ရုပ်ဆိုးတဲ့ည

manawphyulayJanuary 14, 20141min1084
ရုပ်ဆိုးတဲ့ည
ရုပ်ဆိုးတဲ့ည

ထိုညက
ကြယ်တွေတောင် ဒဏ်ရာရ
မြူနှင်းတွေ ငိုပွဲဝင်လို့
မြက်ပင်တွေ ဦးညွတ်ရင်း
အလင်းရဲ့ အရှုံးနောက်
သန်းခေါင်က ကောက်ကောက်ပါချိန်
ချစ်သူရေ…
ရိုးသားစွာ ဝန်ခံချင်ရဲ့ကွယ်
အဲဒီည
အဖော်မဲ့ ငါ့အတွက်
စိတ်ကူးယဉ်အတွေးတွေနှင့်
မင်းကို လွမ်းတဲ့ညလေ…

မနောဖြူလေး

4 comments

  • Myo Thant

    January 14, 2014 at 1:35 pm

    အနော်လည်း လွမ်းသွားပါသည်ခင်ဗျာ

  • TNA

    January 14, 2014 at 4:02 pm

    ကူလွမ်းပေးသွားပါတယ်။ အလွမ်းတွေနဲ့ကင်းဝေးနိုင်ပါစေ

  • kyeemite

    January 14, 2014 at 4:11 pm

    ကဗျာလေးကိုသဘောကျတယ်ဗျာ

  • ဒညင်းဝက်

    January 18, 2014 at 9:16 pm

    လွမ်းရတဲ့ညတွေ..အကြောင်း….
    လွမ်းလွမ်းဆွတ်ဆွတ်…လွမ်းခဲ့ဖူးတော့လည်း…..

    😆

Leave a Reply