ဓမ္မာ သောက (လက်ခံရမလား)

ဓမ္မာ သောက (လက်ခံရမလား)

 

ကျွန်မတို့ရဲ့ဖေဖေဟာ သားသမီးတွေရဲ့စားဝတ်နေရေး၊ပညာရေးတွေကြောင့် အစိုးရဝန်ထမ်းဘဝကနေ

အသက်ငယ်ငယ်နဲ့ဆေးပင်စင်ယူကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမျိုးစုံမှာ ကျင်လည်ခဲ့ရတယ်။

ကိုယ်ပိုင်စီးပွားရေးလို့ဆိုပေမယ့် စီးပွားရေးလုပ်ငန်းအခက်အခဲတွေကြား စိတ်မောလူမောနဲ့ ပင်ပမ်းကြီးစွာ နှစ်ပေါင်းများစွာ

ရုန်းကန်လို့ သားသမီးတွေအတွက်တာဝန်ကျေခဲ့ရှာတယ်။

 

ဆေးလိပ်၊အရက်၊လောင်းကစား၊အပျော်အပါးကင်းစွာ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်း အမျိုးပေါင်းများ စွာကို

အခြေကျတိုးတက်လိမ့်နိုးနိုး အကြိုးစားကြီးကြိုးစားခဲ့သော်ငြားလည်း မိသားစုစားလောက်ရုံ၊ သားသမီးတွေပညာသင်နိုင်ရုံကလွဲပြီး

ကြီးပွားချမ်းသာမှုမရှိနိုင်ခဲ့ဘူး။

လုပ်ငန်းတစ်မျိုးဟာ အောင်မြင်လာပြီဆိုတိုင်း အခက်အခဲတစ်ခုခုကြောင့် ပျက်စီးခဲ့ရတယ်။

ဒါပေမယ့် ဖေဖေဟာ စိတ်ဓာတ်မကျပဲ သားသမီးတွေအတွက် လုပ်ငန်းမျိုးစုံအောင် လုပ်ကိုင်ရှာဖွေခဲ့ရှာ တယ်။

ဆေးလိပ်ခုံ၊ငပိပွဲရုံ၊မုန့်ဟင်းခါးဖို၊တရုတ်မုန့်ဖုတ်လုပ်ငန်း၊ပဲကြော်/လှော်ဖိုနဲ့လ္ဘက်ခြောက်လုပ်ငန်း၊စက်ဘီးပစ္စည်းအရောင်းဆိုင်၊

သစ်လုပ်ငန်း၊အုတ်ဖုတ်လုပ်ငန်း၊ကားရထားအငှားလုပ်ငန်း၊ခရီးသည်တင်ယာဉ်လေး၊ ကုန်တင်ယာဉ်ကြီး လလ္ဘက်ရည်ဆိုင်

စသည်ဖြင့် လုပ်ငန်းမျိုးစုံအောင် တစ်မျိုးမျိုးပြီးတစ်မျိုးပြောင်းလဲစီးပွားရှာခဲ့လိုက်တာ အသက်သာ ၆ဝကျော်သွားတယ်

ကျွန်မတို့မိသားစုမချမ်းသာခဲ့ပါဘူး။

အခုဆိုရင် ဖေဖေဟာ သားသမီးလုပ်စားကိုအားကိုးရတဲ့ ဘဝရောက်နေရှာပါပြီ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဓမ္မာ

သောက

အင်းဝ

ရာဇာ

တဲ့…

ဗေဒင်၊လက္ခဏာ၊အကြားအမြင်တွေကို ဘာမှအယုံအကြည်မရှိ။ရတနာသုံးပါးကလွဲလို့ အိမ်တွင်းနတ်၊ဝါဝင်

ဝါထွက်တင်တဲ့ဓလေ့တောင်မရှိတဲ့ဖေဖေ။

သောကြာသား ဖေဖေနဲ့တနလာင်္သမီးမေမေ ဟာ သောက ဖြစ်တာကြောင့် အိမ်တွင်းရေးမှာ ကံမကောင်း နိုင်ဘူး

ဆိုတဲ့အပြောတွေကို ပြတ်ရယ်ပြုနေကျ။

သူချစ်မြတ်နိုးတဲ့၊သူနဲ့နေ့နံမတည့်ပါဘူးဆိုတဲ့ တနင်္လာနံ ကား လုပ်ငန်းတွေကိုလည်း စီးပွားဥစ္စာ တစ်လုံးတစ်ပါဒမှမကျန်တဲ့အထိ

ဖက်တွယ်နှစ်သက်ခဲ့တယ်။

သားသမီးတွေကို အကြင်နာပိုစွာဆက်ဆံတတ်တဲ့ဖေဖေနဲ့ အကျင့်စရိုက်နဲ့ စိတ်ခံစားချက်အသွင်မတူ အေးစက်စက်

မာကျောကျောနေတတ်တဲ့ နေ့နံမတည့်ပါဘူးဆိုတဲ့မေမေနဲ့လည်း ယနေ့တိုင် ချစ်ခင်ပေါင်း သင်းနေခဲ့တယ်။

ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေးနဲ့ အလုပ်သမားတွေရဲ့ထမင်းရှင်တစ်ယောက်တော့ မဟုတ်နိုင်ခဲ့တော့ပါဘူး။

ဒါပေမယ့် ဖေဖေနဲ့တွေ့တိုင်းပြောနေကျစကားတစ်ခွန်းကတော့ “အခုအချိန်ထိဖေအလုပ်တွေလုပ်နိုင်သေးတယ်

အခွင့်အရေးရလို့ကတော့ ငါ့သားသမီးမြေးတွေကို ရှာကျွေးဦးမှာ” ဆိုတာပါပဲ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

31 comments

  • TNA

    January 17, 2014 at 10:25 pm

    ဘယ်လိုပြောရမယ်တောင်မသိတော့ပါဘူး။ ရှေးထုံးလဲမပယ်နဲ့ ဈေးသုံးလဲမလွယ်နဲ့ဆိုတာကို ဈေးသုံးမလွယ် တာကတော့ ကွက်တိမှန်တယ်ပြောရပေမဲ့ ရှေးထုံးကိုမပယ်ပဲ လိုက်နာဖို့ကျတော့ အခုခေတ်မှာ ကန့်သတ်ချက်တွေရှိနေတော့ ပယ်သင့်တာတော့ပယ်ရတာပဲ။ သို့သော် အိမ်ထောင်မှု့မှာကျတော့ ဘဝနဲ့ရင်းပြီးမစွန့်စားရဲတော့ အဲဒါကိုအထူးလိုက်နာကြသလိုဖြစ်သွားတာပေါ့။ ဒါပေမဲ့ မြန်မာမှာသာအဲလို လိုက်နာတာလေ။ လိုက်နာသူတွေအဆင်ပြေတော့ဒီအဆိုမှန်တယ်ပေါ့။ မလိုက်နာဆန့်ကျင်သူတွေအ ဆင်မပြေတော့ဒီအဆိုမှားတယ်ပေါ့။ တဖက်ကပြန်တွေးကြည့်မယ်ဆိုရင် လိုက်နာပြီးအဆင်မပြေတဲ့ အတွဲတွေလဲရှိနိုင်တာမို့ သိပ်ကြီးတော့ အယူမသီးသင့်ဘူးထင်ပါတယ်။ ဘုရားရှင်ဟောကြားထားသလို စိတ်သာရှင်စောဘုရားဟောဆိုသလိုပဲ ကိုယ့်စိတ်ကြောင့်ကောင်းတာလဲဖြစ်နိုင်သလို မကောင်းတာလဲဖြစ်နိုင်ပါတယ်။ နောက်ဗုတ်ဒဘာသာအယူအရ အတိတ်ကံဆိုတာလဲရှိသေးလေတော့ ဒီလိုနေ့နံမတည့်တာချည်းပဲလဲပုံချလို့မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ဒါတခုထဲနဲ့တော့ဟုတ်ချင်မှဟုတ် မှာပေါ့။ နောက်တခုကတော့ ညီမလေးအဖေက အလုပ်တခုကိုတစိုက်မတ်မတ်မလုပ်တာလဲပါမယ်ထင် ပါတယ်။ တချို့က ဒီအလုပ်အဆင်မပြေပေမဲ့ သူကဒီအလုပ်ကိုမစွန့်ခွာဘူး။ ဆက်လုပ်တယ်။ အဲတော့ သူတွေ့လာတဲ့အမှားလေးတွေကို သုံးသပ်ကောင်းအောင်လုပ်ရင်း တဖြည်းဖြည်းအောင်မြင်လာတယ် ပေါ့။ ညီမလေးအဖေကဒီတခုမအောင်မြင်နောက်တခုပြောင်းဆိုတော့ ဘယ်အလုပ်မှာမှအကျွမ်းကျင်ကြီး မဟုတ်ပဲ အမှားတွေ့တော့ထိန်းနိုင်ဖို့ခက်သွားတယ်လို့ထင်မိပါတယ်။ အမအမြင်ပြောကြည့်တာပါ။ ဟုတ်ချင်မှဟုတ်မှာပေ့ါ။ ညီမလေးအဖေအလုပ်လုပ်ခဲ့တာတွေကြည့်ရတာအရမ်းများနေလို့ပြောကြည့် တာပါ။ ဒါမျိုးကတော့ မားကက်တင်းသမားတွေအမြင်ကပိုပြည့်စုံမယ်ထင်ပါတယ်။ အမဆိုလိုချင်တာက တော့ သိပ်မယူမသီးစေချင်ပါဘူး။ ညီမလေးအဖေလဲအဲလိုအယူသီးမှု့ကြောင့် စိတ်ဒါဏ်ရာမရစေချင်ဘူး။ ဒါကြောင့်ဆိုပြီးတသက်လုံးနောင်တမရစေချင်တာပါ။

  • Myo Thant

    January 18, 2014 at 9:22 am

    အင်းးး
    ဗေဒင်တို့ ဘာတို့က အမေကော ကျနော်ပါ မေးလည်းမမေး မဆိုင်သလိုပဲနေတယ် ၊
    ကျနော် မိန်းမယူခါနီး အဲဒီဗေဒင်သိပ်ယုံတဲ့ မိန်းမက ဗေဒင်ဆရာဆီသွားတော့
    ကြာသာပတေးသား နဲ့ သောကြာသမီး အဆိုးမရှိဘူးဆိုပဲ ၊
    ဒါပေမယ့် ကျနော်က တနင်္ဂနွေသားပါ ၊
    ကိုယ်ကြိုက်တဲ့ နာမည် ကိုယ်မှည့်တာပဲ ၊
    နေ့တွေ နာမ်တွေမလိုဘူး ၊
    ပြောကြကြေးဆို ( အင်းဝ ) ဆိုတော့ ဗုဒ္ဓဟူးနဲ့ အဆင်မပြေနိူင်တဲ့ သဘောပေါ့ ၊
    ဒါဖြင့် သောကြာနဲ့ ဘာလို့ကွဲတာလဲ ၊
    ဗေဒင်ဆိုတာ အကြမ်းဖျင်း မှန်ချင်မှန်မယ် ၊ တစ်ယောက်ချင်း ၇၅ % မှန်ဖို့တောင် မလွယ်ပါ ၊
    အပေါ်က အမသဲ ပြောသလိုပါပဲ ၊ အယူသီးတာ မကောင်းပါဘူး ၊
    အလုပ်ဆိုတာ လုပ်တိုင်း အောင်မြင်ဖို့ ခက်သလို ဟိုဟာပြောင်းလုပ် ဒီဟာပြောင်းလုပ်ဆိုရင်လည်း
    ပိုခက်ခဲနိူင်ပါတယ် ၊
    ထားပါလေ ၊ တကယ်ပြောချင်တာကတော့ သော်သော့်ပို့စ်မှာ ထင်းကနဲ မြင်လိုက်ရတဲ့
    အဖေလုပ်သူရဲ့ အဖေပီသသော လုပ်ရပ်နဲ့ မေတ္တာတရားပါပဲ ၊
    အဲဒါလေးကို ဂုဏ်ယူစေချင်ပါတယ် ၊

    • ကျွန်မသူငယ်ချင်းတွေရဲ့အဖေတွေ
      ဘာအလုပ်မှမလုပ်ပဲမိန်းမလုပ်စာစားပြီးစာအုပ်လေးတစ်အုပ်နဲ့ငြိမ့်နေတဲ့လူတွေ။
      အလုပ်ကပြန်လာ အရက်ကလေးတမြမြနဲ့သောင်းကျန်းသွေးဆိုးသူေ။လောင်းကစားကိုပဲဖက်တွယ်နေသူတွေတွ
      စသည်ဖြင့် များစွာတွေဖူးပါတယ်
      ဖေဖေကတော့ ဘာအပျော်ဘက်မှမလိုက်ပဲ သူ့တစ်သက် သမီးတွေကောင်းစားရေးအတွက်သာတစိုက်မတ်မတ်အလုပ်လုပ်ခဲ့တယ်
      ဇိမ်ကျကျနေခဲ့ရတဲ့ကာလတွေမရှိပါဘူး
      အုတ်ဖုတ်လုပ်ငန်း သစ်လုပ်ငန်းတွေအတွက်လည်းတောတွေမှာသွားနေရတယ်
      ကားလုပ်ငန်းတွေအတွက် ကားပျက်တယ်ဆိုတာနဲ့ပျက်တဲ့အရပ်ကိုပူပန်ကြီးစွာလိုက်ရတယ် ကားပျက်တဲ့နောက်ကို ဆိုင်ကယ်နဲ့လိုက်ရင်းရွာစဉ်ပြတ်တဲ့နေရာမှာဆိုင်ကယ်မှောက်တော့ ကူကယ်ရာမဲ့လက်ကဒဏ်ရာကို ကြွပ်ကြွပ်အိတ်နဲ့ကောက်စည်းပြီးပြန်လာတာ ဆေးခန်းရောက်တော့ သွေးတွေနဲ့ကပ်လို့ မနည်းခွာယူကုသရတယ်
      အသက်ငယ်ငယ် သားသမီးများတဲ့ဖေဖေဟာ လုပ်ငန်းတိုင်းကို အကြိမ်ကြိမ်ရှုံးနိမ့်ပြီးမှ နောက်ထပ်ရင်းစရာမကျန်တဲ့အအြေနေမျိုးမရောက်အောင် လုပ်ငန်းပြောင်းခဲ့ပေမယ့် လုပ်ငန်းတိုင်းမှာကျွမ်းကျင် မှုအပြည့်ရှိပါတယ်
      ယောက်ဖရဲ့ဦးဆောင်မှုနဲ့ဖက်စပ်လုပ်ခဲ့တာတွေရှိသလို တစ်ကိုယ်တည်းလုပ်ငန်းတွေမှာလဲ အရှုံးပြပြသွားတတ်တယ်
      နောက်ဆုံး သူအခင်တွယ်ဆုံး ကားလုပ်ငန်းတွေကြောင့် မိဘအမွေပါမကျန်စိုက်ထည့်ခဲ့ပေမယ့်
      ကားကိုဂရုမစိုက်ပဲ ခိုးဝှက်ဖို့ချည့်ကြံနေတဲ့အလုပ်သမားတွေနဲု့ကြုံခဲ့ရပြန်တယ်။
      ဓမ္မာသောက ဘာညာတွေကို ဖေဖေအယုံအကြည်မရှိသလို အဲဒါတွေကြောင့်လည်းဥပါတ်မရောက်ခဲ့ပါ။
      ရှေးကကံကိုက ကြီးပွားချမ်းသာဖို့မပါလို့ ပညာတတ်ယုံစားလောက်ရုံပဲလို့ယူဆပါတယ
      အခုအချိန်မှာ သူ့ရဲ့လုပ်ငန်းအတွေ့အကြုံမျိုးစုံက ဆွေအျိုးမိတ်ဆွေအပေါ်အကြံပေးကူညီစရာတွေဖြစ်လာတယ်။်
      ကျွန်မတို့မောင်နှမတွေအတွက်ကတော့ တစ်သက်လုံး
      ပျင်းရိခြင်းမရှိ အပျော်အပါးမဖက်ပဲ မိသားစုအပေါ်တာဝန်ကျေလွန်းစွာ ကြိုးစားဖြည့်ဆည်းပေးခဲ့တု့ဖေဖေဟာ ကမာ္ဘမှာနံပါတ်၁ဖခင်ပါပဲ

    • ဦးမျိုးရဲ့ဖခင်စိတ်ကိုလည်းချီးကျူးမိပါတယ်
      ယောကျာ်းတစ်ယောက်ကမိခင်မရှိပဲသားသမီးတွေကို ကြည့်ရှုနိုင်မှုဆိုတာ ဘယ်လောက်ပဲဘွားအေရှိရှိ အံ့မခန်းစိတ်ဓာတ်ပါ

      • Myo Thant

        January 18, 2014 at 10:33 am

        ကျေးဇူးပါ သော်သော်ရေ
        သူတို့အတွက် လိုအပ်တာတွေကို
        အပြည့်မဟုတ်တောင် ဖြည့်ဆည်းပေးနေရင်း
        ဖခင်ကောင်းဖြစ်ဖို့ထက်
        ဖခင်ဆိုး မဖြစ်ဖို့ ကြိုးစားနေဆဲပါ ၊

  • ဟုတ်တယ်..အစ်မအဖေရဲ့ မေတ္တာတရား နဲ့ ဖခင်ပီသမှုကို ထင်းကနဲ တွေ့လိုက်ရတယ်… ဂုဏ်ယူပါတယ် အစ်မရယ်..

    အမွန်လည်း ဗေဒင်ဆိုတာမျိုးတွေကို သိပ်ယုံတာ မဟုတ်ဘူး.. အကြောင်းတရားဆိုတာ ဆက်စပ်တွေးကြည့်တတ်ရင် အဖြေထွက်တာပဲလေ… ဒါကြောင့် ဗေဒင်ဆိုတာမျိုးတွေကို သိပ်အယူမသည်းဘူး..

    ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ ရန်စီစီတဲ့.. သူက အင်္ဂါ အနော်က တနင်္ဂနွေ.. :mrgreen:

    • အမွန်ရေ သူကဘာနံ ကိုယ်ကဘာနံဆိုပြီးမစဉ်းစားပါနဲ့
      အခုခေတ်မှ အဓိကက တန်ဖိုးရှိ
      အကျင့်စာရိတ္တပါ

      ဒါပေမယ့် အကျင့်စာရိတ္တကောင်းတဲ့လူဟာ သူများထက်တော့ နှာတဖြားကျန်နေရတာ အစ်မဖေဖေကိုနမူနာပါ
      ဖေဖေက အလုပ်သမားတွေနဲ့စီးပွားရေးသမားတွေအပေါ် ကိုယ်ခြင်းစာစိတ်နဲ့မသမာမှုလုံးဝမပြုခဲ့ပေမယ့် သူများကတော့ ကိုယ့်အပေါ်ကိုယ်လိုစိတ်မထားနိုင်ကြပါဘူး

  • sorrow

    January 18, 2014 at 10:01 am

    မတူညီတဲ့လုပ်ငန်းတွေဆိုတော့ ပြသနာ အသစ်တွေပဲ ရင်ဆိုင်ရတဲ့အချိန် ဖြေရှင်းရခက်သွားတာပါ ။ ပြသနာတိုင်းက စိန်ခေါ်မှုအသစ်တွေဖြစ်လာရော ။ တီသဲပြောသလို လုပ်ငန်းတခုပဲ ဇောက်ချလုပ်ခဲ့ရင်တော့ ကြီးပွားကောင်းပါတယ် ။ ကုန်ပဏီတွေက ဆိုင်တွေက သက်တမ်းရင့်လေ ..မိတ်များလေမလား ..ဖခင်စိတ်အပြည့်ရှိတာကတော့ ဂုဏ်ယူစရာပါဗျာ ။

  • kyeemite

    January 18, 2014 at 10:10 am

    အယူမသီးစေလိုပါ…“အတ္တာဟိအတ္တနောနာထော” တဲ့…

  • Paing Lay

    January 18, 2014 at 4:14 pm

    သောက်ဆေး နဲ့ လိမ်းဆေး မမှားဖို့သာ အဓိကကျပါတယ် မမနန်းရေ 🙂

  • kai

    January 18, 2014 at 4:56 pm

    တနင်္ဂနွေ..တနင်္လာ.. စသဖြင့်ပေါင်းမှ ရခု.. ရာဟုပေါင်း ၈ခုရှိတာ..
    ဓမ္မာတွေသောကတွေလုပ်နေရင်..စုံတွဲတွေ ချစ်ကြိုက်အဆင်ပြေကြရက်သားနဲ့ ရွေးစရာမရှိဖြစ်ကုန်မှာပေါ့..
    လူဦးရေနည်းရင်.. ပိုတောင်ဆိုးဦးမယ်..။

    လွယ်လွယ်ပဲ..
    အဲဒါတွေကို.. ထွင်ပြောတဲ့သူ ငပေါ..။ :mrgreen:

  • သျှားသက်မာန်

    January 18, 2014 at 5:54 pm

    ဟုတ်တယ်..အဲဒါရှေးတဘောင်ပေါ့နော်….တကယ်အဲ့အတိုင်းဖြစ်ပါတယ.်.မတည့်တဲ့နေ့နံနဲ့ယူလို့သေခွဲကွဲကြတာ ကြားဖူးမြင်ဖူးပါတယ်..

  • Mr. MarGa

    January 18, 2014 at 6:09 pm

    ဦးသာ စိန်ပန်း ဒါန်းလှကိုရှာ ပဲ ဖြစ်ဖြစ်
    ဓမ္မာ သောက အင်းဝ ရာဇာ ပဲ ဖြစ်ဖြစ်
    ကျနော် လက်ခံထားတာကတော့
    လူဟာ လူပါ။
    ဒါကြောင့်
    ဦးမိုက် ပြောသလို
    အတ္တာဟိ အတ္ထနော နာထော လို့

  • naywoon ni

    January 18, 2014 at 6:33 pm

    နန်​း​တော်​ရာသူရဲ့အ​ဖေက ရိုးသားလွန်​းလို့ဖြစ်​မှာပါ ​လောကမှာ ရိုးသားလွန်​းသူဟာ ​အောင်​မြင်​မှု (လူ​တွေကသတ်​မှတ်​ထားတဲ့ ရာထူး ဂုဏ်​ရှိန်​ ​ကျော်​​ဇောမှု )ရဖို့ မလွယ်​ဘူး

  • ဒညင်းဝက်

    January 18, 2014 at 6:36 pm

    အပြန်အလှန်နားလည်မှုနဲ့
    အကြောင်းအကျိုး အကောင်းအဆိုး ကိုက်အောင် စဉ်းစားတွေးခေါ်နိုင်တဲ့ အသိ (ဉာဏ်)သာရှိ

    ရန်ဘက်ဆိုလည်း ယူရဲတယ်။

    အဟိ

    ကိုယ် ပြောချင်ရာ စွတ်ပြောခြင်းးး

    🙂

  • မောင်မိုဘိုင်(သလ္လာဝတီ)

    January 19, 2014 at 3:30 am

    လူတွေက ကိုယ်တိုင်မိဘနေရာရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့မိဘတွေအကြောင်းကို
    ပိုနားလည်လာကြတယ်ဆိုပဲ…
    ——-
    ဦးသာ စိန်ပန်းတို့ ၊ ဓမ္မာ သောက တို့ဆိုတာတွေက အရင်ကတော့ ဘယ်လိုရယ်မသိဘူး
    ခုနေကျနော်တို့ သိသလောက်ခေတ်မှာတော့ တိတိကျကျမဟုက်တော့ပါဘူး…
    ဒါပေမယ့် ခုချိန်ထိမှန်နေတဲ့ ရှေးစကာပုံတစ်ခုတော့ရှိတယ်…
    မယုံတဲ့လူ လက်တွေစမ်းသပ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်…
    ဆီးဖြူသီးစား ရေသောက် ချို၏
    သံချွန်မီးဖုတ် ဖင်တို့ ပူ၏……… စသဖြင့်စာဆိုတွေဆိုရင် မယုံတဲ့လူစမ်းကြည့်ပါလား.

  • ဝင့်ပြုံးမြင့်

    January 19, 2014 at 4:33 pm

    အဘနီ ပြောသောစကား မထောက်ခံပါ။ ရိုးသားလွန်းလို့ အောင်မြင်မှုရဖို့ မလွယ်ဆိုရင် အောင်မြင်မှု ရနေတဲ့လူတွေက သိပ်မရိုးသားဘူးလို့ ဆိုလိုရာကျမှာပေါ့။ ရိုးသားတယ် လို့ပြောမယ့်အစား ဦးနှောက်မသုံးဘူး လို့ပြောရင် သင့်တော်နိုင်မလားမသိဘူး။
    စကားစပ်ရင်း မတို့မိသားစုလေးအကြောင်း ပြောပြဦးမယ် ညီမရေ။ မတို့အမေက တရုတ်စပ်မိသားစု ကနေဆင်းလာတာ။ အလုပ်ကို ကြိုးကြိုးကုပ်ကုပ်လုပ်၊ ငွေကို စနစ်တကျ သုံး။ အဲလိုမိသားစုပေါ့လေ။ ဖူးစာကံကဆိုးတော့ ဗမာအပျင်းနဲ့မှ ရတာ။ မတို့အဖေက အရည်တောက်တောက်ကျအောင် ပျင်းတယ်။ ဘီယာလေး တမြမြ၊ တင်းနစ်ရိုက်လိုက်၊ ကလပ်မှာ အပေါင်းအသင်းတွေ တရုန်းရုန်းနဲ့ပေါ့။ သဘောကလည်း ကောင်းမှကောင်း။ မိသားစုအသိစိတ်ဓာတ်အားကောင်းလွန်းတဲ့ အမေ့အတွက် ဗမာအပျင်းကို ရတော့ တကယ့်လောကီငရဲ။ ဒီလိုနဲ့ကွဲကြပြဲကြလေသတည်း။ မတို့မှာလည်း ဝမ်းနည်းပက်လက်၊ ကြေကွဲမှောက်ရက်၊ ဆွေးမြည့် ဘေးတစောင်း ပေါ့လေ။ ဟီး ပြောရင်းနဲ့ဘေးချော်သွားပြီ။
    သို့သော် သို့သော် မတို့အဖေက လူကပျင်းသလောက် သူက ဦးနှောက်သမား။ ကလိမ်ကကျစ် လုပ်တာ မဟုတ်ဘူးနော်။ သူက အကြံကောင်းတစ်ချက် ဆိုတာမျိုးပဲ လုပ်တယ်။ ဒီတော့ မတို့အတွက် ငါးသောင်းတန် အိမ်တစ်လုံး ဝယ်ပေးသွားနိုင်ခဲ့တယ်။ ဒီတော့ သူ့ကို စီးပွားရေးမှာ ကျရှုံးတယ်လို့ ဘယ်ပြောလို့ရမလဲ။ အမေလိုမျိ ုး ကြိုးကြိုးကုပ်ကုပ်လုပ်၊ စံနစ်တကျသုံး ဆိုတာလောက်နဲ့ ဒီလောက်ငွေများများကို ရှာမပေးနိုင်ဘူး။
    မဆိုလိုချင်တာ အလုပ်တွေ အများကြီးလုပ်လို့ ညီမတို့အဖေ မအောင်မြင်ဘူးလို့ မထင်ဘူး။ လှေကြီးထိုး ရိုးရိုး လုပ်ခဲ့တာဖြစ်နိုင်တယ်။ ဦးနှောက်မသုံးခဲ့တာများလား။

    ပြီးတော့ ဓမ္မာ၊ သောက တို့ကြောင့်လို့ မထင်ပါဘူးနော်။ ဦးသန်းရွှေ + ဒေါ်ကြိုင်ကြိုင် လည်း သောက ပဲမဟုတ်လား။

    • ခင် ခ

      January 20, 2014 at 11:27 am

      ( ပြီးတော့ ဓမ္မာ၊ သောက တို့ကြောင့်လို့ မထင်ပါဘူးနော်။ ဦးသန်းရွှေ + ဒေါ်ကြိုင်ကြိုင် လည်း သောက ပဲမဟုတ်လား။)
      အဲဒီမှာ ကွာခြားတာလေးတစ်ခုက သူတို့က ဗေဒင် ယတြာ အခါတော်တွေကို ကိုယ်ကောင်းမယ်လို့ထင်ရင် လုပ်ကြတယ်တာတော့ရှိတယ်လေ။ အဲဒါကြောင့်များ သူတို့ကောင်းစားခဲ့သလေလား………။

    • ခင် ခ

      January 20, 2014 at 11:28 am

      ( ပြီးတော့ ဓမ္မာ၊ သောက တို့ကြောင့်လို့ မထင်ပါဘူးနော်။ ဦးသန်းရွှေ + ဒေါ်ကြိုင်ကြိုင် လည်း သောက ပဲမဟုတ်လား။)
      အဲဒီမှာ ကွာခြားတာလေးတစ်ခုက သူတို့က ဗေဒင် ယတြာ အခါတော်တွေကို ကိုယ်ကောင်းမယ်လို့ထင်ရင် လုပ်ကြတာတော့ရှိတယ်လေ။ အဲဒါကြောင့်များ သူတို့ကောင်းစားခဲ့သလေလား………။

  • ရာမည

    January 19, 2014 at 6:05 pm

    ဦးတည်ချက်အတိုင်း ရဲရဲလုပ်စေချင်တယ်

  • padonmar

    January 20, 2014 at 12:02 am

    အန်တီ့အဖေက တနင်္လာသား+အမေက သောကြာသမီး
    ရိုးမြေကျပေါင်းသွားခဲ့ပါတယ်။စီးပွားလည်းဖြစ်သင့်သလောက်ဖြစ်ပါတယ်။ဒီလို အဆိုတွေ မယုံသင့်ပါဘူး။
    …..
    ပျောက်တာမရှာ၊ပျက်တာမပြင်၊ထွက်ဝင်မမျှ၊သီလရှိအားအမှူးမထား၊လေးပါးပျက်စီးကြောင်းတဲ့။
    ကြီးပွားကြောင်းကတော့ ဆန့်ကျင်ဖက်ပေါ့နော်။
    အဲဒီထဲမှာ အဓိကကတော့ ထွက်ငွေနဲ့ ဝင်ငွေမျှအောင်ချင့်ချိန်ရပါတယ်။
    ဝင်ငွေကတော့ ရိုးရိုးသားသားရနိုင်သလောက်ရှာရင် လစ်မစ်ရှိပါတယ်။
    ထွက်ငွေကို ဝင်ငွေပေါ်လိုက်ပြီး ချိန်သုံးရပါတယ်။
    အန်တီတို့ အသိတယောက်က သူ့မှာ ဝင်ငွေ တလကို တသိန်းတောင် မဝင်တဲ့အချိန် သူ့သားသမီး ၃ယောက်ကို မျက်နှာမငယ်အောင်ဆိုပြီး ကျူရှင်+ဖယ်ရီ တလ ငါးသောင်းစီ အကုန်ခံထားပါတယ်။သူ့အိမ်ရောက်သွားခိုက် နေ့လည်မှာ တီဗွီနဲ့ ရုပ်ရှင်ခွေတွေ ဝယ်/ငှားကြည့်နေကြပါတယ်။
    ပညာရေးတွက် သုံးထိုက်တယ်လို့ ယေဘူယျပြောနိုင်ပေမယ့် ကိုယ့်ဝင်ငွေ မရှိခိုက်မှာ ကလေးပညာရေးတွက် ကျူရှင်အားမကိုး
    အပိုအချိန်မဖြုန်း၊ကျောင်းကို ဘတ်စ်နဲ့ပဲသွား၊ self study လုပ်ဖို့ သူသင်ပေးခဲ့ရင် ငွေကြေး အခက်အခဲ ပြေလည်သင့်သလောက်ပြေလည်မှာပါ။
    ဥပမာလေး ပြောပြတာပါ။
    နန်းတော်ရာသူဖေဖေရဲ့ သားသမီးပေါ်ထားတဲ့ စေတနာနဲ့ကြိုးစားမှု ကို အသိအမှတ်ပြုပါတယ်။
    အတိတ်ကံကိုသာပုံမချပဲ ပစ္စုပ္ပန်အလုပ်မှာ ဘာအမှားရှိမလဲဆိုတာ ရဲရဲ ဝေဖန်ဆင်ခြင်နိုင်မှ ဒီလို အမှားမျိုး သားသမီးလက်ထက် ထပ်မတွေ့မှာ ဖြစ်ပါတယ်။

  • Foreign Resident

    January 20, 2014 at 7:18 am

    ၁ ။
    ဗေဒင် လက္ခဏာ စသဖြင့်ကို အကြမ်းဖျင်း ၊ ယုံပါတယ် ။
    ကိုယ်တိုင်လည်း တော်တော်လေး လေ့လာဘူးတယ် ။
    အခုထိလည်း ၊ ဘဝ အတွက် အပြောင်းအလဲ အခြေအနေ အချိန်အခါ တွေမှာ ၊
    General Guide Line အနေနှင့် အသုံးပြုနေဆဲပါ ။

    ၂ ။
    ဒါပေမယ့် ( ဒါပေမယ့် ) ။ ဘုရား ကို ပိုယုံတယ် ။
    ဘုရား က ကံ ၊ ဉာဏ် ၊ ဝီရိယ ၊ ၃ ခု ဆိုပြီး စီကာ စဉ်ကာ ဟောခဲ့တယ် ၊
    ကံ က ရှေ့ဆုံးမှာ ရှိနေသော်လည်း ၊ ကံ တစ်ခုတည်း ဘဲ ဟောခဲ့တာ မဟုတ် ။

    ကိုယ့် ဘဝ ကံ က မျက်နှာသာ မပေးရင်တောင်မှ ၊
    ဉာဏ် နှင့် ဝီရိယ ကိုသာ အားကုန် ( အားကုန် ) ဖိတွန်းခဲ့ရင် ၊
    တော်ရုံ သင့်ရုံ ချမ်းသာမှုက ၊ ဘယ်လို ပစ်ပစ် ပစ်မလွဲ ပါ ။

    ကိုယ်တိုင် ကိုက ငယ်စဉ် အခါ မှာ ကတည်းက စာမကြိုးစားခဲ့ ၊
    တစ်နေ့ကို ၁၂ နာရီလောက်လေးတောင်မှ အလုပ် မလုပ်ချင်ခဲ့ ၊
    ဆေးလိပ် ၊ ချဲ ၊ မိန်းမ ၊ မူးယစ်ဆေးဝါး ၊ ဘီယာ လေး တမြမြ နှင့် သုံးဖြုန်း နေချင်ပြီး ၊
    ဆင်းရဲတော့မှ ” ကံ ” ကို အပြစ် ပုံချတဲ့ ဆင်းရဲသားတွေကို မသနားတတ်ပါ ။
    သူတို့ နှင့် ထိုက်တန်တဲ့ ဘဝ ကို ရနေတာ သာ ဖြစ်တယ် ။

    ၃ ။
    ကိုယ့် ရဲ့ စိတ်ထား ကောင်းမှု ကို ကိုယ် ယုံတယ် ။
    ( ရှင်းရှင်းလေးဘဲ ၊ စိတ်ထား ကောင်းရင် ကံ ကောင်းမယ် ၊ ဒါဘဲ ) ။

    ကိုယ့် ရဲ့ ကံ ကို ၊ ကိုယ်ပြင်နိုင်တဲ့ အချက်တွေထဲက တစ်ခု ( တစ်ခု ) က ၊
    စိတ်ထား ကို အမြဲတမ်း ကောင်းအောင် ထားလိုက်ရင် ကံ ပါ ကောင်းလာမယ် ။

    ကျနော့် အတွက်ကတော့ ၊
    စိတ် ကောင်း ထား မှု ဟာ ၊ ကျနော့် ရဲ့ အကြီးဆုံး ခံတပ် ဘဲ ။
    ( ပြောရအုံးမယ် စိတ်ကောင်းထားတယ် ဆိုတာ ၊
    အလိမ်ခံရလောက်အောင် တုံးတာကို မဆိုလိုပါ )

    ၄ ။
    နောက် တစ်ခုက ” ဗေဒင် လက္ခဏာ ” လို့ ဆိုလိုက်တာနှင့် ၊
    လူတွေ က ” ကံ ” ကိစ္စ လို့ ထင်နေကြတယ် ။

    မဟုတ်ဘူး ၊ ” ဗေဒင် လက္ခဏာ ” ဆိုတာ ” ဉာဏ် ” ကိစ္စ ။
    အတိအကျ မဟုတ်တောင် ကိုယ့်ဘဝ ရဲ့ အကြမ်းဖျင်း အတက်အကျကို ၊
    ” ဗေဒင် လက္ခဏာ ” ကပြောနိုင်တယ် ။ အဲဒါ ပညာ / ဉာဏ် ဘဲ ။

    ကိုယ် ကျ မယ့် ကိစ္စ ကို လုံးလုံးကြီး မပြောင်းနိုင်တောင် ၊
    အကျ သက်သာအောင် ကြိုပြင်လို့ ရတယ် ။

    ၅ ။
    အဲဒီတော့ကာ ၊
    စိတ်ကောင်းထား ၊ ကုသိုလ် လုပ် ။ ဒါ ၊ ကံ ကို ပြင်တာဘဲ ။
    မကောင်းမှု အပျော်အပါးရှောင် ၊ လေ့လာ ဆင်ခြင် ။ ဒါ ဉာဏ် ကို ဖြည့်ဆည်း တာဘဲ ။
    မဆုတ်မနစ် ၊ အပင်ပန်းခံ ၊ အောက်ကြို့ခံ ပြီး ၊ ဝီရိယ ကို စိုက်ထုတ်လိုက်ရင် ။

    လူ တစ်ရာ မှာ ကိုးဆယ် လောက် ၊ လူတန်းစေ့ တော့ ချမ်းသာလာမှာဘဲ ။

    ၆ ။
    မ နန်းတော်ရာသူ ရဲ့ အဖေ ကိစ္စ မှာ ၊
    အားနည်းချက် တစ်ခုလို့ ထင်တာကတော့ ၊
    အလုပ် မကြာခဏ ပြောင်းတာ ပါဘဲ ။

    အလုပ် တစ်ခု ကို နှစ် ၂ဝ လောက် ဆက်တိုက်လုပ်မှ ၊
    အဲဒီ အလုပ် နယ်ပါယ်မှာ ဆရာကြီး ဖြစ်ပါတယ် ။

  • KZ

    January 20, 2014 at 9:06 am

    အင်္ဂါချင်းနေ သောကပွေ၍ ဆိုတာလည်း မကြားချင်ရောင်ဆောင်၊
    ဂူတစ်ဂူတည်း ခြင်္သေ ၂ ကောင်မအောင်းကောင်း ဆိုတာလည်း အထီး/အမ ၂ ကောင်ဆို အောင်းကောင်းတယ် ဆိုပြီး ကြိုးစားခဲ့တာပဲ။
    မရတာတော့ ကံပေါ့။
    😀

    ဟိ။ နောက်တာပါ။
    အဲလိုသာတွေးရရင် နေစရာမရှိ။
    သားဦးသားနှောင်းမယူကောင်းတို့
    လူနက္ခတ် ဘီလူးနက္ခတ်တို့ ဘာတို့ကလည်းရှိသေးတယ်..

    🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 20, 2014 at 9:14 am

    ဟင်းးးးးးးးးးးးးးး
    ဗေဒင်မယုံလို့ ဇဘါးတင်းတစ်ထောင်မီးလောင်လို့ဆုံးရဒယ်
    ဆိုဒဲ့ ပုံဗျင် ဒင်းဒို့မကျားဖူးဘူးမှတ်ဒယ်
    သစ်ရောင်းဝယ်တာတောင် စီးပွားမတက်ဘူးဆိုတော့
    . ဗေဒင်ဘယ်လောက်အရေးကျီးသလဲ တွေးဂျ တွေးဂျ

  • ဦးကြောင်ကြီး

    January 20, 2014 at 11:14 am

    ဗေဒင်လင်္ကာတွေ မှားတယ် ပြောရတော့ ခက်သားဗျ။ တခုသိရမှာ ကံရှုဒေါင့်ကပြောရင် အတိတ်ကံ အားကြီးသူ (တနည်း အတိတ်ကံ လွှမ်းမိုးခံရသူနဲ့) အတိတ်ကံ အားနည်းသူဆိုပြီး ရှိတယ်။ အတိတ်ကံ ရှောင်မရ အားကြီးသူများရဲ့ လက်ဖဝါးမှာ ဇာတာမှာ ထင်ရှားချက်တွေ ရှိတယ်။ အကောင်း အဆိုးရှောင်ရခဲတယ်။ ဘာမှ ထူးထူးခြားခြား မပါသူကြတော့ အတိတ်ကံ အကောင်းအဆိုး စီမံမှုကနေ လွတ်ပါရဲ့.. သို့သော် ဘဝမှာ ထူးထူးခြားခြား ပြောင်းလဲကြုံတွေ့မှု နည်းပါးတယ်။ ဘဝကို သာမန် ဖြတ်သန်းသွားတယ်။ ကံ၊ကံ၏အကျိုး ယုံကြည်သူအနေနဲ့ သိရမှာ ဗေဒင်လက္ခဏာ၊ ယတြာ အစီအရင်ထက် အတိတ်ကံ အကြောင်းသည် အခရာကြတယ်ဆိုတာပဲ။ ညဏ်နဲ့ဝီရိယကတော့ ကံမပါလျင် အသုံးမဝင် ဖြစ်တာများတယ်။ သုံးမျုးိပြောလို့သာ သုံးပုံတပုံ သတ်မှတ်ပေမဲ့ ကံထောက်ပင့်မှု မရှိဘဲနဲ့ ကျန်နှစ်ခု အားကိုးမရဘူး။ အတွေ့အကြုံအရတော့ ကံသာအမိ ကံသာအဖပါပဲ။ အဘိဏှသုတ်မှာလည်း မြတ်စွာဘုရားက အမြဲတမ်း သတိရ အောင်းမေ့ဆင်ခြင်ရမည့် အချက်ငါးချက်ထဲက နောက်ဆုံးအချက်မှာ ကံသာအမိ ကံသာအဖ မိမိပြုသောကံ၏ ကောင်းမွေဆိုးမွေကို ခံစားရမည်လို့ မှာသွားတယ်။ လုပ်တိုင်းဖြစ်တာကို ကံသတ်မှတ်ရင် လုပ်လို့မဖြစ်ရတာလည်း ကံလို့ လက်ခံမသင့်ပေဘူးလား။ ဖန်ဆင်းရှင် အယူလက်ခံသူတွေလည်း ဒီလိုပဲ လွဲပါတယ်။ ကိုယ်သဘောတူတာကြတော့ တနည်းကောင်းတာကြတော့ ဘုရားသခင် အလိုတော်၊ ကိုယ်မကြိုက်တာ လက်မခံနိုင်တာကြတော့ စေတန်တို့ မာန်နတ်တို့လို့ သမုတ်တယ်။ လောကမှာ ပညတ်အရာတွေ အားလုံးသည် သူ့အဆင့်နဲ့သူသာ မှန်တယ်၊ အလုံးစုံ မမှန်ဘူး၊ အဲဒီမမှန်ဘူး ဆိုတာကို ကိုယ့်မှာ ဖြည့်ကျင့်ရမည့် သီလ၊ သမာဓိ မရှိဘဲနဲ့ တယူသန် သုံးတဲ့အခါ မိုးပေါ် တံတွေးထွေးသလို ကိုယ့်ပေါ် ပြန်ကျတတ်တယ်။ အဘိဏှသုတ်ကို ပဲကိုးကားရလျင် မြတ်စွာဘုရားက လောကမှာ နင်တို့ထင်နေတာတွေ တခုမှမဟုတ် မရှိ.. အဲ.. အဟုတ်ထင် အရှိယူချင်လျင် ပစ္စုပ္ပန်ဘာဖြစ်ဖြစ် အဲဒီငါးချက်သာ ယူပြီး အစွဲဖြုတ် အလွတ်ရုန်းလို့ မှာခဲ့တာ..။

    အဘိဏှသုတ် ပါဠိတော် မြန်မာပြန်-

    ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
    ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ။

    ကတမာနိ ပဉ္စ-
    ၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
    ၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
    ၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
    ၄။ သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါမှိတိ
    အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
    ၅။ ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊
    ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ ပါပကံ ဝါ၊
    တဿ ဒါယာဒေါ ဘဝိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
    ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
    ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ။

    အဘိဏှသုတ် မြန်မာပြန်

    ရဟန်းတို့ ငါးပါးကုန်သော ဤအကြောင်းတရားတို့ကို မိန်းမသည် လည်းကောင်း ယောက်ျားသည် လည်းကောင်း လူသည် လည်းကောင်း ရဟန်းသည် လည်းကောင်း နေ့ညဉ့်မပြတ် ဆင်ခြင်အပ်ကုန်၏။

    အဘယ်ငါးပါးတို့နည်းဟူမူကား။

    ငါသည် အိုခြင်းသဘောရှိသည်၊ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
    ဤသို့ နေ့ညဉ့်မပြတ် ဆင်ခြင်အပ်၏။

    ငါသည် နာခြင်းသဘောရှိသည်၊ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
    ဤသို့ နေ့ညဉ့်မပြတ် ဆင်ခြင်အပ်၏။

    ငါသည် သေခြင်းသဘောရှိသည်၊ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
    ဤသို့ နေ့ညဉ့်မပြတ် ဆင်ခြင်အပ်၏။

    ငါ့အား ခပ်သိမ်းကုန်သော ချစ်နှစ်လိုအပ်ကုန်သော။ နှလုံးကိုပွားစေတတ်ကုန် သော အဆွေအမျိုး အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်း သွားသဖြင့် ရှင်ကွဲကွဲရခြင်းသည် လည်းကောင်း။ ဘဝတစ်ပါးသို့ ပြောင်းသွား သဖြင့် သေကွဲကွဲရခြင်းသည်ရှိ၏။ ဤသို့ နေ့ညဉ့် မပြတ်ဆင်ခြင်အပ်၏။

    ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်။

    ကံသာလျှင် အမွေခံရှိသည်။

    ကံသာလျှင် အကြောင်းရှိသည်။

    ကံသာလျှင် အဆွေအမျိုးရှိသည်။

    ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည် ဖြစ်၏။

    ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော၊ ထိုကံကို ပြုအံ့ ထိုကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
    ဤသို့ နေ့ညဉ့်မပြတ် ဆင်ခြင်အပ်၏။

    ရဟန်းတို့ ဤငါးပါးသော အကြောင်းတရားတို့ကို မိန်းမသည်လည်းကောင်း ယောက်ျားသည်လည်းကောင်း လူသည်လည်းကောင်း ရဟန်းသည်လည်းကောင်း နေ့ညဉ့်မပြတ် ဆင်ခြင်အပ်ကုန်၏။..http://www.lknt.org/2008/04/blog-post_30.html

  • Kaung Kin Pyar

    January 20, 2014 at 2:48 pm

    လုံမလေး မွန်မွန်လို ဗေဒင်ကို အယုံအကြည် သိပ်မရှိပါဘူး…။ ဒါပေမယ့် မသဲနုပြောသလို ရှေးထုံးလဲ ပယ်ဖို့တော့ ခက်ပါတယ်….။ နောက်တစ်မျိုး ပြောကြတာရှိပါသေးတယ်…။ သက်ဦးသက်နှောင်းမယူကောင်းတဲ့…။ အဲ့သဟာတော့ စိတ်ဝင်စားတယ်…။ ဂယ်လားဟင်………။ 😀

    • kai

      January 21, 2014 at 2:47 pm

      သားသမီးတွေထဲက.. အကြီးဆုံး(သားဦး/သက်ဦး)နဲ့..အငယ်ဆုံး(သက်နှောင်း) မယူကြဖို့ပြောတာလို့.. ထင်တယ်..
      ပေါကြောင်ကြောင်တခုပါပဲ..

  • Myo Thant

    January 20, 2014 at 3:00 pm

    ( သက်ဦးသက်နှောင်းမယူကောင်းတဲ့ )

    အဲဒါ ဘာလဲဟင် ?

    • ခင် ခ

      January 20, 2014 at 3:47 pm

      ဦးသက်ဦး နဲ့ ဒေါ်သက်နှောင်း မတဲ့ကြလို့ မယူကြတာနေမှာပေါ့ ကိုမျိုးကလည်း။

  • nature

    January 20, 2014 at 8:43 pm

    ကြောင်ကြီး comment ကို သဘောအကျဆုံးပဲ။
    ဓမ္မာ-သောက
    ယုံရမလား- စနေသားနဲ့ ကြာသာပတေးသား ညားတဲ့အိမ်ထောင်ရေးကိုစစ်တမ်းကောက်ကြည့်ပါ။ ဒီလိုညားတိုင်း အဆင်မပြေကြဘူးဆိုရင်တော့ ယုံလိုက်ပါ။
    မယုံရဘူးလား- အဲဒီလိုညားတဲ့သူတိုင်း အဆင်ပြေနေကြတယ်ဆိုမယုံပါနဲ့။
    တစ်ခါတစ်ရံဥပါဒ်ဒဏ်ကြောင့်လည်း ဥပါဒ်ဖြစ်တတ်ပါတယ်။

    ကံမရှိဉာဏ်ရှိတိုင်းမွဲတဲ့။ ယေဘူယအားဖြင့်တော့ ကြိုးစားတဲ့သူတွေဟာ အောင်မြင်မှုတွေရတတ်တယ်ဆိုပေမဲ့ တခါတရံထူးခြားစွာ ကံမကောင်းတဲ့သူများဟာ ဉာဏ်ဝီရိယဘယ်လိုပင်ကောင်းသော်လည်း လုပ်လေပြုတ်လေဖြစ်တတ်ပါတယ်။ ဒါမျိုးကံဟာလည်း လူ တစ်ထောင်တစ်ယောက် တစ်သောင်းတစ်ယောက်လောက်သာဖြစ်ခဲစွာဖြစ်တတ်ပါတယ်။

  • ဝိုင်းဝန်းမှတ်ချက်ပေးကြတဲ့လူကြီးလူငယ်မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။
    ကွန့်မန့်တစ်ခုချင်းပြန်မရေးနိုင်တာခွင်လွှတ်ကြပါ
    ဦးကြောင်ရဲ့ကွန့်မန့်ကတော် ကိုယ့်ခံယူချက်နဲ့အတိုက်ဆိုင်ဆုံးပါ။

    ဉာဏ် ဝရီယ ဘယ်လောက်ပင်စိုက်သော်ငြား

    ကံဆိုတာအကျိုးသက်ရောက်စမြဲပါ
    🙁

Leave a Reply