ကိုယ့်​ကိုယ်​ကို
ပြန်​မြင်​တတ်​တဲ့အကျင့်​မှာ
အ​ကောင်းမြင်​တတ်​တဲ့အစွဲက
ဘယ်​လိုဂါထာပဲရွတ်​ရွတ်​မကျွတ်​ဘူး။
တယ်​လီစကုတ်​မှာပိတ်​​နေတဲ့
သံ​ယောဇဉ်​​ချေး​ညှော်​​တွေဟာ
သူများမ​ကောင်း​ကြောင်း
ကိုယ်​​ကောင်း​ကြောင်း​တွေပဲ
စည်းလွတ်​ဝါးလွတ်
အာဏာရ​ပြ​နေကြ​ပေါ့။
အဆင်းနဲ့ဘီးဟာ
ဂျင်းစိမ်းနဲ့မိတ်​သလင်​လို
မာနကြီး​နေကြသ၍
ဈေးကွက်​မှာ​ငွေ​ကြေးက
အိမ်​​ထောင်​သည်​ဘဝကို
ကြိုက်​​ဈေး​ပေး​ခေါ်​နေမှာပဲ
ဘာပဲ​ပြော​ပြော
မျက်​နှာမူရာအရပ်​က
နေမထွက်​တာ သင်​ရိုးညက်​လာတဲ့အခါ
မုသားမပါဘဲ ကာရံမဲ့အလင်္ကာ​တွေ
ငါ့ကိုယ်​မှာ
ကိုင်းညွှတ်​​အောင်​သီးလို့
နေမဝင်​ခင်
ကုန်းထိပ်​ကရပ်​စောင့်​​နေတဲ့သီချင်း
သူလိုကိုယ်​လို​သောကသံ​တွေပြည့်​လို့
ဘဝက
ခေါက်​ပြန်​​ပေးအသက်​ရှူ​နေရတာပဲ
အား​နေတယ်​ဆိုတာ
မေတ္တာပွားဖို့မဟုတ်​ဘူး
နား​နေတယ်​ဆိုတာ
ကျားထိုး​ဖော်​ရှာ​နေတာ
ပြောပြီးပါ​ကော
ကိုယ့်​ကိုယ်​ကိုပြန်​မြင်​မိတိုင်း
တခြားတပါးနဲ့
ခေါင်းနဲ့ပန်းပဲ။ ။
ကိုစစ်(ရူပ​ဗေဒ)

ko six

About ko six

ko six has written 99 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014