လွတ်မြောက်မှု အလင်းတန်းများ အပိုင်း (၅)…

Ko out of...January 13, 20141min802

– တရားသည် လူ့အရည်အချင်း၏ မှန်ကန်ချက်ဖြစ်သည်။ လူ့အရည်အချင်းသည် လူ့ဘဝဖြစ်သည်။ ထို့ကြောင့်တရားသည်ဘဝသစ္စာဖြစ်သည်…ဘဝဖြူစင်ရိုးသောကြောင့် တရားသည်အရိယာသစ္စာဖြစ်သည်။ တရားသည်သူ့ကို ကျင့်သောအခါ မှားယွင်းမှုများ၏ လက္ခဏာများကို သင်ခန်းစာယူသည်။ မှားယွင်းမှုများသည် ပျက်စီးခြင်း၊ ဆင်းရဲခြင်း၊ ကိုယ့်ကိုယ်ကို အချုပ်အခြာ မပိုင်ခြင်း လက္ခဏာရှိသည်…

– ဦးနှောက်ထဲ ရောက်လာသည့်ပတ်ဝန်းကျင်အာရုံတွေဟာ လူကိုထောက်ပံ့တာတွေလည်းပါတယ်၊ ဖျက်စီးတာတွေလည်ပါတယ်….ထောက်ပံကတာတွေဆိုရင် ဆောင်ဖို့ (စာရိတ္တသီလ)ပေါ့…ဖျက်ဆီးတာတွေဆိုရင် ရှောင်ဖို့ (ဝါရိတ္တသီလ) ကိုဦးနှောက်က တွက်ချက်ရတယ်…

– ကိလေသာမဖြစ်တိုင်း ငြိမ်းတာ မဟုတ်ဘူး….ဥပမာ …ပက်လက်အိပ်တတ်သည့်ကလေးတွေဟာ ခိုးတတ်၊လိမ်တတ်ပြီလား? သူတို့မှာ ခိုးချင်လိမ်ချင် တဲ့ကိလေသာတွေ ဖြစ်နေကြလား? မဖြစ်ရင်ငြိမ်း မြိငိမ်းရင်ဖြစ်ပေါ့..အဲဒါဘာဖြစ်တာလည်း? အသိနဲ့ ကိလေသာ မပယ်ရသေးလို့ပေါ့..

– ဝိပါက်ထဲက အာရုံကိုပြန်ဆာလှောင်တာ ကိလေသာဘဲ…သူဟာခံစားခဲ့ဖူးတဲ့ အာရုံကို ပြန်လွမ်းတာဘဲ…တနည်း…သာယာခဲ့တာက ကံ..သာယာခဲ့တာကို ပြန်သတိရတာက ဝိပါက်ပေါ့…

– ဘဝမဲ့သော သဘောတရားကိုဆောင်ထားရခြင်းဖြင့် ဆောင်သူတို့အား အဘယ်အကျိုးကိုတိုးပွါးစေအံ့နည်း?…ဆောင်ရသောဝန်သည်သာလျှင် ဆောင်သူတို့အား အပိခံရဖို့ မလွှဲပင်ဖြစ်သည်…

– မတရားခေါင်းပုံဖြတ်မှုကို အကြောက်(အခြောက်)တရားတွေလောက်ကိုဘဲ မတရားဖူးလို့ထင်ပြီး ဒါကိုဘဲတော်လှန်ရေးလုပ်နေကြတယ်…ကိုယ့်ကိုအမျှော်( အချော့) တရားတွေနဲ့ ခေါင်းပုံဖြတ်တာကျတော့ လူတွေမမြင်ဘဲ လူတွေကိုမူးမေ့အောင် လုပ်နေတာကိုလည်း စဉ်းစားဖို့လိုမယ်နော…လူတွေအမျျားစုဟာ ဘာသာတရားအောက်ရောက်ရင် sleep ဖြစ်နေကြတာများတယ်…

2 comments

  • ဒညင်းဝက်

    January 18, 2014 at 9:22 pm

    အဟမ်းးး

    ဘယ်သူ ့ကိုမှ..
    မကြောက်လန့် …
    ဘယ်သူ ့ကိုမှလည်း..မခြောက်လှန် ့….

    :kwi:

  • Paing Lay

    January 19, 2014 at 4:28 pm

    ပြုသူအသစ် ဖြစ်သူ အဟောင်းချည်းသာ ဘဝဟူသော သံသရာမှာ :kwi:

Leave a Reply