တစ်​ချိန်​လုံးထွန်းလင်း​နေတဲ့​နေမင်းဟာ
အချိန်​တန်​​တော့လည်း
ထုံးစံအတိုင်း
အ​နောက်​မိုးကုပ်​စက်​၀ိုင်း​အောက်
ဝင်​​ရောက်​​ပျောက်​ကွယ်​ခဲ့​ပေါ့ ……။
အဲဒိ​နောက်​…..
ခု​ပြောမဲ့အပုတ်​ချိန်​​ရောက်​လာခဲ့​ပေါ့
အဲ့ဒိညက​ပေါ့
အရူးတစ်​​ယောက်
ယိုင်​နဲ့နဲ့ ​ခွေး​ခြေေ​လး​ပေါ်ရပ်​လို့
ဟိုမ​ရောက်​ ဒီမ​ရောက်​ သီချင်း​တွေဆိုလို့
နဂါးနီ ဆိုတာလည်းပါရဲ့
ဗိုလ်​ချုပ်​ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​ ဆိုတာလဲ​ပြောရဲ့
ပြီး​တော့ လွတ်​လပ်​​ရေးဆိုတာဘာညာသရကာ
အရူးညာဏ်​မှီသ​လောက်
ဟို​ရောက်​ဒီ​ရောက်
အကာလ အိပ်​စက်​မဲ့မြို့လူထုကို
သူ့အသံ ဆိုးဆိုးကြီးနဲ့နှိပ်​စက်
အိပ်​​ရေးပျက်​တဲ့ သူလည်းပျက်​​ပေါ့……။
” ဘယ့်​နဲ့ဗျာ ဗို​လ်​ချုပ်​ဆိုတာက…..
ခင်​ဗျားလို ​ခွေး​ခြေ​လေး​ပေါ်ရပ်​ပြီး
လူကြိုက်​​လောက်​မဲ့ စကား​တွေ​ပြောရင်း
တောမ​ရောက်​​တောင်​မ​ရောက်
နားကြားဗျင်းကတ်​​လောက်​​အောင်​ ဟိုတစ်​စ ဒီတစ်​စ သီချင်း​တွေဆိုရင်းနဲ့
မြန်​မာပြည်​လွတ်​လပ်​​ရေးရ​အောင်​ယူ​ပေးခဲ့တာ မဟုတ်​ဘူး
သမိုင်းရှိတယ်
လူတိုင်းသိတယ်​ “
အော်​ ….. အရူးကိုသွား​ပြော​နေ​တော့လည်း
သူဘာနားလည်​မှာလဲ
အ ကာလ ညအခါ
ငါ့ဖာသာ ​ပျော်​​အောင်​အိပ်​တာပဲ​ကောင်းပါတယ်
အပုတ်​ချိန်​ဆိုတာက
သူယုတ်​မြူးတဲ့အချိန်​ပဲ​လေ…….။

နေ၀န်းနီ
၁၇-၁-၂၀၁၄ ည ၁၀း၂၂

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010