ဆုံမှတ်

စဆရ ႀကီးJanuary 15, 20141min865

ကျွန်တော်နှင့် မဆီမလျော်ခြင်းများသည် မိတ်ဆွေဖြစ်နေခဲ့သည်ဆိုပါတော့…
ထိုကဲ့သို့မဆီမလျော်ဖြစ်ခြင်းကြောင့်ပင် ကျွန်ုပ်သည်ကား မိတ်ဆွေဖွဲ့မိခြင်းဖြစ်ပေတော့မည်။

တစ်ကယ့်တစ်ကယ်တော့ ကောင်းကင်ကြီးကို ဇောက်ထိုးထားမိခြင်းဖြစ်သည်။
ခုံးခုံးကြီး ဖြစ်မနေတော့ပဲ ခွက်ခွက်ကြီးဖြစ်နေသည်ကို
မြေကမ္ဘာ ခုံးခုံးကြီးမှ ငေးကြည့်နေခြင်းသက်သက်သာဖြစ်သည်။

ထို့အတွက်ကြောင့်
ကမ္ဘာကြီးသည် လုံးဝန်းသောပုံမရှိပဲ
လုံးသည့်အခါလုံး
ခွက်ခွက်ကြီးဖြစ်သည့်အခါဖြစ်

အားလုံးအဆင်ပြေပါသည်ပေါ့။

တစ်ခုပဲရှိသည်

ကမ္ဘာကြီးကလုံးနေပြီး ကောင်းကင်ကြီးက ခွက်နေရင်ဖြစ်ဖြစ်
ကောင်းကင်ကြီးက လုံးနေပြီး ကမ္ဘာကြီးက ခွက်နေရင်ဖြစ်ဖြစ်

အကောင်းထဲကအဆိုး

ကန့်လန့်ဖြစ်ခြင်းမှာတော့ ဆုံမှတ်တစ်ခုတော့ ဖြစ်လာမှာပါပဲ။

မျဉ်းပြိုင်တွေမှသာ မဆုံနိုင်တာလား၊
ကိုးလိုးကန့်လန့်ဘဝမှာတော့ ငါတို့တစ်ခါတော့ ဆုံမှတ်သေချာပေါက်
ရှိလာနိုင်ဦးမှာပေါ့လေ။ ။

စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

5 comments

  • kyeemite

    January 15, 2014 at 10:23 am

    ကောင်းကင်ကြီးက ခွက်နောမဟုတ်
    ကမ္ဘာကြီးက ခွက်နေတာလည်းမဟုတ်
    လူတွေကသာခွက်နေတာဖြစ်ပါဂျောင်းးး
    ဒါကြောင့် လူမခွက်တွေနဲ့ လူထီးခွက်တွေ ဆုံကြတာဖြစ်ပါဂျောင်းးး
    😀

  • MAUNG

    January 15, 2014 at 1:40 pm

    အဲဒီ ဆုံမှတ် ကိုဘဲကျွန်တော်တို့အားလုံး ကိုယ်စီ ကိုယ်စီ မျှော်လင့်ရင်း ………………

  • TNA

    January 15, 2014 at 6:19 pm

    တနိုင်ငံထဲနေဒမို့ ထင်းခွေမကြုံရေခပ်ကြုံဘာလိမ့်မည် 😀

  • Mr. MarGa

    January 15, 2014 at 8:10 pm

    ကိုရင်ရ
    မျဉ်းပြိုင်နှစ်ကြောင်းတောင် တစ်နေရာမှာတော့ ဆုံသတဲ့ဗျ
    ကျန်တာတွေဆို ပြောကိုမနေနဲ့တော့ :mrgreenn:

  • တိမ်တမန်

    January 16, 2014 at 6:43 pm

    ဆုံမှတ် အကြောင်းကို..
    ကျနော်လည်း..အကျယ်တဝင့်တွေးဖူးတယ်….

Leave a Reply