bay of Islands ရဲ့ လမ်းဘေး မြင်ကွင်းတွေ ။

၁၁ – ၁၂ – ၂၀၁၃ ။

အဘ တို့ အုပ်စုဟာ ၊ နေ့လည် ၁၂ နာရီလောက်မှာ ၊

Kawiti Glow Worm Cave ကနေ ပြန်ထွက်လာခဲ့ကြပါတယ် ။

လမ်း တစ်လျှောက်မှာတော့ ၊ Tour Guide က အဘ တို့ကို နယူးဇီလန် ရဲ့သမိုင်းကို ရှင်းပြပါတယ် ။

နယူးဇီလန် ဒေသခံ တိုင်းရင်းသား Maori တွေဟာ ၊

တဟီတီ ကျွန်းက ထွက်ပြေးလာတဲ့ ပိုလီနီးရှန်း မျိုးနွယ်တွေ ဖြစ်ပါတယ်တဲ့ ။

BC 1200 နှင့် 1300 ကြားမှာ တဟီတီ ကျွန်း ပေါ်မှာ စစ်ပွဲ အကြီးအကျယ်ဖြစ်ပြီး ၊

အားနည်းတဲ့ မျိုးနွယ်စုတွေဟာ ကနူးလှေကြီးတွေနှင့် ထွက်ပြေးခဲ့ကြတယ်တဲ့ ။

( အဲဒီ ကနူးလှေကြီး တစ်စီးကို လူ ၁၅ဝ လောက် ဆံ့တယ် လို့ ပြောတယ် )

ထွက်ပြေးတဲ့ ကနူးလှေ စုစုပေါင်း ၁၅ စီးမှာ ရ စီးဘဲ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ၊

အဲဒီ ကနူးလှေ ရ စီး က နယူးဇီလန် ကျွန်း နေရာ အနှံ့ / ရ နေရာကို ခွဲရောက်ခဲ့ပြီး ၊

အဲဒီကနေ နယူးဇီလန် ဒေသခံ တိုင်းရင်းသား မျိုးနွယ် ရ ခု စတင်ပေါ်ပေါက်လာပါတယ်တဲ့ ၊

အဲဒီထဲက Maori ဆိုတာက မြောက်ပိုင်းက အင်အားကြီး ဒေသခံ တိုင်းရင်းသား မျိုးနွယ် တစ်ခုပါတဲ့ ။

အခု လက်ရှိ နယူးဇီလန် နိုင်ငံ မှာ တရားဝင် ရုံးသုံး ဘာသာစကား ၃ မျိုး ရှိပါတယ်တဲ့ ။

အဲဒါတွေကတော့ Māori ၊ English နှင့် New Zealand Sign Language တွေပါတဲ့ ။

နယူးဇီလန် နိုင်ငံ ရဲ့ အဓိက လုပ်ငန်းတွေကတော့ ၊

ကီဝီ ပင်စိုက်တာ ၊ နွား ၊ သိုး မွေးတာ ၊ သစ် ခုတ်တာ နှင့် ခရီးသွား လုပ်ငန်းပါဘဲတဲ့ ။

Maize ပြောင်းပင်တွေ လဲ စိုက်ပေမယ့် အဲ့ဒီဟာတွေဟာ နွားကျွေးဖို့ပါဘဲတဲ့ ။

သတ္တု တူးဖေါ်တဲ့ လုပ်ငန်း ကိုတော့ သဘာဝ ပါတ်ဝန်းကျင် ကို ထိခိုက်လို့ သိပ်မလုပ်ပါဘူးတဲ့ ။

ဒီဖက် နယူးဇီလန် မြောက်ပိုင်းမှာတော့ သစ် ခုတ်တာ ကိုဘဲ အဓိကလုပ်ကြပါတယ်တဲ့ ။

ဒီဖက် က သစ်တွေကို ခုတ်ပြီး အဓိကက တရုတ်ပြည်ကို ပို့ပြီး ။ ဂျပန် ကိုလဲ ပို့ပါတယ်တဲ့ ။

Kawiti Glow Worm Cave ကနေထွက်လာခဲ့ပြီး ၊

Kawa Kawa ဆိုတဲ့ မြို့ငယ်လေးမှာ အပေါ့အပါး နှင့် snack စားဖို့ ခဏ နားပါတယ် ။

တစ်ချို့ အဆောက်အဦး နံရံတွေမှာတော့ Maori အနုပညာ လက်ရာတွေ တွေ့ရပါတယ် ။

အဲဒီမှာ Hundertwasser ဆိုတဲ့ နာမည်ကျော် Austrian artist တစ်ယောက် က ၊

တည်ဆောက်ခဲ့တဲ့ နာမည်ကျော် အိမ်သာ Toilet ကိုလည်း သွားကြည့်ခဲ့ပါတယ် ။

သစ်ပင် ပင်စည်အတွက် ၊ အမိုးကို ဖေါက်ပေးထားတဲ့ ၊ အိမ်သာ ဒီဇိုင်းလေးပါ ။

<http://en.wikipedia.org/wiki/Hundertwasser_Toilets>

နယူးဇီလန် မြောက်ပိုင်းမှာ သစ် ခုတ်တာ ကိုဘဲ အဓိကလုပ်ကြတာ ဆိုတော့ ၊

သစ်လုံးတင် ကားကြီးတွေကတော့ ၅ မိနစ် တစ်စီးလောက်ကို ဆက်တိုက် ဖြတ်နေတာပါ ။

ထူးဆန်းတာ တစ်ခုကတော့ သစ်ခုတ်ထားတဲ့ ကွင်းပြင်တွေ နေရာတစ်ချို့မှာ တွေ့ရပေမယ့် ၊

လမ်းဘေး မြင်ကွင်း အများစု ( အများစု ) ကတော့ စိမ်းညို့နေတဲ့ သစ်တောအုပ်တွေပါဘဲ ။

Sustainable Logging ဆိုတာ ဒါဘဲ နေမှာပါ ။

5 Kawa Kawa ဆိုတဲ့ မြို့ငယ်လေးမှာ အပေါ့အပါး နှင့် snack စားဖို့ ခဏ နားပါတယ် ။

5 Kawa Kawa ဆိုတဲ့ မြို့ငယ်လေးမှာ အပေါ့အပါး နှင့် snack စားဖို့ ခဏ နားပါတယ် ။
5 Kawa Kawa ဆိုတဲ့ မြို့ငယ်လေးမှာ အပေါ့အပါး နှင့် snack စားဖို့ ခဏ နားပါတယ် ။

5 တစ်ချို့ အဆောက်အဦး နံရံတွေမှာတော့ Maori အနုပညာ လက်ရာတွေ တွေ့ရပါတယ် ။

5 တစ်ချို့ အဆောက်အဦး နံရံတွေမှာတော့ Maori အနုပညာ လက်ရာတွေ တွေ့ရပါတယ် ။
5 တစ်ချို့ အဆောက်အဦး နံရံတွေမှာတော့ Maori အနုပညာ လက်ရာတွေ တွေ့ရပါတယ် ။

5 Hundertwasser ဆိုတဲ့ နာမည်ကျော် Austrian artist တစ်ယောက် တည်ဆောက်ခဲ့တဲ့ နာမည်ကျော် အိမ်သာ

5 Hundertwasser ဆိုတဲ့ နာမည်ကျော် Austrian artist တစ်ယောက် က တည်ဆောက်ခဲ့တဲ့ နာမည်ကျော် အိမ်သာ Toilet
5 Hundertwasser ဆိုတဲ့ နာမည်ကျော် Austrian artist တစ်ယောက် က တည်ဆောက်ခဲ့တဲ့ နာမည်ကျော် အိမ်သာ Toilet

5 သစ်လုံးတင် ကားကြီးတွေကတော့ ၅ မိနစ် တစ်စီးလောက်ကို ဆက်တိုက် ဖြတ်နေတာပါ ။

5 သစ်လုံးတင် ကားကြီးတွေကတော့ ၅ မိနစ် တစ်စီးလောက်ကို ဆက်တိုက် ဖြတ်နေတာပါ ။
5 သစ်လုံးတင် ကားကြီးတွေကတော့ ၅ မိနစ် တစ်စီးလောက်ကို ဆက်တိုက် ဖြတ်နေတာပါ ။

Kawa Kawa ဆိုတဲ့ မြို့ငယ်လေး ကနေ Te Waimate mission House ကို ထွက်လာခဲ့ပါတယ် ။

Te Waimate mission House ကို ၁၈၃၂ ခု ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ၊

နယူးဇီလန် နိုင်ငံ ရဲ့ ဒုတိယ အသက်အကြီးဆုံး အဆောက် အဦးပါတဲ့ ။

ထင်ရှားတဲ့ အချက်ကတော့ ဥရောပ အခြေချသူတွေ နှင့် Maori ဒေသခံလူမျိုးတွေ ရဲ့ ၊

” second signing of the Treaty of Waitangi ” နားလည်မှု စာချွန်လွှာ ကို ၊

၁၈၄ဝ ခုနှစ်မှာ ၊ ဒီ အဆောက်အဦးထဲမှာ ရေးထိုးခဲ့တာတဲ့ ။

<http://www.historic.org.nz/TheRegister/RegisterSearch/RegisterResults.aspx?RID=3&m=advanced>

အ ဟဲ ဟဲ ၊ အဲဒီ mission House မှာ အဘတို့ကို High Tea နှင့် ဧည့်ခံတယ်လေ ။

ကော်ဖီ လဘက်ရည် မျိုးစုံ နှင့် ၊ ပါမုန့် ကိတ် ကွတ်ကီး ယို မျိုးစုံ နှင့်ပေါ့ကွယ် ။

mission House မှာဘဲ ကိုယ်တိုင် လတ်လတ် ဆပ်ဆပ် Freshly Baked လုပ်ထားတာတွေတဲ့ ။

လတ်လတ် ဆပ်ဆပ် ဖုတ်ထားတာတွေ ဆိုတော့ အနံ့လေးကသင်းပြီး စားချင်စရာပေါ့ကွယ် ။

အဘ တို့ လည်း ၊ အဲဒီမှာဘဲ နေ့လည်စာ အလွတ် ၊ အဝ တွယ်လိုက်ကြတာပေါ့ ။

5 နယူးဇီလန် နိုင်ငံ ရဲ့ ဒုတိယ အသက်အကြီးဆုံး အဆောက် အဦး Te Waimate mission House ( 1832 ) ။

5 နယူးဇီလန် နိုင်ငံ ရဲ့ ဒုတိယ အသက်အကြီးဆုံး အဆောက် အဦး Te Waimate mission House ( 1832 ) ။
5 နယူးဇီလန် နိုင်ငံ ရဲ့ ဒုတိယ အသက်အကြီးဆုံး အဆောက် အဦး Te Waimate mission House ( 1832 ) ။

5 ဥရောပ အခြေချသူတွေ နှင့် Maori ဒေသခံလူမျိုးတွေ ၊  second signing of the Treaty of Waitangi  နားလည်မှု စာချွန်လွှာ ကို ရေးထိုးခဲ့တာ ။

5 အ ဟဲ ဟဲ ၊ အဲဒီ mission House မှာ အဘတို့ကို High Tea နှင့် ဧည့်ခံတယ်လေ ။

5 အ ဟဲ ဟဲ ၊ အဲဒီ mission House မှာ အဘတို့ကို High Tea နှင့် ဧည့်ခံတယ်လေ ။
5 အ ဟဲ ဟဲ ၊ အဲဒီ mission House မှာ အဘတို့ကို High Tea နှင့် ဧည့်ခံတယ်လေ ။

5 Te Waimate mission House ရှေ့ ပန်းခြံထဲက မိုးထိုးနေတဲ့ သစ်ပင်အိုကြီးတွေ ။

5 Te Waimate mission House ရှေ့ ပန်းခြံထဲက မိုးထိုးနေတဲ့ သစ်ပင်အိုကြီးတွေ ။
5 Te Waimate mission House ရှေ့ ပန်းခြံထဲက မိုးထိုးနေတဲ့ သစ်ပင်အိုကြီးတွေ ။

အဲဒီ Mission House က အပြီးမှာတော့ ၊

အဘ တို့ Boat ကပ်ခဲ့တဲ့ ၊ ကမ်းနား ကိုဘဲ ပြန်လာခဲ့ကြပါတယ် ။

အဲဒီ ကို အသွားမှာ ကမ်းနား တစ်လျှောက် အမြင့်ဆုံး တောင်ကုန်း တစ်ခု အပေါ် ပို့ပေးပါတယ် ။

အဲဒီ တောင်ကုန်း ပေါ်က ကြည့်ရင် အဘတို့ Cruise သင်္ဘောကြီးကို ကောင်းကောင်း မြင်ရပါတယ် ။

အရင် Post ထဲမှာ ကျွန်းကြားထဲက သင်္ဘောကြီး ပုံ က အဲဒီကနေ ရိုက်ထားတာပေါ့ ။

ကမ်းနား ဘုတ်ဆိပ် ရောက်တော့ ၊ သင်္ဘော ဝန်ထမ်းတွေက ၊

ရေအေး မျက်နှာသုတ်ပုဝါတွေ ၊ အအေး ဖျော်ရည်တွေ နှင့် ကြိုဆိုပါတယ် ။

အဲဒီကနေ Tender Boat စီးပြီး ၄ နာရီလောက်မှာ သင်္ဘော ပေါ် ပြန်ရောက်ပါတယ် ။

သင်္ဘော ပေါ် ပြန်တက်တဲ့ အခါ ၊ လေဆိပ်တွေမှာလိုဘဲ တင်းတင်းကျပ်ကျပ် စစ်ဆေးတာ တွေ့ရပါတယ် ။

5 ကမ်းနား ကနေ အပြန် ၊ သင်္ဘောကြီး ရဲ့ အနောက်ဖက်က မြင်ကွင်း ။

5 ကမ်းနား ကနေ အပြန် ၊ သင်္ဘောကြီး ရဲ့ အနောက်ဖက်က မြင်ကွင်း ။
5 ကမ်းနား ကနေ အပြန် ၊ သင်္ဘောကြီး ရဲ့ အနောက်ဖက်က မြင်ကွင်း ။

5

သင်္ဘော ပေါ် ပြန်တက်တဲ့ အခါ ၊ လေဆိပ်တွေမှာလိုဘဲ တင်းတင်းကျပ်ကျပ် စစ်ဆေးတာ တွေ့ရပါတယ် ။

5 သင်္ဘော ပေါ် ပြန်တက်တဲ့ အခါ ၊ လေဆိပ်တွေမှာလိုဘဲ တင်းတင်းကျပ်ကျပ် စစ်ဆေးတာ တွေ့ရပါတယ် ။
5 သင်္ဘော ပေါ် ပြန်တက်တဲ့ အခါ ၊ လေဆိပ်တွေမှာလိုဘဲ တင်းတင်းကျပ်ကျပ် စစ်ဆေးတာ တွေ့ရပါတယ် ။

သင်္ဘောပေါ် ပြန်ရောက်တော့ ခဏနား ရေမိုးချိုး အဝတ်အစားလဲပြီးတာနှင့်ဘဲ ၊

ညစာ စားရမယ့် အချိန် ရောက်သွားပါတော့တယ် ။

ဒီလို Cruise သင်္ဘောကြီးတွေရဲ့ ထုံးစံက ၊

တနေကုန်နီးပါး ၊ သင်္ဘောရဲ့ တစ်နေရာမဟုတ် တစ်နေရာမှာ ၊

ဖျော်ဖြေပွဲ တစ်မျိုး မဟုတ် တစ်မျိုး ရှိနေပါတယ် ။

အဲဒီ Event ဖျော်ဖြေပွဲ တွေရဲ့ အချိန် စာရင်းဟာ အဘတို့ နေ့တိုင်းရတဲ့ ၊

သတင်းလွှာ ၁ ( ဒီနေ့ နှင့် မနက်ဖြန် ရဲ့ Activities & Events ) တွေ ထဲမှာ ပါပါတယ် ။

ပုံမှာ ကြည့်လိုက်ရင် 7:45pm ၊ 8:00pm ၊ 8:15pm ဆိုတဲ့ ၊ အချိန် အနည်းငယ် အတွင်းမှာ ၊

Grand Foyer 3 ၊ Solstice Theatre 4,5 ၊ Celebrity Central 4 ၊ Hot Glass Studio 15 ၊

Ensemble Lounge 5 ၊ Boutique C 5 ၊ Entertainment Court 4 ၊

စသဖြင့် နေရာ မျိုးစုံ မှာ ဖျော်ဖြေပွဲတွေ မြောက်များစွာ ရှိနေတာကို တွေ့ရမှာပါ ။

အဲဒီ အနောက်က 3 ၊ 4 ၊ 5 ၊ စတာတွေက သင်္ဘောရဲ့ အထပ် Deck ကို ပြောတာပါ ။

5 သတင်းလွှာ ၁ ။ ဒီနေ့ နှင့် မနက်ဖြန် ရဲ့ Activities & Events တွေပါ ။

5 သတင်းလွှာ ၁ ။ ဒီနေ့ နှင့် မနက်ဖြန် ရဲ့ Activities & Events တွေပါ ။
5 သတင်းလွှာ ၁ ။ ဒီနေ့ နှင့် မနက်ဖြန် ရဲ့ Activities & Events တွေပါ ။

ရွာသူားတို့ သိတဲ့အတိုင်းဘဲ ၊ အဘ က အနုပညာကို ဝါသနာ မပါပေမယ့်လည်း ၊

အဘ ဘဝရဲ့ ပဲ့ကိုင်ရှင် မဟေသီ က ၊ အနုပညာကို ဝါသနာ ပါလေတော့ကာ ၊

တစ်နေ့ကို ဖျော်ဖြေပွဲ အနဲဆုံး တစ်ပွဲတော့ တန်အောင် ကြည့်ရမယ်လို့ ရာဇသံ ပေးပါတယ် ။

အဲ့သဟာနှင့် ၊ ဒီနေ့ပွဲတွေ အထဲက ရွေးတဲ့အခါမှာ ၊

မျိုးချစ်စိတ် နှင့်ဘဲ The Aussie Boys အဖွဲ့ကို သွားကြည့်ဖို့ ရွေးလိုက်ကြပါတယ် ။

The Aussie Boys အဖွဲ့ဟာ ဩဇီ ကောင်လေး ၃ ယောက် သီချင်းဆိုတဲ့ အဖွဲ့ ဖြစ်ပြီး ၊

အဘ တို့ ဩဇီ မှာတော့ တော်တော် နာမည်ကြီးတဲ့ အဖွဲ့ပါ ။

အဘ က စောစော အိပ် ၊ စောစော ထ ရတာကိုကြိုက်တဲ့ အတွက် ၊

The Aussie Boys  ၂ ပွဲ ရှိတဲ့အနက် ၊ ညနက်ချိန် ၉ နာရီ ပွဲကို မရွေးဘဲ ၊

ညဦးပိုင်း ရ နာရီ ပွဲကို ရွေးလိုက်ပါတယ် ။

ညနေ ၆ နာရီမှာ သင်္ဘောကြီး ကျောက်ဆူးနှုတ်ပြီး ကမ်းက ခွာပါတယ် ။

အဲဒါကို ထမင်းစားခန်းထဲကဘဲ ညနေစာ စားရင် ရှုခင်းတွေကို ကြည့်ကြပါတယ် ။

နေ့လည် ၃ နာရီလောက်က Mission House မှာ High Tea အဝတွယ်ထားတာကြောင့် ၊

ညနေစာ ကို အများကြီး မစားနိုင်တော့ပါဘူး ။

ကျန်းမာရေးအတွက် သင့်တော်မယ့် ဟာလေးတွေဘဲ တို့ ဂဏန်း ဆိတ် ဂဏန်း စားပြီး ၊

ရ နာရီ The Aussie Boys ဖျော်ဖြေပွဲ ရှိတဲ့ Solstice Theatre 4,5 ကို ထွက်လာခဲ့ပါတယ် ။

5 နေ့လည် ၃ နာရီလောက်က Mission House မှာ
High Tea အဝတွယ်ထားတာကြောင့် ညနေစာ ကို အများကြီး မစားနိုင်တော့ပါဘူး ။

5 နေ့လည် ၃ နာရီလောက်က Mission House မှာ High Tea အဝတွယ်ထားတာကြောင့် ညနေစာ ကို အများကြီး မစားနိုင်တော့ပါဘူး ။
5 နေ့လည် ၃ နာရီလောက်က Mission House မှာ High Tea အဝတွယ်ထားတာကြောင့် ညနေစာ ကို အများကြီး မစားနိုင်တော့ပါဘူး ။

ဆိုးတာက ၊ အဘက အခုမှ ပထမဦးဆုံး ဖျော်ဖြေပွဲ လာကြည့်တာဆိုတော့ ၊

ဒီ သင်္ဘော ပေါ်က ဖျော်ဖြေပွဲ ရဲ့ စည်းကမ်းတွေကို မသိသေးပါဘူး ။

အဲဒါ နှင့် ဓါတ်ပုံ ရိုက်လို့ မရလောက်ပဘူး ထင်လို့ ၊ ကင်မရာ ယူမသွားပါဘူး ။

ဟိုရောက်တော့မှ ၊ သူတို့ ကြေငြာတာကို ကြားရတော့မှ ၊

Flashed Photography နှင့် V D O မဟုတ်ရင် ခွင့်ပြုတယ်တဲ့ ။

အဲဒီတော့ကာ ၊ ဒီပွဲမှာတော့ The Aussie Boys အဖွဲ့ ရဲ့ ပုံကို ၊

Internet ထဲက ပုံတစ်ပုံကိုဘဲ တင်ပေးနိုင်တော့တယ်ကွယ် ။

5 အဓိက Theatre ဖြစ်တဲ့ Solstice Theatre 4,5 ၊ ၂ ထပ်ရှိလို့ 4,5 ဖြစ်သွားတာ ။

5 အဓိက Theatre ဖြစ်တဲ့ Solstice Theatre 4,5 ၊ ၂ ထပ်ရှိလို့ 4,5 ဖြစ်သွားတာ ။
5 အဓိက Theatre ဖြစ်တဲ့ Solstice Theatre 4,5 ၊ ၂ ထပ်ရှိလို့ 4,5 ဖြစ်သွားတာ ။

5 ဒီပွဲမှာတော့ The Aussie Boys အဖွဲ့ ရဲ့ ပုံကို ၊ Internet ထဲက ပုံတစ်ပုံကိုဘဲ တင်ပေးနိုင်တော့တယ်ကွယ် ။

ဩဇီ မှာသာ သွားကြည့်ရင် အနဲဆုံး ဒေါ်လှ ၅ဝ / ၁၀ဝ ပေးမှ ရမယ့် ၊

The Aussie Boys လို Professional အဖွဲ့ တစ်ဖွဲ့ ရဲ့ ဖျော်ဖြေမှု ကိုလည်း ကြည့်ရတယ် ။

လန်ပြန်နေအောင်လဲ စားရတယ် ။ နိုင်ငံတကာ ကိုလည်း လျှောက်ကြည့်ရတယ် ၊ ဆိုတော့ကာ ၊

အဘ အနေနှင့်တော့ အဘတို့ ဒီ Cruise သင်္ဘော ခရီးစဉ်မှာ ၊ average ကုန်ကျခဲ့တဲ့ ၊

တစ်နေ့ ၊ တစ်ယောက် ကို ဒေါ်လှ ၂၀ဝ ကျော် ကုန်ကျတာဟာ ၊ တန်တယ်လို့ ယူဆပါတယ် ။

အ ဟိ ။ ဒါပေမယ့် အဲလို Cruise သင်္ဘော ကို ခဏ ခဏ စီးလို့တော့ မဖြစ်ဘူး ။

အဲဒီမှာ ကျွေးနေ စားနေ ပုံ နှင့်ဆို ၊ လူတွေလဲ ခင်သန္တာ သက်ချိုပြုံး ဖြစ်ကုန်လိမ့်မယ် ။

တစ်နှစ် ကို Cruise သင်္ဘော တစ်ခါထက် ပိုစီးလို့ ၊ လုံးဝ လုံးဝ မဖြစ်ချေဝူး ။

တော်သေးဘီ ။

အဘ ဖေါ ( F R ) ။

7 comments

  • sorrow

    January 13, 2014 at 10:05 am

    အဘ ရေ …သေချာဖတ်သွားပါတယ်ခင်ဗျာ .. ကျေးကျေးပါ ။

  • kyeemite

    January 13, 2014 at 1:58 pm

    အော်..သွားလိုက်၊ စားလိုက်၊ အိပ်လိုက်…ဒါမှမဝရင်ဘယ်သူဝပါတော့မလဲ…
    ဇိမ်ပဲဗျာ…အင်း..ဒီတစ်ခေါက်ပြန်ဆုံရင်တော့ ကိုဖေါခန္ဒာကိုယ် နှစ်ဆလောက်ဖြစ်နေမှာမြင်ရောင်သေး
    😀

  • KZ

    January 13, 2014 at 2:07 pm

    ပဂိုးဒါးးးး
    မိုးမျှော်တိုက်မြင့်ကြီးတွေအများကြီးမြင်ရတာတာနဲ့
    သစ်သားအိမ်နဲ့မြက်ခင်းစိမ်းလေးမြင်ရတာနဲ့ က ရင်ခုန်နှုန်းတွေမတူညီပါလားးးး
    အသုံးအဆောင်ကလည်း သစ်သားတွေ။
    မြင်ရတာအေးချမ်းလိုက်တာ။
    :chit:

    အာ့ကြောင့် World’s peaceful country မှာ နံပတ် ၄ ဆိုလားပဲ။

  • Mr. MarGa

    January 13, 2014 at 6:19 pm

    Cruise ပီသပါပေ့
    စားလိုက် သောက်လိုက် လည်လိုက် ပတ်လိုက်နဲ့
    သာယာပေစွ………. 🙂
    ဘဖော အဲ့ပေါ်က ပြန်ဆင်းတော့
    ဘယ်နှပေါင်လောက် တိုးလာသလဲ ဟင် :mrgreenn:

  • TNA

    January 14, 2014 at 12:44 pm

    လှလိုက်တာ အဘရေ။ အဘကျေးဇူးနဲ့မြင်ဖူးသွားပါတယ်။

  • Ma Ma

    January 14, 2014 at 5:58 pm

    အပေါ်က ပုံတွေကို ကြည့်ပြီး လူတွေမှ နေကြရဲ့လားလို့ သံသယဖြစ်မိတယ်။
    ကျွတ်ကျွတ်အိတ်တွေ တစ်ရှုးစတွေ မတွေ့လို့။ 🙁

  • Crystalline

    January 15, 2014 at 12:28 pm

    အဲဒီခရီးစဉ်မျိုးအရမ်းစိတ်ဝင်စားတယ်.. စိတ်တူကိုယ်တူသူငယ်ချင်း ၃ယောက်လောက်နဲ့သွားခွင့်ရချင်တယ်.. အဲဒါမှပိုပျော်ဖို့ကောင်းမှာ :))

Leave a Reply