” နိုင်ငံခြားကို ပို့သတဲ့”

ခင္ခJanuary 15, 20144min26626

” နိုင်ငံခြားကို ပို့သတဲ့”

 

ငါတို့တိုင်းပြည်

ဆန်ရေစပါး ပေါကြွယ်ဝလို့

နိုင်ငံခြားကို ပို့သတဲ့။

 

ငါတို့တိုင်းပြည်

ပဲမျိုးစုံလည်း အထွက်ကောင်းသမို့

နိုင်ငံခြားကို ပို့သတဲ့။

 

ငါတို့တိုင်းပြည်

ကျွန်းပင်တောကြီး ကြည့်မျှော်မဆုံးလို့

နိုင်ငံခြားကို ပို့သတဲ့။

 

ငါတို့တိုင်းပြည်

ငါးမြင်း၊ငါးသလောက် ဖမ်းလို့မကုန်လို့

နိုင်ငံခြားကို ပို့သတဲ့။

 

ငါတို့တိုင်းပြည်

ပုဇွန်ကောင်ကြီး ဈေးကောင်းရလို့

နိုင်ခြားကို ပို့သတဲ့။

 

ငါတို့တိုင်းပြည်

ငါးရှည့်ကလည်း တရုတ်ကြိုက်လို့

နိုင်ငံခြားကို ပို့သတဲ့။

 

ငါတို့တိုင်းပြည်

ကျောက်သံပတ္တမြား အလွတ်မထားဘဲ

နိုင်ငံခြားကို ပို့သတဲ့။

 

ငါတို့တိုင်းပြည်

သဘာဝဓာတ်ငွေ့ ကိုယ်မသုံးတတ်လို့

နိုင်ငံခြားကို ပို့သတဲ့။

 

ငါတို့တိုင်းပြည်

လျှပ်စစ်မီးတောင် ပိုလျှံလို့ဆို

နိုင်ငံခြားကို ပို့သတဲ့။

 

နှစ်လအလီလီ ပို့လာခဲ့သည်

ရှိသမျှပြောင် ကုန်စင်တော့လည်း

အလုပ်ကနား နောက်လူထားလို့

ငါ့သားသမီး ဖြစ်ထွန်းချင်လို့

နိုင်ငံခြားကို ပို့သတဲ့။    

 

ခင်ခ။

 

26 comments

  • kyeemite

    January 15, 2014 at 10:59 am

    ကောင်းပါလေ့ကိုခရေ…ဗရာဗိုပါဗျာ
    ငါတို့တိုင်းပြည်
    လူငယ်တွေများ၊ ဘွဲ့တွေများလည်း
    လုပ်စရာရှားသမို့
    နိုင်ငံခြားကိုပို့သတဲ့
    😀

  • ခင် ခ

    January 15, 2014 at 11:17 am

    မအောင်မနေရ ခေတ်ပညာကြောင့်
    ဘွဲ့ရလူငယ် ဘာမှမသိလို့
    သုံးစားမရ ဘွဲ့တစ်ခုက
    နိုင်ငံခြားဝယ် မျက်နှာငယ်……… လို့ အရင်အစိုးရပြုမူမှုကို စာချိုးရမလိုဘဲ ကိုကြီးမိုက်ရေ။

  • manawphyulay

    January 15, 2014 at 12:34 pm

    ပိုလျှံတာသုံး
    အကျန်တွေဖြုန်း
    မကုန်လျှင်
    နိုင်ငံခြားပို့မည်တဲ့…..

  • MAUNG

    January 15, 2014 at 1:10 pm

    ကောင်းလိုက်တဲ့ ကဗျာ ကိုကြီးခင် ရာ

    မှန်လွန်း လို့ဘာပြောရမှန်းတောင် မသိတော့ဘူး

    ခင်မင်လေးစားလျှက်
    သုံးစားမရတဲ့ ဘွဲ့နဲ့ နိုင်ငံခြားဝယ် မျက်နှာ ငယ်ခဲ့ဘူးသူ တစ်ဦး

  • TNA

    January 15, 2014 at 1:31 pm

    တိုင်းပြည်မှာလူတွေများ
    အိမ်ဖော်လုပ်မလား
    နိုင်ငံခြားကိုပို့သကွဲ့ 😥

  • ဝင့်ပြုံးမြင့်

    January 16, 2014 at 7:00 am

    ကောင်းလိုက်တဲ့ ကဗျာ ဒက်ထိပဲ။ ဘရာကြော်ပါ လေးခ။

  • KZ

    January 16, 2014 at 8:46 am

    မပူပါနဲ့လေ။
    အနော်တို့ နိုင်ငံဆီ တင်သွင်းလာတာတွေလည်း အများကြီးပါ။
    😀
    ဝှိုက်ကတ်တွေရောင်းတယ်။
    မှတ်ပုံတင်တွေ ရောင်းတယ်။

    :mrgreen:

  • Mr. MarGa

    January 16, 2014 at 9:28 am

    မြန်မာ ဆိုတာ
    အမြဲတမ်း ပို့ကုန်ရှိနေတယ်လေဗျာ…………..

    • ခင် ခ

      January 16, 2014 at 9:41 am

      ဆရာမဝင့်ပြုံးမြင့် ရဲ့ ဩဘာပေးချက်တွေ့လို့ ဝမ်းသာမိပါတယ်ဗျ။

      ကျွန်တော်တို့တိုင်းပြည်က ထိုင်းကို သဘာဝဓာတ်ငွေ့ရောင်းတယ် အဲဒီရောင်းတဲ့ဂတ်စ်ကို အိုးနဲ့ပြန်ထဲ့ပြီး မြဝတီနယ်စပ်ကနေ မြန်မာနိုင်ငံထဲပြန်သွင်းပို့ကာ အဲဒါကို ပြည်တွင်းက ဂရေဆိုင်တွေ ဝပ်ရှော့တွေမှာ သုံးရတယ်လေ KZ ရေ။ တရုတ်ကို ကြက်မောက်သီး၊လိုင်ချီးသီးတွေပို့တယ် တရုတ်က အချိုရည်နဲ့စိမ်တဲ့သံဗူးလုပ်ပြီး ဒီနိုင်ကိုပြန်သွင်းတော့ ဈေးကြီးပေးစားကြသလိုပေါ့ဗျာ။

      ပို့စရာမရှိ ကြံဖန်ပို့တော့
      လူကုန်ကူးတာ ဖြစ်ရောကွယ်
      မောင်သိကြားရယ်။

      • ဝင့်ပြုံးမြင့်

        January 16, 2014 at 11:36 pm

        လေးခရေ … ဆရာမ မလုပ်ပါနဲ့ ။ မျှစ်ကြော် ဆိုရင် ရပါပြီ။ သမီးက ခုမှ ငယ်ငယ်လေးရှိသေးတာ။ 🙂

  • ဖြူစိုင်း လူ

    January 16, 2014 at 9:49 am

    အလုပ်ကနား နောက်လူထားလို့
    ငါ့သားသမီး ဖြစ်ထွန်းချင်လို့
    နိုင်ငံခြားကို ပို့သတဲ့။

    သို့ဆိုငြားမူ
    လိုရာကွက်ကွင်း ယူငင်ခြင်းဟု
    မုန်းတော်မဟူ ပျက်သိကာမျှ
    စိတ်ကွက်မူပဲ
    အကျွန်ယောကျာ်း
    တိုင်းတစ်ပါးမှ ခွန်းနှုတ်ဆိုစကား
    ပြောကြားပါ၏။

    ပုထုစဉ်.. အဟိတ်သာသာပေမို့
    တိုင်းခြားပြည်ရွာ ဘယ့်နှာများကြောင့်
    ထွန်းကားစည်ပင် ရှိပါလိမ့်နည်း

    တိုင်းခြားပြည်ရွာ ဘယ့်သူကြောင့်များ
    ဖွံ့ဖြိုးတိုးပွား ရှိလိမ့်ပေချည့်

    တိုင်းခြားပြည်ရွာ ဘယ့်တွက်ကြောင့်များ
    မြောက်ကျွန်းသားများ ရွှေ့ပြောင်းကြနည်း

    ပျက်သိကာ တွေးမိသော်မျှ
    စောင့်ကြည့်ကာ ဝေဖန်ကြသူများ
    တစ်မြေရပ်ခြား သွားကြသည်ကား
    ဖြစ်ထွန်းလိုရင်း နောက်မှဆိုရင်း
    ဝမ်းရေးသည် လွမ်းရေးထက် ခက်လှပေမို့

    ကိုယ့်ဝမ်းကိုယ်ကျောင်း
    နပ်မမှန်နိုင်သည့် အမိမြေမှ
    ဖြစ်သလို ဂျောင်းနေပါကြောင်း။ ။

  • ခင် ခ

    January 16, 2014 at 10:22 am

    ဆက်လက်ဖော်ပြ ဖြူစိုင်းလူက
    ရေးလာကဗျာ ကျေးဇူးပါကွာ။

  • ပို့စရာများ…
    မြေကြီးတောင်တူးပြီး ပို့ပါသတဲ့..

    ကဗျာလေးအတွက် ဘရာဗိုပါ လေးလေးရေ..

  • Paing Lay

    January 16, 2014 at 4:41 pm

    တကယ်ကို ရင်ထဲထိတယ်ဗျာ 😥

  • kai

    January 17, 2014 at 6:15 am

    အတွေးအခေါ်ညစ်တွေ.. ပြောင်းပြန်လှန်ပြင်ကြဖို့လိုတယ်ထင်မိတယ်..
    အတွေးအခေါ်တွေရဲ့.. မူလစီးဆင်းရာဟာ.. ဘာသာရေးပါ..။

    ဆိုတော့..
    ဒီနေရာကိုလှူမယ်လို့..တွေးရင်.. ဟိုနေရာလှူပါ..။
    ဒီကိုသွားမယ်..ထောက်ပံ့မယ်တွေးရင်.. ဟိုကိုထောက်ပံ့ပါ..သွားပါ..။
    ပြောင်းပြန်လုပ်ကြပါ..။
    အဲဒါဆို.. အိပ်စ်ပို့တွေကနေ.. အင်ပို့တွေဖြစ်လာလိမ့်မယ်..။ :mrgreen:

    ပုံ။ ။ ပြောင်းပြန်ဂိုဏ်းချုပ်

  • ဦးကျောက်ခဲ

    January 17, 2014 at 3:54 pm

    မြန်တျန့်ပြည်မှာ အသုံးမလို ပိုလျှံလို့…
    ကျွန်းပေါ်တင်ထားခံရတဲ့ မြေကြွက်ကြီး (ခွက်ဒစ်- ကကြောင်ကြီး) ပါခင်ဗျာ…
    ဖြစ်နိုင်ရင် ကိုယ့်ပြည်ကိုယ့်ရွာမှာ တိုင်းပြည်တိုးတက်ရေးအတွက် တူးလိုက်ချင်ပါရဲ့…
    🙁

  • Ma Ma

    January 17, 2014 at 4:00 pm

    ကိုခင်ခ ကဗျာလေးကို သဘောကျပါတယ်။
    ဒါပေမယ့် ဆွေးနွေးချင်တာလေးတော့ ရှိနေတယ်။

    တိုင်းပြည်ဝင်ငွေတိုးဖို့အတွက် နိုင်ငံခြားကို တင်ပို့ရောင်းချနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။
    ပြန်ပြည့်မြဲဖြစ်တဲ့ ရာသီပေါ်သီးနှံတွေ တင်ပို့ရောင်းချတာမျိ ုးဟာ ဆင်းရဲမွဲတေမှုလျှော့ချဖို့အတွက် အများကြီး အရေးပါ အရာရောက်ပါတယ်။

    ဒီနေရာမျာ ဘာတွေပို့သင့်တယ် ဘာတွေထွက်မသွားသင့်ဘူးဆိုတာကို ချင့်ချိန်လုပ်ကိုင်နိုင်ဖို့တော့ အရေးကြီးတာပေ့ါ။

    • ခင် ခ

      January 17, 2014 at 4:45 pm

      အမ မမ ရဲ့ ရေးပြချက်ကို သဘောကျပါတယ်။
      ဟုတ်ပါတယ် တိုင်းပြည်အတွက် ဘာတွေထွက်သင့်တယ် မသင့်ဘူး ချင့်ချိန်လုပ်သင့်တာပါ။ တိုင်းပြည်လိုအပ်မှုပြည့်နေပြီလား မစမ်းစစ်ဘဲ ပို့မယ်ဆိုတာကြည်ဘဲမို့ ရေးစပ်လိုက်ပါ။

  • တိမ်မည်း

    January 17, 2014 at 5:06 pm

    မှန်ရာကို သစ္စာဆိုပါမည်… ရှိတာကို အမှန်ပင်ပို ့ပါသည်… ( လွမ်းမိုး အသံဖြင့် ဖတ်ရန်……………. )

  • ကိုခ
    ဖ ရဲ သီး နဲ့ သ ရက် သီး လဲ ပို့ တယ် လေ။
    အဲ တော့ စိန တွေ က များ များ ဝယ် ရင် ကျ နော် တို့ က မ ကောင်း တာ မှ ဘဲ စား ရ တော့ တယ်
    ပြီး တော့ ဈေး လဲ ကြီး သွား တယ်

    • Foreign Resident

      January 19, 2014 at 11:09 am

      ကိုပေါက်(မန္တလေး) says:
      ” အဲတော့ စိနတွေက များများဝယ်ရင် ကျနော်တို့က မကောင်းတာမှဘဲ စားရတော့တယ် ”
      ပြီးတော့ ဈေးလဲကြီးသွားတယ် ”

      ဟုတ်ပါ့ ။ ကျနော့် အမေ မအူပင်မှာ ဆရာဝန် လုပ်တုန်းက ၊
      ရန်ကုန် အပြန်ဆိုရင် လက်ဆောင် ဝိုင်းပေးကြတဲ့ ၊
      ( အဲ့တုန်းကလည်း ဆရာဝန် ဆိုတာ တော်တော်လေးကို ရှားသေးသကိုး ၊
      သူတို့ မြို့ရွာမှာ တာဝန်အရ လာလုပ်ရင်ပဲ ၊ ဝိုင်း ချစ်နေကြတာလေ )
      ကောင်းပေ့ ဆိုတဲ့ ပုဇွန်ထုတ်ကြီးတွေ ငါးသလောက်ကြီးတွေ ၊
      ပုဇွန်ဆီ အတုံးအခဲကြီးတွေကို သတိရပါ့ဗျာ ။

      အခုများတော့ ၊ အဲဒီလို ပုဇွန်ထုတ်ကြီးတွေ ငါးသလောက်ကြီးတွေ ကို ၊
      ပိုက်ဆံရှိရင်တောင် ၊ တော်တော် ရှာယူမှ ရမယ် ။

  • ငါ့သားသမီး ဖြစ်ထွန်းချင်လို့

    နိုင်ငံခြားကို ပို့သတဲ့။ ။

    (ဒါမျိုးလေးလုပ်ပေးနိုင်ဖို့ပဲမျှော်လင့်ပါတယ်)

    • ခင် ခ

      January 17, 2014 at 8:47 pm

      ရွေးကျန်ကို ဈေးမတန်နဲ့ စားနေရတဲ့ခေတ်ပေါ့ ကိုပေါက်ရေ

      မနန်းတော်ရာသူရဲ့ ဆန္ဒလေးခေတ်နဲ့ညီမျှဖို့ ပြည့်ပါစေနော့

  • naywoon ni

    January 19, 2014 at 2:00 am

    ​ရောက်​ဖူးတာ​ပေါ့ ကိုခ ရယ်​ ဟို​ရောက်​မှ လူချင်​းမတူရတာ​တော့ အကျိုး​ပေး​ပေါ့ ​ရေခံ​မြေခံ​ကောင်​း​ကေင်​းမှာမှ လူမဖြစ်​ခဲ့တာကိုး

Leave a Reply