လမ်းမှား

သူငယ်ချင်းတို ့

ငါတို ့ခဏနားရအောင်

ရေသောက် အမောဖြေရင်းပေါ ့။

 

သူငယ်ချင်းတို ့

မင်းတို ့ဝမ်းတွေ  ဆာနေတော ့မယ်

ကိုယ်ခန္ဓာလည်း ပင်ပန်းလှပြီ

ငါတို ့ ရိက္ခာပြတ်ခဲ ့တာ နှစ်ရက်ရှိခဲ ့ပြီပဲ။

 

သူငယ်ချင်းတို ့

ဟိုအထက်မှာ မိုးညို  ့နေပြီ

တောင်ကျရေ မဆင်းခင်

ငါတို ့စခန်းကို အရောက်ပြန်နိုင်မှ။

 

သူငယ်ချင်းတို ့

တောင်ဝှေးတွေဆင် အားတင်းလျှောက်ကြစမ်း

ဒီနေ ့အလွန် မနက်ဖြန်ခါဆို

ငါတို ့တစ်တွေ လွတ်မြောက်တော ့မယ်။

 

သူငယ်ချင်းတို ့

ငါတို ့တစ်တွေ

သေချာချိန်ဆ

ဒီအပြန်လမ်းကို ရွေးခဲ ့

ဆန် ့ကျင်ဖက်ဆိုတာ

အားလုံးမသိခဲ ့ကြတာတော ့

ထူးဆန်းတယ်။        ။