ရိပ်​သာမှာ​ညောင်​မြစ်​တူးခြင်​း

ko sixJanuary 14, 20141min28817

ကိုယ်​့ကိုယ်​ကို
ပြန်​မြင်​တတ်​တဲ့အကျင်​့မှာ
အ​ကောင်​းမြင်​တတ်​တဲ့အစွဲက
ဘယ်​လိုဂါထာပဲရွတ်​ရွတ်​မကျွတ်​ဘူး။
တယ်​လီစကုတ်​မှာပိတ်​​နေတဲ့​
သံ​ယောဇဉ်​​ချေး​ညှော်​​တွေဟာ
သူများမ​ကောင်​း​ကြောင်​း
ကိုယ်​​ကောင်​း​ကြောင်​း​တွေပဲ
စည်​းလွတ်​ဝါးလွတ်​
အာဏာရ​ပြ​နေကြ​ပေါ့။
အဆင်​းနဲ့ဘီးဟာ
ဂျင်​းစိမ်​းနဲ့မိတ်​သလင်​လို
မာနကြီး​နေကြသ၍
​ဈေးကွက်​မှာ​ငွေ​ကြေးက
​အိမ်​​ထောင်​သည်​ဘဝကို
ကြိုက်​​ဈေး​ပေး​ခေါ်​နေမှာပဲ
ဘာပဲ​ပြော​ပြော
မျက်​နှာမူရာအရပ်​က
​နေမထွက်​တာ သင်​ရိုးညက်​လာတဲ့အခါ
မုသားမပါဘဲ ကာရံမဲ့အလင်္ကာ​တွေ
ငါ့ကိုယ်​မှာ
ကိုင်​းညွှတ်​​အောင်​သီးလို့
​နေမဝင်​ခင်​
ကုန်​းထိပ်​ကရပ်​စောင်​့​နေတဲ့သီချင်​း
သူလိုကိုယ်​လို​သောကသံ​တွေပြည်​့လို့
ဘဝက
​ခေါက်​ပြန်​​ပေးအသက်​ရှူ​နေရတာပဲ
အား​နေတယ်​ဆိုတာ
​မေတ္တာပွားဖို့မဟုတ်​ဘူး
နား​နေတယ်​ဆိုတာ
ကျားထိုး​ဖော်​ရှာ​နေတာ
​ပြောပြီးပါ​ကော
ကို်ယ်​့ကိုယ်​ကိုပြန်​မြင်​မိတိုင်​း
တခြားတပါးနဲ့
​ခေါင်​းနဲ့ပန်​းပဲ။ ။
ကိုစစ်(ရူပ​ဗေဒ)

17 comments

  • kyeemite

    January 14, 2014 at 10:58 am

    ကိုယ်​့ကိုယ်​ကို
    ပြန်​မြင်​တတ်​တဲ့အကျင်​့မှာ
    အ​ကောင်​းမြင်​တတ်​တဲ့အစွဲက
    ဘယ်​လိုဂါထာပဲရွတ်​ရွတ်​မကျွတ်​ဘူး။…..ကြိုက်တယ်ဗျာ…လူ့သဘာဝလေးပေါ်လွန်းလို့ 🙂

  • sorrow

    January 14, 2014 at 11:37 am

    ကိုစစ်ရေ ..ရွာထဲရောက်ရောက်ချင်း ပြလိုက်တဲ့အနုပညာက လေးစားစရာပါဗျာ …

    ခင်တဲ့..
    ကချင်နုထွားကြီး

  • Novy

    January 14, 2014 at 12:22 pm

    ကဗျာလေးကို အရမ်းသဘောကျသွားတယ်
    လူဆိုတဲ့ လူစရိုက်တွေကို ကဗျာထဲမှာတွေလိုက်ရလို့

  • ko six

    January 14, 2014 at 1:33 pm

    တစ်​ရွာတည်​း​နေပြီး
    ​ရေသန်​့ဗူး​သောက်​သူနဲ့
    အဝီစိ​ရေ​သောက်​သူ​တွေပဲကွာမှာပါ
    ​ကျေးဇူးတင်​ပါတယ်​​ဗျာ

  • Paing Lay

    January 14, 2014 at 3:10 pm

    လူ့စရိုက်ကို ကဗျာနဲ့ ပေါ်လွင်အောင်ရေးသွားတဲ့ အရေးအသားက တကယ်ကို ကွင်းကွင်း ကွက်ကွက်ပါပဲဗျာ 🙂

  • Ma Ma

    January 14, 2014 at 4:47 pm

    ကြားဖူးတာလေးပြန်ပြောရရင်……..
    လူတွေပြောတဲ့စကားကို အနှစ်ချ ုပ်ကြည့်လိုက်ရင် ကိုယ်ကောင်းကြောင်းနဲ့ သူများမကောင်းကြောင်းတွေပဲတဲ့။
    ကိုယ့်စကားတွေကို ကိုယ်ပြန်စစ်ကြည့်တော့လည်း အဲဒီထဲကမထွက်ဘူး။ 🙁

  • တိမ်တမန်

    January 16, 2014 at 6:39 pm

    ကိုခြောက်.. အဲ.. ကိုစစ် …
    ကဗျာလေး..အတော် ကောင်းတယ်ဗျာ..
    ကြိုက်တယ် ။

    ဘဝက
    ​ခေါက်​ပြန်​​ပေးအသက်​ရှူ​နေရတာပဲ ဆိုတဲ ့ စာသားလေးမှာ…အတွေးတွေ..ခဏ ရပ်…
    ကိုယ့်ကို ကိုယ် ပြန် စစ်ဆေးမိသွားတယ်… ။

    :kwi:

    • Ma Ma

      January 16, 2014 at 7:01 pm

      အသာလုပ်ပါ တိမ်တမန်ရယ်။
      ခုမှဝင်လာတဲ့ ရွာသားကို ဂိုဏ်းသွင်းပေးနေပြန်ပါပြီ။ 😀

  • Mr. MarGa

    January 16, 2014 at 6:58 pm

    ကို်ယ်​့ကိုယ်​ကိုပြန်​မြင်​မိတိုင်​း
    တခြားတပါးနဲ့
    ​ခေါင်​းနဲ့ပန်​းပဲ။ ။

    ဟုတ်ပါပေ့ ကိုစစ်ရေ……………..
    ကိုယ့်ငါးချဉ် ကိုယ်ပြန်ချဉ်နေရသလို :kwi:

  • kai

    January 17, 2014 at 5:00 am

    အဆင်​းနဲ့ဘီးဟာ
    ဂျင်​းစိမ်​းနဲ့မိတ်​သလင်​လို
    မာနကြီး​နေကြသ၍
    အဆင်းဘီးတတ်သူတွေ
    ကီးချော် ဆင့် -ီးမျှော်ကြရပေမပေါ့
    အော်…
    မော်ကြည့်ရသူတို့ဘဝ..။ :mrgreen:

  • နား​နေတယ်​ဆိုတာ
    ကျားထိုး​ဖော်​ရှာ​နေတာ
    တ ကယ် လာ တာ က
    ကျား အစစ် တွေ ဆို တော့
    ကျုပ် ဘ ဝ က လဲ
    ပစ် လိုက် ရ ပါ က ကော
    ကို စစ် ရေ

  • padonmar

    January 20, 2014 at 12:37 am

    မင်္ဂလာပါ ကိုစစ်ရေ၊ဦးမိုက်လိုပဲ အပေါ်ဆုံးပိုဒ်ကြိုက်တယ်။
    ကိုယ်​့ကိုယ်​ကို
    ပြန်​မြင်​တတ်​တဲ့အကျင်​့မှာ
    အ​ကောင်​းမြင်​တတ်​တဲ့အစွဲက
    ဘယ်​လိုဂါထာပဲရွတ်​ရွတ်​မကျွတ်​ဘူး။

  • ko six

    January 20, 2014 at 4:54 pm

    မင်္ဂလာပါ
    Sister Padonmar
    အဲ
    စစ္စတာကို​ပြောတာမဟုတ်​
    မမ ပဒုမ္မာလို့ ဆိုလိုတာပါ…..။

  • surmi

    January 20, 2014 at 6:27 pm

    ခုမှမြင်တယ် ။
    ကိုကမ်းတို့ အဖွဲ့ပီသပါပေတယ်
    ကဲ …. အား​ပေး​နေကြပြီ ဆက်​သာ​ရေး​ပေ​တော့…

  • ko six

    January 20, 2014 at 10:32 pm

    ​ကျေးဇူးတင်​ပါတယ်​
    ကို Surmi…….
    ဒီရွာ​လေးက
    ​ပျော်​စရာ​လေးလို့​တော့ ထင်​ထားတာပဲ

  • ကပ္ပိယ သာဒင်​

    January 21, 2014 at 8:28 am

    ကဗျာဆရာ အသစ်​ပဲ
    ပထမဆုံးမှာ အား​ပေးတာဒီ​လောက်​ရရင်​ ​အောင်​မြင်​ပါလိမ်​့မယ်​

  • ko six

    January 21, 2014 at 12:32 pm

    ဒီလိုလက်​ခံ​ပေးကြတာ
    ​ကျေးဇူးအရမ်​းတင်​ပါတယ်​ဗျာ
    Shanti မှာစားခဲ့ရတာကို
    ​ကျေးဇူးဆပ်​​ခဲ့တာ
    ခု ​နောက်​ထပ်​​ကျေးဇူး​တွေတင်​ကုန်​
    ပြန်​ပြီ။
    ကြိုးစားပြီး​ကျေးဇူးတပ်​ပါဦးမယ်​

Leave a Reply