အပုတ်​ချိန်​

naywoon niJanuary 17, 20141min926

တစ်​ချိန်​လုံးထွန်​းလင်​း​နေတဲ့​နေမင်​းဟာ
အချိ်န်​တန်​​တော့လည်​း
ထုံးစံအတိုင်​း
အ​နောက်​မိုးကုပ်​စက်​ဝိုင်​း​အောက်​
ဝင်​​ရောက်​​ပျောက်​ကွယ်​ခဲ့​ပေါ့ ……။
အဲဒိ​နောက်​…..
ခု​ပြောမဲ့အပုတ်​ချိန်​​ရောက်​လာခဲ့​ပေါ့
အဲ့ဒိညက​ပေါ့
အရူးတစ်​​ယောက်​
ယိုင်​နဲ့နဲ့ ​ခွေး​ခြေ​ေ​လး​ပေါ်ရပ်​လို့
ဟိုမ​ရောက်​ ဒီမ​ရောက်​ သီချင်​း​တွေဆိုလို့
နဂါးနီ ဆိုတာလည်​းပါရဲ့
ဗိုလ်​ချုပ်​ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​ ဆိုတာလဲ​ပြောရဲ့
ပြီး​တော့ လွတ်​လပ်​​ရေးဆိုတာဘာညာသရကာ
အရူးညာဏ်​မှီသ​လောက်​
ဟို​ရောက်​ဒီ​ရောက်​
အကာလ အိပ်​စက်​မဲ့မြို့လူထုကို
သူ့အသံ ဆိုးဆိုးကြီးနဲ့နှိပ်​စက်​
အိပ်​​ရေးပျက်​တဲ့ သူလည်​းပျက်​​ပေါ့……။
” ဘယ်​့နဲ့ဗျာ ဗို်​လ်​ချုပ်​ဆိုတာက…..
ခင်​ဗျားလို ​ခွေး​ခြေ​လေး​ပေါ်ရပ်​ပြီး
လူကြိုက်​​လောက်​မဲ့ စကား​တွေ​ပြောရင်​း
​တောမ​ရောက်​​တောင်​မ​ရောက်​
နားကြားဗျင်​းကတ်​​လောက်​​အောင်​ ဟိုတစ်​စ ဒီတစ်​စ သီချင်​း​တွေဆိုရင်​းနဲ့
မြန်​မာပြည်​လွတ်​လပ်​​ရေးရ​အောင်​ယူ​ပေးခဲ့တာ မဟုတ်​ဘူး
သမိုင်​းရှိတယ်​
လူတိုင်​းသိတယ်​ ”
​အော်​ ….. အရူးကိုသွား​ပြော​နေ​တော့လည်​း
သူဘာနားလည်​မှာလဲ
အ ကာလ ညအခါ
ငါ့ဖာသာ ​ပျော်​​အောင်​အိပ်​တာပဲ​ကောင်​းပါတယ်​
အပုတ်​ချိန်​ဆိုတာက
သူယုတ်​မြူးတဲ့အချိန်​ပဲ​လေ…….။

​နေဝန်​းနီ
၁၇-၁-၂၀၁၄ ည ၁ဝး၂၂

6 comments

  • kyeemite

    January 18, 2014 at 10:14 am

    ကြိုက်ပါတယ်…ကိုနေရေ…ကျုပ်တောင် ပြောချင်ရာပြော
    သွားချင်ရာသွားနေတဲ့ အရူးဘဝကို တခါတလေအားကျမိသေး..ဟေးဟေး 😀

  • naywoon ni

    January 18, 2014 at 6:27 pm

    စာ​ပေ​ဟော​ပြောပွဲမှာ ဗိုလ်​ချုပ်​အ​ကြောင်​းနဲ့ နဂါးနီ သီချင်​းဆိုမှ ပွဲဖြစ်​​တော့မှာလားဗျာ ညအ​ကြောင်​းကို​ပြောရင်​ ကြယ်​တစ်​လုံးထဲကိုဖွဲ့ဆိုပြရုံနဲ့မပြည်​့စုံပါဘူး ပိရိဿတ်​အကြိုက်​လိုက်​လုပ်​တဲ့ အကျင်​့​တွေ ​ပျောက်​သင်​့ ​ဖျောက်​သင်​့ပါပြီ ဘယ်​သူဘယ်​လိုဆိုတာ နားရည်​ဝတဲ့ စာဖတ်​နာတဲ့ ပရိဿတ်​က သိ​နေတယ်​ သူတို့ကို ​စော်​ကားလို့မရဘူး

  • Mr. MarGa

    January 18, 2014 at 6:41 pm

    ဝိုးးး အဘနီရေ
    ဒဲ့ ပါလား ဗျ
    မိုက်သဗျာ
    တစ်ခါနှစ်ခါဆို မပြောပေမင့် အပ်ကြောင်းထပ်နေရင်တော့ မကောင်းဘူးပေါ့ဗျာ

  • Ma Ma

    January 21, 2014 at 6:58 pm

    အပုပ်ချိန်လို့ ဆိုချင်တာများလား။

    ပုတ်= လက်ဖြင့်ပုတ်၊ ပုတ်ခတ်ပြောဆို
    ပုပ်= ဆွေးမြေ့ပုပ်သိုး၊ ပုပ်ပွ

    မြန်မာစာစာလုံးပေါင်းသတ်ပုံကျမ်းသွားကြည့်ပြီး ရေးသည်။ 😀

Leave a Reply